Wednesday, November 10, 2010
ထိုအရာကြောင့်
သီတင်းကျွတ်ပြီးနောက်ပိုင်း.. ဟိုမှသည်မှ “အပျိုကြီး၊ လူပျိုကြီး”အကြောင်း စာဖွဲ့တဲ့ ခနဲ့တဲ့စာလေးတွေ ထွက်လာပါတယ်။ ကျွန်မမှာလည်း သူငယ်ချင်း “အပျိုကြီး၊ လူပျိုကြီး” အဲလေ မှားလို့ “အပျိုလေး၊ လူပျိုလေး”တွေ ရှိနေတော့ သူတို့ကိုကြည့်ပြီး အားနာမိတယ်။ ဒါနဲ့ နည်းနည်းပါးပါး သူတို့အတွက် အထောက်အကူဖြစ်လေမလားဆိုပြီး ကိုယ်သိတာလေး တစ်ခုနှစ်ခု ပြောပြချင်တာနဲ့ ဒီပိုစ်ကို တင်လိုက်ပါတယ်။
တချို့သူတွေက တအားစွံပြီး ချစ်သူခင်သူတွေများကြပါတယ်။ အဲဒါသူတို့မှာ ရုပ်ရည်ရူပကာ၊ ဂုဏ်ပကာသနအပြင် ကိုယ့်ထက် တစ်စုံတစ်ခု ပိုသာနေလို့ ဖြစ်နိုင်ပါတယ်။ တခြားမဟုတ်ပါဖူး Pheromones လို့ခေါ်တဲ့အရာပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း Pheromonesဆိုတာက သာမန်အားဖြင့် ချွေးထဲမှာ ပျော်ဝင်နေတဲ့ ဓါတ်တမျိုးလည်း ဖြစ်ပြီး ခန္ဓာကိုယ်က ထွက်တာဖြစ်ပါတယ်။ ကိုယ်က Pheromones ထုတ်လွှင့်မှု ပိုများလေ၊ ဆန့်ကျင်ဘက်လိင်က ကိုယ့်ကို ချစ်ခင်စိတ်ပိုဖြစ်လေလို့ ဆိုတယ်။ Pheromones ထုတ်လွှင့်မှုများသူဟာ ချစ်ခင်ဖွယ်ဟန်ပန်အမူအရာကို ပိုလုပ်မိစေတယ်တဲ့။
Pheromonesဆိုတာကို အယင်က ပျားလိုမျိုး အင်းဆက်သတ္တ၀ါအချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှင့်တဲ့ပစ္စည်းအဖြစ် ယူဆခဲ့တယ်။ သူတို့က လူတွေလို ဆက်သွယ်စကားမပြောနိုင်ဘူးလေ။ လူကျတော့ Pheromonesမပါပဲ ဆက်သွယ်နိုင်တော့ လူမှာ Pheromones မရှိဘူးလို့ယူဆလာရာက ၁၉၈၇ ခုနှစ်လောက်ကျမှ လူသတ္တ၀ါတွေမှာလည်း Pheromonesရှိတယ်လို့ ဆိုလာကြတာဖြစ်ပါတယ်။
လူသား Pheromones စတင်တွေ့ရှိပုံက ဆန်းတယ်။ Utah University က ပရော်ဖက်ဆာတစ်ဦးက ခြေထောက်ကျိုးရာမှ ထွက်လာတဲ့ အသားစလေးတွေကို ကြည့်ရင်း လူသားရဲ့အသားမှာ ဘယ်လိုဓါတ်တွေပါနေမလဲလို့ စမ်းသပ်ရှာဖွေခဲ့တယ်။ အဲဒီထဲက ဓါတ်တစ်မျိုးကို သီးသန့်ခွဲထုတ်ပြီး ပုလင်းတစ်ခုထဲထည့်ပြီး ထပ်မံစစ်ဆေးနေခဲ့ပါတယ်။
အဲလို ရှာဖွေနေစဉ်အတွင်း ၎င်းပုလင်းအဖုံးကို ဖွင့်ထားမိချိန်တွေမှာ သူ့ရဲ့စမ်းသပ်ခန်းက အခန်းဖော်များရဲ့အပြုအမူက ထူးခြားစွာ ပြောင်းလဲနေတတ်တာကို သတိထားမိတယ်။
အခန်းဖော်အချင်းချင်းက ပိုပြီးတရင်းတနှီးရယ်မော ပြောဆိုနေကြတာ၊ စကားနည်းသူ အမျိုးသမီးဆိုရင် သူကပဲ စပြီး နှုတ်ဆက်စကားပြော၊ မုန့်အတူစားဖို့ ကမ်းလှမ်းတာမျိုးကို တွေ့ရတာဖြစ်ပါတယ်။ ၎င်းပုလင်းအဖုံးကို ပိတ်ထားချိန်ဆိုရင်တော့ အခန်းဟာ ယခင်အတိုင်းပဲ ပြန်ဖြစ်သွားတာကို သတိထားမိတယ်။
အဲဒီဓါတ်ဟာ Human Pheromonesဖြစ်ပြီး နောက်ပိုင်းမှာ လူတွေကို ချစ်ခင်ရင်းနှီးစေတဲ့ Human Pheromones အကြောင်း သုတေသနတွေ ဆက်တိုက်ထွက်လာပါတယ်။ အရင်က နှာခေါင်းထဲက vomeronasal organ (VNO) ဆိုတဲ့အရာဟာ သိပ်အသုံးမ၀င်ဘူးလို့ ထင်လာရမှ အဲဒီအပိုင်းဟာ Pheromonesကို အဓိကခံစားနိုင်တဲ့နေရာဆိုတာကို သိရှိလာခဲ့ရပါသတဲ့။ (Photo from http://www.pherx.com/)
Pheromonesဆိုတဲ့အရာက အမျိုးသမီးချွေးထက် အမျိုးသားချွေးမှာ ပိုများပါတယ်။ ဒီတော့ အမျိုးသားများက အမျိုးသမီးများကို ချွေးနဲ့ စွဲဆောင်သတဲ့။ ဒါနဲ့ တန်းတူဖြစ်အောင် အမျိုးသမီးများအတွက်လည်း Pheromones ပါတဲ့ ရေမွှေးတွေ ထုတ်လုပ်ရောင်းချလာတယ်။ အခုတော့ အမျိုးသားအတွက်ရော၊ အမျိုးသမီးအတွက်ပါ Pheromones ပါတဲ့ရေမွေးတွေရောင်းနေကြပြီ။ ဂျပန်နိုင်ငံမှာတော့ အမျိုးသား/အမျိုးသမီးများအတွက် ချစ်သူခင်သူပိုများစေဖို့ Pheromones ရေမွှေးဖြင့် ( ဒီနေရာ)က ကူညီနေတယ်တဲ့။
Pheromonesကို ဆေးအဖြစ် သုံးလို့ရတယ်လို့ ဆိုပါတယ်။ ဥပမာ . ဓမ္မတာမမှန်တဲ့ အမျိုးသမီးများက အမျိုးသားတစ်ဦးဦးရဲ့ ချိုင်းချွေး (ဂျိုင်းချွေး) ကို ရှူရှိုက်ပါက ဓမ္မတာမှန်တယ်လို့ဆိုပါတယ်။ ထိုချွေးမှာ Pheromones ပါလို့ ဆိုပဲ.။ ဘယ်လိုဆက်စပ်သွားတာကြောင့်လည်းတော့ မပြောတတ်ပါ။ နောက်ပြီး အမျိုးသမီးများက ဓမ္မတာလာခါနီးနဲ့ လာနေချိန်ဆိုရင်လည်း ချွေးမှာ Pheromones များလို့ ပိုပြီး ဟန်ပန်မူရာက ပိုချစ်စဖွယ်ဖြစ်သတဲ့..။
၂၀၀၅ ခုနှစ်တုန်းက ကြွက်အဖိုတွေရဲ့ မျက်ရည်မှာ Pheromones ပါတယ်ဆိုတာ စတင်တွေ့ခဲ့ရလို့ အချစ်ဆေးဖော်ချင်သူ သုတေသနပညာရှင်တွေက လူတွေအတွက်ပါ ကြိုးစားပမ်းစား စမ်းသပ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ ဟော အခု သိရပါပြီ။ ယခုနှစ် တိုကျိုတက္ကသိုလ်က ပါမောက္ခတစ်ဦးက ကျောင်းသားပေါင်း ၁၅၅၀ယောက်နဲ့ စမ်းသပ်ချက်မှာ ကြွက်အဖိုများနည်းတူ အမျိုးသားများ၏ မျက်ရည်ထဲမှာ Pheromones ပါတယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီတော့ အမျိုးသားများက ချွေးတင်မက မျက်ရည်နဲ့ပါ အမျိုးသမီးများထက် ချစ်ဆေးဖော်နိုင်စွမ်းရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ အမျိုးသားများက “မင်း ငါ့ကို မချစ်ရင် ငိုလိုက်မှာနော်”လို့များ ဟန်ပိုပို ဆိုလာခဲ့ရင်ဖြင့် သတိနဲ့ mask လေးနဲ့ ကာကွယ်ထားသင့်ပါပြီ။ သူ့မျက်ရည်မှ တဆင့် ချစ်ခြင်းကို ဖြစ်စေတဲ့ Pheromonesတွေပါ ထုတ်လွင့်လိမ့်မယ်ဆိုတာ သတိရလိုက်ပါ။ အချိန်မီ မကာမိလို့ Pheromonesတွေ ကိုယ့်ဆီ ရောက်လာရင်တော့ သူငယ်ချင်းလေးများ ကိုယ့်ထိုက်နဲ့ကိုယ်ကံ လူပျိုကြီး အပျိုကြီးဘ၀က ကျွတ်သွားကောင်း ကျွတ်သွားပါလိမ့်မယ်လို့ သတင်းကောင်းပါးလိုက်ရပါတယ်း))
မှတ်ချက်။ ။ (ဒီနေ့ လသာညရဲ့ဆရာက အတန်းထဲမှာ စိတ်ပြောင်းလဲမှုဖြစ်စဉ်များအကြောင်း ပြောနေရင်းကနေ Pheromonesဖက်ကို ဆက်စပ်ပြီး ပြောသွားတာလေးကို သူငယ်ချင်းတွေကို ပြန်မျှချင်တာနဲ့ ပိုစ်တင်လိုက်ပါတယ်။ ဆရာပြောတုန်းက သိပ်နားမလည်တာတွေကိုတော့ အောက်က နေရာလေးတွေမှ ဆက်ဖတ်ပြီး ပြောပြတာ ဖြစ်ပါတယ်။ )
Reference: http://www.pherx.com/faq.html
http://www.prosty.com/pheromone/column_pheromone/tokkyo/
.................................................................
အောက်က ကောက်နှုတ်ချက်များကတော့ pheromonesအကြောင်း ရေးသားဖူးသူများရဲ့ ဘလော့ပိုစ်များမှ ကောက်နှုတ်ဖော်ပြထားတာပါ။ သူတို့ရေးသားထားချက်များမှာ အလွန် စိတ်ဝင်စားစရာ ကောင်းတဲ့အတွက် ပူးတွဲပါလင့်ခ်မှတဆင့် သွားရောက်လေ့လာနိုင်ကြပါတယ်လို့..။
...........................................................
“ယောက်ျားတွေရဲ့ ချွေးထဲမှာ Pheromone ဆိုတဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ ဟော်မုန်း သဘော ဆောင်တဲ့ သတ္တိ ရှိတယ်လို့ ယုံကြည်ရတယ်။ အမြဲထွက်နေတာတော့ မဟုတ်ဘူး။ လိင်စိတ်အရ ထွက်တဲ့အခါမှာ၊ သူ့ (ပါတနာ) က သိပ်သဘောကျပါမယ်။ ” Dr. တင့်ဆွေ (၁-၁၁-၂၀၁၀)
.........................................................
“ယောက်ျားတွေ ထွက်တဲ့ချွေးဟာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှု သဘောဆောင်တဲ့ pheromone ကိုပါ ထုတ်တယ်လို့ ယုံကြည်ကြတယ်။ ဒီအစွမ်းဟာ သေးငယ်တဲ့ အကောင်လေးတွေမှာ သိသိသာသာရှိတာမျိုးဖြစ်တယ်။” မိုးယံ (၁၅-၅-၂၀၁၀)
....................................................................
“ပြောရမယ်ဆိုရင် ကျွန်မတို့တွေ ဒီလို စွဲမက်ဖွယ် ကောင်းတဲ့ ရနံ့တွေကို ကြိုက်နှစ်သက်မှုဟာ ချွေးကနေတစ်ဆင့်ဖြတ်သန်းသွားတဲ့ pheromone လို့ခေါ်တဲ့ မမြင်နိုင်တဲ့အနံ့မော်လီကျူးလီးတွေကြောင့် ဖြစ်ပါတယ်။ Pherin ဆိုတာဂရိဘာသာစကားဖြစ်ပြီး သယ်ဆောင်တယ်လို့ ခေါ်ပါတယ်။ Hormone ကတော့ စိတ်လှုပ်ရှားမှုဖြစ်ပြီး sexual communication မှာသူက အဓိကတာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်တဲ့။
သဘာဝအားဖြင့်တော့ လူတွေရဲ့ချွေးမှာရှိတဲ့ acidic nature မတူညီတာကြောင့် pheromones အားလုံးဟာ မတူညီကြပါဘူး။ အမျိုးသားတွေရဲ့ ၄င်းအနံ့ မော်လီကျူးလေးတွေဟာ အမျိုးသမီးတွေထက်စာရင် ကတိုးနံ့ ပိုပြီးပါဝင်ပါတယ။် ကတိုးနံ့နဲ့ စန္ဒကူးနံ့ တွေဟာ အမျိုးသမီးတွေကို ချစ်ရေးချစ်ရာနဲ့  ပတ်သက်လာရင် ပိုပြီးတော့ ဆွဲဆောင်နိုင်တယ်လို့ ပြောကြပါတယ်။ ပင့်ခ်ဂိုး (၁၃-၉-၂၀၀၇)
.........................................................................
ဗမာလို ပြောကြမယ်ဆိုရင်တော့ ဒါကို ချွေးနံ့ ဆိုတာထက် ကိုယ်သင်းနံ့လို့ ပြောရမယ် ထင်တယ်။ ကြာညိုနံ့ လို့ ဆိုကြတယ် မလား။ မမအယ် ( ၁၈-၁၁-၂၀၁၀)
.............................................................................
သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။
လသာည ဖြစ်ပါတယ်...
44 comments:
  1. ဒါဆို အတော်ပဲ...
    ချိုင်းချွေး နဲ့ မျက်ရည်တွေကို လွှင့်မပစ်တော့ဘူး ၊ စုထားမှပဲ။ နောင်တစ်နေ့ လိုလာရင် ဝုန်းခနဲ ကိုယ့်အကြိုက် လူဆီကို ပစ်ပြီး ပက်လိုက်ယုံပေါ့ အာဟ...အာဟ..ဂွတ်ထ။
    ReplyDelete
  2. ဖြိုးအောင်November 10, 2010
    အဲ့ဒါခက်တာပဲ..ကျနော်က ဒါတွေကြိုသိလို့ အားကစားလုပ်ပြီး ရေမချိုးပဲ သူ့ဆီသွားတွေ့တာ လူကို ညစ်ပတ်တယ်လို့ပြောလွှတ်တယ်ဗျ.။ အနားတောင် သိပ်မကပ်ခဲ့ရဘူး...ကဲ...
    ReplyDelete
  3. အောင်မလေးးးးး
    ဒါဆို မငိုတတ်လို့..မိန်းမ မရခဲ့တာနေမှာပေါ့..
    ဟင်း....အကြိုက်တွေ့ တဲ့ မိန်းမတွေ့ရင် ဒီတခါတော့ အော်ကြီး ဟစ်ကျယ်ကို ငိုပစ်လိုက်ဦးမယ်....
    ReplyDelete
  4. တော်တော်စွမ်းတဲ့ Pheromones ဘဲ... :)
    ယောက်ျားမလိုချင်ရင် mask များများဆောင်ရမလိုလို... ;P
    ခုတော့ တုတ်ကွေးကြောက်လို့ ဟိုးနှစ်ကလို mask
    ReplyDelete
  5. ချိုင်းဘတ်စော် နံလည်း ချစ်နေတာ ဒါကြောင့်ကိုး ;P
    ReplyDelete
  6. ညည
    သုတရစေတဲ့စာလေးမျှဝေပေးတာ အထူးတလည်ကျေးဇူးတင်ပါတယ် ဘာကြောင့်ဘဲထွက်ထွက် ခန္ဓာကိုယ်ကထွက်တဲ့ အရည်မှန်သမျှ ၀ါယောကြီးပါဗျာ ပညာရှင်တွေက အမျိုးမျိုးပြောကြ ဆိုကြ အခုဒါကမှန်တယ် အခု မဟုတ်ပြန်ဘူးနဲ့ အမြဲအသစ်တွေတွေ့တွေ့နေ ရှေ့ကရှာလိုက် နောက်က မဟုတ်ဘူးပြောလိုက်နဲ့ စစတို့တော့ ပြင်ပြီးညာညာနေတာတွေကို တယ်မကြိုက်ခြင်တော့ဘူးဗျ မမြဲတဲ့သဘာဝတရားသည်သာလျှင် အမြဲမှန်ပါဧ။်။ ဘာဘဲဖြစ်ဖြစ် ရေမချိုးဘဲ နေလို့ကတော့ဗျာ သေချာပါတယ် အကပ်ခံရမယ် မထင်ပေါင်ဗျာ
    ခင်တဲ့
    seesein
    ReplyDelete
  7. ကိုဇော်နဲ့ ဘကျောက်မန့်ထားတာရီရတယ်... ဟိ
    ဗဟုသုတရတယ် မမလသာည... ဒီကြောင်းတွေ အိမ်က မစ္စတာပီကြီး ကြိုသိထားတယ် ထင်တယ်.. ပူးတေ စိတ်ကောက်နေပြီး သူ့ကို မခေါ်ရင် အကြာကြီး ချော့ ချော့ရင် မရရင် မျက်ရည်တွေကို အတင်းညှစ်ထုတ်တယ်... မျက်စိထောင့်မှာ ၁ စက်လောက်စွန်းထွက်လာရင် တွေ့လားဒီမှာ မျက်ရည်တွေတောင် ထွက်ကုန်ပြီ မခေါ်သေးဘူးလားဆိုပြီး သူ့မျက်ရည်နဲ့ လာလာတို့တယ်... သူလုပပံက ရီရလွန်းလို့ ရီလိုက်မိတော့ စိတ်ကောက်ပြေသွားရရော.... အဲဒါ မမလသာညပြောတဲ့ Pheromones ကြောင့် ဖြစ်မယ်ထင်တယ်နော်... ရီလိုက်မိတာလေ.... :D
    ဒီတခါ စိတ်မကောက်ခင်ထဲက mask ကြိုတပ်ထားမှပဲ
    :P
    ပူးတေဖြစ်ပါတယ်....
    ReplyDelete
  8. ကိုဇော်နဲ့ ဘကျောက်မန့်ထားတာရီရတယ်... ဟိ
    ဗဟုသုတရတယ် မမလသာည... ဒီကြောင်းတွေ အိမ်က မစ္စတာပီကြီး ကြိုသိထားတယ် ထင်တယ်.. ပူးတေ စိတ်ကောက်နေပြီး သူ့ကို မခေါ်ရင် အကြာကြီး ချော့ ချော့ရင် မရရင် မျက်ရည်တွေကို အတင်းညှစ်ထုတ်တယ်... မျက်စိထောင့်မှာ ၁ စက်လောက်စွန်းထွက်လာရင် တွေ့လားဒီမှာ မျက်ရည်တွေတောင် ထွက်ကုန်ပြီ မခေါ်သေးဘူးလားဆိုပြီး သူ့မျက်ရည်နဲ့ လာလာတို့တယ်... သူလုပပံက ရီရလွန်းလို့ ရီလိုက်မိတော့ စိတ်ကောက်ပြေသွားရရော.... အဲဒါ မမလသာညပြောတဲ့ Pheromones ကြောင့် ဖြစ်မယ်ထင်တယ်နော်... ရီလိုက်မိတာလေ.... :D
    ဒီတခါ စိတ်မကောက်ခင်ထဲက mask ကြိုတပ်ထားမှပဲ
    :P
    ပူးတေဖြစ်ပါတယ်....
    ReplyDelete
  9. မမလသာည ဆောရီး နှိပ်လို့မရတာစွတ်နှိပ်ရင်းနဲ့ ကွန်မန့်တွေ အများကြီးတက်သွားတယ်... မျက်စိရှုပ်နေရင် ပြန် ဖျက်ပေးပါနော်...
    ReplyDelete
  10. ကိုဇော်.သိမ်းထားနော်။ အခု Pheromonesရေမွှေးထုတ်တဲ့နေရာက အဲဒါတွေ လိုက်ဝယ်နေတယ်ဆိုလား ဘာဆိုလား :))
    ဖြိုးအောင်.အာကစားလုပ်ပြီး တကိုယ်လုံးက တအားထွက်လာတဲ့ချွေးတွေနဲ့ဆိုရင်တော့ Pheromonesထက် တခြားဓါတ်တွေများပြီး နံနေတယ်ဆိုပြီး ကောင်မလေးက အော်လွှတ်မယ်ထင်တာပဲကွာ D
    ဟုတ်တယ် ဘကျောက်၊ ငိုသာပစ်လိုက် :D
    ခွန်..သူကကိုယ့်ရှေ့ငိုနေတဲ့အခါ maskဆောင်ထားမိလို့ ဖြစ်မယ် :D
    မမသီတာ.. ဖြစ်နိုင်တယ် :DD
    ဟုတ်တယ်စစနော်။ ရေမချိုးရင်တော့ နံနေမှာသေချာတယ်။ လူဆိုတာ အပုပ်ကောင်ရုပ်ဆောင်နေတာဆိုတော့လေ ( စစက အွန်လိုင်းတက်ရင် စာမေးမယ်ဆိုလို့ တရားစာအုပ်ထဲကစာတွေ အခုအသေဖတ်ထားတား))။
    ပူးတေရေ..မစ္စတာပီက အစောထဲက ဒါကိုလက်တွေ့စမ်းသပ် အောင်မြင်ပြီးဖြစ်နေတာကိုး :D
    ReplyDelete
  11. ညီမ လသာည ရေ
    ဘာမဆို အကျိုးအကြောင်းနဲ့ဘဲ ဖြစ်တယ်နော် သူ့အတိုင်း သက်သက် ဘာမှမဖြစ်ဘူး ဆိုတာ တဖြည်းဖြည်း ပိုသိလာတယ် ကျေးဇူးညီမ ရေ ညီမ ရဲ့ Pheromones ကြီး များများထွက်အောင် လုပ်မှ နောက်ထပ် ... အဲ စတာပါ
    ချစ်တဲ့
    အမရွှေစင်
    ReplyDelete
  12. အယ် မမရွှေစင်..တိုးတိုး။ သူ့ထက် Pheromonesရေမွှေးကုမ္ပဏီက အရင် ကြားပြီး လာဝယ်နေမှာစိုးလို့း)))
    ပူးတေရေ.. ရပါတယ်၊ မျက်စိနောက်ပါဘူးကွာ။
    10 Nov 10, 05:53 AM
    တမ်းတ: ကောင်မလေးတစ်ယောက်ကို ရည်းစားစကားပြောချင်ရင်တော့ အပြေးတက်နဲ့ သွားပြီး ပြောရင် ပိုကောင်းမယ်ထင်တယ်နော် အစ်မ။
    တမ်းတရေ ဂွတ်ချင်ဂွတ်နိုင်တယ်၊ စမ်းကြည့်လိုက်နော်း))။
    ReplyDelete
  13. လသာညရေ
    Pheromones ဆိုတဲ့ အချစ်ဟော်မုန်းလေးအကြောင်း စိတ်ဝင်စားစွာ ဖတ်သွားပါတယ်...
    Pheromones အမျိုးအစားတွေရော ကွဲသေးလား... နောက်ထပ်သိလာရင် ပြောပြဦးနော်
    ReplyDelete
  14. အော ... ဂလိုအဖြစ်မျိုးတွေ ရှိသလား။ ကြံကြံဖန်ဖန် ... သုသေသနလုပ်သူတွေ ကိုတော့ ချီးကျူးသင့်တယ်နော်။
    တို့အစ်မ မသီတာကတော့ ဘယ်သူမှ ရိုက်မစစ်ပဲ ၀န်ခံသွားပြီ။ ချိုင်းဖတ်စော်နံလည်း ချစ်မှာပဲတဲ့ ...ရယ်ရတယ်။
    တီတီဆွိဖြစ်ပါတယ် :)
    ReplyDelete
  15. နာတို့လည်း နိုပြမှပဲ.. နိုင်ကွက်တိတွားပီ.. ဟိဟိ.. :P
    ReplyDelete
  16. Pheromones မှာ ဖိုနှင့် မ ကွဲသလားတော့ မသိဘူး၊ နောက်မို့ဆို မ မချင်း ကျားကျား ချင်း ကြိုက် မိကြလိမ့်မယ်၊ မ Pheromones က ဖိုကိုဆွဲဆောင်တာလား၊ ဖို Pheromones မကိုပဲ ကဆွဲဆောင်တာလား၊ ကျား မ ရေမွှေး ခွဲထားတာကိုကြည့်ပြီးပြောတာ၊
    ဖတ်ပြီးအတွေးပိုသွားတာပါ။
    ReplyDelete
  17. sonata-cantata said...
    ချိုင်းဘတ်စော် နံလည်း ချစ်နေတာ ဒါကြောင့်ကိုး ;P
    har har...
    For me.. No..No No No No No
    if smelly, I ll be vomit, dizzy.
    Myatnoe
    ReplyDelete
  18. 10 Nov 10, 01:41 PM
    ရွှေဧည့်သည်: ဟုတ်မဟုတ်တော့ မသိ.. ကြားဖူးတာ နပိုလီယံက သူစစ်တိုက်ပြီးလို့ အိမ်ပြန်လာတော့မယ်ဆိုရင် သူ့မိန်းမကို တစ်လလောက်ကြိုတင်အကြောင်းကြားပြီး သူပြန်လာတဲ့အထိ လုံးဝရေမချိုးဘဲနေရတယ်ဆိုဘဲ။
    10 Nov 10, 01:48 PM
    ရွှေဧည့်သည်: အဲဒီလို ရေမချိုးဘဲတလလောက်နေပြီး ထွက်လာတဲ့ကိုယ်နံ့ကို အရမ်းကြိုက်တယ်ဆိုလား.... အဲဒီ ဖီရိုမုန်းကြောင့်ဖြစ်မယ်...
    ReplyDelete
  19. Pheromonesဆိုတာက တကယ်တော့ သိပ်ပြီး သိမ်မွေ့တဲ့ ဆန့်ကျင်ဘက်ကို ဆွဲဆောင်တတ်သော ဟိုမုန်းပါ..။ ချွေးနဲ့အတူပါလို့ ချွေးလို နံတာမျိုးလို့ မထင်စေချင်ပါဘူးးD
    ဖတ်မိသလောက်တော့Pheromones သဘာဝ အမျိုးမျိုးရှိပါတယ်။ အဓိကက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်တတ်လို့ ချစ်ဟိုမုန်းလို့ ခေါ်ကြပေမယ့် အင်းဆက်တွေမှာ ဆိုရင် ရန်သူတွေ့ရှိလို့ အချက်ပေးတဲ့အခါ ထုတ်လွှင့်တဲ့ Pheromones၊ အချင်းချင်း အသိအမှတ်အပြုတဲ့အနေနဲ့ ထုတ်လွှင့်တဲ့ Social Pheromonesဆိုတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
    ကျားနှင့်မ တင်မကပဲ ကျားကျားချင်း၊ မမချင်းလည်းပဲ Pheromonesက သတ်ရောက်မှု ရှိတယ်လို့ ပြောကြပါတယ်။
    ပိုစ်ထဲမှာ လင့်ခ်ပေးထားတဲ့ ဂျပန်နိုင်ငံက Pheromones ရေမွှေးကုမ္ပဏီကဆိုရင် Pheromonesကို ကျားမ သီးသန့် ဖော်စပ်ပေးနေတဲ့အပြင် မိမိထက် အသက်၁၀နှစ်ကြီးသူက ကိုယ့်ကို ချစ်လာစေမယ့် Pheromones ရေမွှေး၊ ကိုယ့်ထက် အသက်၅ နှစ်ငယ်သူက ကိုယ့်ကို ချစ်လာစေမယ့် Pheromonesရေမွှေးဆိုပြီး အသက်အပိုင်းအခြားအလိုက် ထုတ်လုပ်ပြီး ခွဲခြားရောင်းနေတာလည်း တွေ့ရပါတယ်။ တချို့က ဒါဟာ မထိရောက်ဘူးလို့ ငြင်းနေပေမယ့် ထိရောက်တယ်လို့ ယုံကြည်သူတွေလည်းရှိနေတော့ ရေမွှေးကလည်း ရောင်းရနေတာပဲတဲ့.. :D
    Pheromonesအကြောင်း အသေးစိတ်ကို လေ့လာရင် တော်တော်ကျယ်ဝန်းတယ် လို့ ပြောပါတယ်။ လသာညတော့ ဆေးပညာ သိပ်မရှိသူမို့ အများကြီး မပြောတတ်ပါဘူး။ ဆေးပညာဘက်ကနေ လေ့လာသိရှိတဲ့သူများ ရှိရင် ဗဟုသုတအဖြစ် ၀င်ရောက်ဖြည့်စွက်ပေးသွားပါလို့လည်း မေတ္တာရပ်ချင်ပါတယ်..။
    ReplyDelete
  20. ချစ်မရေ... ညလေးလဲ အပျိုကြီးဖြစ်ပြီ ဟိ ဟိ
    .. ဗဟုသုတလေး မျှဝေပေးတာ ကျေးဇူး နော် ...။သဘောကျလို့ ခဏ ခဏပြန်ဖတ်ရတယ်း))))
    ReplyDelete
  21. အရုပ်ဆိုးဆိုး အသားမည်းမည်းတွေ ကြားထဲ အဲဒီ ဖယ်ရိုမုန်း ထွက်လို့ ကိုယ့်လာ သဘောကျနေပြန်ရင်လည်း ခက်ဦးမယ်နော်...
    သိင်္ဂါကျော်
    ReplyDelete
  22. ကိုယ့်ရှေ့လာငိုပြနေတဲ့ယောက်ျားတွေကို ချစ်ဖို့မပြောနဲ့ ကြည့်ပြီးစိတ်ပျက်လာမိတာ ကြည့်ရတာသူတို့ဆီမှာ ယောင်းမပြောတဲ့ Pheromones နည်းနေလို့လား မသိဘူးနော် ခိခိ။
    ဒီတစ်ခါ လာငိုပြလို့ကတော့ ခွက်ကလေးတစ်လုံး သူတို့ရှေ့ချပေးလိုက်မယ်...
    ဒီလိုဆို လန့်ဖြန့်ပြီးတော့ ကျနေတဲ့ မျက်ရည် တန့်ခနဲဖြစ်သွားမယ် ထင်တယ်နော်း)
    ဘာဘဲဖြစ်ဖြစ် ဗဟုသုတရသွားတယ်..
    နောက်ကိုတော့ နင့်မျက်ရည်တွေနဲ့ ငါ့ကို လာပြီး ဖျာမရောင်းနဲ့ အဲလေ မဖြားယောင်းနဲ့လို့ ပြောပစ်မယ် ဟွန်း
    ReplyDelete
  23. အင်း...ဒီနေ့ကစပြီး လွမ်းခန်းတွေများများကြည့်ပြီး အငို
    ကျင့်တော့မယ်...။ခက်တာက ကိုယ့်မျက်ရည်ထဲမှာ
    pheromons မရှိရင် ဒွတ်ခ...။အင်း...ရည်းစားများတဲ့
    သူတွေဆီက မျက်ရည်နဲ့ချွေးတောင်လိုက်စုထားရမလို
    ဖစ်နေပြီ...။ဗဟုသုတတွေ မျှဝေတာကျေးဇူးဗျိုး..။
    အဖိုးတန်တယ်...:)
    ReplyDelete
  24. မလသာ....ဂယ်လားဟင် :) အတော်ပဲ မဆွံတော့ဘူးလို့ ထင်ထားတာ ဒီက :) နည်းပေးတဲ့အတွက် ကျေးဇူး :)
    ခင်တဲ့(ဖိုးကြယ်)
    ReplyDelete
  25. မှတ်သားလောက်ပါပေတယ် သူငယ်ချင်းရေ... ဒါဆိုခုထိ မစွံသူတွေမှာ အဲဒီဟော်မုန်းမရှိလို့ထင်ရဲ့နော်... အပျိုကြီးသူငယ်ချင်းတွေကို share လိုက်ဦးမယ်
    ReplyDelete
  26. သော်ဇင်စိုး ငိုပြတဲ့အခါ သတိထားနော်။ သူက ဖုန်းနဲ့ငိုတာဆို Pheromonesက မရောက်နိုင်ဖူးလေ။
    မဆွိကလည်း တော်နေကြာ မမသီတာ ရှက်သွားမယ် မသိယောင်ဆောင်နေလေ ဟိ။ (နောက်တာ မမသီတား))
    မမိုးရေ.. ကျေးဇူးနော်၊ Pheromonesအကြောင်း နောက်ထပ်သိရင် ပြောပြမယ်နော်း)
    မြတ်နိုးရေ Pheromonesကသက်သက်က မနံဘူးတဲ့း))
    ကို sosegado> Pheromonesက အမျိုးမျိုး ရှိတယ်တဲ့။ အသက်အပိုင်းအခြားလိုက်ပြီးတော့လည်း ရှိတယ်ဆိုလား.
    နှင်းဟေမာညီမလေးရေ အပျိုကြီးလုပ်တော့မယ်လား တကယ်? :D
    သိင်္ဂါကျော်.. ဟုတ်တယ်နော်၊ စိတ်ပူစရာ။
    ချောရေ ညအစ်ကိုက အဲလိုငိုပြပါဘူးတဲ့း)
    မောင်လေးရေ ကျင့်ထားပေတော့။
    ဟုတ်တယ်ဖိုးကြယ်ရေ တကယ်လို့ ပြောကြတာပဲး)
    ရိုစ်ရေ.. ခရီးကပြန်ရောက်ပြီလား..။ ရှယ်ပစ်လိုက် ရှယ်ပစ်လိုက်.. နော်း))
    ရွှေဧည့်သည်ကိုလည်း နပိုလီယန်အကြောင်းပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်
    အားလုံးကို ကျေးဇူးတင်ပါတယ်လို့..
    ReplyDelete
  27. ညီမ လသာရေ....ရှာရှာဖွေဖွေ တယ်သိပါလားအေ့...။ တို့များတော့ သူ ချွေးထွက်နေရင် အနား ကပ်ချင်ဘူးရယ်။
    ညီမ ဆီစိမ် ပြောတဲ့ တရားသဘောလေး သဘောကျသွားတယ်၊ ဝါယော ဝါယော ..... ဓါတ်ဗူးကြီး ၄ဗူးထဲက တဗူးပေါ့...ဟိ ဟိ...
    ReplyDelete
  28. ဘယ်လိုအနံ့မျိုးပါလိမ့် .. ခုထိအပျိုကြီးဖြစ်နေတာ အဲဒီအနံ့မရသေးလို့ထင်တယ်နော် လသာရေ..း)))
    ReplyDelete
  29. မ ကြံကြံဖန်ဖန်နော်
    တီဗွီမှာတော့ယောကျာင်္းမျက်ရည်အကြောင်းကြည့်လိုက်ရသေးတယ်
    ခုမှပဲ ပြည့်ပြည့်စုံစုံသိသွားတော့တယ်
    ReplyDelete
  30. ဗဟုသုတ ရသွားပါပြီ..
    ရေမှန်မှန်ချိုးမှပဲ :D
    အစ်မရေးတာတွေ ဖတ်ရတာ ပညာလည်းရ ပျော်ဖို့လည်းကောင်းတယ်။ ကျောင်းစာနဲ့ အဆင်ပြေပြီး စာတွေဆက်ရေးနိုင်ပါစေနော်.. =)
    ReplyDelete
  31. မှတ်သားသွားပါတယ်။:)
    ReplyDelete
  32. မမချစ်.. ကျေးဇူးတင်ပါတယ်။ ၀ါယောဓါတ်ပါပဲး)
    အနမ်း.. mask များတပ်ထားမိလို့လားဟင်း)
    ကျော်ညီမလေး.. ယောက်ျားမျက်ရည်က တန်ဖိုးရှိသတဲ့လေ သူတို့ကး)
    ရွှန်းမီလည်း အဆင်ပြေပါစေ..။ ကျေးဇူးနော် <3
    မမရှင်လေး ကျေးဇူးတင်ပါတယ်.
    ReplyDelete
  33. စာဖတ်ရင်း မျက်ရည်တွေလျှံ ချွေးတွေပျံ သွားပါတယ်..
    ReplyDelete
  34. မယ် ဖတ်ဖူးတာကတော့ ကြာပါပြီ။ အရင်တုန်းက။ အဲလို ရေမွှေးမျိုးကို မထုတ်လုပ်သင့်ဘူး။ ကျင့်ဝတ်မညီဘူးလို့ ဖတ်ဖူးတယ်။
    အခု ထုတ်နေပြီပေါ့နော်။
    ReplyDelete
  35. ရေသန့်... အားလုံးသေချာသိမ်းထားနော်။ တချိန်ကျ အသုံးဝင်လာနိုင်တယ်း)
    မယ်..ရေ ဟုတ်တယ်။ အခုတော့ တရားဝင်ကို ထုတ်ရောင်းနေတာပဲ။ အသက်အရွယ်ကိုလိုက်ပြီးတောင် ခွဲခြားရောင်းသေးတယ်..
    ReplyDelete
  36. ကောင်မလေးတွေ အနားလာပြီး နှာခေါင်း တရှုံ့ရှုံ့ လုပ်နေရင် သတိထားမှပဲ
    ဟဲဟဲ လူအထင်ကြီးအောင် ဝင်ရေးသွားတာ
    ဘယ်လိုမှ ပြောလို့မရရင်တော့
    ငိုကြည့်လိုက် အုံးမှ
    ReplyDelete
  37. အစ်မရေ ငိုပြတဲ့အချိန်မှာ mask တပ်ထားမိလို့ မီးလည်း အခုချိန်ထိ ဒီလိုနေရတာနေမှာနော်..ဟဟ :))))။
    ReplyDelete
  38. မြစ်ကျိုးအင်း.. ဟုတ်တယ်၊ ငိုကြည့်လိုက်တာ ကောင်းမယ်နော်။ နှာခေါင်းတရှုံရှုံလုပ်တာ နှာစေးလို့ နှာရည်ရှုံတာဖြစ်နေဦးမယ် :P
    ငြိမ်း.. နောက်တခါ သူနဲ့တွေ့ရင် mask မတပ်နဲ့ပေါ့ :))))
    ReplyDelete
  39. သြော် အဲဒါကြောင့် သူငိုရင် ဘယ်လိုမှနေလို့မရတာကိုး။ ခွိ ခွိ
    ReplyDelete
  40. လသာညရေ။
    ကျွန်မယောက်ျားကတော့ ဖယ်ရိုမုန်တွေ အထွက်များသလိုပဲ။
    တကယ်ပြောတာ။
    မနောက်ဘူး။
    m^-^m
    ReplyDelete
  41. ဗမာလို ပြောကြမယ်ဆိုရင်တော့ ဒါကို ချွေးနံ့ ဆိုတာထက် ကိုယ်သင်းနံ့လို့ ပြောရမယ် ထင်တယ် ကြာညိုနံ့ လို့ ဆိုကြတယ် မလား။
    မအယ်
    ReplyDelete
  42. မရေ....ဗဟုသုတ တပွေ့ တပိုက်နဲ့  စူးစူးစမ်းစမ်း
    အတွေးလေးတွေနဲ့  စာဖတ်သူ ကျွန်မ ကြိတ်ပြုံးနေပြီ။
    အချိန်မှီပေါ့လေ။ ခုလိုလေးသိလိုက်ရတော့ ချွေးထွက်
    များအောင်ပဲ လုပ်ရမလား..အဲ..ဟုတ်ဘူးး
    Phermones ပါတဲ့ ရေမွှေးလေးဘာလေး ပြေးဝယ်
    ရတော့မလားနဲ့ ....အစီအစဉ်တွေ ဆွဲနေလေရဲ့.. :)
    ...ခင်မင်လျှက်..ခင်မာလာအောင်..:)
    ReplyDelete
  43. တော်သလင်းလNovember 20, 2010
    မမလသာ ..
    အမျိုးသမီးတွေရဲ့အားနည်းချက်ကို ချုပ်ကိုင်တဲ့ ကိုကိုဖီရိုမုန်းအကြောင်း ပြောပြပေးလို့ တကယ်ကျေးဇူးတင်ပါတယ်နော်..
    ချစ်တဲ့
    ညီမလေး
    ReplyDelete
  44. အားလုံးကို ကျေးဇူးပါနော် =))
    ReplyDelete
ရေးထားခဲ့တဲ့ အမှတ်တရ စကားလုံးတိုင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်း)