Tuesday, November 23, 2010
မျက်လှည့်
(၁)
မျက်လှည့်ဆရာလို့ ပြောရင် တချို့က သိပ်သဘောမကျဘူး၊ မျက်လှည့်ဆရာဆိုတာ လူလိမ်တွေလို့ ဆိုကြပါတယ် ။ ဒါပေမယ့် မျက်လှည့်ပညာဟာ ဖျော်ဖြေရေးအဖြစ် တည်ရှိနေခဲ့တာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲကပါ။
ငယ်ငယ်တုန်းက မျက်လှည့်ပွဲ သွားရင် ရင်ထဲမှာ ဒိန်းဒိန်း ဒိန်းဒိန်းနဲ့နေအောင် တအားပျော်ခဲ့ဖူးတယ်။ ကိုယ့်မျက်စိအောက်တင် မယုံနိုင်အောင် ပြောင်းလဲသွားတာတွေကို မြင်တိုင်း မခံချင်စိတ်နဲ့ ဒီတခါ သူဘယ်လိုလုပ်တာလဲဆိုတာ သေချာကြည့်မယ်လို့ ကြိမ်းဝါးပြီး ကြည့်လည်း အဖြေမှန်ကို မသိဘူး။ ကိုယ်ဘယ်လိုမှ မသိတော့လည်း ထုံးစံအတိုင်း “မြေခွေးက စပျစ်သီးချဉ်တယ် ပြောသလိုမျိုး” မျက်လှည့်ဆရာတွေက လူညာတွေလို့ အော်ပစ်လိုက်တယ်း))
ငယ်ငယ်က အရပ်ထဲမှာ ပြတဲ့ မျက်လှည့်အမျိုးမျိုးကို မလွတ်အောင် လိုက်ကြည့်ဖူးတယ်။ ဖဲချပ်ဝေပြီး ဖဲချပ်အဖြေရွေးတာကအစ၊ လူအရှင်ကို မီးရှို့ပြီး အဲဒီလူက ပွဲကြည့်ပရိတ်သတ်ထဲကနေပြီး ပြန်ထွက်လာတွေအဆုံး ကြည့်တယ်။ ကြည့်ပြီးရင် စိတ်ထဲက အဖြေမသိလို့ မခံချိမခံသာဖြစ်တာက သပ်သပ်၊ သဘောကျတာက သပ်သပ်။ လက်ခုပ်လက်ဝါးတီးပြီး ဒီလူတော်တော် စွမ်းတာပဲလို့ အော်ချီးကျူးမိတယ်။
David Copperfield ရဲ့ မျက်လှည့်ခွေတွေ တီဗွီမှာလာတော့ နေ့တိုင်း စောင့်ကြည့်ခဲ့တယ်။ သူ့ခွေထွက်တော့လည်း ၀ယ်ကြည့်သေးတာ။ သူ့ကျတော့ လူညာလို့ကို မပြောနိုင်အောင်ပဲ သဘောကျမိတယ်။ အဲဒီလူ မျက်လှည့်ပညာထက် စိတ်စွမ်းအင်တွေများ ရနေတယ်ထင်ပါ့လို့လည်း အံ့သြချီးကျူးမိတယ်။
........................................................
(၂)
၉တန်းကျောင်းသူဘ၀တုန်းက ဖေဖေ့မိတ်ဆွေ မျက်လှည့်ဆရာ ဦးလေးကြီးတစ်ယောက်က မျက်လှည့်သင်ပေးခဲ့ဖူးတယ်။ မျက်လှည့်နည်း လေးငါးမျိုးကို သင်ပေးတယ်။ အဲဒီလေးငါးမျိုးကိုပဲ နေ့တိုင်းလေ့ကျင့်ရင်း တတ်သွားတယ်ဆိုပါတော့..။ တတ်လည်းတတ်ရော ငါကွဆိုပြီး ကိုယ့်ဘာသာချီးကျူးလို့ တအိမ်လုံးကို မျက်လှည့် လိုက်ပြတယ်၊ ကိုယ့်အနားလာတဲ့သူ၊ ကျောင်းက သူငယ်ချင်းတွေနဲ့ အိမ်ရှေ့ဖြတ်သွားတဲ့သူအားလုံးကို လှမ်းခေါ်ပြီးကို မျက်လှည့်လိုက်ပြရတာ အမော။
သူတို့တွေက “ဟယ် တအားတော်တာပဲ”လို့ ချီးကျူးလိုက်ရင် ကိုယ့်မှာ မျက်နှာကို ပုရွက်ဆိတ် တက်ကိုက်လောက်အောင် ချိုပြုံးနေခဲ့တာပေါ့၊ နောက်ပြီး သူတို့က “အဲဒါ ဘယ်လိုလုပ်တာလဲ ငါ့ကိုသင်ပေး၊ အခုသင်ပေး”ဆိုပြီး ဆရာတင်လာရင်လည်း သင်ပေးလိုက်သေးတယ်.. (နာမည်ကြီးချင်တော့လည်း ဂလို ဂလို အရပ်ထဲမှာ ဂျိုကာ (joker)ဖြစ်ခဲ့ရတယ်း)))
ခက်တယ်.. မျက်လှည့်ဆိုတာက လုပ်ပြပါများတော့ ကြည့်တဲ့သူက အဖြေ သိသွားရော၊ နောက်ပြီး မျက်လှည့်က အဖြေမသိခင်သာ စိတ်ဝင်စားဖို့ ကောင်းတာလေ၊ အဖြေသိသွားရင် စိတ်ဝင်စားစရာ မကောင်းဘူးမဟုတ်လား..။ အဲဒီတော့ အိမ်ကလူတွေက ကိုယ့်မျက်လှည့်ကို စိတ်ဝင်တစားလှည့်မကြည့်တော့ဘူး..။ ကျောင်းက သူငယ်ချင်းတွေကဆို မျက်လှည့်ကို သူတို့က (ကိုယ်သင်ထားတဲ့အတိုင်း ပြန်လုပ်ပြီး) ကိုယ့်ကိုတောင် ပြန်သင်ပေးလိုက်သေးတယ် :"(
ဒါနဲ့ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်နေသွားမိပါတယ်။
.....................................................
(၃)
အဲလိုမေ့နေတဲ့ မျက်လှည့်ရောဂါပိုးကို အခုရက်ကျမှ လာပြီး နှိုးဆွသွားတဲ့သူက ရှိလာပါတယ်။ ကျောင်းက သူငယ်ချင်းတစ်ယောက်ပါ။ သူက ဂျပန်မျက်လှည့်ဆရာတစ်ယောက်ရဲ့ မျက်လှည့်စာအုပ်လေးတစ်အုပ်ကို လက်ဆောင်ပေးလာပါတယ်။ သိတဲ့အတိုင်း လူကနေပေမယ့် ပိုးကမနေဘူး..၊ အဲဒီစာအုပ်ကိုရကတဲက အိပ်ယာဘေးချပြီး အိပ်ခါနီးတိုင်း ဖတ်နေတာ တစ်ပတ်ရှိသွားပါပြီး)))။
မျက်လှည့်စာအုပ်က ကောင်းပေမယ့် မျက်လှည့်အတတ် လုံးဝမသိတဲ့ မျက်လှည့်ပညာဇီးရိုး တွေအတွက် ရည်ရွယ်ထားတဲ့ မျက်လှည့်စာအုပ်ဖြစ်နေတော့ (David Copperfield ရဲ့ မျက်လှည့်ခွေတွေ မပြတ်ကြည့်ထားတဲ့ ကိုယ့်အတွက်တော့) အင်မတန်မှ ပျင်းစရာကောင်းပါတယ် (မယုံနဲ့..။ ကိုယ့်ကိုယ့်ကို ဂုဏ်တင်ကြည့်တာ၊ တကယ်တော့ ကိုယ်မသိတာတွေချည်းပဲ ;P) ။
အခု အဲဒီစာအုပ်က မျက်လှည့်ပညာအကြောင်းလေး သူငယ်ချင်းတွေကို ပြန်ပြောချင်နေတာနဲ့ (ငယ်ငယ်ကအကျင့်အတိုင်း လာလည်သူကို မျက်လှည့်ပြချင်စိတ် ပေါက်နေမိတာမို့) ပိုစ်တင်ချင်ပါတယ်.. ခွင့်လွှတ်ပါ.. နော်း)))
လသာညက မျက်လှည့်ကို ပြရုံမဟုတ်ပါဘူး။ သင်ပေးမှာပါ၊ တခြား ကိုယ့်သူငယ်ချင်းတွေကို ပြန်ပြီး မျက်လှည့်ပြစားလို့ ရတာပေါ့။ ကော်ဖီတိုက်ကြေးလောက်တော့ ရလောက်တယ်..း)))
..........................................
မျက်လှည့် သင်ခန်းစာ-၁
ဒီနေ့ကတော့ မျက်လှည့်မဟုတ်တဲ့ မျက်လှည့်.. (အ၀ကျဉ်းတဲ့ ပုလင်းထဲကို ကြက်ဥပြုတ်ထည့်ပြနည်း..)
အောက်က ဓါတ်ပုံထဲကလို အ၀ကျဉ်းပုလင်းထဲကို ကြက်ဥပြုတ်ကို ပုံမပျက် ထည့်ပြမယ်လို့ အရင်ပြောပါ။
ဘယ်လိုမှ ထည့်လို့မရဘူးလို့ ငြင်းနိုင်ပါတယ်။ ငြင်းလာတဲ့သူကို ပြုံးပြီး ကြည့်လိုက်ပါ အဲ ငါးခူပြုံးလေးလောက်နဲ့ ။ နောက်ပြီး.. သတ္တိရှိရင် ကော်ဖီတစ်ခွက်ကြေး...လို့ အော်လိုက်ဦး.. ဖြစ်သေးတယ်း)))
ကဲ... ပွဲ စမယ်...အဲ.. နေဦး ပွဲမစခင် အောက်ကအတိုင်း ကိုယ်တိုင် လေ့ကျင့်ထားပါဦး)
ခွက်နှစ်ခွက် အရင်ပြင်ပါ၊ တခွက်ထဲကို ရေနွေးဆူဆူ (၆၀ဒီဂရီဖာရင်ဟိုက်လောက်)ကိုထည့်ထားပြီး ကျန်တခွက်ထဲကို ရေခဲတုံးလေးတွေပါတဲ့ ရေခဲရေ ထည့်ထားပါ။ ပြီးရင် ပုလင်းလွတ်ကို ရေပူထဲကို ထည့်ပြီး ပုလင်းပူအောင် ထားပေးပါ။
ပုလင်းအ၀မှာ ကြက်ဥပြုတ်လေးကို တင်ရုံလေးတင်လိုက်ပါ။
ရေပူခွက်ထဲမှနေပြီး ပုလင်းနဲ့ ကြက်ဥကို တွဲရက်သား ဆယ်လိုက်ပါ။
ရေခဲရေခွက်ထဲကို ဖြေးဖြေးချင်းနှစ်ပါ။
ကြက်ဥလေးက တဖြေးဖြေးချင်းပုံပြောင်းပြီး .
............................................................
ကဲ.. လုပ်နည်းသိပြီဆိုရင် မျက်လှည့်ပွဲကို ပြကြည့်ရအောင်
မျက်လှည့်ဆိုတာ မျက်လှည့်ဆရာရဲ့ ဟိတ်ဟန်ကလည်း အရေးကြီးသေးတာ။ အပေါ်ကအတိုင်း လုပ်ပြရင် ပရိတ်သတ်ကို မျက်လှည့်ပြတာနဲ့ မတူဘူး။ အဖြေကို ပြောပြတာပဲ ဖြစ်တယ်။ သိပ်ပျော်စရာမကောင်းဘူး။ လူတိုင်းက အဖြေကို ချက်ချင်းသိရင် သိပ်မဟုတ်ဘူး။ အဖြေကို မသိလေ စိတ်ဝင်စားလေ...။ ဒါကြောင့် မျက်လှည့်ပြတဲ့အခါကျတော့ အောက်ကအတိုင်း လုပ်ပြီးမှ မျက်လှည့်ပွဲကို ခင်းကျင်းနော်။
၁) ရေပူရေအေးတွေကို ပရိတ်သတ်မမြင်ရအောင် ကတ္တူစက္ကူဗူးကြီးကြီးထဲ အရင်ထည့်ထားပါ။
၂) နောက်ပြီးရင် ပုလင်းလွတ်လေးကိုလည်း ကတ္တူစက္ကူဗူးကြီးထဲမှာ ရေပူခွက်ထဲကို ချထားလိုက်ပါ။ (ပရိတ်သတ်က ပုလင်လေးလည်ပင်းလေးပဲ မြင်နေရမှာပါ။)
၃) အဲဒီအချိန် ပါးစပ်ကနေ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ပုလင်းကို စကားပြောနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
၎) ပြီးရင် ကြက်ဥပြုတ်ကို တင်ပါ။ “အခု ကြက်ဥပြုတ်က ငါ့စကားကို နားထောင်အောင် အရင် စိတ်ညှို့ နေတာ”လို့ ပြောမယ်။ မျက်လုံးလေးမှိတ်ပြီး ဘာညာ ပြောမယ်..။
၅) ကြက်ဥကြည့်သလိုလိုနဲ့ ပုလင်းကို ပြန်အချမှာ ရေခဲရေခွက်ဖက်ထဲကို ထည့်လိုက်ပါ။
၆) ကြက်ဥပြုတ်ကို မန်းမှုတ်သလိုလိုနဲ့ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ကြက်ဥပြုတ်ကို အမိန့်ပေးနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
၇) ကြက်ဥပြုတ်က ပုလင်းထဲ ၀င်သွားချိန်ကျမှ ဆယ်ပြီး ပရိတ်သတ်ကို မြှောက်ပြလိုက်ပါ။
၈) ပရိတ်သတ်က “၀ိုးးးးးးးးးးးးးးးးး ဖြောင်းဖြောင်းဖြောင်း၊ တော်လိုက်တာ” ဆိုတဲ့ လက်ခုပ်တီးသံကို အရသာခံ နားထောင်လိုက်ရင်း စက္ကူဗူးထဲက ရေပူရေအေးခွက်တွေကို ဘေးကအကူ သူငယ်ချင်းကို သိမ်းခိုင်းလိုက်တော့..
...................................................................
ကဲ အိုကေနော်း))) အားတဲ့အခါ မျက်လှည့်ပြကြည့်လိုက်..
ချစ်ရတဲ့ သယ်ရင်းအားလုံး ပျော်ရွှင်ပါစေ..။
နောက်အချိန်ရတဲ့အခါကျရင် အများရှေ့တင် ဇွန်းအသစ်လေးက ကိုယ့်စိတ်စွမ်းအင်နဲ့ ကွေးကျသွားအောင် လုပ်ပြတဲ့နည်းကို သင်ပေးဦးမယ် (ဤကား မက်လုံးဖြစ်၏)
လသာည ဖြစ်ပါတယ်။
မှတ်ချက်.. မျက်လှည့်တချို့ကို pdf လုပ်ပြီး side bar မှာတင်ထားပါတယ်။ မည်သူမဆို ဒေါင်းလော့လုပ်ယူနိုင်ပါတယ်း))
31 comments:
  1. ကြက်ဥပြုတ်ကို အခွံခွါ ရဦးမှာလား .... ဒါမှ မဟုတ် အခွံနဲ့  လဲ လုပ်လို့  ရလား ... သေချာအောင် မေးကြည်တာ ပါ ... လုပ်တော့ မကြည့်ရသေးဘူး ...
    ကိုရင်ပြုံး
    ReplyDelete
  2. ဥုံဖွ...
    ဝင်တယ်ဟ... ပါးစပ်ထဲ..
    ReplyDelete
  3. တော်လိုက်တဲ့ မျက်လှည့်ဆရာလ ရယ်
    အ၀ကျဉ်းတဲ့ ပုလင်းထဲကို ကြက်ဥပြုတ်ထည့်ပြနည်း. ဆို စစကလည်း ထည့်လို့ရတယ်ပြောမည် အလုံးလိုက်လို့မပြောခြင်းကြောင့်ပါ
    စကားနိုင်လုတာ မဟုတ်ပါ မျက်လှည့်ဆိုတာ သေချာမြင်အောင်ကြည့်ရင် အဖြေပေါ်တယ်ဆိုလို့ပါ
    ခင်မင်တဲ့
    seesein
    ReplyDelete
  4. ဒို့ကတော့ ငုံးဥပဲ ပုလင်းထဲထည့်ပြတာ..
    ReplyDelete
  5. လသာည ရေ
    မင်္ဂလာပါခင်ဗျာ-
    မျက်လှည့်လာကြည့်သွားတယ်-အရမ်းဝါသနာပါတယ်ဗျ-
    ကြည့်တာကိုပြောပါတယ်။ ကိုရီးယားကမျက်လှည့်ဆရာတွေကိုမနက်တိုင်းကြည့်ဖြစ်
    တယ်ဗျ-သူတို့ကသိပ့်တော်တာဘဲနော်-ငယ်ငယ်ကတော့
    မုံရွာဘုရားကြီးပွဲမှာလာလာပြတဲ့မျက်လှည့်ဆိုနေ့ တိုင်း
    ကြည့်တယ်။အခုလည်း လသာည ပြမည့်မျက်လှည့်များကို
    နေ့ တိုင်းလာကြည့်အုံးမယ်-
    ReplyDelete
  6. ချစ်မ ... လက်တည့်စမ်းကြည့်တာ လက်ကို ရေနွေးပူလောင်သွားတယ် ဟဟဟ
    နောက်ထပ် ၁၀မျိုးလောက်တတ်ရင် စင်္ကာပုမှာမျက်လှည့်ပြစားတော့မယ် အလုပ်မလုပ်တော့ဘူးးD
    ချစ်ညလေး
    နှင်း
    ReplyDelete
  7. စာဖတ်ပိတ်သတ်လေးNovember 23, 2010
    အစ်မက ဒါမျိုးလည်း တတ်တာပဲလား။
    ဂယ်ပဲဂယ်ပဲ ပြောကို မပြောချင်ဗူးးးးးးးးးးးးးး
    အစ်မရေ အဲလိုမျိုးလေး လေးငါးမျိုးလောက် ရေးပြီးရင် အီးဘွတ်လုပ်ပေး၊ ကျွန်တော် သူငယ်ချင်းတွေ ရောင်းစားချင်လို့ ဟီး
    ReplyDelete
  8. ပရိတ်သတ်က “၀ိုးးးးးးးးးးးးးးးးး ဖြောင်းဖြောင်းဖြောင်း၊ တော်လိုက်တာ”
    အဟဲ ကြိုပြောထားတယ် စီးပွားရေး အဆင်မပြေရင် မျက်လှည့် ပြစားသင့်ရင် ပြစားရမယ်
    ချစ်တဲ့
    အမရွှေစင်
    ReplyDelete
  9. ဒါဆိုမျက်လှည့်က ပညာတစ်ခုပေါ့ နည်းလမ်းတွေနဲ့၊
    လူမမိတဲ့ မျက်လှည့်ဆရာမဖြစ်ဘို့ကအရေးကြီးတယ်၊
    တစ်ခါက လာဗီးဂတ်စ်မှ ဟော်လီကော်ပတာကြီးကို ဖျောက်တာ
    အမြည်းကျန်ခဲ့တယ်၊ ဟိုမှာမပျောက်ဘူးလို့ ထအော်တာ ကိုယ်အရင်ဖြစ်နေတယ်၊
    နောက်ဆုံး လူတစ်ယောက်ထွက်တောင်းပန်းပါတယ်၊ ပုရိသတ်ကရာနှင့်ချီရှိတာကိုး၊ အဲဒီ့အတွက် ဘယ်နှစ်ယောက် အလုပ်ပြုတ်မလဲမသိဘူး၊
    ReplyDelete
  10. ကိုရင်ပြုံး.. ကျေးဇူး။ အဲ.. အခွံမခွာပဲ လုပ်ရတယ် ပြောပေမယ့် မသေချာတော့ အခွံခွာပြီးပဲ လုပ်ကြည့်လိုက်တယ် :D/ကိုရင်ပြုံး လုပ်ကြည့်လို့ရရင် လာပြောပြဦးနော်။
    ကိုဇော်..:D ကြက်ဥပြုတ် ပြန်ရော်ပေး
    စစ.. ဟုတ်သား.။ အင်း ဒါပေမယ့် “ပုံမပျက်”လို့ ရေးထားတယ်လေ "(^^)"
    ဘကျောက်ရဲ့ ငုံးဥထည့်နည်းလည်း လေ့လာသွားကြပါဦးနော်း))
    ကိုဂျစ်ရေ.. ကိုရီးယားမျက်လှည့်ဆရာတွေလိုပဲ ဂျပန်မျက်လှည့်ဆရာတွေလည်း တော်တယ်။ (လသာညက လောလောဆယ် ဂျပန်မျက်လှည့်ဆရာရဲ့တပည့်ဖြစ်နေတော့ :)
    နှင်းရေ.. အုံဖွ.. အပူလောင်တာ ပျောက်စေ...
    စာဖတ်ပိတ်သတ်လေး.. အဲ့အကြံကောင်းတယ်။ ရရင် တစ်ယောက်တ၀က်နော်းD
    အစ်မရွှေစင်နဲ့ အကြံတူနေပြန်ပါပြီး))
    ကိုsosegadoပြောတာလေးလည်း တကယ်လုပ်ငန်းလုပ်စားမယ့်သူတွေ သတိထားမှ (ဥပမာ မမရွှေစင်နဲ့ လသာညလိုလူများပေါ့း))
    အားလုံးကျေးဇူးနော်။ အပျင်းပြေလေးပေါ့..
    ReplyDelete
  11. အမ လသာညကတော့ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို ဂျပန်မှာ အခြေအနေအရ မျက်လှည့်ပြစားတော့မယ်ထင်တယ်။းဝ))
    ပို့စ်တင်ပြီးသားတွေတော့ လာမပြနဲ့နော်။ သိပြီးပြီ။
    လသာညကို ချစ်သော လသာည.. လသာညမှာရော လမသာညရော ပျော်မြူးနိုင်ပါစေ။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    ReplyDelete
  12. စိတ်တော့ ၀င်စားသား။ ပညာတစ်ခုပေါ့လေ။ ဒါထက်ဗျာ အထွန့်တက်တာလို့တော့ မထင်နဲ့နော်။ ဖဲချပ်အဖြေရှာတာကျတော့ရော...။ ကျွန်တော်မခံနိုင်လို့ဗျ။
    ReplyDelete
  13. မိုက်တယ်...မိုက်တယ်...စမ်းကြည့်ဦးမယ်..။ပြီးရင် တရုပ်
    တွေကို ပိတ်သတ်လုပ်ခိုင်းပြီး မျက်လှည့်ဆြာကြီး လုပ်ဦးမှ.
    ဒီက တရုပ်နှစ်ယောက်က မျက်လှည့်ဆို သိပ်ကြိုက်တာကလား..။မျက်လှည့်အစီအစဉ်များလာရင်
    ပါးစပ်အဟောင်းသားနဲ့ကြည့်ကြတော့တာပဲ..ဟိ..။
    ReplyDelete
  14. လလ
    အ၀ကျဉ်းတဲ့ ပုလင်းထဲ ကြက်ဥထည့်တာ အဲဒီလောက် မခက်တဲ့နည်းပြောပြမယ် စမ်းကြည့်အုံးဗျ လက်မှာ ရှိန်းခိုသုတ် ကြက်ဥ အခွံနွာပြီးသားကို ပူနေအောင်ပွတ်ဗျာ ကြက်ဥက သူ့အလိုလိုရှည်လာလိမ့်မယ် အဲဒီတော့မှ ပုလင်းထဲထည့်လိုက်တဲ့ အထဲရောက်သွားရင်တော့ ထုတ်မရတော့ဘူးနော် ပြန်လုံးသွားသလားတော့မသိ ရေနွေးပူမလောင်တဲ့နည်းပါတဲ့
    ခင်တဲ့
    seesein
    ReplyDelete
  15. စမ်းကြည့်အုံးမယ်။ thanks
    ReplyDelete
  16. စိတ်ဝင်စားပေမယ့် စမ်းမကြည့်ချင်သေးဘူး ;) ဒါပေမယ့် တစ်ခုတော့ သိတယ်။ ချစ်မလေးနဲ့ အတူနေရရင် ပျော်ဖို့ကောင်းမှာပဲ :P
    ReplyDelete
  17. အစ်မရဲ့ မျက်လှည်ည့်ကို အားပေးသွားတယ်။ နောက်နေ့လည်း လာကြည့်မှာနော်။
    ReplyDelete
  18. ဟား
    နောက်ကျသွားတယ်ကွာ
    ကြက်ဥတွေ သူများစားပစ်ကုန်လို့ ပုလင်းတွေချည်းဘဲကျန်တော့တယ်...
    မျက်လှည့်ပြတာ မမြင်လိုက်ရဘူး ပြန်ပြပါး)
    ကျွန်မလဲ ဒေးဗစ်ကော်ပါးဖီလ်းကို တအားသဘောကျတယ်..
    မျက်လှည့်မပြခင် သူပရိတ်သတ်ကို ကြည့်လိုက်တဲ့ အကြည့်မှာကို စိတ်စွမ်းအင်တွေညှို့ဓာတ်တွေ ထည့်ပြီး ကြည့်လိုက်သလိုဘဲ.. သူ့အကြည့်ကိုက ထူးခြားနေတယ်..
    ခုလဲ ယောင်းမ မျက်လှည့်ပြတာ လူတော်တော်စည်သွားတယ်
    ကြည့်ရတာ မျက်လှည့်အပြီး ကြက်ဥပြုတ်များ စားရမလားဆိုပြီး လာကြတာဖြစ်မယ်...း))
    ဟင်းဟင်း မှတ်ထားဦးမယ် ဒီနည်းကို
    သူငယ်ချင်းတွေနဲ့ လောင်းကြေးစားကြေး လုပ်ရမယ်
    ကျေးဇူး ယောင်းမ သူငယ်ချင်းလေးရေ
    ReplyDelete
  19. ကိုကိုမောင်>> ဟာ သူကြီးလာတယ်။ မျက်လှည့်ပွဲကြေး အခွံကောက်မှာစိုးလို့ ပုန်းနေမှး))
    ခနွဲ> ဘာကိုမခံနိုင်တာပြောတာလဲဟင်! ဖဲချပ်အဖြေရှာကျ သိပ်နားမလည်လို့ တခြားမျက်လှည့်ပဲ ပြောပြမယ်နော်။
    မောင်လေး> ပါးစပ်အဟောင်းသားဖြစ်တာ မျက်လှည့်ကြောင့်ဖြစ်တာလား။ တကယ်?း)
    စစ> အင်းအဲဒါလွယ်သားနော်။ လုပ်ကြည့်ဦးမယ် ။ စစ ကျေးဇူး <3
    မမရှင်လေး ကျေးဇူးပါနော်။ လုပ်ဖြစ်လို့ လွဲတာရှိရင် ပြောပြပါဦးနော်။
    မယ်ကိုး > ဟားးးးးးး ဒါကြောင့် လာခဲ့ပါဆို၊ ခေါ်နေတာကြာပေါ့းD
    ငြိမ်း> မျက်လှည့်ပွဲက နေ့တိုင်းလုပ်ဖူးတဲ့၊ ဆိုင်ခန်းဌားလို့ မရလို့း)))
    ချော>> မှတ်ထားနော်။ နောက်ကျ အတူတူ အပြင်းပြေ မျက်လှည့်ပြရအောင်း))
    ReplyDelete
  20. ဘယ်မှာလဲ-
    နေ့ တိုင်းသင်ပေးမယ်ဆို-
    ဟွန်း---လူကိုမောသွားတာဘဲ-
    နောက်ထပ်လာအုံးမယ်နော်-
    ဒါဘဲ-
    ရေးထားအသစ်-
    ReplyDelete
  21. ကျွန်တော်လဲ ကြိုးစားကြည့်ဦးမယ် အစ်မလသာလို မျက်လှည့်ဆရာဖြစ်အောင်...
    ReplyDelete
  22. အတော်ပဲ လသာရေ ... အိမ်မှာ ဂျူဂျူက မျက်လှည့်သိပ်ဝါသနာပါတာ။ TV မှာပြတဲ့ မျက်လှည့်ဖော်နည်းတွေလဲ သူအကုန်ကြည့်ပြီးပြီ။ TV ကကြည့်ရုံအားမရလို့ ယူကျူ့ကပါ သွားကြည့်နေတယ်လေ။
    အဲဒါတွေကြည့်ပြီး ဟိုဟာလုပ်ပြဒီဟာ လုပ်ပြနဲ့။ ဟန်နဲ့ပန်နဲ့ကို ပြတာဗျ။ အဲဒီကြက်ဥနည်းတော့ သူမသိလောက်သေးဘူးထင်တာပဲ။ သူ့ကို အရင်လုပ်ပြပြီးမှ သင်ပေးရမယ်။ စိတ်ဝင်စားမှာ သေချာတယ်။
    လသာည စိတ်ဝင်စားမလားတော့ မသိဘူး။ မျက်လှည့်ဖော်နည်း ယူကျူ့လင့်လေးအောက်မှာပေးထားတယ်။ မျက်လှည့်ဖော်တဲ့လူက မျက်လှည့်သမားတွေ
    GREAT MAGIC SECRETS REVEALED
    ReplyDelete
  23. ကိုဂျစ်တူး.. အဲလို မဂျစ်နဲ့လေ.. ဆိုင်ခန်းဌားခ ဈေးကြီးလို့ မျက်လှည့်က တပတ်တခါပဲ ပြလို့ရမှာပါချင့် :)))))))
    ဘလက်ရေ ကျေးဇူး။ အတော်ပဲ အစ်မလည်း အခုပဲ ဘလက်ကော်ဖီကို သတိရနေတား))
    မဆွိရာ.. ကျေးဇူးအများကြီးတင်လိုက်တာ..။ အားတိုင်းကို သွားကြည့်ရမယ်။ ပြီးမှ ဘလော့ပေါ်မှာ ဆရာပြန်လုပ်ရမယ် ဟိး))
    ReplyDelete
  24. မျက်လှည့်လာပြ..အဲ..လာကြာည့်တာ...။
    မျြိုးနတ်
    ReplyDelete
  25. ရွှီးးးးးးး ဖြောင်းဖြောင်းဖြောင်းးး
    ReplyDelete
  26. အစ်မလသာညများ နာမည်ကြီးသူဆိုတော့ ရှက်ပေးမယ့်သူနဲ့ ဘာနဲ့ ဟိဟီး
    အစ်မ စကားမစပ် ကျွန်တော့် သူငယ်ချင်းက ဂျပန်လာချင်တာ ပွဲစားနဲ့ ပြောထားတယ်လို့ ပြောတာဗျ။ ပွဲစားရဲ့ တူမအဖြစ်နဲ့ လာရမှာတဲ့။ အဲဒီပွဲစားက စိတ်မချရမှာစိုးလို့ ကျွန်တော်က ခဏစောင့်ဦးလို့ ပြောထားတယ်။ အစ်မသိတဲ့ ဂျပန်ကိုကျောင်းလာတက်နည်းလေးဖြစ်ဖြစ် အားတဲ့အချိန် ပြောပြပါဦး
    ကျွန်တော့်သူငယ်ချင်းက နောက်နှစ် ဧပြီလအတန်းကို လာတက်ချင်တာတဲ့။
    ReplyDelete
  27. စာဖတ်ပိတ်သတ်လေးNovember 27, 2010
    အပေါ်ကကွန်မန့်က ကျွန်တော်ပါ။
    ReplyDelete
  28. ပိတ်သတ်လေးရေ ကျေးဇူး။
    အိုကေ၊ နောက်ရက်ကျ ရေးပေးမယ်နော်။ အခုရက် ကျောင်းစာ အပြီးတင်စရာ ရှိလို့ပါ။
    ပိတ်သတ်လေးအတွက် အထူးမှတ်ချက် .. >> ချစ်သူရှိရင် မုန်းသူရှိတာ သဘာဝလေကွား))))))
    ReplyDelete
  29. ကြက်ဥပြုတ်ကို ပုလင်းထဲထည့်ရမှာ နှမျောစရာကြီး..
    ပြန်ထုတ်လို့ရလားဟင် :D
    ReplyDelete
  30. မျက်လှည့်ကတော့ တကယ်စိတ်ဝင်စားတဲ့ ပညာရပ်ပဲ။ ကျနော်က သူများကို မထင်မှတ်တာ အံ့သြအောင် လုပ်ချင်စိတ် များတယ်ဗျး)
    ReplyDelete
  31. ကြက်ဥထဲကို ပုလင်းပြန်ထည့်ပြမယ်ဗျို ဘယ်သူတွေကြည့်ကြမလည်း ဟိဟိ
    ReplyDelete
ရေးထားခဲ့တဲ့ အမှတ်တရ စကားလုံးတိုင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်း)