Sunday, December 5, 2010

Mr. Maric ရဲ့ မျက်လှည့်ပညာ ဘာသာပြန်

သူဟာ သွားဘက်ဆိုင်ရာဆရာဝန်ဘွဲ့ရရှိပြီးသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားတာက မျက်လှည့်ဖြစ်တဲ့အတွက် မျက်လှည့်ပညာရပ်တွေကိုသာ လေ့လာရင်း မျက်လှည့်ပစ္စည်း ရောင်းချတဲ့အလုပ်ကို လုပ်ခဲ့တယ်။

နောက်တော့ တီဗွီအစီအစဉ်မှာအပတ်စဉ် ဖြေဖျော်ခွင့်ရတဲ့အထိ ဖြစ်လာပါတယ်။ ၁၉၉၃မှ စတင်ပြီး “ရယ်ချင်ရင် ရယ်သာရယ်လိုက်” “မင်း ပျော်ရွှင်ဖို့” အစရှိတဲ့ တီဗွီအစီအစဉ်များမှာ မျက်လှည့်ဖြင့် ဖြေဖျော်လာခဲ့ပါတယ်။ ကျွမ်းကျင် သပ်ရပ်သော သူ၏ မျက်လှည့်ပညာကြောင့် သူ့ကိုမှော်အတတ်များရနေသလားလို့ တောင် အထင်ခံရပြီး၊ ၎င်းအထင်အတွက် သူပြန်ဖြေတဲ့အဖြေကတော့ “ကျွန်တော့် လက်အစုံရဲ့ စွမ်းအား (hand power)ပါ” ဆိုတာပါပဲ။ သူက မျက်လှည့်ဆရာအဖြစ် တပည့်တွေကို စာသင်ပေးသလို မျက်လှည့်ပညာ စာအုပ်တွေများစွာလည်း ရေးခဲ့ပါတယ်။

အများကို ရယ်မောပျော်ရွှင်စေလိုတဲ့ သူဆန္ဒက ပြည့်တယ်လို့ ပြောရမယ်ထင်ပါတယ်။ သူ့ရဲ့မျက်လှည့်ပညာစာအုပ်တွေက စိတ်ပညာစာအုပ်တွေနားမှာ ထားပြီး စိတ်ကုပညာရှင်တွေက မိမိလူနာတွေ ပျော်ရွှင်အောင် အသုံးပြုတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။စာအုပ်ကတော့ အဆင့်မြင့်မျက်လှည့်ပညာရပ်တွေ မဟုတ်ပါ။ မိမိအနီးအနားမှာ ရှိတဲ့ ပစ္စည်းများနဲ့ မိမိရဲ့ မိသားစု၊ သူငယ်ချင်းများကို ဖြေဖျော်ပေးတဲ့အဆင့်လောက်ပဲ ဖြစ်ပါတယ်။ မျက်လှည့်ကြောင့် မိသားစုအတွင်း တဒင်္ဂလောက် ပျော်ရွှင်သွားရတယ်ဆိုရင် မျက်လှည့်ပြရကျိုးနပ်ပြီ ဖြစ်ပါတယ်။ ကိုယ်ပြသတဲ့ မျက်လှည့်က မအောင်မြင်ပဲ မျက်လှည့်ရဲ့ အဖြေကို အများ သိသွားလည်းပဲ ကိစ္စမရှိပဲ ရယ်မောပျော်ရွှင်နိုင်တာမို့ ကျွန်မကတော့ သဘောကျမိပါတယ်။ ဒါကြောင့် စာအုပ်ထဲက တချို့တ၀က်ကို ကျွန်မ ဘာသာပြန်သိမ်းထားပါတယ်။ ဘာသာပြန်ထားတာလေးကို သူငယ်ချင်းများအနေနှင့် တဆင့် အခြားသူများကို အပျင်းပြေ မျက်လှည့်ပြပြီး ရယ်မောပျော်ရွှင်နိုင်စေရန် မျှဝေလိုပါသော်လည်း ပုံဆိုဒ်တွေက ကြီးတာမို့ ပိုစ်မှာ သီးသန့်မတင်တော့ပါ။ မျက်လှည့်စိတ်ဝင်စားသူများ side bar မှ လင့်ခ်မှတဆင့် pdf ဖိုင်ကို ဒေါင်းလော့လုပ်ယူနိုင်ပါတယ်။



အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ... လသာည ဖြစ်ပါတယ်။

16 comments:

  1. စာဖတ်ပိတ်သတ်လေးDecember 05, 2010

    ကျွန်တော်က အစ်မကိုယ်တိုင် မျက်လှည့်ပြမှပဲ လာကြည့်တော့မယ် :)

    ReplyDelete
  2. တို့ကို ပို့ပေးပါလားဟင်
    အိမ်မှာ နောက်ချင်လို့

    ReplyDelete
  3. ဘာပဲ ဖြစ်ဖြစ် စွဲလမ်းလွန်းတာတော့ မကောင်းဘူးနော်..

    ReplyDelete
  4. ကွန်မန့်လေးများအတွက် ကျေးဇူးတင်ပါတယ်။ မမိုးဆီကို ပို့ထားပါတယ်း))

    ReplyDelete
  5. ဆရာသမား
    ဂျစ်တူးစီကိုလည်းမေးပို့ ပေးပါအုံးခင်ဗျာ-
    လေးစားစွာဖြင့်-
    jittoo.monywa@gmail.com

    ReplyDelete
  6. ကျေးဇူးပြုပြီး အမဆီကိုလည်း ပို့ပေးနိုင်မလား ညီမရေ
    yuyusan@gmail.com

    ReplyDelete
  7. ဟုတ်..။ ပို့ထားပြီ။ ဖတ်မရရင် ပြောပါဦးနော်။ အော်ရယ်ချင်တယ် (original) ပို့ပေးမယ် :D
    ပျော်ရွှင်ချမ်းမြေ့ပါစေ.

    ReplyDelete
  8. မျက်လှည့်ပညာကို စိတ်ဝင်စားပါတယ်။ကျေးဇူးပြုပြီး
    ကျွန်တော့် mail ထဲကို အဲဒီမျက်လှည့် pdf ဖိုင်လေးပို့ ပေး
    ပါလား။kohtet.universe@gmail.com

    ReplyDelete
  9. ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်လေးကတည်းက မျက်လှည့်ကိုရူးသွပ်ခဲ့တာ အခုထိပါပဲ မျက်လှည့်ပွဲတွေလာရင် လည်းမလွတ်တမ်းသွားကြည့်ဖြစ်ပါတယ် မျက်လှည့်တွေရေးထားတဲ့ PDF လေးတွေကိုကော် ကျွန်တော့် mail ထဲပို့ပေးလို့ရမလား ကျေးဇူးတင်ပါတယ်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  10. eainmac@gmail.com ကို အဲ့ဖိုင်လေး ပို့ပေးပါလား အရမ်းကျေးဇူးတင်ပါတယ်

    ReplyDelete
  11. ဒီစာအုပ်လေးလိုချင်ပါတယ်ခင်ဗျာ setkyarwalar1986@gmail.com ကိုကျေးဇူးပြုပြီးပို့ပေးပါလားခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်...

    ReplyDelete
  12. A smile.ye2012@gmail.comကိုလည်းပို့ပေးနော်

    ReplyDelete
  13. clashofclans.kaung.222@gmail.comကိုလည်းပို့ပေးပါ။

    ReplyDelete
  14. AnonymousMay 14, 2016

    hellokittylay24@gmail.com ကို ပို့ပေးပါလားဗျ။

    ReplyDelete
  15. moe529650@gmail.comကိုပို့ပေးပါဦး ဆရာ

    ReplyDelete
  16. ဆရာမတောင်းပန်ပါတယ်ဂီမေးထဲပို့ပေးပါလားဗျာ
    mgheinmyatthu@gmail.com

    ReplyDelete

ရေးထားခဲ့တဲ့ အမှတ်တရ စကားလုံးတိုင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်း)