Friday, July 27, 2012

ယုံကြည်ချက်မှ တဆင့်


Pygmalionဆိုတဲ့ ဝေါဟာရကတော့ ဂရိစကားဖြစ်ပါတယ်။ ပုံပြင်လေးတစ်ခုမှ စတယ်။ ပုံပြင်အရ ဘယ်မိန်းမကိုမှ စိတ်မ၀င်စားတဲ့ ပန်းပုသမားလေး Pygmalion ဟာ သူကိုယ်တိုင် ထုစစ်ထားတဲ့ ရုပ်ထုလေးအပေါ်မှာ မေတ္တာသက်ဝင်မိသွားခဲ့တယ်။ နေ့စဉ်နဲ့အမျှ စွဲလန်းတမ်းတနေတဲ့ သူရဲ့စွဲလန်းယုံကြည်မှုအပေါ် ဘုရားသခင်က ဂရုဏာသက်သွားတဲ့အတွက် နောက်ဆုံးမှာ သူရဲ့ရုပ်ထုကို လူဘ၀အသက်သွင်းပေးလိုက်ခြင်းဖြင့် ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားလေသတည်းပေါ့။

ဂရိပုံပြင်ထဲမှ Pygmalion ပန်းပုသမားနာမည်ကိုယူပြီး စိတ်ပညာဗေဒမှာ Pygmalion effectsလို့ဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲခဲ့သူက အမေရိကန် စိတ်ပညာရှင်Mr.Robert Rosenthal ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တစ်စုံတစ်ယောက် အပေါ်ထားတဲ့ မင်းရဲ့ ယုံကြည်ချက်ဟာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေပါတယ်။ ၎င်း ကို စိတ်ပညာအခေါ်နဲ့ Pygmalion effectsလို့ ခေါ်တယ်။စိတ်ပညာရှင် Mr.Robert လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ကျောင်းတစ်ကျောင်းမှာ စာမေးပွဲတစ်ခုစစ်လိုက်တယ်။ မစစ်ခင် တပတ်လောက်မှာ တချို့ကျောင်းသားတွေကို တွေ့ဆုံပြီး ဒီလိုပြောလိုက်တယ်။

“ကလေးတို့။ မင်းတို့ကို အသိပေးစရာရှိတယ်။ ဦးက (Researcher Mr. Robertက) ဒီစာမေးပွဲကို ဘယ်သူတွေ ဖြေဆိုနိုင်မယ်လို့ ထင်ပါသလဲလို့ မင်းတို့ အတန်းပိုင်ဆရာကို မေးတော့ မင်းတို့ဆရာက ဒီစာမေးပွဲကို သေချာပေါက် အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်မယ်သူဟာ မင်းတို့ပါ .. လို့ ပြောပြတယ်။ မင်းတိုလို ကလေးတွေရှိတဲ့အတွက် မင်းတို့ ဆရာကတော့ ဂုဏ်ယူလို့ မဆုံးအောင်ပါပဲကွာ။ ကဲ..ကဲ ကြိုးစားဖြေကြနော်။ ”

တကယ်တော့ အတန်းပိုင်ဆရာကို ဘာမှ မေးထားတာမဟုတ်ခဲ့ပါဘူး။ စာမေးပွဲက နည်းနည်းခက်လို့ စာမေးပွဲ ဖြေချင်အောင် စိတ်ပညာရှင်က အကွက်ဆင်လိုက်တဲ့ စကားလုံးလေးတွေပါ။

ဒီနောက် စာမေးပွဲကို ဖြေဆိုပြီးဆုံးပြီး ရလာဒ်တွေကို အမှတ်စစ်ခဲ့တယ်။
ခေါ်တွေ့တဲ့ ကျောင်းသားတွေနဲ့ ခေါ်မတွေ့တဲ့ ကျောင်းသားတွေရဲ့ ရလာဒ်ကို ယှဉ်ကြည့်လိုက်တယ်။ သူ မရဲတရဲ မျှော်လင့်ထားတဲ့ ရလာဒ်တစ်ခုကို အံ့သြဖွယ်ရာ တွေ့ရလို့ စိတ်ပညာရှင်ကြီး ပျော်ရွှင်သွားခဲ့တယ်။

သူက ခေါ်တွေ့တဲ့ ကျောင်းသားအများစုဟာ တကယ်ပဲ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်တာကို တွေ့ရတယ်။ ခေါ်တွေ့ပြီး မပြောခြင်းမခံခဲ့ရတဲ့ ကလေးတွေ (တနည်းပြောရရင် ဆရာရဲ့ ယုံကြည်ချက်ကို မရတဲ့ကလေးတွေ)ဟာ ပုံမှန် ယခင့်ယခင် စာမေးပွဲတွေအတိုင်း ရလာဒ် မပြောင်းမလဲ ရှိနေခဲ့တာကို တွေ့ခဲ့ရတယ်။

ဒါဆို ယုံကြည်ခြင်းခံရတဲ့ကလေးတွေဟာ အရည်အချင်းတွေ တက်လာပြီး၊ မခံရတဲ့ကလေးဟာ အရည်အချင်းတွေကျသွားတာလား။ တကယ်တော့ အရည်အချင်းက ဒီလောက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်ချက်ကို ရလိုက်တဲ့ အခါ ကျွန်မတို့ လူသားတွေဟာ ကိုယ်အားဥာဏ်အားရှိသ၍ အားထုတ် ကြိုးစားကြလို့သာ ဖြစ်ပါတယ်။

အခြားသူရဲ့ ယုံကြည်ချက်က ကာယကံရှင် ကို တွန်းအား ပေးနိုင်ပါတယ်။

လက်တွေ့နယ်ပယ်မှာ ဆရာက တပည့်ကို ၊ မိဘက သားသမီးကို၊ အကြီးအကဲက လက်အောက်ငယ်သားကို၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ကိုယ့်စိတ်ကြိုက် ကြိုးစားစေချင်တဲ့အခါ အများကြီး အားထုတ် ဆုံးမစရာမလိုပါဘူး။ သူကို အားပေးတဲ့အနေနဲ့ သူ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး ယုံကြည်ချက်ကလေး ပေးလိုက်ရုံပါပဲ..တဲ့။

ဟုတ်ကဲ့.. You can do it!!

.................
လသာည. ဖြစ်ပါတယ်။

11 comments:

ဘုန်းဘုန်းတောက် said...

လသာညရေ "သူကို အားပေးတဲ့အနေနဲ့ သူ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး ယုံကြည်ချက်ကလေး ပေးလိုက်ရုံပါပဲ" အဲဒီဝါကျလေးကို သဘောကျ၊ နှစ်သက်မိတယ်။

sosegado said...

ဖတ်သွားပါသည်၊
You can do it!! ဆိုတော့ အိုဘားမား ကို သတိရသွားသည်၊

စံပယ်ချို said...

ယုံကြည်မှုတွေက ရလာတဲ့ ခွန်အား
လောကမှာ အကြီးဆုံးအားပါပဲ

Anonymous said...

that is right..."you can do it"...
thank a lot

သိင်္ဂါကျော် said...

ယုံကြည်ချက် က အရေးကြီးတယ်နော်..

ညီမလေး said...

မမ လသာည ဆားတွေ ဆီတွေ ချက်နေပါတယ် ဗျို့

မယ့်ကိုး said...

ယုံကြည်ချက်က အရေးကြီးတယ်။ ယုံကြည်မှုကို အလွဲသုံးစားအပြုခံရတာလည်း ဆိုးတယ်နော်။

ချော (အစိမ်းရောင်လင်ပြင်) said...

ယုံကြည်ချက်က အရေးကြီးတယ်ဆိုတာ သိပ်မှန်ပါတယ်
တစ်ပါးသူတွေရဲ့ ယုံကြည်ချက်ကို ပိုတောက်ပအောင် လုပ်ပေးသင့်ပြီး သူတို့ရဲ့ ယုံကြည်ချက်တွေကို ယုတ်လျော့သွားအောင် လုပ်တာမျိုး မဖြစ်သင့်ဘူးနော်။

blackroze said...

ဟုတ်တယ်အမရေ
လူတယောက်မှာယုံကြည်ချက်က
အဓိက အကျဆုံးပါဘဲ အမရယ်..
စာတွေပြန်ရေးပါဦးအမ

Unknown said...

အမ လသာညရေ
ပထမဆုံးလာလည်ပြီး စာဖတ်သွားပါတယ်
အမက မန်းလေးကပဲနော် စစ်ကိုင်းက တက္ကသိုလ်မှာ တာဝန်ကျတယ်တဲ့...
ကျွန်တော်လည်း မန်းကပါ.. အမ ရွှေစင်ကို မေးကြည့်နော်.. :D

Junemoe

အိပ်မက်ကောင်းကင် said...

မှတ်သားစရာကောင်းတဲ့ ပိုစ့်လေးတစ်ခုပါပဲ
မှတ်သားသွားပါတယ်