တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ဆော်လမွန်ကျွန်းစုလေးတွေ ရှိတယ်။ ကျွန်းသားတွေရဲ့ ကျိန်စာတစ်ခုအကြောင်း ကြားခါစက သိပ်အံ့အားသင့်မိတယ်။
သူတို့ဆီမှာ သစ်ပင်တစ်ပင် အသုံးမ၀င်တော့ဘူးလို့ ထင်ရင် ခုတ်လဲတာထက်ကောင်းတဲ့ ကျိန်စာတိုက်နည်းကို သုံးကြတယ်တဲ့..။
ကျိန်စာတိုက်မယ့် သစ်ပင်အတွက် အသံအင်အားကောင်းတဲ့ လူတွေစုပြီး မနက်အာရုံတက်မှာ အုပ်စုလိုက် ကျိန်ဆဲကြတယ်။ ဒီသစ်ပင်ကြီးဟာ အသုံးမ၀င်ဘူး၊ မြန်မြန်သေလေကောင်းလေပဲ။ မြန်မြန်သေစမ်း။ အစရှိသဖြင့်ပေါ့...။ သူတို့ကျိန်စာတိုက်တာက တစ်ရက်ထဲတော့ မဟုတ်ဖူး၊ ရက်သုံးဆယ်ပါ။
ထူးဆန်းစွာပဲ ရက်သုံးဆယ်ကျိန်စာပြီးနောက်မှာ သစ်ပင်ကြီးဟာ တရိရိညှိုးနွမ်းလာပြီး နောက်
ဆုံးမှာ သေသွားတော့တယ်။ "အသုံးမ၀င်တဲ့ သစ်ပင်မြန်မြန်သေစမ်း" လို့ ပြောခံရတာနဲ့ သေရတာလားကွယ်။ ကြောက်စရာကောင်းလိုက်တာ...။
ဆုံးမှာ သေသွားတော့တယ်။ "အသုံးမ၀င်တဲ့ သစ်ပင်မြန်မြန်သေစမ်း" လို့ ပြောခံရတာနဲ့ သေရတာလားကွယ်။ ကြောက်စရာကောင်းလိုက်တာ...။
........................................................
ရုပ်ရှင်ဇာတ်ကားတစ်ခုကို အမှတ်မထင် ကြည့်ဖြစ်သွားတယ်။ ဇာတ်လမ်းထဲမှာ ကလေးငယ်တစ်ယောက်က ပန်းချီပညာမှာ ပါရမီရှင်လို့ ပြောရလောက်အောင် သိပ်တော်တဲ့ကလေးပါ။ အရမ်းကို တက်ကြွတဲ့ကလေးလေး...။ ဒါပေမယ့် သူ့မှာ ပြင်လို့မရတဲ့ အားနည်းချက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါက စာလုံးတွေကိုမှတ်တဲ့ဉာဏ်ရည် ချို့ယွင်းနေခြင်းပါ။ သူ စာမှတ်လို့မရဘူး။ ဘယ်လောက်ကြိုးစားမှတ်မှတ် သူစာလုံးတွေကို မမှတ်မိနိုင်ရှာဘူး။ သူ့ရဲ့ ဉာဏ်ရည်ချို့ယွင်းမှုရောဂါကို မိဘတွေကလည်း မသိခဲ့ဘူး။
သူ့မှာ စာတော်တဲ့အစ်ကိုတစ်ယောက်လည်း ရှိတယ်။ ညီအစ်ကိုနှစ်ယောက် ယှဉ်လိုက်တိုင်း ကျောင်းစာမေးပွဲတွေမှာ အမြဲကျတဲ့သူဟာ အဆူခံရတယ်။ "သိပ်ပျင်းတဲ့ကလေး၊ အဖြစ်မရှိတဲ့ကလေးတဲ့.."။ မိဘတွေဘယ်လောက် ကျောင်းကောင်းကောင်းထားထား၊သူကတော့ တော်တဲ့ကလေးဖြစ်မလာခဲ့ဘူး။
နောက်တော့ ကျောင်းကဆရာ၊ ဆရာမက အစ သူကိုပေးတဲ့ မှတ်ချက်တွေက...
"သိပ်ပျင်းတဲ့ကလေး"
"သိပ်ဖျင်းတဲ့ကလေး"
"ဦးနှောက်ထိုင်းတဲ့ ကလေး"
"တစ်ဘ၀လုံး သုံးစားရမယ့် ကောင်မဟုတ်ဘူး"
အဲလို ၀ိုင်းဝန်းမှတ်ချက်ပေးလိုက်ကြတာ အဲဒီကလေးဟာ သူပါရမီရှိတဲ့ ပန်းချီပညာပါ မရေးဆွဲနိုင်လောက်အောင် ဖြစ်သွားရတယ်။
အိုး...ဒါဟာ လူတွေရဲ့ မသိနားမလည်လို့ ဝေဖန်တဲ့စကားတွေပါ၊ ကျိန်စာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် လူအများရဲ့ မှတ်ချက်က လူတစ်ယောက်ရဲ့ ဘ၀ကို သေအောင် ကျိန်စာတိုက်သလိုပဲ မဟုတ်လား..။
.........................................................
မနေ့က ကျွန်မသူငယ်ချင်းတစ်ယောက်က ရင်ဖွင့်တယ်။သူက ပညာသာတတ်တာ သူ့မှာ စီးပွားရှာနိုင်တဲ့ အရည်အချင်းမရှိဘူးတဲ့။ ဘာဖြစ်လို့လဲ လို့ မေးမိတယ်.။ တကယ်ဆို သူလည်း ဘွဲ့ ၃ ခုနဲ့ အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်နေသူ၊ သူ့အမျိုးသားက ကားအရောင်းအ၀ယ်လုပ်နေတဲ့ စီးပွားရေးသမားပဲ၊ သူမရှာနိုင်လည်း ဘာအရေးလဲ၊ သူ့အမျိုးသား ရှာနိုင်ရင်ပြီးရော မဟုတ်လားလို့ နားမလည်စွာ ပြန်မေးဖြစ်တယ်...
ူ
ကျောင်းကတဲက စာကလွဲပြီး မလုပ်ခဲ့သူဆိုတော့ စီးပွားရေးအကြောင်း သူနားမလည်ဘူး၊ ဘယ်ပစ္စည်း ဘယ်အချိန် ရောင်းရမှ သူမြတ်မယ်ဆိုတာမျိုး သူမသိဘူး။ သူ့အမျိုးသားကတော့ စီးပွားရေး တအားလုပ်သူ။ စီးပွားရေးလောကကလည်း အပြိုင်အဆိုင်တွေ သိပ်များတော့ အခွင့်အရေးတစ်ခုပေါ်ရင် ချက်ချင်း၊ တခါတခါ ညတွင်းချင်း လုပ်နိုင်မှ ကိုယ့်ဘက်က ကျန်တာ..။
ဒီတော့ အမျိုးသားက သူ့ကို တခါတခါ တိုင်ပင်တတ်တယ်။ ဒါပေမယ့် သူကလည်း နားမလည်တော့ ဘာအကြံမှ မပေးတတ်ဘူး။ ဒီအတွက် အမျိုးသားက အားမလိုအားမရ အမြဲပြောတယ်။
"မင်းကတော့ စီးပွားရေးအကြောင်း နားလည်အောင် မကြိုးစားတော့ဘူးလား၊ ဒီလောက်ပညာတွေ တတ်နေပြီး ကိုယ့်စီးပွားရေးအတွက်တော့ အရည်အချင်းမရှိတော့ဘူးတဲ့လား၊ သူများတကာ လင်မယားတွေ ဘယ်လောက် ဒိုးတူဘောင်ဘက်လုပ်နိုင်သလဲ"
အဲလို အမြဲပြောပြောနေတော့ သူလည်း နားလည်အောင်ကြိုးစားမယ်လို့ဆိုရင်း လိုက်လုပ်ကြည့်ပါတယ်။ ဒီလိုနဲ့ ကိစ္စတစ်ခုမှာ မထင်မှတ်ပဲ သူ့ကြောင့် သိန်း၂၀၀ကျော် ရှူံးသွားခဲ့တယ်။
ဒီအတွက် သူ့အမျိုးသားရဲ့ ဝေဖန်ရှူပ်ချမှုတွေက အရင်ထက် ပြင်းထန်လာခဲ့တယ်။ အကြောင်းကိစ္စရှိတိုင်း သိန်း၂၀၀ကျော်ကိစ္စနဲ့ ရန်ဖြစ်ကြတယ်။ မင်းဟာ အသုံးကို မကျဘူး၊ ဘာပညာတတ်လဲ၊ အဲဒီပညာတွေ ဘယ်နေရာသုံးစွဲနေသလဲ စသည်ဖြင့်....
အခုတော့ သူက သူသင်ယူခဲ့တဲ့ ပညာတွေဟာ အဖိုးမတန်ဘူးလို့ ယူဆသွားခဲ့ပြီး အလုပ်ကထွက်လိုက်ကာ အိမ်မှာ ရိုးရိုးအိမ်ရှင်မတစ်ယောက်အနေနဲ့ နေသွားတယ်.. (. .)
တကယ်ဆို ကျွန်မသူငယ်ချင်းဟာ သူကျွမ်းကျင်ရာအပိုင်းမှာဆိုရင် တကယ်တော်တဲ့သူပါ။ သူ့ပညာတွေကို လိုအပ်နေသူတွေ အများကြီးရှိတာပါ..။
ကျွန်မ နှမြောလိုက်တာ...
အခြားသူရဲ့ အကြိမ်ပေါင်းများစွာ ဝေဖန်ရှူတ်ချမှုဟာ လူတစ်ယောက်ရဲ့ ရှိပြီးသားအရည်အချင်းတွေကို ဆွဲထုတ်ယူပြီး ဘ၀သေအောင် လုပ်နိုင်ပါလားလို့ ကျွန်မဆင်ခြင်မိပါတယ်။..
တကယ်ဆို လူတိုင်းမှာ သူ့နေရာနဲ့သူ အစွမ်းရှိနိုင်တာပဲ..။ ကိုယ်နဲ့ မတူလို့ဆိုပြီး ပြစ်တင်ရှုတ်ချပြီး ကျိန်စာတစ်ခုလို့တော့ မတိုက်သင့်ပါဘူး..
Everyone is special မဟုတ်ဘူးလား.။
လသာည ဖြစ်ပါတယ်..။

28 comments:
တွေးစရာလေးတစ်ခု ရသွားတယ်၊၊ ကိုယ်တိုင် အပြောခံခဲ့ရဖူးသလို သူများကိုလည်း ပြောခဲ့ဖူးမယ် ဒါပေမယ့် ဒီနေ့တော့ သိပြီ အဲဒီလိုစကားလုံးမျိုးတွေကို ကိုယ့်ဘဝထဲ လွှမ်းမိုးမခံတော့ဘူး ကျေးဇူးပါ အမရေ
ကျွမ်းကျင်၇ာပညာရပ်ကို အသုံးမချတော.ဘဲလက်လွှတ်လိုက်တဲ.အတွက် မလသာရဲ.သူငယ်ချင်းအတွက်ရော အများအတွက်ပါ ဆုံးရှုံးနစ်နာရတယ်။တကယ်ဆို ကိုယ်.မိန်းမက ဒီအပိုင်းမှာ နားလည်လားမကျွမ်းကျင်သေးဘူးလားဆိုတာ သူ.အမျိုးသားအနေနဲ. ခန်.မှန်းနားလည်တတ်ရမှာပေါ.။လူပဲ အမှားမကင်းပါဘူးလေ။အဲဒါကို တဖွဖွနဲ.သူအသည်းနာတိုင်းပြောနေရင် တကယ်တော. အဲလူက ရေရှည်မကြည်.တတ် မတွေးခေါ်တတ်လို.ပဲလို. မွန်မွန်က ပြောချင်တယ်။အိမ်ထောင်ရေးမှာ တစ်ဦးနဲ.တစ်ဦးနားလည်မှုတွေ၊ဖေးမမှုတွေတည်ဆောက်ပါမှ နှစ်ဦးနှစ်ဘက်သာယာကြမှာပါ။မလသာ သူငယ်ချင်း စိတ်ချမ်းသာပါစေ။
မလသာ သူငယ်ချင်းရဲ.တတ်ထားတဲ.ပညာတွေကို နှမြောမိတယ်။ သူ.အမျိုးသားက မိမိဇနီးက ဘယ်နေရာမှာတော်တယ် အားနည်းတယ် လိုနေသေးတယ်ဆိုတာ နားလည်ပေးရင် ဒီလို ဖြစ်မှာမဟုတ်ဘူး။ အိမ်ထောင်ရေးမှာ တစ်ဦးနဲ.တစ်ဦး နားလည်မှုဖေးမမှုတွေနဲ.တည်ဆောက်မှသာ ရေရှည် အဆင်ပြေကြမှာပါ။ အဆင်မပြေမှုတွေကို သတိရတိုင်းပြောနေလို.ကတော. အဲနည်းကအဆင်ပြေလာမဲ.နည်းမဟုတ်ပါ။
ကိုယ့်နေရာနဲ့ကိုယ် သူ့နေရာနဲ့သူအသုံးကျကြတာချည်းပါပဲ
ဟုတ်တယ်။သစ်ပင်တွေကိုစကားပြောလို့ ရတယ်။
ကျမငယ်ငယ် က ခြံထဲက သစ်ခွ ပန်းပင်ကို နေရာပြောင်း၊အိုခွဲစိုက်လိုက်တာ ပန်းပင်သေ သွားဖူးတယ်။ အမေက သူ့ ပန်းပင်သေသွားတော့ ကျမကိုဆူတယ်။ အဲ့ဒီကစပြီး ကျမဘာပန်းပင်စိုက်စိုက် အဆင်မပြေဘူး။
အခု အလုပ်မှာ ပန်းပင်တွေကို ပြုစုဖို့ ကျမတာဝန်ယူလိုက်တယ်။ ပန်းပင်တွေကို စကားပြောပေးတယ်။ ပန်းတွေပွင့်လာရင် ကျေးဇူးတင်ကြောင်း၊ လှကြောင်း အားပေးစကားတွေပြောတယ်။ ပန်းတွေ ပွင့်ကြတယ်။
လူတွေ ရဲ့ စိတ်ကို တခြားတယောက်ရဲ့ ပြောဆိုမှုက လွမ်းမိုးတတ်တယ်ဆိုတာ စိတ်ဝင် စားဖို့ ကောင်း တယ်။
စားကောင်းလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
သိပ်ကောင်းတဲ့ပို့စ်လေးပဲအစ်မရာ....၊ကျွန်တော့်အစ်မ
အဖြစ်လည်းအဲ့လိုပဲဗျ....၊သူ့ကိုငယ်ငယ်က နင်ကအသုံး
မကျဘူး၊ညံတယ်...ဘာညာပြောမိကြတော့ ခုချိန်ထိ သူ့
ကိုယ်သူ ညံတယ်ထင်နေရော...၊အရေးအကြောင်းဆို
သူက " ငါကလည်း ခပ်ညံ့ညံ့၊ခပ်တုံးတုံးဟ..." လို့ပြောလေ့
ရှိတယ်...၊သူအဲ့လိုပြောတိုင်း ကျွန်တော်စိတ်မကောင်းဘူး။
ခုချိန်မှတော့ လူကြီးတွေကိုလည်းအပြစ်မတင်ရက်တော့ပါ
ဘူးလေ...၊သူတို့လည်းသိမှမသိခဲ့ပဲကိုး...နော့
စာဖတ်သူကိုပါအောင်ခေါ်နိုင်တဲ့ပိုစ့်လေးပါရှင်
(အခြားသူရဲ့ အကြိမ်ပေါင်းများစွာ ဝေဖန်ရှူပ်ချမှုဟာ လူတစ်ယောက်ရဲ့ ရှိပြီးသားအရည်အချင်းတွေကို ဆွဲထုတ်ယူပြီး ဘ၀သေအောင် လုပ်နိုင်ပါလားလို့)
အတွေးတွေအများကြီးရလိုက်တယ်
သစ်ပင်တွေလည်း တေးဂီတသံ၊ ဆူညံသံပေါ်မူတည်ပြီး ကြီးထွားနှုန်း ပြောင်းလဲတယ်လို့ ကျွန်တော်ဖတ်ဖူးတယ်။
တကယ်ကောင်းတဲ့ ပို့စ်ပါ။ အစ်မ စာမရေးတာ ကြာပြီနော်။ အခုလို စာတွေပြန်ရေးတာ သိပ်ဝမ်းသာပါတယ်
မမလသာည
ဘယ်တွေရောက်၊ ဘလော့ပေါ်ပျောက်.
အပြစ်တင်သံတွေ မကြားချင်တော့ဘူး
ကိုယ်လည်း မပြောမိအောင် ကျိုးစားနေပါမယ်
like :-) like :-) Like :-) Millions like :-) Yes, negative criticisms are really deadly curses for the victim.... (by the way, thanks for coming back, I cannot type MMR font in this comment box)
ချစ်မလေး စာတွေ ပြန်ဖတ်ရတာ ဝမ်းသာလိုက်တာ။
သေဆုံးသွားတဲ့ သစ်ပင်လိုကျိန်စာသင့်နေတဲ့သူတွေ အများကြီးရှိမှာပဲနော်။ comment ထဲက မမရှင်လေးကတော့ အမှောင်ရိပ်က လွတ်မြောက်သွားသူပေါ့။
ဒါပေမယ့် ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်ကို အကြောင်းပြုပြီး၊ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ အချက်ကို တိုက်ခိုက်စော်ကားခံရတဲ့သူတွေကျတော့ ဒီကျိန်စာက လွတ်ဖို့ အတော့်ကို ကြိုးစားရမှာနော်။ အရမ်း ကိုယ်ချင်းစာမိပါတယ်။
စိတ်ဝင်စားဖို.ကောင်းပါတယ်။
ကွန်မန့်လေးများအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်နော်.။ သတိလည်း ရတယ်။
တိုက်ဆိုင်မှု ရှိသွားတဲ့ ပိုစ်ပါ။ ရေးသားသူ လသာညကို ကျေးဇူးတင်ပါတယ်။
အသံကြောင့် ဖားသေ ဆိုသလိုမျိုးပေါ့။
လူတွေရဲ့ အသံသြဇာက လူတစ်ယောက်အပေါ်မှာ လွှမ်းမိုးမှု ဖြစ်စေတတ်ပါတယ်။ သင်ခန်းစာပေါ့။
ချစ်ညီမ လသာည ရေ
မမကတော့ အမှန်အတိုင်း ပြောမှာနော် ကိုယ့်ညီမ တကယ်တော်တယ် စာတွေများများရေးပါနော်
ချစ်တဲ့
မမရွှေစင်
မှန်လိုက်တာ.....ကိုယ်တို့လည်း ရန်ဖြစ်တယ်.. အဲဒီလိုပဲ..လူတယောက်နဲ့တယောက်တူတာမှမဟုတ်တာ..ကိုယ်လုပ်နိုင်ပေမဲ့ သူမလုပ်နိုင်တာလဲ ရှိနိုင်တာပဲ..ဒါကို နင်မလ်ုနိုင်ဘူးပြောပါများတဲ့အခါ ယုံကြည်ချက်တွေပျောက်ဆုံး ကုန်မှာပေါ့ဆိုပီး ခဏခဏ ရန်ဖြစ်လိုက်တာ..အခုတော့ အဲ့အကျင့်ပျောက်သွားပီ...
မြတ်နိုး
ကောင်းလိုက်တဲ့ ပိုစ့်လေးပါလား ယောင်းယောင်းရယ်..
တကယ်ကို တန်ဖိုးရှိပါတယ်။ ဒီလိုပိုစ့်လေးကို လူများများ ဖတ်စေချင်ပါတယ်။ ဟုတ်တယ်နော် လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းခြင်း တူကြတာမှ မဟုတ်တာနော်။ တစ်ယောက် ကျွမ်းကျင်တဲ့ ကိစ္စတွေမှာ နောက်တစ်ယောက်က မကျွမ်းကျင်ပေမဲ့ သူလည်း တစ်ခြားနေရာမှာတော့ ကျွမ်းကျင်မှာဘဲနော်။ ဒီပိုစ့်လေးဖတ်ပြီး ကိုယ့်ကိုယ်ကိုလည်း သူတစ်ပါးကို အပြစ်တင်နေတာမျိုးချည်းဘဲ မလုပ်ဖို့ အသိလေး ရသွားတယ်။
စကားမစပ် နေကောင်းကျန်းမာ အစစအရာရာ အဆင်ပြေတယ် ဟုတ်..
Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
အားလုံးကို ကျေးဇူးတင်ပါတယ်နော်။ အလုပ်လေး ရှူပ်နေတာနဲ့ ဘလော့ပေါ်က ပေါ်လိုက်ပျောက်လိုက် ဖြစ်ဖြစ်သွားတာပါ။ မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေကိုပါ ကွန်မန့်မှာ ပြန်တွေ့ရလို့ အလွမ်းပြေသွားပါတယ်။
လာလည်တဲ့ မိတ်ဆွေလေးများ အားလုံးကို ကျေးဇူးတအားတင်ပါတယ်
ဟုတ်တယ်။ စကားလေး တစ်ခွန်းကြောင့် ယုံကြည်မှုတွေ လျော့နည်းသွားရင် လူတွေက နဂိုက ရှိနေတဲ့ အရည်အချင်းတွေတောင် ပျောက်သွားတတ်တယ်။ အထူးသဖြင့် ကလေးငယ်လေးတွေ ပြုစုပျိုးထောင်ရာမှာ ဆူဆဲနေရင် မတိုးတက်ဘဲ ပိုလို့ ဆိုးရွာသွားနိုင်ပြီး ချီးကျူးစကား အပြောခံရတဲ့ ကလေးတွေဟာ ပိုတော်လာတတ်တယ်။
ပြောတဲ့လူတွေကတော့ ပြောမှာပဲ..
အဲဒီစကားတွေကို နားထောင်မနေပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ပဲ လိုတာပဲ..
ဟုတ်တယ် အမရေ
လူတိုင်းကလေ သူတစ်ပါးရဲ့ အားနည်းချက်ကိုပဲ ကြည့်ပြီး အပြစ်ပြောတတ်ကြတယ်။ ကိုယ်တိုင်က အကုန် ပြည့်စုံနေသလိုမျိုး။
အတ္တ ဆန်တာပေါ့လေ..
စာရေးကောင်းတဲ့ အမကို အားကျတယ်.. :D
ခင်တဲ့
ဂျွန်မိုး
ဘုရားရဲ့အဆုံးအမတစ်ခုမှာဖတ်ရဖူးတယ်...
လက်ဆောင်ဆိုတာ ပေးသူရှိလို့ပေးလာရင်တောင် လက်ခံ၇မယ့်သူက လက်မခံဘဲ ပြန်ပေးလိုက်ရင် ပေးတဲ့သူဘဲ ပြန်ယူသွားရတာပါ....
အရာအားလုံးကို အကောင်းမြင်စိတ်ထားနိုင်မယ်... ဖြစ်လာသမျှကို အကောင်းမြင်စိတ်နဲ့တွေးပေး နိုင်ကြမယ်ဆိုရင် အားလုံးက ကျေနပ်စရာတွေချည်းပါ..... သို့သော်.... လူဟူသည်ကား......
ခင်မင်လေးစားစွာဖြင့်
ကိုကိုးအိမ်(မန္တလေး)
ပထမဆုံးရောက်ဖူးတာပါ။ ရှယ်ပါရစေ။
ပထမဆုံးရောက်ဖူးတာပါ။ ရှယ်ပါရစေ။
ရပါတယ်၊ ရှယ်ပါ lu xoe...။
Post a Comment