Saturday, September 24, 2011

ဘ၀ထဲက ဟာသများ ၎

၁) ပေါက်ကွဲခြင်းကို ပေါက်ကွဲခြင်းဖြင့်..



.........................................................

.........................................................

.........................................................


............................|(^^)/|(^^)/|(^^)/............................

၂) ချစ်ရတာလည်း မလွယ်

.........................................................

.........................................................

.........................................................

..............................|(^^)/|(^^)/|(^^)/...........................

ဘ၀ထဲမှာ ဟာသရှာပြီး ပျော်ရွှင်နိုင်စေရန် ဆန္ဒမွန်ဖြင့်..

လသာည ဖြစ်ပါတယ်။

Friday, September 23, 2011

ကန့်ကွက်ပါတယ်

ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို တူးတူးခါးခါး ကန့်ကွက်ပါတယ် ..။

Thursday, September 15, 2011

နေတတ်သလို နေပါတော့..♪

မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော် ဆယ်နှစ်ရက်မြောက် နေ့တွင် ပြောကြားခဲ့သည်။ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရဲ့ ပညာရေးဆိုင်ရာမေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်တင်နွယ်ဦးက "၀င်ငွေအနိမ့်ဆုံး နိုင်ငံများတွင် ပါဝင်သည့် အီသီယိုပီးယားနိုင်ငံသည်ပင်လျှင် ၁၉၉၈ ခုနှစ်က လူတစ်ဦးအတွက် ပညာရေး ဆိုင်ရာအသုံးစရိတ်မှာ ၉.၉၅ ဒေါ်လာ (မြန်မာငွေကျပ်ငွေဖြင့် တစ်သောင်းပတ်ဝန်းကျင်) ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အသုံးစရိတ်မှာ ယခုနှစ် ၂၀၁၁ ခုနှစ်တွင် ငါးထောင့်လေးရာသုံးဆယ်တစ်ကျပ်သာ ရှိကြောင်း မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောသွားပါသည်.. ။

(7 DAY NEWS JOURNAL, အတွဲ (၁၀) အမှတ် (၂၆)၊ စက်တင်ဘာ ၁၅၊ ၂၀၁၁၊ စာမျက်နှာ ၂၁) မှ ကောက်နှုတ်ဖော်ပြချက်..)

ပညာရေးဖြင့် ခေတ်မှီ ဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ထူထောင်ဖို့အတွက်.......

ဟူးးးးးးးးးးးးးး နေတတ်သလို နေပါတော့.. နေတတ်သလို နေပါတော့..

လသာည ဖြစ်ပါတယ်။

Tuesday, September 13, 2011

အနီးစပ်ဆုံးတိုးတက်မှု နယ်ပယ် -ZPD

ပြဿနာတစ်ခုကို ဖြေရှင်းချင်တဲ့အခါပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုကို သင်ယူတဲ့အခါပဲဖြစ်ဖြစ်၊ အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ် ( Zone of proximal development-ZPD) ထဲမှာ ဖြေရှင်းရင်၊ သင်ယူရင် ပိုအဆင်ပြေတယ်လို့ ပညာရေး စိတ်ပညာရှင် Vigotsky က ဆိုပါတယ်။

အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ်-ZPD ဆိုတာက ပြဿနာတစ်ခု/ ပညာရပ်တစ်ခုကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်/ မတတ်မြောက်နိုင်သေးပေမယ့် မိမိထက် ပိုထူးချွန်သူ တစ်စုံတစ်ဦး၏ အကူအညီ/ လမ်းညွှန်မှု ရရင်တော့ ဖြေရှင်းဖို့ မိမိဘက်က စွမ်းရည်ပြည့်နေသော အခြေအနေ/အချိန် အကန့်အသတ်တစ်ခုကို ဆိုလိုတာပါ။ ZPD ထဲမှာ မိမိကို ထောက်ပံ့မှုကို ရရှိခဲ့ရင် လျှင်မြန်စွာ ပြဿနာကို ဖြေရှင်းနိုင်၊ ပညာသင်တာဆိုလျှင်လည်း လျှင်မြန်စွာ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ZPD ထဲက ထောက်ပံ့မှုပေးသည့်အရာများကို ငြမ်း (scaffolding)လို့ Vygotskyက သတ်မှတ်ထားပါတယ်။

Vygotsky က. အဆောက်အဦး တည်ဆောက်ဖို့ ငြမ်း ဆိုတဲ့ အထောက်အပံ့ လိုအပ်သလိုမျိုး ပညာသင်ယူတဲ့အခါ လည်း ငြမ်းကို အတိုင်းအတာတစ်ခုအထိ လိုကို လိုအပ်ပါတယ်၊ ထိုအတိုင်းအတာက ZPD ဖြစ်တယ်လို့ ဆိုပါတယ်. ..။

ပုံက Vygotsky ရဲ့ သီအိုရီကို ပုံဖော်ထားတာပါ။

ပုံထဲကအတိုင်း အဲဒီ ZPDရဲ့ အထက်နဲ့ အောက်မှာ အခြား နယ်ပယ်နှစ်ခုလည်း ရှိသေးတယ်။ ZPD အောက်က နယ်ပယ်က “မိမိကိုယ်တိုင် ဖြေရှင်းနိုင်သော၊ လုပ်နိုင်သော နယ်ပယ်” ဖြစ်ပြီး၊ ZPD အထက်က နယ်ပယ်ကတော့ “ကိုယ်တိုင် ဖြေရှင်းလို့မရသေးသော နယ်ပယ်” ဖြစ်ပါတယ်။ ဒီသီအိုရီဟာ ပညာရေး နယ်ပယ်မှာ အခု အရမ်းကို အရေးထားလာကြတာ တွေ့ရပါတယ်။

"ZPD ထဲက ငြမ်းများကတော့ မိဘဖြစ်ချင် ဖြစ်မယ်၊ ဆရာ ဖြစ်ချင်ဖြစ်မယ်၊ အတွေ့အကြုံရှိ မိမိရဲ့ အပေါင်းအသင်း သူငယ်ချင်း ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် စာအုပ်တွေလည်း ဖြစ်နိုင်တယ်။ ငြမ်းများ၏ အကူအညီနဲ့ ZPD နယ်ပယ်ထဲမှာ သင်ယူတတ်မြောက်သွားပြီးတဲ့အခါ အဲဒါကို ကျေနပ်မနေပဲ ငြမ်းကို ဖယ်ရှားပြီး၊ (ငြမ်းမပါပဲ) ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ထို့နောက်တော့ အသစ်အသစ်သော ZPD တွေကို သတ်မှတ်ပြီး ကျွန်တော်တို့ ဆက်လက်ကြိုးစားရဦးမှာပါ......”

သေချာတာတစ်ခုက ငြမ်းဆိုတဲ့အရာတွေက လူသားတိုင်းရဲ့ဘ၀ ဘယ်အစိတ်အပိုင်းမှာမဆို ဆက်လက်
လိုအပ်နေဦးမှာပါပဲ မဟုတ်ပါလား……………….

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ဦးညွှတ်ကန်တော့လျှက်…
လသာည