ကျွန်တော်နဲ့အတူ ကြည့်နေတဲ့ အမေ့သူငယ်ချင်းက ကျွန်တော့်ကို ချီပြီး စတိတ်ခုံနားကို လူတွေကြားထဲက လျှောက်သွားပါတယ်။ အပေါ်က အစီအစဉ်ကြေငြာသူက ကျွန်တော်ကို လှမ်းခေါ်ပြီး အမေ့ကိုယ်စားဆိုဖို့ ပြောတဲ့အခါ အမေ့သူငယ်ချင်းက ကျွန်တော့်ကို စင်ပေါ်မှာ တစ်ယောက်တည်း တင်ထားပေးခဲ့တယ်။
ဒါနဲ့ ကြောက်ကြောက်နဲ့ပဲ မိုက်ကိုကိုင်လို့ အမေဆိုနေကျသီချင်းကို ကျွန်တော်ဆိုပြလိုက်တယ်။ သီချင်းတစ်ဝက်လောက်ရောက်တော့ အောက်ကပရိတ်သတ်တွေက စင်မြင့်ပေါ်ကို ပိုက်ဆံတွေ လှမ်းကျဲကြပါတယ်။ ဒါနဲ့ ကျွန်တော်က...
“အခု.. ကျွန်တော်သီချင်းဆိုတာရပ်ပြီး ပိုက်ဆံတွေကောက်ရပါလိမ့်မယ်။ ကျွန်တော်ကို ခွင့်ပြုပါခင်ဗျာ..”
ပြောပြီးတော့ တကယ်ပဲ ပိုက်ဆံလိုက်ကောက်တော့ ပရိတ်သတ်က လက်ခုပ်လက်ဝါးတီးလို့ ရယ်ကြပါတယ်။ ကျွန်တော့်စကားမှာ ရယ်စရာပါမပါ ကျွန်တော်မစဉ်းစားတတ်ပေမဲ့ သူတို့ရယ်တော့ ကျွန်တော်ပျော်သွားတယ်။
ကျဲထားတဲ့ ပိုက်ဆံတွေကများတော့ ကျွန်တော်တစ်ယောက်တည်း ကောက်မနိုင်မှာစိုးလို့ဆိုပြီး အစီအစဉ်ကြေငြာတဲ့ ဦးဦးက လက်ကိုင်ပုဝါလေးတစ်ထည်လာပေးပြီး အတူကောက်ပေးပါတယ်။ ကျွန်တော်က အဲဒီဦးဦးက ကျွန်တော့ပိုက်ဆံတွေကို ကောက်ပြီး မပေးပဲယူသွားမှာစိုးလို့ သူလက်ကိုလိုက်ကြည့်နေလိုက်တော့ ပရိတ်သတ်က ရယ်ကြပြန်ရောဗျ...
ကျွန်တော်ကတော့ ဇွဲမလျှော့ပဲ အဲဒီပိုက်ဆံတွေကို ကျွန်တော့်အမေလက်ထဲ သွားမအပ်မချင်း သူ့ကိုပဲလိုက်ကြည့်ပြီး သီချင်းဆက်မဆိုပဲနေခဲ့ပါတယ်။ အဲဒါကိုပဲ ပရိတ်သတ်ကလည်း တ၀ါးဝါးပွဲကျနေခဲ့ပါတယ်။
အဲင်္ဒိနေ့က ကျွန်တော်သီချင်းတွေအများကြီးဆိုခဲ့တယ်။ အမေဆိုနေကျသီချင်းတွေရော၊ တခြားနာမည်ကြီးအဆိုတော်တွေရဲ့သီချင်းတွေကိုပါ အမူအရာတုပြီး ဆိုတတ်သလောက် ဆိုပြခဲ့ပါတယ်။ သူတို့လည်း ပျော်ကြတယ်၊ ကျွန်တော်လည်းပျော်တယ်။ အမေလည်း ပျော်လို့...။

မူရင်း - Charlie chaplin၏ My Autobiography မှ
ဘာသာပြန်- လသာည ဖြစ်ပါတယ်..
14 comments:
၁ ကွ ၁
တစ်ခါမှ မရဖူးဘူး
ဒီတစ်ခါပဲရဖူးတယ်
ဟီးးးး မကြေနပ်နိုင်သေးလို့
ထပ်ပြန်လာတာ
မမီးက ကလေးထပ်ပိုရယ်ရတော့မယ် ထင်တယ်
အားကျလိုက်တာ..
Charlie chaplin က ငါးနှစ်သားထဲက မီးရောင်အောက်ထဲ ဝင်ခဲ့ပေမယ့် လူတွေကို ဟာသရသအပြင် ရသမျိုးစုံပေးနိုင်တယ်နော်။ တော်လိုက်တာ =)
သူက ငါးနှစ်သားကတည်းက အနုပညာ စလုပ်ခဲ့တာကိုး။ သူလည်း တကယ့်ကို ပါရမီ ရှိသူပဲနော်...
Ooo...I love it.
သြော်... ချာလီချက်ပလင် က ၅ နှစ်သားလေးကတည်းက သူ့ ပညာ နဲ့  လူတွေကို ဖျော်ဖြေခဲ့ တာ ကိုး ။ ရှာ မှ ရှားတဲ့ အနုပညာ ရှင်တယောက်ပါလား နော် ..
သူ့ အမေက ဘာရောဂါဖြစ်သွားတာလည်းဟင်..
အသံအိုး ရုတ်တရက် ပျက်သွားတာဘာကြောင့်လည်း ..စိတ်ဝင်စား စရာ ပါပဲ....
ခလေးအမေနဲ့ခလေးထက် ခလေးကိုစင်ပေါ်တင်ပေးလိုက်တဲ့ ခလေးအမေသူငယ်ချင်းရဲ့စိတ်ဓာတ်ကို လေးစားပါတယ်.... သူငယ်ချင်းကောင်းမို့
နာမည်တူသွားလို့ အားနာလိုက်တာ
အခန်းဆက် မျှော်နေပါမည်။ :D :D :D
အယ် ချစ်ဖို့ကောင်းလိုက်တာနော်
ချာလီချက်ပလင်က ငယ်ငယ်တည်းက ပါရမီရှိတာကိုး
စင်ပေါ်တက်ဖို့ဆိုတာ တော်ရုံလွယ်တာမှမဟုတ်ပဲမညရယ်
..နော်
မညရေ
ဘလော့ဂ်လိပ်စာပြောင်းလိုက်ပါတယ်
http://www.kyawhninselwin.blogspot.com/
ပါ
:D
ကွန်မန့်လေးများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်..:D
ဒီအကြောင်းမသိဘူး.. ကျေးဇူး ရေးပေးတာ. :)
Post a Comment