ကျွန်တော်ခပ်ငယ်ငယ်ထဲက အမြဲဖြစ်ချင်တာက ကျွန်တော်စကားပြောရင် လူတိုင်းကနားထောင်ပေးရတဲ့သူမျိုးဖြစ်ချင်တယ်။ လူတိုင်းက ကျွန်တော့်စကားကို အလေးထားနားထောင်စေချင်တယ်။ ပတ်ဝန်းကျင်ထက် ပိုထူးခြားတဲ့သူ၊ အများက အသိအမှတ်ပြုတဲ့သူမျိုးဖြစ်ချင်တယ်။ အဲဒါ ကျွန်တော့်ရဲ့ ပထမအိပ်မက်ပါ။

လူတိုင်းမှာလည်း စိတ်ကူးဆိုတာ ရှိမှာပဲ။ အဲဒါနဲ့ပတ်သက်လို့ ခံစားချက်ဖီလင်လည်း ရှိမှာပဲ။ ကျွန်တော်တို့ ဘာကိုခံစားခံစား အဲဒီခံစားချက်ကို ဆက်လက်ထိန်းလို့ရသလို လွှတ်ပစ်လို့လည်းရတယ်။ အဲဒါ ကျွန်တော်တို့ပေါ်မှာ မူတည်တယ်။ နောက်တဆင့် ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်ကို ဆက်လက်ရဖို့အတွက် ကိုယ်ကိုကိုယ် အမိန့်ပေးရမယ်။ ငါ အိပ်မက်ဟာ အမှန်တကယ်အောင်မြင်ရမယ်..လို့...။
ဥပမာအနေနဲ့ ပြောရရင် အိပ်မက်မက်တာဟာ အားကစားလုပ်တာနဲ့တူတယ်။ အားကစားလုပ်နေချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် အာရုံစူးစိုက်မှုရှိရမယ်။ အာရုံစူးစိုက်မှုကလည်း တစ်ရာ ရာခိုင်နှုန်း ရှိမှဖြစ်မယ်။ ဒါက အားကစားပဲ။ အဲလိုလုပ်လိုက်တာနဲ့ ကျွန်တော်တို့အာရုံမှာ တခြားအပိုခံစားချက်တွေ၊ အတွေးတွေ ၀င်မလာနိုင်တော့ဘူး။ ဘယ်တခြားခံစားချက်မှ လက်ရှိအာရုံကို မနှောက်ယှက်နိုင်တော့ဘူး။

ဒါကြောင့်လည်း လူတချို့က ကျွန်တော့်ကို ဝေဖန်တယ်။ အတ္တကြီးတဲ့သူ၊ အေးစက်တဲ့သူတဲ့..။ နောက်ပိုင်း ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပြီး၊ ကျွန်တော်အောင်မြင်သွားတဲ့အခါ ကျွန်တော်ဟာ လူတော်တစ်ယောက်လို့ သူတို့က လက်ခံသွားကြတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်အိပ်မက်အတွက် သူတို့လက်ခံမခံက အရေးမကြီးပါဘူး..။
ကျွန်တော်က ဆာလောင်မှုဖလော်ဆော်ဖီကို စွဲမြဲယုံကြည်တယ်။ ဆာလောင်မှုဆိုတာ အစားအစာကို ပြောတာမဟုတ်ပါဘူး။ အိပ်မက်တွေကို ပိုင်ဆိုင်ချင်တာပါ။ အိပ်မက်တစ်ခုမက်တယ်။ ရအောင် အကောင်အထည်ဖော်မယ်။ ရလာရင် အဲဒါနဲ့ ရောင့်ရဲနေလို့ မဖြစ်ဘူး။ နောက်အိပ်မက်တစ်ခုကို တောင့်တရမယ်၊ အိပ်မက်ရမယ်။ ပြီးရင် ဆာလောင်စွာ အကောင်အထည် ဖော်မယ်။ ဒီလိုပဲ အိပ်မက်တစ်ခုပြီးတစ်ခုကို မက်လို့ ကျွန်တော်ကတော့ဆက်လျှောက်နေဦးမှာပါပဲ..
Make Dreams Come True!!
မှတ်ချက် ။ ။Arnold Schwarzeneggerရေးတဲ့ Make Dreams Come True မှ ကောက်နှုတ်ချက်တချို့ကို နားလည်သလို ဘာသာပြန်ထားပါတယ်..
အခုဆိုရင် အာနိုးဟာ ကာယဗလမောင်၊ သရုပ်ဆောင်၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ လက်ရှိမှာကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ၃၈ကြိမ်မြောက် ပြည်နယ်လွှတ်တော်အမတ်အဖြစ် အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်..။
သူ့အကြောင်းအသေးစိတ်ကို ဒီမှာလေ့လာနိုင်ပါတယ်.။ ဓါတ်ပုံများမှာ googleမှ..ဖြစ်ပါတယ်။
လသာည.. ဖြစ်ပါတယ်။
မှတ်ချက် ။ ။Arnold Schwarzeneggerရေးတဲ့ Make Dreams Come True မှ ကောက်နှုတ်ချက်တချို့ကို နားလည်သလို ဘာသာပြန်ထားပါတယ်..
အခုဆိုရင် အာနိုးဟာ ကာယဗလမောင်၊ သရုပ်ဆောင်၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ လက်ရှိမှာကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ၃၈ကြိမ်မြောက် ပြည်နယ်လွှတ်တော်အမတ်အဖြစ် အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်..။
သူ့အကြောင်းအသေးစိတ်ကို ဒီမှာလေ့လာနိုင်ပါတယ်.။ ဓါတ်ပုံများမှာ googleမှ..ဖြစ်ပါတယ်။
လသာည.. ဖြစ်ပါတယ်။
9 comments:
အိပ်မက်တွေကို တကယ်အောင်မြင်အောင် လုပ်နိုင်ခဲ့တာ တကယ်ကို လေးစားစရာပဲနော်..
လသာညရေ ထား လဲ ဆာလောင်မှု အိပ်မက်တွေကို လက်တွေ့ဖြစ်ပြီး အကောင်အထည်ဖော်နိုင်အောင်ာကြိုးစားမယ်...နော်
အိပ်မက်အကြောင်းပြောတဲ့ ချစ်မလေးစာတွေမှာ စေတနာတွေ တနင့်တပိုးတွေ့နေရတယ်။
အိပ်မက်ဟာ နေ့လည်အိပ်မက်သာ မက်တတ်ပြီး လမ်းထမလျှောက်သူ မယ့်အတွက် လူသတ်လက်နက်လိုကြောက်စရာကောင်းပေမယ့် မစွန့်ပစ်နိုင်သေးလို့ ကြိုးစားပါဦးမယ် =)
ဖြစ်ချင်တာတွေကို တကယ်အားစိုက်ပြီး အကောင်အထည်ဖေါ်ရင် ဖြစ်ကိုဖြစ်လာမယ်လို့ နားလည်ခံယူထားပါတယ်... (ဒို့ကသူ့လိုတော့ ဗလမတောင့်ဘူး... ဟီး)
အာနိုးကြီး လို တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ။
( ဘဘဂျီးတွေလို တကယ်ညစ်ချင် တကယ်ရစ် အဟုတ် ပစ်ရမည် ..
အမှိုက်ပုံ ထဲ သို့  ) ရွှေ ပြည် ကြီး လေ
မမလာသာညရေ...
အာနိုး ရဲ့ ကြိုးစားမှုကို အရမ်း အားကျမိတယ် .... သူ့ရဲ့အတွေးအခေါ်လေးတွေကို ဘာသာပြန်မျှဝေပေးတဲ့အတွက် ကျေးဇူးပါ မမရေ...။
ညလေး နှင်းဟေမာ
ကျေးဇူးပါရှင်။ ဘာသာပြန်ပေးတာ။ :D
သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ :)) အိပ်မက်လှလှ ဆက်မက်နိုင်ကြပါစေလို့... "D
ဇော်ကန့်လန့် ဖြစ်တော့လည်း ဖိနပ်ဖိုးအကုန်သက်သာတာပေါ့ ကွယ် ဒီလိုပဲသဘောထားလိုက်ပါမောင်ရင်ရယ်။
Post a Comment