တချို့ က ပြောတယ်။ တဖက်လူရဲ့ ရုပ်ရည်သွင်ပြင်ပေါ့တဲ့..။ လူတချို့မှာ နှစ်လိုဖွယ် အသွင်ပြင်ရှိတယ်။ တချို့က ခန့်ညားတဲ့ အသွင်အပြင်ရှိတယ်။ တချို့က ဂျစ်ကန်ကန်စတိုင်လေး ယူထားတယ်။ ဒါကိုကြည့်ပြီး ဆက်ဆံတာလား... အဲလိုလည်း မဟုတ်သေးဘူးထင်တယ်။ နှစ်လိုဖွယ်ဆိုတာ ဘာလဲ? လူတကိုယ် အကြိုက်တမျိုးဆိုတော့ ဒီလူတစ်ယောက်ရဲ့ နှစ်လိုဖွယ်ဟာ နောက်လူတစ်ယောက်ရဲ့ နှစ်လိုဖွယ်ဖြစ်ချင်မှ ဖြစ်မှာလေ။ ခန့်ညားတိုင်းရော ဆက်ဆံလို အဆင်ပြေသလား။ ဘယ်အသွင်အပြင်ကို ခန့်ညားသလဲ..။ ဂျစ်ကန်ကန်နေတိုင်းလည်း ဂျစ်ကန်ကန်စရိုက်ရှိချင်မှ ရှိနိုင်တာ။ ဒါဆို အသွင်အပြင် တစ်ခုထဲကနေ လူကို ပေါင်းသင်းဆက်ဆံလို့ ရပါသလား... ဒီအမေးက အဖြေမထွက်နိုင်ဘူး ဖြစ်နေတယ်။
တချို့ကလည်း ရယ်စရာလိုလိုတကယ်လိုလို ဖြေတယ်။ အ၀တ်အစားပေါ့တဲ့။ အပြုအမှုစတိုင်ပေါ့တဲ့။ အင်း..ဒါလည်း လက်ခံချင်သလိုလိုနဲ့ လက်မခံနိုင်ပြန်ဘူး။ အ၀တ်အစားတဲ့.. ခေတ်အလိုက် စတိုင်က အမြဲပြောင်းလဲနေတာ မဟုတ်လား။ ခေတ်ထိအောင် မပြောနဲ့ဦး။ ကျွန်မတို့ တစ်ဦးချင်းရဲ့ စိတ်က ၀တ်ချင်တဲ့ စတိုင်က မတူဘူး။ နေ့တိုင်း ပြောင်းလဲတတ်တယ်။ တခါတလေ ရိုးရိုးလေး ၀တ်ချင်စိတ်ပေါက်ပြီး တခါတလေ ဆန်းဆန်းလေး၊ တခါတလေ မရိုးမဆန်းလေး။ အမြဲပြောင်းနေတယ်..။
ဒါဆို တဖက်လူရဲ့ နောက်ခံရာထူး၊ ဂုဏ်အင်္ဂါတွေလား..။ ဒါလည်းပဲ.. အခါခပ်သိမ်း မမှန်ဘူးထင်တာပဲ..။ ကိုယ့်အရာရှိမိုလို့ ဒီလိုပြုမူတာ၊ ကိုယ့်ထက်အငယ်မိုလို့ ဒီလိုပြောတာ စတဲ့ အပြောအဆိုကွာတာပဲ ရှိမယ်။ ပြောလိုတဲ့ လိုရင်းကို ပြောပြနိုင်ဖို့၊ ဒါမှမဟုတ် တဖက်လူပြောဆိုဆက်ဆံနေတာကို နားလည်ဖို့က အဓိကထားပြီး လူတွေကြည့်တဲ့ တနေရာရှိနေရမယ်..။ အဲဒါဘာလဲ??????
စိတ်ပညာရှင် Fantz က မွေးစကလေးတွေ အကြောင်းကို သုတေသနလုပ်ခဲ့တယ်။ မွေးစကလေးတွေက မျက်လုံးအမြင်အားကောင်းလာတဲ့ အခါ ဘာတွေကို အရင်ဆုံးကြည့်တတ်သလဲ၊

ရလာဒ်က ပုံမှာတွေ့တဲ့အတိုင်း အပေါ်ဆုံးကအ၀ိုင်းပုံကို အကြာကြီးပိုကြည့်တာကို တွေ့ရတယ်။ အ၀ိုင်းပုံ နှစ်မျိုးပါရဲ့သားနဲ့ ဘာကြောင့် အပေါ်ပုံကို ပိုကြည့်သလဲဆိုတဲ့ အဖြေကို စဉ်းစားတဲ့အခါ လူမျက်နှာနဲ့ တူလို့များလားလို့ သုတေသနရှင်က တွေးမိသွားတဲ့အတွက် နောက်ထပ် သုတေသနတစ်ခုလုပ်ခဲ့ပါတယ်။

ဒါနဲ့ Fantzက ကလေးတွေဟာ မျက်နှာရဲ့ ဘယ်အပိုင်းကို ပိုကြည့်သလဲဆိုတာကို ထပ်စမ်းသပ်ပါတယ်။ စမ်းသပ်နည်းက ၀လုံးတစ်ခုဆွဲပြီး အထဲမှာ မျက်နှာပုံ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် ဆွဲထားတယ်။ မျက်လုံးကို ဖျက်ထားပြီး နှာခေါင်းနဲ့ ပါးစပ်ကိုဆွဲထားတာကို ပြကြည့်တယ်။ နောက် နှာခေါင်းကို ဖျက်ပြီး (မျက်လုံး၊ ပါးစပ်ကို ချန်ထားပြီး) ပြကြည့်တယ်။ နောက် ပါးစပ်ကို ဖျက်ပြီး(မျက်လုံး၊ နှာခေါင်းချန်ပြီး) ပြကြည့်တယ်။
အဲဒီအခါ ကလေးဟာ မျက်လုံးပါတဲ့ ပုံကိုသာ ကြာကြာကြည့်လို့ နှစ်လိုဖွယ်ရာ ပြုံးပြပေမဲ့၊ မျက်လုံးမပါတဲ့ ပုံတွေကို ကြောက်ရွံစွာငိုတတ်တယ်ဆိုတာကို တွေ့ရပါတယ်။ (သုတေသနလုပ်နေတဲ့ ဗွီဒီယိုပုံကို ပြချင်သော်လည်း ထပ်တူတူတဲ့ပုံက မရှိလို့ မတင်လိုက်ဘူးနော် :) စိတ်ဝင်စားသူရှိရင် Fantz 1961 လို့ရိုက်ပြီး ရှာရင် သုတေသနတွေလုပ်ချက် အသေးစိတ်ကို အင်တာနက်ထဲမှာ တွေ့နိုင်ပါတယ်.google ဖြစ်ဖြစ်ပေါ့.)
ဒီလိုတွေ့ရှိချက်တွေမှတဆင့် စိတ်ပညာရှင်တွေ ကောက်ချက်ချတာက လူတွေ စိတ်ဝင်စားဆုံးအရာဟာ တခြားလူရဲ့မျက်လုံးဖြစ်တယ်.. ဆိုတာပါပဲ။
အင်း....“မျက်လုံး”တဲ့။ လူတွေအချင်းချင်း တွေ့ရင် ပထမဆုံး စိတ်ဝင်စားစွာ ကြည့်ဖြစ်တာဟာ မျက်လုံးပါတဲ့... ဒါဆို မျက်လုံးကို စိတ်ဝင်စားရတဲ့ အကြောင်းအရင်းကရော..။ အဲဒါကတော့ မျက်လုံးဟာ သိထားတဲ့အတိုင်း စိတ်ရဲ့တံခါးပေါက်ဖြစ်နေလို့ပါ။
မျက်နှာချင်းဆိုင် တွေ့လိုက်တာနဲ့ တဖက်သားကို အရင်ကြည့်ဖြစ်တာက အ၀တ်အစား မဟုတ်ဘူး။ ဂုဏ်ပကာသနလည်း မပါသေးဘူး။ မျက်လုံးမှတဆင့် သူက မာနကြီးမယ့်ရုပ်လား.. ကိုယ့်ကို ခင်မင်ချင်စိတ်ရှိရဲ့လား။ (ဒါမှမဟုတ် အရင်ကတဲ့က သိပြီးသားလူဖြစ်နေရင်လည်း) သူဒီနေ့ စိတ်ကြည်လင်ရဲ့လား ပျော်နေသလား စိတ်ညစ်နေသလား၊ ကိုယ်နဲ့ စကားပြောလိုစိတ်ရှိရဲ့လား၊ (စကားပြောနေတုန်းတန်းလန်းဆိုရင်လည်း) သူက ကိုယ်ပြောတာကို တကယ်ကော နားထောင်နေရဲ့လား။ စိတ်ဝင်စားချင်ယောင်ဆောင်ပြီး သဘောတူသလိုလုပ်နေတာလား.. အကုန်မြင်နိုင်တယ်။ ဒါကြောင့် မျက်လုံးတံခါးပေါက်ကတဆင့် တခြားသူရဲ့ လက်ရှိစိတ်အခြေအနေ၊ သဘောထား စတာတွေကို သိနိုင်တယ် မဟုတ်ပါလား..။
ဒီလိုစိတ်ကို လေ့လာတတ်တာကိုတော့ ကလေးဘ၀က စခဲ့တာပါ။ . သုံးလသားကလေးအနေနဲ့ ငါ့အမေလား အမေမဟုတ်ဘူးလားဆိုတာကို မျက်လုံးနဲ့ခွဲခြားတတ်တယ်။ (အနံ့နဲ့လည်း ခွဲခြားတတ်တယ်) ။ မိခင်က သားသမီးကို ကြည့်တဲ့မျက်လုံးထဲမှာ မေတ္တာတွေ ပျော်ဝင်နေတာ ကလေးက ပိုသိတယ်လေ.။ တဖြည်းဖြည်းကြီးရောက်လာတော့ လူတစ်ယောက်က ကိုယ့်ကို စနောက်ရင်တောင် တကယ်ပြောတာလား ကိုယ့်ကို စနောက်နေတာလားကို ကလေးတို့ သိတတ်လာကြတယ်..။ နောက်ပိုင်းလည်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတိုင်း ထိုအလေ့အကျင့်လေးအရ တဖက်လူရဲ့ စိတ်ကို ဖတ်ရှုသိရှိနိုင်ဖို့ မျက်လုံးကိုကြည့်လို့ အကဲခတ်တတ်လာကြတယ်..တဲ့။ မျက်လုံးလေးများမှ တဆင့် ပေါ့..
လသာညဖြစ်ပါတယ်..
12 comments:
မှန်လိုက်တာကွယ်။ စကားပြောရင် သူကလဲ ကိုယ့်ကို ကြည့်မှ၊ကိုယ်ကလဲသူ့ကိုကြည့်ပြောရမှ အားရတာလေ။မျက်လုံးကတဆင့် သူ့ရဲ့အတွင်းစိတ်ကို ဖတ်နိုင်တယ်ဆိုတာလဲ ဟုတ်ပြန်တာပဲ။အခုလဲ လသာည မျက်လုံးလေးကို ကြည့်ပြီး ရေးနေတာလေ။ ယုံတယ်ဟုတ် !!!ကြင်နာတာ မင်းပဲ ရင်ထဲမှာ !!! ဟဲဟဲ ။မျက်လုံးကနေ တင့်တင့်ထွန်း သီချင်း ရောက်သွားပြီ။ ချောတီးနော်။
ထား
ထောက်ခံတယ်သူငယ်ချင်းလေး.... မျက်ဝန်းကနေစပြီးမှ အားလုံးကို သိနိုင်တာနော်...
မျက်မှန်တပ်တဲ့ သူရဲ့ မျက်ဝန်းကျဘယ်လိုကည့် ရမှာလဲ လသာည အိစံတို့ လိုလေ...
လသာညရဲ့ လက်ရှိမျက်ဝန်း က အလွမ်း ဘက်ကိုအားသာနေသလားတယ်..ဟေးဟေး
ကျေးဇူးပါ
စတာလသာညရေ..
ကိုယ့် ကို အသိအမှတ်ပြုခင်မင်တဲ့ သူရဲ့ မျက်ဝန်းက တောက်ပတယ် စကားပြောတယ်
ရိုးသားတယ် ဟန်ဆာင်မှုမဂှိဘူးနွေးထွေးတယ် research လုပ်ထားတာ
အဟဲ မျက်လုံးက နည်းနည်းတော့စွေစောင်းနေတယ်။ အိစံရိုက်ပေးတုန်းကတော့ လှလှလေးပဲ။ မျက်လုံးချည်းပဲ ဖြတ်ညှပ်ကပ်တင်လိုက်တော့မှ မျက်လုံးစောင်းမှန်းသိတော့တယ်။
ထား၊ ရို့စ် ကျေးဇူးနော်။ ဓါတ်ပုံရိုက်ပေးတဲ့ အိစံကိုလည်း အာရိကတိုးပါလို့... အလွမ်းဖက်များနေသလားဆိုတာကတော့.. အင်း ဒါတော့ ဖြေနိုင်ဘူး။ ကိုယ့်ဘာသာလေ့လာသွား.. :P
စိတ်ဝင်စားစရာ စမ်းသပ်လေ့လာချက်တွေပဲနော် ။ ကလေးပေါက်စလေးတွေ နဲ့ စမ်းသပ်ရတာ ပိုပြီးခက်ခဲမှာပဲ ။
ဟုတ်ပ စိတ်ပြူတင်းပေါက် နဲ့တူတဲ့ မျက်ဝန်းတွေက တဆင့် လူတွေရဲ့ သဘောထားကို သိနိုင်ပါတယ် ။
ဒေါသထွက်နေတဲ့ မျက်ဝန်းဆို ကြည့်ပါလား .. မီးလျှံတွေနဲ့ ( ကာတွန်းထဲမှာ ဂလိုပဲ ဆွဲကြတာလေး)..
အချစ်တွေ ရွှန်းနေတဲ့သူဆိုလည်း အသည်းပုံ လှုပ်စိလေးတွေ တောင်ပါလိုက်သေးးး ဟေးဟေး ..
လသာည ရဲ့မျက်ဝန်းတစုံ ကို ကြည့်ရတာတော့ ဓါတ်ပုံ ရိုက်နေချိန်မှာ ရင်ခုန်စွာ နဲ့  ရှက်နေသလားပဲ နော် .. ဟိဟိ
(နောက်တခါဆို အနီးကပ် focus လုပ်ထားတဲ့ ပုံ ထဲ့ပေးပါလား ...း) ။။။ ဟိဟိ ..
မျက်မှန်တပ်တဲ့ သူရဲ့ မျက်ဝန်းကျဘယ်လိုကည့် ရမှာလဲ လသာည ...
:))
my laptop is still sick.
:((
momiji
ဟီးဟီး။ အိစံကို ထောက်ခံ၏။ လသာည၏ မျက်လုံးများက အလွမ်းများနေသလိုလိုပဲ။ လသာည ဆောင်းပါးကို
ဒီတစ်ခါ No comment လုပ်လိုက်ပါပြီ။ ကိုယ့်ကိုယ်ကို ဂျာမန် တီဗွီ အစီအစဉ် အမှတ်နဲ့။ :D :D
မျက်မှန်ကsunglasses မဟုတ်ရင်မြင်နေရတာပဲရော..ရွေအိရဲ့ ...အဟဲ....
မဆောင်းပါလေးတွေ ဖတ်တိုင်း အသိတိုးလို့ သိပ်ကျေးဇူးတင်ပါတယ် မ...
တနေ့တော့ မနဲ့ မျက်လုံးချင်းဆုံကြည့်ချင်ပါတယ် =)
ဟုတ်ပ မျက်ဝန်းဆိုတာ စိတ်ရဲ့ တံခါးပေါက်တဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း မျက်ဝန်းတည့်တည့်ကို ကြည့်ရင် အမှန်တရားကို တွေ့ရတတ်ပါတယ်။
ကွန်မန့်လေးများအားလုံးကို ကျေးဇူးတင်ပါတယ်နော်။
Post a Comment