Monday, September 27, 2010

နားမလည်ဘူး နားကိုမလည်ဘူး

တချို့နားမလည်နိုင်တာတွေကို နားလည်ဖို့ကြိုးစားရင်း စိတ်ဝင်စားစရာတွေ ဖတ်မိလို့ ပြန်မျှဝေတာပါ။ ပိုစ်ရှည်တာမို့လို့ ဖတ်ဖို့ အချိန်ရမှသာ အေးအေးဆေးဆေး ဖတ်ပါလို့...။ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ခင်မင်လျှက်ပါး))
.........................................................................................
(၁)
လသာညက အိမ်မှာ မောင်နှမတွေ မိသားစုလိုက် အတူတူ ရုပ်ရှင်ဇာတ်လမ်းကြည့်တဲ့အခါ ဘာသာပြန်ပေးရသူပါ။ နိုင်ငံခြားဘာသာစကားမို့ ဘာသာပြန်ရတာမဟုတ်ပါဘူး။ နားလည်တဲ့ မြန်မာလိုပြောတဲ့ဇာတ်ကားတွေကိုပဲ ခံစားမှုဦးစားပေးတဲ့ကားမျိုး၊ အမူအရာနဲ့ ပေါ်လွင်အောင် ကြိုးစားသရုပ်ဆောင်ထားတဲ့ ဘ၀သရုပ်ဖော်၊ အချစ်အလွမ်းကားမျိုးဆိုရင် အဖေနဲ့ မောင်လေးတို့က “ မင်းသမီးက ဘာဖြစ်သွားတာလဲ” “ဟိုအဒေါ်ကြီးက ဘာလို့ ငိုတာလဲ” စသည့်ဖြင့် ဇာတ်လမ်းအဆက်ကို နားမလည်သလို မေးတတ်တာကြောင့် ဖြစ်ပါတယ်။

အဲ့ဒီအခါမျိုးမှာ လသာည သို့မဟုတ် ညီမလေးက “အဲဒီကောင်မလေးက စိတ်မကောင်းဖြစ်သွားတာလေ၊ သူ့အမေက စိတ်ပုပ်နေတာ တွေ့လား” စသည်ဖြင့် ပြန်ရှင်းပြကြရပါတယ်။ ရှင်းပြသံတွေနဲ့ တခြားကြည့်သူတွေက စိတ်ညစ်ကြပြီး၊ ရှင်းပြရတဲ့လူကိုယ်တိုင်ကလည်း သူများကို ရှင်းပြနေရတာနဲ့ ဇာတ်လမ်းကြည့်ရတာ ဇိမ်မရှိတော့ဘူးဖြစ်လာတဲ့အတွက် ပွစိပွစိ စိတ်ကောက်ဖြစ်တဲ့အခါတောင် ရှိတတ်ပါတယ်.. ။

ဒါပေမဲ့ အံသြစရာက ကောင်းတယ်ဆရာ..။ သူတို့က အနောက်တိုင်းကား အက်ရှင် သေနတ်ကားဆို ငြိမ်နေတာပဲ။ဘာသာပြန် မလိုပါဆိုတဲ့ ဒီဇိုင်းချိုးပြီး ခပ်တည်တည်ပဲလေ...မုန်းစရာပါ (==)#။ အဲဒီကားမျိုးမှာ သွေးထွက်သံယိုတွေကို ကျွန်မတို့က မကြည့်ရဲတာနဲ့ပဲ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး ဟဲ့ ပြီးပြီလား။ အဲ့ လူဆိုးသေပြီလား ပြန်မေးရတာမျိုးတွေ ဖြစ်သွားတော့တာပဲ။ ဘာသာပြန်အဆင့်ကနေ အဆင့်လျှောပြီး သူတို့ကို ဘာသာပြန် ပြန်ဌားရတဲ့အဆင့် ပြန်ဖြစ်သွားတာပါ.။ အဲဒါမျိုးဆို မောင်လေးက ပြန်အော်တယ်။ မမကလည်း စကားကိုများတယ်၊ တိတ်တိတ်နေ ဒီမှာကြည့်ရတာ ဇိမ်ပျက်တယ်တဲ့..။ ခေါင်းခေါက်ချင်စရာပါ..

ဒါပေမယ့် စာရေးဆရာ Allan Pease ရဲ့ စာအုပ်တွေကို ဖတ်ရင်း အောက်က ပုံတွေမြင်ရတော့ ကျွန်မနည်းနည်း နားလည်သလို ဖြစ်လာတယ်..။
ဒီပုံက ခံစားချက် ၆မျိုးနှင့် ပတ်သက်ပြီး ရုပ်ရှင် (သရုပ်ဆောင်မှု) တစ်ခုကို ပြသထားတုန်း ၁၀ စက္ကန့်အတွင်းမှာ အမျိုးသားတစ်ဦး လိုက်ပါ ခံစားနိုင်တဲ့ အမူအရာ ကို သရုပ်ဖော်ထားတာပါ။ ဥပမာ ၀မ်းနည်းတဲ့အမူအရာလုပ်ပြတာကို ၁၀စက္ကန့်အတွင်း လိုက်ပါ ခံစားတတ်သလားဆိုတာမျိုးပါ။ ပုံပါအတိုင်းပဲ အမျိုးသားများအနေဖြင့် ၁၀စက္ကန့်လောက်နဲ့ ခံစားချက်ကို မခံစားနိုင်၊ ပြန်လည်မဖော်ပြနိုင်ဘူး။ သူတို့က တဖက်သားရဲ့ ခံစားချက်ကို မျက်နှာအရိပ်အကဲလောက်နဲ့ ၁၀စက္ကန့်အတွင်း နားမလည်နိုင်ပါဘူး။ နားလည်ဖို့ ၁၀မိနစ်ထိ ကြာချင် ကြာမယ်။ အဲ ၁၀နာရီမကတောင် ကြာချင်လည်းကြာမယ်း)))

တချို့ဆို မိန်းမက ဘယ်လောက်မျက်နှာရိပ်မျက်နှာကဲပြပြ နားကို မလည်နိုင်တာ ရှိနိုင်ပါသေးတယ်။ ကျွန်မအစ်ကို ၀မ်းကွဲတစ်ယောက်ဆို သူ့မိန်းမက “ရှင်ဧည့်သည်တွေ ခေါ်လာရသလား၊ ဒီနေ့ အိမ်မှာ ဆန်ကုန်နေလို့ ထမင်း မချက်ရသေးဘူးလေ”ဆိုတာကို မျက်နှာရိပ်မျက်နှာကဲနဲ့ ဘယ်လောက်ပြပြီး ပြောပြော၊ နားမလည်နိုင်ပဲ၊ “ဟေ့ကောင်တွေ စားပြီးမှပြန်ကြ၊ မိန်းမရေ ကျက်ပြီလားဟေ့”လို့ အော်တတ်လွန်းလို့ မိန်းမရဲ့ ဗိုက်ခေါက်လိမ်ဆွဲတာကို ခဏခဏ ခံရသူပါ။ ဒါတောင် သူက “ဟ.. ဘာလို့ အလကားနေ ဗိုက်ခေါက်ဆွဲတာလဲ၊ ဘာလဲ ဘယ်သူနဲ့ ရန်ဖြစ်ထားတာလဲ၊ စိတ်တိုနေတာလား”လို့ အလိုက်မသိ ပြန်မေးတတ်သေးတား)))

ဒါကြောင့်လည်း အချစ်အလွမ်းကားတွေကို ကြည့်တဲ့အခါ ခံစားချက်အမူအယာနဲ့ သရုပ်ဖော်ကြတဲ့အတွက် အမျိုးသားများခမြာ လိုက်ပါ မခံစားနိုင်ပဲ ကြည့်နေရင်းနဲ့ ဇာတ်လမ်းကို မျက်ချေပြတ်ပြတ်သွားကြတာ ဖြစ်ပါတယ်။

ဒီပုံကတော့ အမျိုးသမီးတစ်ဦးက ၁၀ စက္ကန့်အတွင်း ခံစားချက်၆မျိုးကို လိုက်ပါ ခံစားနိုင်စွမ်းရှိကြောင်း သရုပ်ဖော်ထားတဲ့ ပုံဖြစ်ပါတယ်။ တကယ့်ကို ပီပြင်အောင် ပေါ်လွင်တယ်နော်း)))....။

အမျိုးသမီးများဟာ ရုပ်ရှင်ထဲက သရုပ်ဆောင်များရဲ့ ရုတ်တရက် မျက်နှာပျက်သွားတာကအစ အားလုံးကို လိုက်ပါခံစားနိုင်ကြတဲ့အတွက် အချစ်အလွမ်းကားတွေမှာ ဘာသာပြန်တွေဖြစ်ခွင့်ရနေတာ ဖြစ်ပါတယ်။ ( မှတ်ချက်၊ ။ ဒီစာရေးရင်း လသာညလည်း စာရေးတာ ခဏရပ်လို့ အဲဒီ ပုံအတိုင်း မှန်ကြည့်ပြီး လိုက်လုပ်ကြည့်မိပါတယ်။ (^=^)။ တမင်လုပ်ကြည့်တာမို့လိုလား မသိဘူး။ ဆယ်စက္ကန့်နဲ့ သရုပ်ဆောင်လို့ မပြီးဘူး။ ရုပ်ရှင်သရုပ်ဆောင် ခန့်လို့ရလောက်တယ်။ သရုပ်ဆောင် ဌားလိုသူ စပွန်ဆာအရှုံးခံပါး))

အဲဒီလို အမျိုးသမီးများရဲ့ မွေးရာပါ အရိပ်အကဲဖမ်း အတတ်ပညာကြောင့် အမျိုးသမီးများရှေ့မှာ အမျိုးသားများ ညာလို့မရဘူးတဲ့။ ညာချင်ရင်လည်း မျက်နှာချင်းဆိုင်ပြီး မညာလေနဲ့ ။ သူတို့က စက္ကန့်ပိုင်းလေးအတွင်း ကိုယ်ညာတာကို သိပြီးသား ဖြစ်သွားနိုင်တယ်တဲ့။ လသာညရဲ့ ဘကြီး (ဖေဖေ့အစ်ကို)ဆို မိန်းမကို ကြောက်ရသူလို့ နာမည်ကြီးတယ်။ တကယ်က တအားအေးတာပါ။ အရက်သောက်သွားပြီး ပြန်လာရင် မိန်းမက ဆူမှာစိုးလို့ သူ့သူငယ်ချင်းတွေက သေချာမှာလိုက်တယ်။ ငါတို့နဲ့ တွေ့လို့ ငါတို့အတင်းတိုက်လိုက်တာ၊ တစ်ခွက်ထဲပါလို့ပြောလို့..။

ဒါပေမယ့် အိမ်ရောက်တော့ မိန်းမက “ရှင် ဒီနေ့ အရက်တွေ သောက်လာပြန်ပြီလား ”လို့ သူ့နဲ့ မျက်နှာချင်းဆိုင် မေးလိုက်ရုံနဲ့.. “ငါလား ကိုထွေးတို့နဲ့တွေ့လို့ ၀ိုင်းကောင်းတာနဲ့ သောက်တာပါ။ ကိုယ့်လခထုတ်ရက်မို့ ကိုယ်ကပဲ ရှင်းလိုက်တယ်၊၂၀၀၀ဖိုးလောက်ပါ”ဆိုပြီး.. ဖြစ်ကြောင်းကုန်စင် နတ်သံနှောလို အားလုံးပြောပြီးသားဖြစ်သွားပြီ (အဲဒီ ၂၀၀၀က အဲဒီတုန်းက သူရတဲ့ သူ့လစာအကုန်နီးပါးလေ။) ကဲ အဲဒါပြောတာ.. မိန်းမတွေက အဲဒီအတတ်က မွေးရာပါ အတတ်ပညာဆိုတော့ကာ

ဒါကြောင့် သယ်ရင်းများ မညာမိကြစေနဲ့နော်၊ အစထဲက ဘာပဲဖြစ်ဖြစ် ♪♪♪ အမှန်အတိုင်းပြော.. အမှန်အတိုင်းပြော.. အမှန်အတိုင်း ပြောလေပြောလေ အချစ်ရေ ♪♪♪ 
နောက်ပြီး လူကဲခတ် (အမူအရာကို အကဲခတ်ခြင်း) ဘာသာရပ်ကျွမ်းကျင်မှုကြောင့်ပဲ. ကောင်မလေးတစ်ယောက်ဟာ ကောင်လေးတစ်ယောက်က သူမကို စိတ်ဝင်စားနေတယ်ဆိုတာကို ကြိုတင်သိရှိနေကြပါသတဲ့.. "(၀-၀)"
............................................................................................................

(၂)
လူရွှင်တော်တွေပျက်လုံးပျက်တဲ့အခါ “ငါက သမီးနဲ့အမေလမ်းမှာတွေ့ရင် သမီးတစ်ယောက်ကိုသာ မြင်တယ်”ဆိုတဲ့ စကားကို ပြန်သတိရမိပါတယ်။ ဒီပျက်လုံးလေးက သူတို့ တကယ်ပြောတာ ဖြစ်နိုင်တယ်လို့ ၉၉ ရာခိုင်နှုန်း ထင်လာပါတယ်(*-^)/။
အပေါ်ပုံကို နည်းနည်းလိုက် ကြည့်ကြည့်လိုက်ပါ (ကလစ်လေးနှိပ်ကြည့်ရင် အသေးစိတ် မြင်ရမှာပါ)၊ အမျိုးသားနဲ့ အမျိုးသားတွေရဲ့ အမြင်တွေ ကွဲပြားပုံကို တင်ပြထားတာပါ။ ပုံထဲကအတိုင်း အမျိုးသားတွေရဲ့ မျက်လုံးအမြင်က ထောင့်ကျဉ်းကျဉ်းနဲ့ ကိုယ်အာရုံ စူးစိုက်ရာကို တစ်ခုတည်း မြင်နိုင်သူတွေဖြစ်နေပါတယ်။ အစကတဲက သမီးပဲ ကြည့်ခဲ့ရင်သမီးတစ်ယောက်ကိုသာ မြင်၏ ဆိုတာ ဖြစ်နိုင်ပါတယ် :))

အမျိုးသမီးတွေကတော့ ပုံပါအတိုင်း အမြင်ကျယ်တယ်လေ၊ (ရှေ့ကို အ၀န်းကျယ်ကျယ် မြင်တတ်တယ်) မျက်လုံးရှေ့က အရာအပြင် တခြားနီးစပ်ရာတွေကိုပါ ဥပမာ ကလေးကြည့်ရင် ကလေးအပြင် ခွေးပါ မြင်နိုင်ကြသူတွေပါ။ ကိုယ့်ဘေးနားက အမျိုးသားက ဘာကိုကြည့်နေသလဲဆိုတာတောင် မျက်လုံးထောင့် နည်းနည်းပြောင်းရုံနဲ့ သိနိုင်တယ်တဲ့..။ ဒါကြောင့် အမျိုးသားသယ်ရင်းလေးများ ကိုယ့်ချစ်သူ အနားမှာပါရင် လမ်းမှာ တွေ့တဲ့ တခြားလှုပ်လီလှုပ်လဲ့ ကြည့်စရာလေးများကို မကြည့်မိအောင် သတိဆောင်ပြီး အကြည့်ခိုးလေးများကို မျက်တောင်ခတ် သိမ်းထားဖို့လိုပါတယ်နော်း))
......................................................................................................

(၃)
နောက်တစ်ခုကတော့ အိမ်မှာ အဲယားကွန်းဖွင့်ရင် အပူချိန် အတိုးအလျော့အတွက် စကားများရခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသားတွေက များသောအားဖြင့် အမျိုးသမီးများထက် ပုံမှန်အားဖြင့် ပူအိုက်တတ်သူတွေပါ။ အဲဒီတော့ အခန်းအပူချိန် ၂၃( degree Celsius)လောက်မှ နေလို့ ကောင်းရုံ ရှိချိန်မှာ အမျိုးသမီးများကတော့ အပေါ်ထပ်လေးနဲ့ဝတ်နေရပါပြီ။ (ဒါလည်း ဦးနှောက်ဖန်ရှင်နဲ့ ဆိုင်တယ်တဲ့...။ အသေးစိတ်တော့ နောက်မှ ပုံလေးတွေနဲ့ ပြောပါဦးမယ်။ ကိုယ်တွင်းအပူချိန် ကွာခြားပုံနဲ့ ပြင်ပအပူချိန် ဆက်စပ်ပုံကိုပါ။)

ဒီတော့ အခန်းအပူချိန်ကို နည်းနည်းတိုးပြီး ၂၈ဒီဂရီ လောက်ထားပြီး ဘလောက်စ်အင်္ကျီလေးနဲ့ နေချင်သူ အမျိုးသမီးများနဲ့ ၂၃ဒီဂရီ လောက်မှ နေချင်သူ အမျိုးသားများ အနေဖြင့် နှစ်ဦးနှစ်ဖက် နားလည်မှုမလုပ်ပေးနိုင်ရင် ကျိတ်ကျိတ်ရန်ဖြစ်ရပါတယ်။ အမျိုးသားများမှာ ၂၈ ဒီဂရီဆိုရင်ကို စွတ်ကျယ်ဂျိုင်းပြတ်ဝတ်ပြီး ယပ်ခပ်နေရပြီ။ ဒါပေမယ့်လည်း သိတဲ့အတိုင်း မိန်းခလေးတွေက အားနွဲ့သူတွေမဟုတ်လား။ ဒီတော့ လသာညဆို အဲယားကွန်းကို ကိုယ့်စိတ်ကြိုက် အပူချိန်ကို ထားလိုက်ပြီး “အပူချိန်တအားနည်းရင် အအေးပတ်မှာ စိုးလို့နော်၊ လေဖြတ်တတ်တယ်”လို့ စေတနာသံနဲ့ ပြောသေးတာ။ တခါတခါဆို အဲကွန်းရမုတ်ကို ဖွက်ထားလိုက်တယ် (စိတ်ပုပ်တာလေ)။ တကယ်တော့ အမျိုးသမီးတွေက ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မှ ဖြစ်တာမဟုတ်လား။ ကိုယ်နေမကောင်းရင် သူတို့ပဲ စိတ်ပူရတာကို .. ဟုတ်တယ်ဟုတ်း))) ။
...........................................................................................

(၄)
နောက်စိတ်ဝင်စားစရာ အချက်တစ်ချက်က ကလေးတွေနဲ့ လူငယ်တွေအတွက် သရဲရထား၊ သရဲဥယျာဉ်တွေကို တီထွင်သူတွေက လူရဲ့ဘယ်ဘက်ခြမ်းကနေ သရဲရုပ်တွေနဲ့ခြောက်တာ များပါသတဲ့။ (သတိထားမိသူ ရှိပါသလား..??) အဲဒါဟာ ကြောက်ရွံတဲ့ဖီလင်ကို ခံစားလိုတဲ့ လူငယ်တွေအတွက် ဦးနှောက်ဖန်ရှင်နဲ့ စနစ်တကျ အကွက်ချ တည်ဆောက်ထားတာဖြစ်ပါတယ်။

ဦးနှောက် ဘယ်ဘက်ခြမ်း အာရုံကြောက ကြောက်ရွံခြင်းကို ပိုခံစားရစေပြီး ညာဘက်ခြမ်းကတော့ လုံခြုံမှုစိတ် (sense of security)ကိုရရှိစေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် လသာညရဲ့ မောင်လေးများအနေဖြင့် ချစ်သူလေးနဲ့ သရဲရုံထဲ သွားလည်မယ်ဆိုရင် (ဒါမှမဟုတ် မိန်းခလေး သူငယ်ချင်းတွေနဲ့ ညမှောင်မှောင် ခရီးသွားရတဲ့အခါမျိုး ရှိခဲ့ရင်) ကိုယ်ကစပြီး ကြောက်တဲ့ခံစားချက်ကို မရရအောင် ချစ်သူကို ဘယ်ဘယ်ခြမ်းက ထား၊ ကိုယ်က ညာဘက်ခြမ်းက လျှောက်ပြီးသွားပါတဲ့။ ကြောက်စရာကို မြင်ရတာ အတူတူပေမယ့် ဘယ်ဘက်ခြမ်းအာရုံကြောကြောင့် ကြောက်ရွံခြင်းကို ပိုခံစားရတဲ့ သူလေးကို “မကြောက်နဲ့၊ ကိုကိုရှိတယ်”လို့ သတ္တိများများ ဗန္ဓုလသွေးနဲ့အားပေးနိုင်တယ်တဲ့။ စာအုပ်ထဲအတိုင်း ပြောရတာဖြစ်တော့ .. ကြုံရင် ဟုတ်မဟုတ် စမ်းကြည့်လိုက်နော်း)))
........................................................................................

အမြဲ အတူတူ နေနေကြတဲ့ သဘာဝမတူ လူသားတွေ အချင်းချင်း တခါတလေ နားမလည်ဘူး၊ နားကို မလည်တော့ဘူးလို့ ဆိုကြတဲ့အချက်များအကြောင်း ကျွန်မဖတ်မိသိသလောက် ဗဟုသုတ ပြောပြတာပါ။ မိသားစု၊ မောင်နှမ၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန်နားလည်မှုတွေ ရပြီး စိတ်ချမ်းမြေ့ကြပါစေနော်။

လသာည ဖြစ်ပါတယ်။
................................................

မှတ်ချက်။ ။ဒီတခါ ပိုစ်ရှည်သွားပါတယ်။ စာမရေးဘူးမရေးဘူး ပြောတဲ့သူငယ်ချင်းလေးများအတွက် အမုန်းဖတ်လို့ရအောင် အရှည်ကြီး ရေးပစ်လိုက်တယ်။ ကဲ.. :lol: စိတ်ဆိုးဖူးမို့လားး)))။

44 comments:

ဒေါင်းမင်း said...

ဟားဟားဟားဟား။။တောတော်ကောင်း..
ဒီတစ်ခါသရဲရထားစီးရင်သူလေးကိုဘယ်ဘက်ခြမ်းထား
မယ်။နားလည်သွားပြီ.....
ခင်မင်စွာဖြင့်
ဒေါင်းမင်း

နှင်းဟေမာ said...

ဒီပို့စ်လေးကို တော်တ်ေစိတ်ဝင်တစားဖတ်ဖြစ်သွားပါတယ် ....
ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ဒီလူရဲ့ စိတ်နေစိတ်ထား အမူအကျင့် အစရှိသည်ကို လေ့လာအကဲခြင်းဆိုတဲ့ ၀ါသနာက မွေးရာပါ ဗီဇလို ဖြစ်နေလို့ပါး)
ပုံလေးတွေနဲ့တစ်ကွ ခုလိုစိတ်ရှည်လက်ရှည်ရှင်းလင်တင်ပြပေးသော ချစ်မကြီး လသာည ရေ.... ကျေးဇူးအထူးတင်ပါတယ်း)

နှင်း ...

chindwinthu said...

ဒီပို့စ်လေးကိုတော့ အရမ်း စိတ်ဝင်စားသွားပြီ။ မအားတဲ့ကြားကနေ ပို့စ်ရှည်ရှည် ရေးပေးတဲ့အတွက် ကျေးဇူးပါ အစ်မရေ :)။

လသာည said...

ပုံများကို Allan Pease ရဲ့ (ဦးနှောက်ရဲ့ ဖွဲစည်းပုံနဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကြောင့် ဖြစ်သော စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ၊ အပြုအမှုများ အကြောင်း ကျားနဲ့ မကို ယှဉ်တွဲဖော်ပြထားတဲ့ ) စာအုပ်တွေမှ စကန်ဖတ်ထားတာပါ။

ကွန်မန့်များအတွက် ဒေါင်းမင်း၊ ညီမလေးနှင်းဟေမာနဲ့ ချင်းတွင်းသူညီမလေးတို့ကို လသာညကလည်း ကျေးဇူးအထူးတင်ပါတယ်နော်။

ညီမလေး နှင်း မတွေ့တာ ကြာပြီနော်။ မင်္ဂလာပါ ညီမလေး..

Anonymous said...

ဖတ်ကောင်းတယ်။ အဲဒါကြောင့် အစ်မစာတွေကို ဖတ်ချင်နေတာပါ။ ဒီလောက်ရှည်တာများ ဖတ်ရတာ မမုန်းပါခင်ဗျာ။ ဗဟုသုတရလွန်းလို့ ဖတ်လို့တောင် မ၀ဘူး..။ ကျွန်တော်ချစ်သူလေးနဲ့ သရဲရထား သွားစီးဦးမယ် ဟီး။
အလုပ်ရှုပ်တုန်း စာတင်ဖို့ နပူနဆာ လုပ်မိသလို ဖြစ်သွားရင် ခွင့်လွှတ်စေလိုပါကြောင်းပါ။

အမြဲအားပေးလျှက်
စာဖတ်ပိတ်သတ်လေး

ညိမ်းနိုင် said...

အော်...ဂလိုလား....။ဟုတ်ပ ကျွန်တော်တို့ကလည်း
ကြည့်ပဟေ့ဆို သမီးပဲ ရွေးကြည့်မိတာကိုး..း))

ကောင်းမွန်ဝင်း said...

အမုန်းပဲ။ ကောင်းမှကောင်း။
နောက်ထပ်လာဖတ်ဦးမယ်။
အမုန်းကိုကြိုက်ပစ်လိုက်ပြီ။
အမြင်ကျယ်တဲ့ အမျိုးသမီးတွေအကြောင်းရေးထားတာကိုတော့
အမြင်ကျယ်ကျယ်နဲ့ လက်ခံသွားတယ်။

လသာညရေ။
ကော်ဖီလာသောက်ဦးမယ်နော်။
မုန့်လည်းယူခဲ့မယ်။

စားချင်တာပြောပါ။
အားမနာပါနဲ့။

ကျွန်မလည်း ကွန်ပြူတာရှေ့ရောက်လို့ကတော့ လသာည ဆီကို ကော်ဖီသောက်ဖို့လာမှာပဲ။

ခင်မင်စွာဖြင့်

Sonata Cantata said...

လသာညရေ
အမှန်တွေချည်းပဲ သိလား

Anonymous said...

အမလသာညရေ မမုန်းဘဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ဖတ်သွားပါပြီ အလုပ်တွေများလို့ အခုမှလာဖတ်ရတာ စာရေးကျဲပေမယ့် ဒီလိုအရှည်ကြီးရေးပေးတဲ့အတွက် ကျေးဇူးပါ
မီးမရှိ အဲကွန်းမရှိတဲ့စည်းစိမ်တို့ကတော့ မြန်မာအဲကွန်း ကိုင်ပြီး တစ်ယောက် အချက် ၃၀ ခပ်ပေး ကြေးဆိုတော့ အေးရောပေါ့း)

ခင်မင်စွာဖြင့်
seesein

blackroze said...

အမရေ...အဲဒီအရှည်ကြီးကိုဘဲပြီးအောင
်ဖတ်သွားတယ်နော်..

Shinlay said...

မှတ်သားစရာတွေ အများကြီးယူသွားပါတယ်။
အထူးသဖြင့် အဲယားကွန်း ကိစ္စ...
မကြာခဏ ပြသနာပဲလေ...

ကိုဇော် said...

အဟီး . .ဘေးက ပြောပေးနေရတာက ကျနော့် အဖွားက ပိုဆိုး။ သူက ငိုတာက အစ ဘာဖြစ်လို့ ငိုတာလဲ လုပ်နေတာ။

အမြင်မှာတော့ ကျနော်က သမီးနဲ့ အမေ ဆို အမေကိုပဲ မြင်ပါတယ်။ တကယ်ပြောတာ။ ဘာလို့ ဆိုတာတော့ ပြောဘူး။

ဘယ်ဘက်မှာ ထားရမယ် ဆိုတာတော့ မှတ်ထားလိုက်မယ် မှတ်စုထဲ။ အင်း. . ဒီနေ့ (^$R$#^$&&%*&(^

ရွှေရတုမှတ်တမ်း said...

မှန်တာတွေချည့်ပါလား..ကိုကြီးကျောက်တို့က မိန်းမတယောက်ကိုကြည့်ရင်..မျက်နှာနဲ့ ကိုယ်လုံး ပဲ ကြည့်တာ..မိန်းမတွေကတော့ အစုံမြင်သဗျ..အဝတ်အစားဘာရောင် ဖိနပ်က ဘာတံဆိပ် လက်ကိုင်အိပ်က ဘာအမျိုးအစား လက်သည်းခြေသည်းကအစ ဘာရောင်ဆိုးထားတယ်ဆိုတာ အကုန်ပြောနိုင်သဗျ..ကြားစကတော့ ကိုကြီးကျောက်ဖြင့်အံ့ဩလို့..

ချော(အစိမ်းရောင်လွင်ပြင်) said...

ယောင်းမရေ
သရဲရထားသွားစီးမလို့.. ယောင်းမမောင်လေးကို လွှတ်လိုက်ပါနော်. ဟုတ်မဟုတ် စမ်းကြည့်ချင်လို့ပါ။ ဟဲဟဲ နောက်သွားတယ် စိတ်မဆိုးဘူး ဟုတ်
သေချာလေးကိုဖတ်ဖြစ်တယ်.. လူတွေရဲ့ စိတ်နဲ့ပတ်သက်ရင် အတော်စိတ်ဝင်စားဖို့ကောင်းတယ်
သူများစိတ် မပြောနဲ့.. တခါတခါ ကိုယ့်စိတ်ကိုယ်တောင် နားမလည်နိုင် ဖြစ်ရတာမျိုးတွေရှိတယ်.. လူတွေရဲ့ စိတ်ကို ဂဃနဏ နားလည်ဖို့ တော်တော်တော့ လေ့လာထားရမယ်လို့ ထင်တယ်။
ခုလိုရှင်းပြတာ ကျေးဇူးပါနော်။

မယ့်ကိုး said...

စာမရှည်ပါဘူး တကယ်ပါ။ စိတ်ဝင်စားစရာကောင်းလွန်းလို့ ရှည်မှန်ူးတောင် မသိပါဘူး။ ပုံလေးတွေကလည်း သိပ်ချစ်ဖို့ကောင်းတာပဲ။း)....ခုလို စေတနာထားပြီး အကြောင်းအရာတွေကို အသေးစိတ်ရေးပေးလို့ ကျေးဇူးပါနော် ချစ်မလေး။

ဧပရယ်လ်ပူး@ပူးတေ said...

မမလသာည

သရဲရထား ကိစ္စကလွဲရင် အားလုံးနီးပါး ကြုံဖူးတယ်... အမှန်တွေချည်းပဲနော်... မိန်းကလေးတွေ အမြင်ကျယ်တာကို မစ္စတာပီကြီးလဲ လက်တွေ့ကြုံဖူးတယ်.. တနေ့ သူမပါပဲ ဆရာမတယောက်နဲ့ ပူးတေ ကျောလည်လောက်ရှိတဲ့ ဆံပင်ကို ပခုံးပေါ်လောက်ပဲ ကျန်အောင်ညှပ်ခဲ့တာ... ပြန်လာတော့လဲ ဘာမှ မဖြစ်သလိုပဲ။ မစ္စတာပီကြီးကို ဆရာမက သားရေ မင်းမိန်းမဘာပြောင်းလဲသွားလဲ ကြည့်စမ်းလို့ပြောလဲ သူမသိသေးဘူး... အဲဒီအချိန်မှာ အသိအမျိုးသမီးတယောက်နဲ့ တွေ့တာ သူနဲ့ကမတွေ့တာ ၃/၄ လလောက်ရှိပြီ... အဲ အစ်မက ဆံပင်တွေ ညှပ်ပစ်လိုက်တာလားတဲ့.... သူကအဲကျမှ ပြန်ကြည့်မိတယ်ဆိုပဲ.... ပြီးတော့ သူက အဲအစ်မကို ချီးကျူးစကားဆိုလိုက်သေး... အစ်မမျက်လုံးက အရမ်းကို လျင်တယ်နော်တဲ့....:)

ကိုဇော် @ အမေနဲ့ သမီးဆို အမေကိုပဲ ဘာလို့ မြင်တယ်ဆိုတာ ကိုဇော်မပြောလဲ ပူးတေသိတယ်နော်.... ပူးတေ ကျောင်းသူဘဝတုန်းက ပြောနေကျနဲ့များတူနေမလားပဲ..... ဂေါင်(ခေါင်)ထိရင် အကုန်စားတဲ့လေ....(ဂေါ်လီတွေ ရိုက်ရင် သုံးနေကျစကားလေ.. အစ်ကိုတွေဆီကတတ်တာလေ...) :D

မမလသာည စာအရှည်ကြီးရေးပေးလို့ ဗဟုသုတလဲရလို့ ကျေးဇူးအထူးတင်ရှိပါတယ်... မမလသာည ဘာရေးရေးကို ကြိုက်နေတော့တာ....အားရင်လဲ ဒါမျိုးလေးတွေ ထပ်ရေးဦးနော် :)

(ဒါလည်း ဦးနှောက်ဖန်ရှင်နဲ့ ဆိုင်တယ်တဲ့...။ အသေးစိတ်တော့ ပြောတော့ဘူး)
ဒီအကြောင်းလေးလဲ အသေးစိတ်သိချင်ပါတယ်... ဘယ်လိုများ ဦးနှောက်ဖန်ရှင်နဲ့ ပက်သက်သလဲ တကယ်သိချင်တာပါ။ မမ အားမှပါ.... :)

ဧပရယ်လ်ပူး@ပူးတေ said...

မမလသာည

သရဲရထား ကိစ္စကလွဲရင် အားလုံးနီးပါး ကြုံဖူးတယ်... အမှန်တွေချည်းပဲနော်... မိန်းကလေးတွေ အမြင်ကျယ်တာကို မစ္စတာပီကြီးလဲ လက်တွေ့ကြုံဖူးတယ်.. တနေ့ သူမပါပဲ ဆရာမတယောက်နဲ့ ပူးတေ ကျောလည်လောက်ရှိတဲ့ ဆံပင်ကို ပခုံးပေါ်လောက်ပဲ ကျန်အောင်ညှပ်ခဲ့တာ... ပြန်လာတော့လဲ ဘာမှ မဖြစ်သလိုပဲ။ မစ္စတာပီကြီးကို ဆရာမက သားရေ မင်းမိန်းမဘာပြောင်းလဲသွားလဲ ကြည့်စမ်းလို့ပြောလဲ သူမသိသေးဘူး... အဲဒီအချိန်မှာ အသိအမျိုးသမီးတယောက်နဲ့ တွေ့တာ သူနဲ့ကမတွေ့တာ ၃/၄ လလောက်ရှိပြီ... အဲ အစ်မက ဆံပင်တွေ ညှပ်ပစ်လိုက်တာလားတဲ့.... သူကအဲကျမှ ပြန်ကြည့်မိတယ်ဆိုပဲ.... ပြီးတော့ သူက အဲအစ်မကို ချီးကျူးစကားဆိုလိုက်သေး... အစ်မမျက်လုံးက အရမ်းကို လျင်တယ်နော်တဲ့....:)

ကိုဇော် @ အမေနဲ့ သမီးဆို အမေကိုပဲ ဘာလို့ မြင်တယ်ဆိုတာ ကိုဇော်မပြောလဲ ပူးတေသိတယ်နော်.... ပူးတေ ကျောင်းသူဘဝတုန်းက ပြောနေကျနဲ့များတူနေမလားပဲ..... ဂေါင်(ခေါင်)ထိရင် အကုန်စားတဲ့လေ....(ဂေါ်လီတွေ ရိုက်ရင် သုံးနေကျစကားလေ.. အစ်ကိုတွေဆီကတတ်တာလေ...) :D

မမလသာည စာအရှည်ကြီးရေးပေးလို့ ဗဟုသုတလဲရလို့ ကျေးဇူးအထူးတင်ရှိပါတယ်... မမလသာည ဘာရေးရေးကို ကြိုက်နေတော့တာ....အားရင်လဲ ဒါမျိုးလေးတွေ ထပ်ရေးဦးနော် :)

(ဒါလည်း ဦးနှောက်ဖန်ရှင်နဲ့ ဆိုင်တယ်တဲ့...။ အသေးစိတ်တော့ ပြောတော့ဘူး)
ဒီအကြောင်းလေးလဲ အသေးစိတ်သိချင်ပါတယ်... ဘယ်လိုများ ဦးနှောက်ဖန်ရှင်နဲ့ ပက်သက်သလဲ တကယ်သိချင်တာပါ။ မမ အားမှပါ.... :)

ဧပရယ်လ်ပူး@ပူးတေ said...

ကွန်မန့်က ရှည်ရတဲ့ကြားထဲ ဘယ်လို ကိစ္စကြောင့် ၂ ခုထပ်သွားရတာပါလိမ့် မမလသာည နှောင့်ယှက်ဖြစ်သွားရင် ပြန်ဖျက်လိုက်ပါနော်... ဆောတီးနော်

ဧည့်သည် said...

ပို့သသောမေတ္တာကြောင့် ကျန်းမာရွှင်လန်းလျက် ဖတ်လိုက်ရသော ဗဟုသုတ နည်းလမ်းကောင်းများကြောင့် နောင်များဆိုရင်တော့ ဟီဟိ .....
ကျေးဇူးအထူးပါနော် ...

ကိုဇော် said...

အီး...ဟုတ်ဘူး။
ပူးလ်တေ ပြောသလို မဟုတ်ဘူး။
အခု ခေတ်က သမီးတွေက ပိန်ချင်နေတာလေ။ ဒါကြောင့် သမီးတွေက ပိန်ကပ်ကပ် ၊ အမေတွေက ဝတုတ်တုတ်ကြီးတွေ ဆိုတော့ သူတို့ကို မမြင်ရဘဲ အမေတွေက ကာဆီးကာဆီး ဖြစ်နေတယ် လို့ ပြောချင်တာ...။
သူလုပ်တော့မှ ငါတော့ ချောက်ထဲတော့ ကျပါပြီ ပူးလ်တေ .. ပေတူးရယ် ...
ဟင့်..ရွှတ်..ဖတ် .. မွှားပါတယ်။
( ဘာလို့ မပြောတာလဲ ဆိုတော့ မပြောရဲလို့လေ။ ဘလော့ဂါ ထဲမှာလည်း သမီးရှင် အမေတွေ ရှိတယ်လေ။ သူတို့ကို ဝတုတ်ကြီးလို့ ပြောတယ် ဆိုပြီး ..ခွိခွိ..ကြောက်လို့ပါ။ )

လသာည said...

28 Sep 10, 10:31 AM
Wasser: လာဖတ်သွားပြီ လဲတညားရေ။ ဂွတ်၏ ။ အမြိုက်ကျဲ။ အမြဲကြိုက်။

28 Sep 10, 09:25 AM
Myonet: ဖတ်ပီး ပြောစရာတွေများလို့ နောက်မှ တခေါကလာခဲ့မယ်။

28 Sep 10, 08:55 AM
ခွန်: အစ်မရေ... ညကျမှ အေးဆေး စာလာဖတ်တော့မယ်နော်...

27 Sep 10, 11:37 PM
ဒေါင်းမင်း: နားလညဒယ်နားလည်ဒယ်

27 Sep 10, 11:33 PM
မိုးယံ: နားမလည်နိုင်ဘူး နားကို မလည်ဘူး

လသာည said...

ပိတ်သတ်လေးရေ၊-ကျေးဇူးပါကွာ

မောင်လေးရေ၊-သမီးကြည့်သူဆိုတော့ အမေကြည့်သူကိုဇော်နဲ့ တွဲလျှောက်း)

မမွန်ရေ၊-ကော်ဖီရောမုန့်ရောပေါ့ ကောင်းမှကောင်း။ အမြဲလာနော်း)

စည်းစိမ်ရေ၊-အဲကွန်းကလည်း အဆင်ပြေတုန်း သုံးရတာပါကွာ။ အဆင်မပြေတဲ့အခါလည်း ယပ်တောင်အချက် လေးငါးဆယ်ကြေးပေါ့း)

ဘလက်ရိုစ်-ကျေးဇူးတင်ပါတယ်

မရှင်လေး-ဟုတ်တယ်၊ ဒီကသူငယ်ချင်းတွေကလည်း အဲလိုပြောတယ်၊

ဘကျောက်- ဟုတ်တယ်။ ဘကျောက်ပြောတာ မှန်မှမှန်း)))

ချော-ယောင်းယောင်းရေ စိတ်ချ စိတ်ချ ပို့လိုက်မယ်နော်း))

မယ်ကိုးရေ.. ကျေးဇူးတင်ပါတယ် ညီမလေးရယ်

ဧည်သည်၊- ကျန်းမာချမ်းသာစွာနဲ့ လျှောက်နေတုန်းလား။ သူငယ်ချင်းမလေးတွေကို ဂရုစိုက်ခဲ့နော်း)))

wasser၊- လဲတညားကလည်း အမြိုကြဲ အမြဲကြိုနေတယ်ရော် (^^)/

ခွန်သဒ္ဒါရေ၊- ရတယ်ညလေး၊ အေးအေးဆေးဆေးပေါ့

မြတ်နိုးရေ၊- ပြောစရာရှိတာတွေ ပြောပါ။ အားမနာနဲ့။ အမှားတွေ့ရင်လည်း ထောက်ပြပါ။ ကိုယ်ကလည်း ဒီဘာသာရပ်က လေ့လာဆဲဆိုတော့ သိပ်အကျွမ်းကြီး မဟုတ်သေးပါဖူး.

ကိုမိုးယံ၊ ကိုဒေါင်းမင်းတို့ကို လည်းကောင်း ကျေးဇူးအထူးတင်ရပါတယ်လို့း)))

ပူးတေလ်ရေ.. အခု မစ္စတာပီကို ခွင့်လွှတ်လို့ရသွားပြီပေါ့နော်။ တော်သေးတာပေါ့။ ကွန်မန့်က မရှုပ်ပါဘူး။ မဖျက်ဘူး အဲ့ဒီအတိုင်းထားလိုက်မယ်။ ပူးတေလ်တောင်းဆိုတာလည်း အစ်မကြုံရင် ပုံလေးတွေနဲ့ ပြောပြပါဦးမယ်။း)))

ကိုဇော်ရေ.. အမေကို မြင်ရတဲ့အကြောင်းရင်းက အဲလိုလို့တော့ အစထဲက ထင်ပြီးသားပါ။

သိင်္ဂါကျော် said...

တို့ကတော့ မြန်မာလို ပြောတဲ့ကားတွေကို နားမလည်တာ.. သူတို့ ငိုနေတာကိုပဲ ရယ်စရာကောင်းနေတာ..
Action ကားတို့ သွေးသံရဲရဲ ကားတွေတော့ ကြိုက်တယ်.. ဟီးး

Anonymous said...

၁။ပထမပုံကို စပြောရရင်တော့ ဟုတ်တယ် ယောင်္ကျားတွေရဲ့ သရုပ်ဆောင်မူကို ၁၀ နာရီထက်ပိုကြာပါတယ်။ ဘယ်လိုမှ မခန့်မှန်းနိုင်ဘူး ပုံစံတွေက တူနေတယ်။ သေချာတာတခုကတော့ သူတို့ဒေါသထွက်နေရင်တော့ ပို ခန့်မှန်းနိုင်မှာပါ။ ပုံထဲမှာတော့ အားလုံးတူနေကြတယ်။
၂။မိန်းမတော်တော်များများကတော့ မြင်လွယ်ထင်လွယ် ခန့်မှန်းလွယ်တယ်နော်။
လာပါပီ… အမျိုးသမီးတွေရဲ့ မွေးရာပါ အရိပ်အကဲဖမ်းတတ်တာဟာ ဘယ်ကောင်လေးက ငါ့လာပီး ကြိုက်နေသလဲဆိုတာပဲ ဖြစ်မှာပါ.။ ဘာလို့ဆို ကမ္ဘာကြီးပေါ်မှာ ယောင်္ကျားတွေရဲ့ လှည့်ဖျားဟန်ဆောင်ချစ်ခဲ့ပီး ကာမညာယူသွားသူတွေဟာ အများကြီးပါပဲ။ ဒါကို ယောင်္ကျားတော်တော်များများလက်ခံပါတယ်။ ဒါပေမဲ့ ယနေ့အထိ အမျိုးသမီးတွေဟာ ငါတို့အတော် သိတယ် မျက်နှာရိပ်ကဲကိုဖမ်းနိုင်တယ်ဆိုပီး အထင်ရှိနေဆဲဆိုတာကို ယောင်္ကျားတော်တော်များများက စိတ်ထဲက ပြုံးပြုံးကြီး နဲ့ ခေါင်းညိမ့်နေပါလိမ့်ဥိးမယ်။ (ယောင်္ကျားစာရေးဆရာတော်၂များများထောက်ခံထားပါတယ်… ဖတ်ရတဲ့ စာအုပ်တွေက များတော့ အတိအကျ မမှတ်မိတော့ပါ။ )
၃။ ဒါကတော့ မိန်းမတွေက မျက်လုံးတချက်ဝှေ့လိုက်တာနဲ့ ဘာဆိုတာကိုတန်းသိကြတာများပါတယ်။ ဒါမဲ့ တန်းသိတယ်ဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်ဆိုတာထက်ကို လူတယောက်ရဲ့ ၀တ်စားဆင်ယင်မူတွေပါ။ ယောင်္ကျားတွေကတော့ ဘကျောက်ပြောသလို မိန်းမတွေကို ကြည့်ရင် အ၀တ်အစား အသုံးအဆောင်ထက် ခန္တာကိုယ်နဲ့ မျက်နှာကို ဦးစားပေးကြည့်တာများတဲ့အတွ့် သူတို့ဘာဝတ်ထားတာလဲဆိုတာ သေချာမသိပါ။ သို့သော်.. ပတ်ဝန်းကျင်ကို မျှော်ကြည့်ဆိုလျှင် မိန်းမတွေထက်သာလို့သာလျှင် မြေပုံကြည့်ကျွမ်းကျင်တာလဲ တကဲ့လက်တွေ့ပါ။
၎။ အင်း …ခပ်ငယ်ငယ်က နိုင်ငံခြားစာစောင်ပဲ ..မမှတ်မိတော့ပေမဲ့ အေးတယ်..ပူတယ်ဆိုတဲ့ ကိစ္စနဲ့ ယောကျာင်္းမိန်းမ ခံနီုင်ရည်ကိုကြည့်တဲ့အခါ ရုံးဖော်မယ်ဝတ်စုံတွေဟာ ယောင်္ကျားတွေက မိန်းမတွေထက် ပိုပီးလုံခြုံသလို အထပ်များပေမဲ့ မိန်းမတွေကတော့ စကတ်တွေဝတ်ရပါတယ်။ ဘယ်လောက်ပဲ အေးအေး သူတို့အနေနဲ့ ခံနိုင်ရည်ရှိနေကြတာဟာ သူတို့ကိုယ်မှာ ရှိတဲ့ အပူဟာ ယောင်္ကျားတွေထက်ပိုများတယ်လို့ ဖတ်ခဲ့ရဘူးပါတယ်။
ဒီတော့ ထပ်ကွန့်ပီး လသာညရဲ့ ဥပမာကို ပြောချင်တာက မိန်းမတွေဟာ ကလေးမွေးပီးရင် သိပ်ကိုချမ်းတတ်ကြပါတယ်။ တော်ရုံတန်ရုံ သူများမချမ်းပေမဲ့ သူတို့ကချမ်းနေတတ်ကြတယ်။ အဲဒါက မီးယပ်ချမ်းလို့ ခေါ်တယ်တဲ့..။ တော်ရုံချမ်း စောင်ခြုံရင်တောင်မလုံဘူးဆိုပဲ။
သရဲရထားတော့ ဘယ်ဘက်ဆိုတာ သေချာမသိ။
အပေါ်ကမန့်သမျှ အရင်တုန်းကဖတ်ခဲ့သိခဲ့ ပီး လူကြီးသူမပြောသမျှများနှင့် မန့်သွားပါကြောင်း

Myatnoe

Anonymous said...

ကျန်ခဲ့လို့...

တို့က အဖေနဲ့သားလျှောက်လာရင် သားချောရင် သားကိုမြင်ပီး အဖေချောရင်အဖေကိုပဲ မြင်တယ်။


မြတ်နိုး

ခွန် said...

တအားစိတ်ဝင်စားဘို့ကောင်းတယ်
အစ်မရေ...
အပူအအေးအကြောင်းက ကျောင်းတုန်းက
သင်ဖူးတယ်။ခုတော့မှတ်မိတော့ဘူး..ဟီး။

လသာည said...

သိင်္ဂါကျော်... ဒါကြောင့်လည်း သိင်္ဂါကျော်က စုံထောက်ဝတ္တုတွေ အရေးကောင်းတာကိုးး))

မြတ်နိုး.. ကွန်မန့်အရှည်ကြီး ရေးပြီး အားရပါးရ ဆွေးနွေးပေးတာ တကယ့်ကို ကျေးဇူးတင်ပါတယ်။

“အပေါ်ကမန့်သမျှ အရင်တုန်းကဖတ်ခဲ့သိခဲ့ ပီး လူကြီးသူမပြောသမျှများနှင့် မန့်သွားပါကြောင်း
Myatnoe”

ကျေးဇူး...။ သူတို့ပြောတာလည်း ဖြစ်နိုင်ပါတယ်။ လသာည မျှဝေတဲ့အခုပိုစ်က စိတ်ပညာရှင် Allan Peaseရဲ့ သုတေသန စာအုပ်မှ ပြန်ပြောတာပါ။ ဟုတ်မဟုတ်တော့ လသာညကိုယ်တိုင် သုတေသန မလုပ်ရသေးဘူးလို့ အာမခံမခံရဲတာ ခွင့်လွှတ်ပါး))။

၁)အဲဒီပုံက ၁၀စက္ကန့်အတွင်း သူများရဲ့ခံစားမှုကို နားလည်ပြီး လိုက်ခံစားနိုင်ပုံကို သရုပ်ဖော်ထားတာပါ။ သူတို့က သူများရဲ့ ခံစားချက်ကို (များသောအားဖြင့်) ၁၀စက္ကန့်အတွင်း နားမလည်နိုင်ဘူးလို့ ဆိုချင်တာပါ။

လသာည said...

၂)မိန်းခလေးတွေက ယောက်ျားလေးကိုပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်း မိန်းခလေးကိုပဲဖြစ်ဖြစ် ယုံလွယ်တတ်၊ သံဃောဇဉ်တွယ်တတ်တာဟာ သူတို့ရဲ့အားနည်းချက်ဖြစ်ပါတယ်။ အခုပိုစ်က အဲဒါကို ပြောတာမဟုတ်ပါဘူး။ သူတို့ရဲ့ ယောက်ျားနဲ့မတူတဲ့ အမြင်အာရုံစွမ်းရည်ကြောင့် ထပ်ဆင့်သိနိုင်တဲ့ အနေအထားကိုပဲ ပြောတာပါ။

“လူကဲခတ် (အမူအရာကို အကဲခတ်ခြင်း) ဘာသာရပ်ကျွမ်းကျင်မှုကြောင့်ပဲ. ကောင်မလေးတစ်ယောက်ဟာ ကောင်လေးတစ်ယောက်က သူမကို စိတ်ဝင်စားနေတယ်ဆိုတာကို ကြိုတင်သိရှိနေကြပါသတဲ့..”
အဲလိုရေးထားတာက လူတစ်ယောက်က ကိုယ့်ကို စိတ်ဝင်စားနေရင်( စိတ်ဝင်စားနေတဲ့အမူအရာ ပြနေရင်) မိန်းမများက အလွယ်တကူ ရိပ်မိသိရှိနိုင်လို့ဖြစ်ပြီး၊ ယောက်ျားများကတော့ သူတို့စိတ်မ၀င်စားဘူးဆိုရင် အရိပ်ပြတာတောင် အရိပ်မမြင်၊ အကောင်ထိဆို ပိုဝေးရော မို့လား။ (အမူအရာကို အကဲခတ်ခြင်း)လို့ ကွင်းစကွင်းပတ်နဲ့ တမင်ရေးထားတာပါ။ အပေါ်ယံအမူအရာကိုသာ ဆိုလိုတာပါ။

လသာည said...

၃)ကတော့ ဘကျောက်နဲ့မြတ်နိုးပြောသလိုပဲ..။ မှန်၏း)))မြေပုံကြည့်ကျွမ်းတာက အခုအမြင်အာရုံနဲ့ ဆက်စပ်ပေမယ့် ဦးနှောက်ရဲ့ တခြားဖန်ရှင်လေ။

၎)မြတ်နိုးပြောမှ ကိုယ့်အမှားကို သတိရသွားတယ်။ ကျေးဇူး။ အဲယာကွန်းကိစ္စမှာ ယောက်ျားများရဲ့ ကိုယ်တွင်းအပူချိန်ပိုတယ်လို့ သူက မဆိုလိုထားဖူး။ အကျဉ်းချူပ်ရေးရင်း ဘာသာပြန်လွဲသွားတယ်။ ဆောရီး(ပို့စ်မှာ ပြန်ပြင်လိုက်ဦးမယ်။ ကျေးဇူးနော်)

သူဆိုလိုတာက အမျိုးသားများက အမျိုးသမီးများထက် (ယေဘုယျအားဖြင့်) ကြွက်သား ၅၀ရာခိုင်နှုန်းပိုတယ်။ ကြွက်သားတွေရဲ့ အားကြောင့် အားစိုက်ထုတ်မှုပိုလုပ်နိုင်တယ်။ အလုပ်ပိုလုပ်နိုင်တယ်။ အားစိုက်ထုတ်တယ်ဆိုတာကို ခန္ဓာကိုယ်တွင်းက ပြန်ကြည့်ရင် စားသမျှအစားအစာက အင်နာဂျီသုံးယူလိုက်တာဖြစ်တယ်။ အင်နာဂျီယူတော့ အပူပိုထွက်တယ်။ (Professor Tipton ရဲ့ အဆိုအရ “ we're only 25 per cent efficient, with 75 per cent of the energy we produce being released as heat” ဒါကြောင့် သူတို့ဟာ ခွန်အားစိုက်ထုတ်တာနှင့်အမျှ အမြဲ အပူထွက် ပူအိုက်ချွေးထွက်နေကြတယ်။ ဒါကြောင့်(တိုတိုပြောရရင်) အခန်းအပူချိန်ကို ပိုနိမ့်လိုချင်တာကို ဆိုလိုတယ်။

ယေဘုယျအားဖြင့် လူသားတိုင်းဟာ ကိုယ်တွင်းအပူချိန် ၃၇ ဒီဂရီရှိနေဖို့ လိုအပ်တယ်၊ ဒါပေမယ့် အတိအကျဆိုရရင် မိန်းမက (မ၀ဘူးဆိုရင် ယေဘုယျအားဖြင့်) ယောက်ျားထက် ၀.၄ ဒီဂရီ ပိုတယ်လို့ ဆိုတယ်။ ၀တဲ့သူတွေက အဆီများတဲ့အတွက် ကိုယ်တွင်းအပူချိန်ကို အဆီနဲ့ ထိန်းနိုင်တယ်။ မိန်းမတွေက ကလေးမွေးချိန်နဲ့ ဓမ္မတာလာချိန်တွေမှာတော့ သွေးသားကြောင့် ကိုယ်အပူချိန် လျော့တတ်တယ်လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းမှ သူက အကျယ်ရေးထားတာ ရှိတယ်။ ပြောရမှာ အရှည်ကြီးဆိုတော့ နောက်မှ ပုံလေးတွေနဲ့ ပြောပြမယ်နော်။

မြတ်နိုးရေ.. တကယ့်ကို ကျေးဇူးတင်ပါတယ်။ အခုလိုအလေးထား ဆွေးနွေးတာ တကယ်ဝမ်းသာပါတယ်။

ခွန်ရေ.. အစ်မကလည်း ကျေးဇူးတင်ပါတယ်နော်...

သူကြီးမင်း (တုံးဖလား) said...

အမက သေချာကို လေ့လာပြီးတင်ထားတာပါ။ ပညာတွေ အများကြီးယူသွားပါတယ်။ ကြုံလာတဲ့အခါ အသုံးချလို့ရတာပေါ့နော် အမ။ ဥပမာ သုဿာန်တစ်ခုကို ဖြတ်သန်း၍ ခရီးအတူသွားခြင်း။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

လသာည said...

ကိုကိုမောင်>> အခုလို အားပေးတဲ့ကွန်မန့်အတွက် ကျေးဇူးအများကြီး အများကြီးတင်ပါတယ်း))

Anonymous said...

ကျန်ခဲ့လို့...

တို့က အဖေနဲ့သားလျှောက်လာရင် သားချောရင် သားကိုမြင်ပီး အဖေချောရင်အဖေကိုပဲ မြင်တယ်။
plz explain why ???

:D

Myatnoe

လသာည said...

အင်း.. ဒါဆို အဖေနဲ့သားပါ ချောနေတဲ့ ငရှဉ်မိသားစုဖြစ်နေရင်ရော ဘယ်သူ့ကို မြင်မလဲ အရင်ဖြေပါး)))

Anonymous said...

no need to ask! thar pot...lo...

:))

MN

ကောင်းမွန်ဝင်း said...

လသာညရေ
တစ်ခုလောက်ပြောပါရစေ။
ပုံလေးတွေကကိုယ်ပိုင်မဟုတ်ရင် ကိုယ့်နံမည်နဲ့ url addressကိုရေးလို့ရ လားဆိုတာပါ။
ကျွန်မသိတာကတော့ ကိုယ်ပိုင်ပေါ်မှာပဲရေးလို့ရတယ်တဲ့။

ခင်မင်စွာဖြင့်

လသာည said...

မမွန်ရေ.. ကျေးဇူးနော်။

ဟုတ်တယ်၊ တွေးတော့ တွေးစရာပါ။ သူများရဲ့စာအုပ်ထဲက စကန်ဖတ်ထားတယ်ဆိုပြီး ကိုယ့် URL ကိုထည့်ထားတယ်ဆိုတော့ ကော်ပီရိုက်ရှိတယ်လေ။

တကယ်က ဒီပုံတွေက စကန်ဖတ်ထားတာ မှန်ပေမယ့် လသာည ပြန်ပြင်ထားတာပါ။ ဥပမာ မြင်သာအောင် နောက်ခံကာလာ စသည်ကို ပြောင်းတာမျိုး၊ အမျိုးသားပုံဆို နှုတ်ခမ်းမွှေးထည့်တာမျိုး၊ မိန်းခလေးပုံဆို နှုတ်ခမ်းနီဆွဲတာ။ ဒါမှမဟုတ် ဆံပင်ဒီဇိုင်း နည်းနည်း၊ပြင်၊ ခြေလက်ပြန်ပြင်ပစ်တာမျိုးပါ။ အဲဒါတွေက ကိုယ်တိုင် ခဲတံနဲ့ ပြန်မှုန်းဆွဲထားတာပါ။ နောက်ပြီး မူရင်းက ဂျပန်လိုစာသားတွေကို မြန်မာလို ပြန်တင်တာမျိုး၊ တခါတလေ လည်း မြန်မာလို ပြောရခက်တာမျိုးကို အင်္ဂလိပ်လိုပြောင်းရေးတာမျိုး လုပ်ပါတယ်။ နောက်ပီး တချို့ပုံတွေကို မြင်သာအောင် မျှားထည့်တာမျိုးကအစ အကြာကြီးအချိန်ယူပြီး ပြင်ထားပါတယ်။

အင်တာနက်က ရတဲ့ပုံ ဒါရိုက်ကူးတဲ့အခါတော့ ဘယ် websiteက ရတယ်လို့ ပြန်ညွှန်းတတ်ပေမယ့်၊ အခုပုံတွေလိုအချိန်ယူပြင်ထားတာမျိုးကျ ကိုယ့်ရဲ့URLကိုထည့်ဖြစ်ပါတယ်။

တကယ်တော့ ကိုယ့်URL ကိုမထည့်ချင်ပါဘူး။ ဒါပေမယ့် တခါတလေကျ ကိုယ်တိုင်အပင်ပန်းခံပြီး စကန်ဖတ်၊ စာသားထည့်ထားတဲ့ပုံတွေနဲ့ တင်ထားတဲ့ပိုစ်ကို ကူးယူဖော်ပြသူက ကူးယူပြီး ကိုယ်ရေးသလိုလို လုပ်တာရှိပါတယ်။ မေးရင်လည်း သူကအဲ့စာအုပ်က ကူးတာလို့ ပြောလာနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှတော့ မတူနိုင်ဘူးလေ။ ကိုယ်က ကိုယ့်သင်္ကေတပါပြီးသား။ ယှဉ်မပြောချင်လို့သာ ငြိမ်နေဖြစ်မှာမျိုး..။

ဒါကြောင့် အခုလို မြန်မာမှုပြုသူ၊ ဒီလိုပြင်သူဟာ ဒီဘလော့ပိုင်ရှင်မှန်းသိအောင်လို့ တမင်ထည့်ဖြစ်သွားတာပါ။

နည်းနည်းခေါင်းစားသွားသလား။ ဆောရီးနော်..

ကောင်းမွန်ဝင်း said...

လသာညရေ
နားလည်ပါပြီ။
ဟုတ်တယ်နော်၊ အဲလိုပြင်ထားတာဆိုဘယ်လိုဖြစ်မလဲမသိဘူး။
လေ့လာရဦးမယ်။
ကျွန်မလည်းတခါတလေ ပြင်တတ်တယ်။
အဲဒါလေ့လာရဦးမယ်။
သိချင်တာတွေကလည်း များလိုက်တာနော်။

ခင်မင်စွာဖြင့်

PhyoPhyo said...

အမျိုးသားတွေက ခံစားချက်မဖော်ပြနိုင်ဘူး၊ တဲ့ ပုံမှာရယ်ရတယ်၊
မိန်းကလေး တွေများ ပီပြင်လိုက်တာ :D
မိန်းကလေးတွေမျက်စိလျှင်တာတော့အဟုတ်၊ ကိုယ်က တွေ့နေကျ သူငယ်ချင်းတွေတွေ့ရင် နှုတ်ခမ်းနီ အရောင်လေးပြောင်းဆိုးတာတောင်သိတယ်၊ ဆံပင်ညှပ်ထားလဲ ချက်ချင်းသိတယ်၊ ဖြတ်ကနဲ သိလိုက်တာပဲ၊ ဒါတောင် သေချာစပ်စုတဲ့ပုံစံနဲ့ ကြည့်တာမဟုတ်ဘူး၊
ပထမပိုစ့်တစ်ပုဒ်မှာလည်း ယောက်ျားလေးတွေ အမျိုးသမီးတွေစကားနားထောင်ရဲ့လား စမ်းတဲ့ ပိုစ့်လေ၊ အဲဒါလည်း စိတ်ဝင်စားတယ်၊
ဒီတစ်ပုဒ်လည်း စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ မရှည်ပါဘူး၊
စိတ်ဝင်စားဖို့ကောင်းတဲ့ ပိုစ့်လေးတင်ပေးလို့ မီးမီးလေး မေမေရေ ကျေးဇူးတင်ပါတယ်၊
ပျော်ရွှင်ချမ်းမြေ့ပါစေ

blackcoffee said...

အစ်မ သူလေးကို ဘယ်ဘက်က ထားတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် သူ့ ကို ဖတ်ပြီး နှစ်သိမ့်ဖို့ ကျတော့ ကျွန်တော်က ဘယ်မသန်ဘူးဗျ။ ဘယ်လိုလုပ်ရမလဲ။

SHWE ZIN U said...

လသာည လှလှလေး ရေ

ရွှေစင်ဦး နောက်ကျသွားတယ်နော် ဖတ်တော့အရင်ဆုံး ဖတ်ပြီးတယ် မမန့်အားလို့ လသာည ရှင်းပြတာ လေး တွေကို သိပ်သဘောကျတယ် သဘာဝ အတိုင်း ဖြစ်ပျက်နေတာလေး တွေကို ပို သဘောပေါက်တယ်

ကျေးဇူးနော်
ချစ်တဲ့
အမရွှေစင်ဦး

လသာည said...

ဖြိုးဖြိုးရေ..မီးမီးလေးရဲ့မေမေကလည်း ကျေးဇူးတင်နေပါတယ်လို့း))

ဘလက်ကော်ဖီ..ဒါဆို ညာလက်နဲ့ပဲဖက်ပြီး ကိုကိုကြောက်တယ်၊ ပြန်ကြစို့လို့ ပြောလိုက်ပေါ့း))) နောက်တာပါ။ ဘလက်က ဗန္ဓူလမျိုးနွယ် မကြောက်တတ်ဘူးမို့လား..
.
လုပ်ပြီ အမရွှေစင်.တော်တော်နောက်စ်။ မလှရပါဘူး မရယ်။ ဒါပေမယ့် နောက်တစ်ခေါက် ထပ်ပြောပါဦး.. အော်း)))

အခုလို အားပေးတဲ့ သူငယ်ချင်းများ အားလုံးကို လသာညမှ ကျေးဇူးအများကြီးတင်ပါတယ်

နေ့အိပ်မက် said...

ယောင်္ကျားလေးတွေ အပူမခံနိုင်ဘူး၊ အအေးကြိုက်တယ်ဆိုတာတော့ ငယ်ငယ်ကတည်းက သတိထားမိတယ်။ ဆောင်းပေါက်ပြီဆို ကျောင်းမှာ မိန်းကလေးတွေက အနွေးထည်ရောင်စုံဝတ်ပြီး ယောင်္ကျားလေးတွေက ပုံမှန်ပဲလာကြတာလေ။ ဒါပေမဲ့ အဲလိုအချိန်မှာ သိပ်လည်းမအေးဘဲ အနွေးထည်ဝတ်တဲ့ယောင်္ကျားလေးတွေဆို သိပ်မုန်းတာပဲ၊ ယောင်္ကျားမပီသဘူးဆိုပြီးတော့။ နေ့အိပ်မက်က ခုထိ တော်ရုံအေးတာကို အနွေးထည်မဝတ်ချင်ဘူးလေ။ :D

အင်္ဂါဟူး said...

စိတ်ဆိုးဝူး... စာရှည်တွေ ဖတ်ရမှာ ပျင်းတတ်တဲ့ အနော်တောင်... အစအဆုံးဖတ်သွားတယ်. ဒီတစ်ခါ လာဖတ်တာနဲ့ ဆို နှစ်ခါရှိဘီ(ဒီပို့စ်ကို).. အခုမှ မန့်ဖြစ်တာ

စိတ်ပညာဆိုလို့ နှစ်ခါ ထပ်ဖတ်ဖြစ်တယ်...

ဟန်ကြည် said...

သေချာဖတ်တယ် တိတိကကျပြောရရင် နှစ်ခေါက်ပြန်ဖတ်တယ်...ကျကျနန လေ့လာပြီး ပုံလေးတွေနဲ့ လှလှပပ တင်ပြထားတာကို သဘောကျတယ်...အချက်အလက်တွေ စုစုစည်းစည်း ရေးထားတာကို လေးစားတယ်...

မဒမ်ဟန်ကြည်အကြောင်းကို အရင်ကထက် ပိုသဘောပေါက်လာသလို ခံစားလိုက်ရပါသဗျား...ဒီထဲက စာသားတွေကို မှတ်စုထဲမှာတောင် ကူးယူထားလိုက်မိပါသေးတယ်...

ကျေးဇူးပါဗျား...