Wednesday, May 15, 2013

သိစိတ်ကို ဖမ်းမယ့် ဆော့ဖ်ဝဲ

photo: http://nuclearfissionary.com/
တကယ်ဆို ဒီဘာသာကို ကျွန်မ လေ့လာဖို့ မသင့်ခဲ့ပါ..။

ပရိုတွန် (proton)၊ အီလက်ထရွန် ( electron)၊ နယူထရွမ် (neutron) ဆိုပြီးတော့ စသိခဲ့ရတဲ့ အက်တမ်များရဲ့ဖွဲစည်းပုံများအကြောင်း....။ စသိခဲ့တဲ့ အထက်တန်းကျောင်းသူဘ၀တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ..။ အခုနှစ်ပိုင်းတွေထဲမှာမှ နယူထရွမ်လေးများအကြောင်းကို ကျွန်မပိုစိတ်ဝင်စားလာမိပါတယ်။ ကြီးမားတဲ့ ပေါက်ကွဲမှုတွေကို ဖြစ်စေတဲ့ နယူးကလီးယား စွမ်းအင်တွေဟာ တကယ်တော့ နယူထရွန်လေးတွေ ရွေ့လျားမှုကြောင့်ဖြစ်ရတာ မဟုတ်လား..။

မြင်သာအောင် ပြောပြရရင် အက်တမ်တစ်ခုမှ နယူထရွန်လေးအဖြစ် ခွဲထုတ်လိုက်တဲ့အခါ ရလာလာချင်း နယူထရွန်ကို fast neutron လို့ ခေါ်ပြီး သူရွေလျားမှုကြောင့် ဖြစ်လာတဲ့ စွမ်းအင်က 1 MeV (Million Electron Volts) ဖြစ်တယ်။ အဲဒီ စွမ်းအင်က နယူထရွန်လေးက တစ်နာရီမှာ မိုင်သန်းပေါင်း ၃၁.၃ နှုန်းနဲ့ ရွေ့လျားနေတဲ့ပမာဏဖြစ်ပါတယ်။ အင်မတန်မှ လျင်မြန်တဲ့ နှုန်းနဲ့ ရွေ့လျားနေတာပေါ့..။

အဲဒီ နယူထရွန်ရွေ့လျားမှုက စိတ်ပညာ ဘာသာရပ်ထဲက ကျွန်မလေ့လာနေသော “လူ၏စိတ်နေစိတ်ထားနှင့် ဦးနှောက်လုပ်ငန်းစဉ်များအကြောင်း” လေ့လာချက်နဲ့ အလွန်အမင်း ဆက်နွယ်လာလိမ့်မယ်လို့ မထင်ခဲ့မိပါ။

တနေ့တော့ ပရော်ဖက်ဆာ ရာမမိုတိုက လူတွေ၏ မသိစိတ်နဲ့ သိစိတ်ပြောင်းလဲမှုကို ခွဲခြမ်းစိတ်ဖြာလို့ ရကြောင်း၊ ဆော့ဖ်ဝဲတစ်ခုကို သုံးပြီးရှာရတာ ဖြစ်ကြောင်း၊ အဓိကကတော့ သိစိတ်နယူထရွန်လေးများ ရွေ့လျားမူကို လေ့လာခြင်း ဖြစ်ကြောင်း ရှင်းလင်းသင်ကြားပါတယ်။ ပရော်ဖက်ဆာ၏ ဦးနှောက်နယူထရွန် သီအိုရီအရ လူများ၏ သိစိတ်နဲ့ မသိစိတ်က အလှည့်ကျဖြစ်နေတာ ဖြစ်ပါတယ်။ ဥပမာ.. မိမိရှေ့မှ သူငယ်ချင်းက ပြောလာတဲ့စကားတွေကို ကိုယ်က နားထောင်တဲ့အခါ ကိုယ်ကတော့ တောက်လျှောက် ကြားရသလို ထင်မှတ်ရပေမယ့် တကယ်က ကြားတာကို သိတဲ့နယူထရွန်နဲ့ မသိစိတ်နယူထရွန်လေးတွေ အလည့်ကျဖြတ်သန်းသွားနေခိုက် နယူထရွန်လေးတွေက ရွေ့လျားတာ လျင်မြန်လွန်းတာမို့ တောက်လျှောက်ကြားနေရသလို ထင်ရတာ ဖြစ်ပါတယ်။ ၎င်းကို အနုစိတ်တွက်ချက်ပေးတဲ့ ဆော့ဖ်ဝဲ တစ်ခုကို အခု တီထွင်နိုင်ခဲ့ပြီ ဆိုပဲ။

 သိစိတ်တွေကို လိုက်ဖမ်းမယ့် ဆော့ဖ်ဝဲ..တဲ့..။

အဲဒီတွေ့ရှိချက်က ကျွန်မကို မိုက်မဲတဲ့ ကြိုးစားမှုတစ်ခုကို အစပြုဖို့ နိုးဆွပေးတဲ့ အချက်ပဲဖြစ်ခဲ့ပါတော့တယ်..။

4 comments:

Anonymous said...

မိုက်မဲတဲ့ ကျိုးစားမှု့လေး အောင်မြင်ပါစေလို့ ဆုတောင်းပေးရင်း သတင်းကောင်းလေး ကိုစောင့်မျှော်နေ ပါတယ် ညီမငယ်လသာည ရေ

အောင်မြင်မှု့တွေ ရင်ဝယ်ပိုက်နိုင်မဲ့ နေ့ကို မျှော်နေမယ်

ချစ်အမကြီး
ရွှေစင်ဦး

လသာည said...

ဟား.. အစ်မကတော့ ဟန်ဆောင်ပန်ဆောင် တားချင်စိတ်တောင် မရှိတော့ဘူးလား :D

ကဲ မတားနဲ့တော့ မိုက်နေတာ တ၀က်ကျိုးသွားပြီဆိုတော့ ဆက်သွားလိုက်တော့မယ်နော်

seesein said...

ဆော့ဝဲတဲ့ကောင်းတဲ့ နည်းတွေရှိပါတယ်....သိပ္ပံနည်းကို လွန်ဆန်နိုင်တဲ့ သဘာဝတရားနည်းလမ်းတွေနဲ့လေ့လာကြည့်ရင် ပိုကောင်းမလားမသိ......မိုက်နေတာကနေ လိမ္မာသွားစေမယ်လေ....အိမ်သူဂျီးကို ခွင့်တောင်းမနေနဲ့ လုပ်စရာရှိတာလုပ်ဖို့က လလတာဝန်သာလျှင်ဖြစ်ပါကြောင်း.....

လသာည said...

ဟုတ် စစပြောတာ ဟုတ်။ ထို့ကြောင့် စစပြောသလို လလ ဆက်လုပ်..
ပါမည်ဖြစ်ကြောင်း..
တိုင်ပင်လိုက်ဦးမယ် :D