Thursday, February 18, 2010

စကားနားမထောင်သော ယောက်ျား နဲ့ မြေပုံ မကြည့်တတ်သော မိန်းမ

အလုပ်တွေမှာ၊ အိမ်တွေမှာ အမျိုးသားနဲ့ အမျိုးသမီးများ တကျက်ကျက် ဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာကို စိတ်ပညာရှင် တချို့က နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့ကြပါတယ်။

ဥပမာ တစ်ခုပြောရရင်..
 ကားနောက်ခန်းမှာ အမေနဲ့ သမီး ၃ ယောက်က စကားကို လက်ပံပင် ဇရက်ကျသလို မပြတ်ပြောလာတဲ့အတွက် ကားမောင်းနေတဲ့ အဖေက အလိုလို စိတ်မရှည် ဖြစ်လာပြီး “စကားတွေများတယ်ကွာ.. မင်းတို့ဆူနေတာနဲ့ ငါ ကားမောင်းလို့ မရတော့ဘူး” လို့  အော်လိုက်တာမျိုးပေါ့။

သမီး ၃ ယောက်နဲ့ အမေက နှုတ်ခမ်းတွေ ပြိုင်တူမဲ့လိုက်ကြတယ်။ ဟုတ်တယ်လေ.. ကားမောင်းတာနဲ့ စကားပြောတာနဲ့. ဘာဆိုင်လို့လဲ။ ဘာဆိုင်လည်း မဆိုင်လဲ အဖေဖြစ်သူကိုယ်တိုင် မပြောပြတတ်ပေမယ့် သူမောင်းနေတဲ့လမ်းကတော့ မှားသွားခဲ့ပါတယ်။ ကွေ့ရမယ့် နေရာမှာ မကွေ့လိုက်ပဲ အဝေးပြေးလမ်းမကြီးကို ရောက်သွားပါတယ်..

အဖေကြီးက ဆက်စဉ်းစားနေတယ်။ အဲဒါ သူတို့ကြောင့်လမ်းမှားရတာ (._.)/

အဲလိုမျိုး အပြုအမူမတူ၊ စိတ်ချင်း မတိုက်ဆိုင်ပဲ တကျက်ကျက်ရန်ဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာကို ..လေ့လာတော့ ယေဘုယျအားဖြင့် အောက်က အချက်တွေကို အဓိက သွားတွေ့ခဲ့ပါတယ်။
  • ယောက်ျားများဟာ တချိန်တည်းမှာ အကြောင်းအရာတစ်ခု ကိုပဲ အာရုံစိုက်နိုင်တယ်။
  • မိန်းမများဟာ စကားပြောခြင်း၊ နားထောင်ခြင်း၊ စာရေးခြင်း စတဲ့ အလုပ်အမျိုးမျိုးကို တချိန်တည်းမှာ လုပ်နိုင်ပါတယ်။
  • ယောက်ျားများဟာ ပြဿနာတွေကို ဖြေရှင်းတတ်တယ်။ ဒါပေမဲ့ အကြံပေးတာကို သိပ်လက်မခံချင်ဘူး ။
  • မိန်းမများဟာ လမ်းမှတ်ဖို့ ခဲယဉ်းတတ်သလို၊ လမ်းမှား မျက်စိလည်တတ်လွန်းလို့ လမ်းသွားရင် အဖော်ပါမှ ဖြစ်တယ်။
ဒီလိုကွဲပြားရတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကိုလည်း ဆက်ရှာကြရင်း ၁၉၈၀ နောက်ပိုင်းက စပြီး အဖြေကို သတိထားမိလာကြပါတယ်။ အဲဒါကတော့ ဦးနှောက်ဖွဲ့စည်းပုံ မတူလို့ ကွဲပြားရတာဖြစ်ပါတယ်တဲ့..။ အဲဒီအကြောင်းကို Allan Pease, Barbara Pease ရဲ့ Why Men Don't Listen and Women Can't Read Maps Reviews မှာ ပုံပြင် သာဓက ပေါင်းများစွာနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်.. (ကျွန်မကတော့ အင်္ဂလိပ်လို စာအုပ် ရှာလို့မရလို့ ဂျပန်လို ဘာသာပြန်ပြီး ရေးထားတဲ့ စာအုပ်ကိုပဲ ဖတ်ဖြစ်ခဲ့ပါတယ်)

အောက်က ပုံလေးတွေ နည်းနည်းလောက်ကြည့်ကြည့်ရအောင်။
ကားမောင်းနေတဲ့ အဖေက လမ်းကို မှားမှန်းသိပေမယ့် သူများကိုလည်း မမေး၊ (သူများပြောတဲ့ အကြံဥာဏ်လည်း နားမထောင်ပဲ) လမ်းကြောင်းကို ကိုယ့်ဘာသာ ရှာကြည့်နေတဲ့အတွက် ကလေးများက ယဉ်ထိန်းရဲကို အကူအညီတောင်းရတဲ့ အထိပါပဲ။
အမျိုးသမီးက သူ့က ငါပြောတာကို ဂရုမစိုက်ဘူး၊ ငါ့ကို ဥပက္ခာပြုတယ်လို့ ထင်နေချိန်မှာ အမျိုးသားတွေးတာက တခြားဖြစ်နေတတ်တယ်။ ပုံထဲကလို “ယင်ကောင်တွေ မျက်နှာကျက်ကနေ အောက်ကို ပြုတ်မကျပဲ ဘာလို့ ပြောင်းပြန် တွယ်ကပ်နေနိုင်သလဲ”ဆိုတဲ့ အကြောင်းအရာမျိုး တစ်ခုခုကို လေးလေးနက်နက် အာရုံစိုက် အတွေးနယ်ချဲ့နေတာ ဖြစ်နိုင်ပါတယ်..
အ၀တ်ဗီဒိုထဲက အ၀တ်ကို ယူဖို့ ဖြစ်ဖြစ်၊ ရေခဲသေတ္တာထဲမှာ စားစရာကို ယူစားဖို့ပဲ ဖြစ်ဖြစ် ဘယ်လောက် အဆင့်သင့် ဖြစ်အောင် ထားထား၊ သူလိုချင်တာကို မရှာနိုင်ပဲ မိန်းမကိုပဲ လှမ်းမေးတတ်လိမ့်မယ်။ အော်.. တော်တော် အပျင်းကြီးတာပဲ.လို့. ;) အော်... မဟုတ်ပါဘူး..D

အဲဒါ အပျင်းကြီးတာ ကြောင့် မဟုတ်ပါဘူးတဲ့..။ စိတ်ပညာကပြောတာပါ။ ။ ကဲ.. ဘာကြောင့်လဲ ဆိုတာကို ဦးနှောက် အလုပ်လုပ်ပုံကနေ လေ့လာရအောင်...

စိတ်လှုပ်ရှားမှုတစ်ခု အတွက် ဆိုရင် (ဘယ်ဘက်ခြမ်းက) အမျိုးသမီးရဲ့ ဦးနှောက်က အများကြီး အလုပ်လုပ်နေချိန်၊ အမျိုးသားရဲ့ ဦးနှောက် (ညာဘက်ခြမ်းကတော့) နှစ်နေရာပဲ လုပ်ရှားပါလိမ့်မယ်..။ ဒါကြောင့် အမျိုးသမီးများဟာ အမျိုးသားများထက် ကြောက်တတ်၊ စိုးရိမ်တတ်၊ သောကများတတ်တာ ဖြစ်ပါတယ်။ ဒါလေးကို ဟာသအဖြစ်( ဒီနေရာ)မှာ ကလစ်ပြီး ကြည့်နိုင်ပါတယ်။
မြေပုံ အစရှိတဲ့ အရာတွေကို မှတ်သားတဲ့အခါ ဖြစ်တဲ့ ဦးနှောက်အလုပ်လုပ်ပုံပါ။ အနက်ရောင် အပိုင်းလေးတွေက active ဖြစ်နေတဲ့ အပိုင်းပါ။ အမျိုးသမီးက သိပ်active ဖြစ်မှုမရှိပဲ အမျိုးသားကတော့ active ဖြစ်မှုများတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက သိပ်ပြီး လမ်း၊ အရပ်မျက်နှာ သိပ်မမှတ်နိုင်တာ ဖြစ်ပါတယ်။ဒါကတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် အမျိုးသမီး၏ ဦးနှောက်ရဲ့active ဖြစ်နေတဲ့ အပိုင်းဖြစ်ပါတယ်။
ဒါကတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် အမျိုးသား၏ ဦးနှောက်ရဲ့ active ဖြစ်နေတဲ့ အပိုင်းဖြစ်ပါတယ်။ အမျိုးသမီးထက် နည်းပါတယ်။ ဒါကြောင့် အမျိုးသမီးများထက် စကားနည်းခြင်း၊ စကား မကြွယ်ခြင်းဖြစ်ပါတယ်။

အဲ.. အမျိုးသားနဲ့ အမျိုးသမီး ဦးနှောက်အလုပ်လုပ်ပုံ မတူတာကို အောက်က ပုံနှစ်ပုံကနေပြီး အသေးစိတ် ဖော်ပြထားပါတယ်။ (ပုံက စာသားတွေက တကယ်တော့ ဂျပန်လို ဖော်ပြထားတာပါ။ နားလည်လွယ်အောင်လို့ မြန်မာလို နားလည်သလို ဘာသာပြန်ပြီး ပြန်ရိုက်ပေးထားတာပါ။ စကားလုံးအသုံး လွဲတာ ရှိခဲ့ရင် ခွင့်လွှတ်ပါ။း)
အမျိုးသားတစ်ဦးရဲ့ ဦးနှောက်မှ ပေးစွမ်းနိုင်သော စွမ်းရည်ကို ပုံဖော်ထားတာပါ..။ အားရင် ပုံကို ကလစ်နှိပ်လို ဖတ်ကြည့်ပါ စိတ်ဝင်စားစရာ ကောင်းတယ် :)
အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်မှ ပေးစွမ်းနိုင်သော ခံစားမှု၊ စွမ်းရည်ကို ပုံဖော်ထားတာပါ..။ အမျိုးသမီး သယ်ရင်းလေးများလည်း အားရင် လျှောက်ဖတ်ကြည့်ပါ၊ စိတ်ဝင်စားစရာ ကောင်းတယ်ရော် ။ ကိုယ်နဲ့ အချက် ဘယ်လောက် တူသလဲ၊ ဒီ စံအတိုင်းဆို ဘယ်နှရာခိုင်နှုန်း မိန်းမဆန်သလဲ ဆိုတာ သိရတာပေါ့ :) (ဆိုလိုတာက အမျိုးသမီးများက ယေဘုယျအားဖြင့် မြေပုံ၊ လမ်းမမှတ်တတ်ဘူးဆိုပေမယ့် ပိုမှတ်တတ်တဲ့သူ ရှိတယ်မဟုတ်လား၊ ယောက်ျားလေးများ စကားမကြွယ်ဘူးဆိုသော်လည်း ကြွယ်တဲ့သူများကျတော့... အဲ..:D)

မှတ်ဥာဏ်အကြောင်း မတင်တာ ကြာပြီလို့ ပြောတဲ့ သူငယ်ချင်းအတွက် ပါ..။ ဆက်ပြီး စိတ်ဝင်စားသေးရင် အရင်က ရေးထားတာတွေ ဒီနေရာမှာ ရှိပါတယ်..။ မှတ်ဥာဏ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ရှိတယ်။ အခု ဒီပိုစ်ကတော့ အောက်က စာအုပ်ကို ဖတ်ပြီး (ပုံများကိုလည်း စကန်ဖတ်လို့) ပြန်ပြောတာပါ။ လသာည.. ဖြစ်ပါတယ် :)



24 comments:

kiki said...

အိမ်သာမှာ အပေါက်တဲ့တဲ့ ထိုင်နိုင်တဲ့ စွမ်းရည် က မိန်းမ မှာ မပါပေမဲ့ အပေါက်လွဲတဲ့ မိန်းမ မရှိလောက်ဖူးနော် ။
ပြီးတော့ အိမ်သာ အဖုံး ပြန်ဖုံးလိုစိတ် နေရာ မရှိတဲ့ ကျားတွေ သုံးဖို့  ကို အဖုံးမပါတဲ့ မတ်တပ်ရပ် တာမျိုး တီထွင်ပေးကြတာ လည်း ဖြစ်နိုင်တယ် ။
အယ်.. မိန်းမ မှာတော့ လိင်စိတ် နေရာလဲ ရှာမတွေ့ပါလား .. တွေ့ ပြီ မနဲ ရှာရတယ် အစက်လေးတစက် ပဲလား ။မြေပုံဖတ်နိုင်စွမ်း နဲ့ တူတူလောက်ပဲ .. ဟားဟား ..

ဟိဟိ .. သန်ရာ သန်ရာ ပဲ မြင်သွားပါတယ် ။ စိတ်ဝင်စားစရာ တကယ်ကောင်းပါတယ် လသာည ရေ...ကျေးဇူးပါ ..

မိုးသီတာ said...

bbc ဆိုက်ကို မေးခွန်းတွေ သွားဖြေဖူးတာတော့ ကျား။ ၅၀။ မ ၅၀ပါတဲ့။ တော်ပါသေးရဲ့။ ကျားဘက်ကို မများသွားတာ။ အလေ့အကျင့်ပေါ်မူတည်ပြီး မြေပုံဖတ်နိုင်စွမ်းကတော့ ကွာသွားတတ်ပါတယ်။ ဥပမာမေဂျာကမိန်းခလေးများ။ စကားကတော့မိန်းခလေးပေမဲ့ စကားနည်းသူလဲ ရှိရဲ့။ ထူးခြားတာတော့ ဂျပန်ရောက်တော့မိန်းမနဲ့ ပိုတူလာတာပါပဲ။ ဘေးနားက အထီးတွေလုပ်သလို လိုက်လုပ်ရင်း။ :D :D :D သူတို့လို မျက်ခုံးမွေးလဲ အကျအန ပုံသွင်းလိုက်တယ်။ ၀ိတ်လျှော့အောင် အငတ်ခံတာလဲ သူတို့လမ်းပြတာလေ။ ဖက်ရှင်ဆိုတာကတော့ ပြောမနေပါနဲ့တော့။ ခု စကင်းကဲရ်လုပ်မယ်ပြောနေကြပြန်ပြီ။ ဒီနေ့ တစ်ယောက် ဆံပင်ကို ဘလော့ဂ် ညှပ်လာတယ်။ (အထီးနော်။) သူတို့တွေကျတော့ ဦးနှောက်က ဘယ်လိုတဲ့လဲဟင်။ တစ်ယောက်နှစ်ယောက်မဟုတ်လို့မေးကြည့်တာပါ လသာည။ အလွန်အံ့သြလွန်းလို့ပါ။

ဂျူနို said...

ဖတ်ပြီး သဘောကျလို့ ရီသွားတယ်။ ဘာဖတ်ပြီး ဘာ သဘောကျတာလည်းဆိုတာ ပြောပြဖူး။:)

မအယ်

မယ့်ကိုး said...

:D ...ဖတ်ရတာ အရမ်းသဘောကျတယ် ချစ်မလေး။ ဒီဦးနှောက်ဖွဲ့စည်းပုံမျိုးဖတ်ဖူးပေမယ့် ဒီတစ်ခါဖတ်ရတာ အသေးစိတ်အကျဆုံးပဲ ထင်တယ်။ ပုံလေးကိုလည်း သိမ်းထားတယ်။
မိန်းကလေး ဦးနှောက်တော့ အပြည့်အဝသိပ်မတူဘူးထင်တယ်။ အချို့နေရာတွေ။ဈေးဝယ်ထွက်ချင်တာ ။ ဖုန်းအကြာကြီးပြောနိုင်တာတွေမှာ မတူဘူးလိုပဲ။
လုံးဝတူတာကတော့ မြေပုံဖတ်နိုင်စွမ်းပဲ ...လမ်းမှတ်တဲ့နေရာမှာ အလွန်ပဲ ညံ့ပါတယ် :)

ဂျပန်ကောင်လေး said...

အတော်ကို ပြုစုထားတာပဲ....း))......

သိင်္ဂါကျော် said...

ဖတ်ရတာ စိတ်ဝင်စားစရာလေး..
ိကိုယ့်ဦးနှောက်ကတော့ မိန်းမ၊ ယောင်္ကျား တစ်ဝက်စီလိုပဲလို့ ထင်လိုက်တယ်.. :D

မိဆိုးလေး said...

ငယ်ငယ်ကတည်းက မသွားဘူးတဲ့နေရာဆို ဘယ်သူမှမပါဘဲ မြေပုံနဲ့ သွားတာ ခုထိပဲ အင်း မိန်းမ မပီသဘူးထင်ပါရဲ့ သိင်္ဂါကျော်ပြောသလိုပဲ တစ်ဝက်စီပေါ့ ဟီးးးးး

Unknown said...

အရပ်လေးမျက်နှာ မမှတ်မိတာကတော့ တကယ်ဟုတ်တယ်။ကျွန်မကို တောင်တွေမြောက်တွေနဲ့ လာပြောရင် အရမ်းစိတ်တိုတာ။စကားမစပ် မကွေးက အဲလို တောင်မြောက်တွေ သိပ်သုံးတယ်။:P

Anonymous said...

လမ်းမှတ်မိတတ်ပါတယ်။
အထူးသဖြင့်ဆန်းသစ်တီထွင်တဲ့အရပ်တခေါက်မှမသွားဖူးတဲ့အရပ်ကို ကိုယ့်စွမ်းကိုယ်စနဲ့သွားတတ်ပါတယ်။ မေးတာက အချိန်မရတဲ့အခါ မေးပါတယ်။ ဒါပေမဲ့ လူကိုကြည့်ပီးမှမေးပါတယ်။ အမေးခံနိုင်တဲ့အရည်အချင်းရှိမရှိဆုံးဖြတ်ပီးမှမေးတာပါ။တွေ့တဲ့သူတိုင်းပြောတဲ့စကားကို လက်ခံနိုင်စွမ်းမရှိပါဘူး။
စကားများပါတယ်။ စကားတတ်တဲ့အထဲပါပါတယ်။

မိုးမင်းကြီး

မြတ်မွန် said...

ဗဟုတုတ ရတယ် မမရေ..
ကောင်းတယ်..။

Unknown said...

ုkiki,မိုး, မအယ်,မယ်ကိုး,ဂျပန်ကောင်လေး, သိင်္ဂါကျော်,မိဆိုးလေး,ပန်းရင့်ရောင်,မိုမိဂျိ, မြတ်မွန် အားလုံး အားလုံးကို ကွန်မန့်လေးများ အတွက် ကျေးဇူးအထူးတင်ပါတယ်.. :D

Naing Pa said...

"စိတ်ဝင်စားဖို့ အ၇မ်းကောင်းတယ် နုနုေ၇.....
ဒို့ လဲမြေပုံကြည့် ညံ့သလားမမေးနဲ့ ..
့အမြဲလမ်းမှားတယ်.....
ဘယ်သွားသွား..."

ကိုလူထွေး said...

အစစ်ပဲ.. အဟုတ်ပဲ...

အပြင်မှာလည်း အဲဒီအတိုင်းပဲ...

(ဝန်ခံသွားပါသည်)

းဝ)

T T Sweet said...

ရေးထားတာလေးတွေက အိမ်ကအမျိုးသားနဲ့ကိုယ့်ရဲ့ အဖြစ်တွေနဲ့ တူလွန်းလို့ အံ့သြစွာ ဖတ်သွားပါသည်။ တစ်ချို့နေရာလေးတွေ ပြုံးမိပါသည်။

ရွှေရတုမှတ်တမ်း said...

အမျိုးသမီးတွေလမ်းမှားရောက်တယ်ဆိုတာ..
ဒါကြောင့်ကိုး..

ကျော်နှင်းဆီလွင် said...

မညရေ
သြော်အဲလိုကိုးလို့ ဗဟုသုတရတာမို့
မှတ်သားပြီးပြန်သွားပါတယ်။
ညီမကတော့ စကားလည်းနားမထောင်
မြေပုံလဲမကျွမ်းပါ
:D

နိုင် said...

လသာညရေ...တိုက်ဆိုင်လိုက်တာများကွာ..ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်စကားလိုဖြစ်နေပြီ...တစ်ကယ်ပါပဲ အိမ်က ဦးနတ်အိမ်နဲ့ အပြင်ထွက်တိုင်း GPS မကြည့်တတ်လို့ အပြောခံရတာ အမြဲပဲ..မသွားဖူးတဲ့နေရာကို သွားတိုင်း တစ်လမ်းလုံး ဒါလေးတောင်မလုပ်တတ်ဘူး အပြောခံရတာအမြဲပဲ..သူပြောလည်းခံရမှာပဲလေ..တို့ကလည်းနုံလိုက်တာ မှ ဘယ်လိုမှမကြည့်တတ်ဖူးတတ်ဘူး..လမ်းကျော်ကျော်သွားလို့ပြန်ပြန်ကွေ့ရတာခနခနပဲ...ဘာပဲဖြစ်ဖြစ် လသာရဲ့ဦးနှောက်အလုပ်လုပ်ပုံလေး
ကတော့ ဦးနတ်အိမ်ကို ပြန်ပြောလို့ရပြီ ..

လသာည said...

နိုင်ပ.. ကိုလူထွေး.. ဘကျောက်..တီတီဆွိ..ကျော်..နဲ့ နိုင် အားလုံးကို ကျေးဇူးတင်ပါတယ်..
နိုင်ခေါ်တဲ့ “ဦးနတ်အိမ်”ဆိုတဲ့ စကားလုံးလေးကို သေချာမှတ်ထားတယ်.. အလျင်းသင့်ရင် သုံးရအောင်လို့ :D

Dust in the wind said...

Thank for your good post....:D
勉強になりました。

လသာည said...

こちらこそ、ありがとう!!(^^;

ဂျူနို said...

ရီရလို့ ထပ်လာသည်။

လသာည said...

:D လာပါ လာပါ ခဏခဏ လာပါ.. ကော်ဖီတိုက်ပါ့မယ်

Mrs. Bagel said...

အစ်မရေ Why men lie and women cry ? ဆိုတဲ့စာအုပ်လေးလည်းရှိတယ်။ Why men don't listen and Women can't read maps ရဲ့ အဆက်။ Allen and Babara Peace တို့လင်မယားရေးထားတာပဲ။ အဲဒါလေးလည်းကောင်းတယ်။

ကိုကိုးအိမ်(မန္တလေး) said...

ဒီပို့စ်လေးအစအဆုံး သိပ်သဘောကျမိတယ်... ပုံလေးနှစ်ပုံယှဉ်ကြည့်မိတယ်... အကွက်ကြီးကြီးတွေက ကိုယ်နဲ့ကိုက်တာတွေချည်းဖြစ်နေတာ ထူးဆန်းစွာတွေ့တယ်...... ခက်တာက ကမုတ်ကကြီးတော့ အပေါက်တည့်မတည့်သေချာမသိဘူး... ပလုံဆို အောက်ရောက်သွားရော... (ပျော်လို့နောက်တာ... ဟိဟိ)

ခင်မင်လေးစားစွာဖြင့်
ကိုကိုးအိမ်(မန္တလေး)