Saturday, February 12, 2011

မလာပါနဲ့ကို ဆိုချင်ပါတယ်..

သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ အဆင်ပြေချမ်းမြေ့ပါစေနော်။ ကျွန်မ အခုရက် အလုပ်တအားများပြီး ဘလော့ထဲ မ၀င်နိုင်ဖြစ်နေခဲ့တော့ လတ်တလော ခေတ်စားနေတဲ့ ဘလော့ရောဂါကို စစ်ဆေးချိန်မရလိုက်ပါ။ သူငယ်ချင်းတစ်ယောက်က ကျွန်မဘလော့မှာလည်း ခေတ်မှီစွာ ရောဂါကူးနေတယ်လို့ အသိပေးလာပေမယ့် (သူငယ်ချင်းရေ ကျေးဇူးပါနော်) ကျွန်မလောလောဆယ် ((နောက်တပတ် စနေနေ့ထိ အလုပ်များနေမှာမို့ ) ဘလော့ရောဂါကို အသေချာစစ်ဆေးဖို့ အချိန်မပေးနိုင်သေးပါ။

ဒါကြောင့် ကျွန်မဘလော့လင့်ခ်ကနေ ချစ်ခင်ရတဲ့ ဘလော့ဂါသူငယ်ချင်းများဆီကို ရောဂါတဆင့် ကူးမှာစိုးတာမို့ အခုရက်ကို ကျွန်မရဲ့ ဘလော့လင့်ဖြုတ်ချင် ဖြစ်ပါ၊ ကျွန်မဘလော့လင့်ခ်ကို ဖြုတ်ထားရလို့ အားမနာပါနဲ့လို့ အသိပေးရင်း မျိုးကြီးရဲ့ မလာပါနဲ့ကိုပဲ ဆိုပြချင်ပါတယ်..း))) ..
အားလုံး အားမနာကြေးပါ...းD

အားလုံးကို ချစ်ခင်လျက်
လသာည ဖြစ်ပါတယ်