Monday, February 21, 2011

ဘ၀ထဲမှ ဟာသများ-၁

(၁)
အကြီးဆုံး လောင်းကစား





\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
.............................................................................................
(၂)
ကိုယ့်သောကနဲ့ ကိုယ်


ရေချိုးခန်းထဲက တကယ့်ဖြစ်ရပ်မှန်ကတော့ ....


\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.

.............................................................................................
မူရင်း The Wonderful World of Sazae-san (Machiko Hasegawa, 1997)

စစအဲ စံ ရဲ့ ဟာသ ကာတွန်းလေးတွေဟာ နေ့စဉ်ဘ၀ထဲကနေပြီး လူသဘာဝကို ပေါ်လွင်စေပြီး စိတ်ရွှင်မြူးအောင် ရေးဖွဲ့တတ်လွန်းလို့ ကျွန်မသိပ်ကြိုက်ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းများလည်း သဘောကျမယ်ထင်လို့  ဘာသာပြန်ပြီး ပြန်လည်မျှဝေတာပါ..။

( ဒီကာတွန်းလေးတွေက တခြားဘလော့ဂ်တစ်ခုမှာ ကျွန်မရေးပြီးသားပါ)..။ အခုရက် ကျွန်မတစ်ယောက် သူငယ်ချင်းများနဲ့ လည်ရာ ပြန်စား လျှောက်သွားနေလို့ ဘလော့မှာ စာအသစ်မရေးဖြစ်တာနဲ့ ဆားချက်တဲ့ သဘောပါ..။

ဘ၀ထဲမှာ ဟာသရှာပြီး သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေနော်..
လသာညဖြစ်ပါတယ်...။





18 comments:

အင်္ဂါဟူး said...

တော်သေးတယ် ကိုယ်က အရမ်းမ၀သေးလို့...

မြစ်ကျိုးအင်း said...

တဖက်ကလှည့်တွေးရင်တော့ စွယ်စုံကျမ်းလောက် ဘယ်တော့မှ ဖြစ်မလဲ မသိဘူး။

သူကြီးမင်း (တုံးဖလား) said...

အဲဒီ လောင်းကစားပွဲ အကြောက်ဆုံးဘဲ။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချမ်းလင်းနေ said...

စွယ်စုံကျမ်းအထူဆိုတာ ပီဒီအက်နဲ့အထူဖြစ်မှာ ။:P

ကိုဇော် said...

အင်း . . အဲဒီလို ဆိုရင်တော့ အဲဒီလောင်းကစား ဘယ်တော့မှ ကစားဖြစ်မယ် မထင်တော့ဘူး :P

စွယ်စုံကျမ်းလောက် ထူနေရင်တော့ အဝလွန် ဖြစ်နေပါပြီ။ အဲဒါ . . . အဟဲ . . လသာည ဖြစ်ပါတယ်။

ပို့စကဒ်အထူကျောက် said...

ကိုင်း...ကိုယ်တွေ့ လောင်းကစားပွဲက အဖြေထွက်ပြီလား..

khun said...

စဇအဲစံ ကြိုက်တယ် ယောက္ခမရဲ့
တနင်္ဂနွေနေ့တိုင်း အချိန်ရရင် ကြည့်ဖြစ်တယ်။
katsuoရဲ့ ပြောင်ချော်ချော်လေသံနဲ့ သူလုပ်ပုံတွေ
က ရယ်ရလို :)

ယောက္ခမက လည်ရာပြန်စားရေး ချွေးမက အလှူတကာ
လှည့်စားနေတဲ့ စူဇကာပုဏ္ဏား လှူရာအကုန်စား ဖြစ်နေလို့ မအားဘူး ဖြစ်နေတယ် ဟီးးးးး :D

ဂျီမေးလ်ထဲကို ခွန့်ဖုန်းနံပါတ်နဲ့ မေးလ်အကောင့်ပါ
ပို့ထားမယ်နော်။ လာမည့်ရက်နီးရင် ဆက်သွယ်ပါနော်...
အစောင့်ကြီးစောင့်နေပါတယ်။ အားလုံးဆုံကြရအောင်နော်..... :)

crystal said...

ညီမလည်း ဟာသတွေပဲ ရှာဖတ်နေတယ် အခုတလော ရီချင်လို့ပါရှင်....

ကောင်းမွန်ဝင်း said...

တနင်္ဂနွေနေ့ ညနေ တီဗွီက စာဇာ့အဲစံ အစီအစဉ်လေးကြည့်ပြီး ♪♪စာဇာ့အဲ စံ ၀ါ့ ယုကိုင်းဒါ့နား ♪♪ဆိုတဲ့ သီချင်းလေးကို သားလေးနဲ့ ၂ယောက် အတူ ဆိုရတာကိုကလည်း ဘ၀အမောပြေ ပျော်စရာတစ်ခုပါပဲ။
အကြိုက်တူ အုပ်စုထဲ ၀င်ခွင့်ပြုပါနော်။

chindwinthu said...

ဘ၀ထဲက ဟာသလေးတွေ ဖတ်ပြီး ဘ၀အမောတွေ ပြေသွားတာဘဲ အစ်မရေ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

စွယ်စုံကျမ်းခဏငှားပါ
ဘယ်လောက်ဝနေပြီလဲ တိုင်းကြည့်မလို့
စွယ်စုံကျမ်းမလောက်ရင် yellow pages ကြီးနဲ့ပါ တိုင်းမှထင်တယ်နော်
ဟိဟိ
ယောင်းယောင်းရေ တို့ကတော့ကံကောင်းတယ်
လင့်တွေပြန်ချိတ်ပေမဲ့ နီနီကြီး ပေါ်မလာတော့ဘူးး)

ဖိုးကြယ် said...

မလသာ...အကြီးဆုံးလောင်းကစားကြီးရယ် စွယ်ဆုံကျမ်းအထူကြီးရယ်....ဘယ်နားမှာငှားလို့ရလဲ ဟင် :)

ခင်တဲ့(ဖိုးကြယ်)

Shinlay said...

သိပ်ကောင်းတဲ့ဟာသတွေပါ။
ရီသွားပါတယ်။

blackcoffee said...

ဟဟဟဟ ...
ဆားချက်တာလေးကလဲ ရယ်ရတာပါဘဲ အစ်မရယ်...

ညိမ်းနိုင် said...

ဘာလောင်းကစားမှဝါသနာမပါဘူး...။အဲ ကြေးအကြီးဆုံး
လောင်းကစားကတော့ လောင်ချင်တာတောင် လောင်းခွင့်
မရဘူး....:)။ဒါနဲ့ ဝဲကင်းပြီဆိုရင် လင့်ပြန်ယူဘီ...:)

Anonymous said...

ဝဲကင်းတယ်ဆိုကြောင်း ဘာကြေးလောင်းမလဲ ဆားဘဲချက်နေ တာပေါ့ လယ်ယာပြန်စားရေး ၀န်ကြီးခန့် မယ် စွယ်စုံကြမ်းထက်တောင် ပိုထူနေပြီဗျို့

ခင်မင်တဲ့
စစ

လသာည said...

အဂါင်္ဟူး.. မြစ်ကျိုးအင်း.. ကိုကိုမောင် ချမ်းလင်းနေ ကိုဇော် ဘကျောက် ခွန် ခရစ်စတယ်လ် မမွန် ချင်းတွင်းသူလေး ချော ဖိုးကြယ် မရှင်လေး ဘလက်ကော်ဖီ မောင်လေး နဲ့ စစ တို့ကို အများကြီး ကျေးဇူးတင်ပါတယ်နော်..။

ဝဲကတော့အခုနေတော့ စိမ်းနေတာပဲ၊ စိတ်ချရပြီမှတ်လို့ လင်ခ်ချိတ်လိုက်ရင် နီသွားရော..။ အဲဒါ ဘယ်လိုလုပ်ရမလဲ မသိဘူး..။ သိတဲ့လူရှိရင် ရှယ်ကြပါဦးနော်

An Asian Tour Operator said...

လောင်းကစားများ၊ ကျနော်ဆို နှစ်ဆ တောင်မြတ်နေပြီ။ လူတစ်ကိုယ်လုံး တော့ စွယ်စုံ ကျမ်းတစ်အုပ် စာလောက် ရှိလာပြီ။