Showing posts with label tag. Show all posts

Friday, September 23, 2011
Tuesday, July 13, 2010
အသွင်တူရင်
အင်း..အသွင်တူရင် အိမ်သူဖြစ်တယ်တဲ့..။ ပထမဆုံး စရေးသူက ဘယ်လိုအတွေးနဲ့ tag အသွင် လုပ်ပေးလိုက်သလဲ မသိပေမယ့်၊ ဒါဟာ နောင်လာနောင်သား ( အိမ်ထောင်မကျသေးတဲ့ သယ်ချင်းလေးတွေ) ကို အားကျအောင် လက်ဆင့်ကမ်းတဲ့ စကားလေးများ ဖြစ်မယ်ထင်ပါရဲ့..း))။ အဲဒီ လက်ဆင့်ကမ်းပွဲမှာ လသာညကိုလည်း မသီတာနဲ့ မချစ်ကြည်အေးက ချစ်ခင်စွာ တဂ်ထားပါတယ်။
ဘယ်လိုစရေးရမှန်းမသိတာမို့ သူများtagစာများ လိုက်ဖတ်လို့ referenceများများ လေ့လာခဲ့ပါတယ်။ ဖတ်ရင်းကနေ အင်း.. ဒါက ငါတို့နဲ့ တူလိုက်တာ၊ ဒါမျိုးလေး ပျော်စရာကောင်းလိုက်တာနဲ့ ပျော်ပြီး ပြန်လာခဲ့တယ်။ ကိုယ်တိုင်ရေးမယ့်ကြံတော့ ဘာမှ ထွက်မလာဘူး။ ဒါနဲ့ နောက်တခေါက် ထပ်ဖတ်၊ ပြန်လာ ပြန်ရေးဖို့ စဉ်းစား သံသရာလည်နေရော..။ အမြဲလည်း ကိုယ့်အကြောင်းနဲ့ ပတ်သက်ပြီး tagခံရလို့ ရေးခါနီးရင် စဉ်းစားရင်း ကြာကြာနေတာ များခဲ့တယ်။ မပြီးသရွေ့လည်း ကျောင်းက assignment အကြွေးကျန်သလို နေမကောင်းဘူးးD
ကဲ.. tag အကြောင်း နိဒါန်းချီတာ နှစ်ပိုဒ်ရသွားပြီ.. (^^;)
(အိမ်ထောင်မကျသေးတဲ့ သယ်ရင်းလေးများ နော်၊ ချစ်သူလေးများ ရှိနေပြီဆိုရင် အားလုံးအသွင်တူစရာမလိုပါဘူး။ လသာညတိုလို့ပဲ နည်းနည်းပါးပါး အသွင်တူတာရှိရင် ဖြစ်ပြီ၊ ကျန်တာ အချစ်နဲ့ ဖြည့်ပြီး နားလည်ပေးလိုက်ကြပါ။ သိပ်စဉ်းစားမနေနေဲ့ မြန်မြန် အသက်မကြီးခင် အိမ်ထောင်သာ ပြုကြတော့ ) မြှောက်ပေးခဲ့ပြီ ..
ချစ်ခင်ရတဲ့ အမ သီတာ နဲ့ အမ ချစ်တို့ ကို ကျေးဇူးတင်ပါတယ်။
လသာည ဖြစ်ပါတယ်နော်းD
ဘယ်လိုစရေးရမှန်းမသိတာမို့ သူများtagစာများ လိုက်ဖတ်လို့ referenceများများ လေ့လာခဲ့ပါတယ်။ ဖတ်ရင်းကနေ အင်း.. ဒါက ငါတို့နဲ့ တူလိုက်တာ၊ ဒါမျိုးလေး ပျော်စရာကောင်းလိုက်တာနဲ့ ပျော်ပြီး ပြန်လာခဲ့တယ်။ ကိုယ်တိုင်ရေးမယ့်ကြံတော့ ဘာမှ ထွက်မလာဘူး။ ဒါနဲ့ နောက်တခေါက် ထပ်ဖတ်၊ ပြန်လာ ပြန်ရေးဖို့ စဉ်းစား သံသရာလည်နေရော..။ အမြဲလည်း ကိုယ့်အကြောင်းနဲ့ ပတ်သက်ပြီး tagခံရလို့ ရေးခါနီးရင် စဉ်းစားရင်း ကြာကြာနေတာ များခဲ့တယ်။ မပြီးသရွေ့လည်း ကျောင်းက assignment အကြွေးကျန်သလို နေမကောင်းဘူးးD
ကဲ.. tag အကြောင်း နိဒါန်းချီတာ နှစ်ပိုဒ်ရသွားပြီ.. (^^;)
ရုပ်ရည်..
လူအများက ပြောတယ်၊ ရုပ်ချင်းဆင်ရင် ညားတတ်တယ်တဲ့..။ ဖြစ်နိုင်တယ်..။ လသာည တို့နှစ်ယောက် ရုပ်ချင်းဆင်ပါတယ်။ ကျောင်းမှာ သူလာပြီးတွေ့တော့ သူငယ်ချင်းတွေက မောင်နှမလို့ ယုံကြတယ် (အဲလောက်ထိ)။ ဘယ်အထိတူလည်း ဆိုရင် သွားထပ် (သထပ်)ပါတာတောင် တူတယ်။ သွားဆရာဝန်က ငယ်ငယ်က တော်တော်ပေတဲ့သူ (ကျန်းမာရေး ဂရုမစိုက်သူ) မို့ သွားထပ် ပါတာလို့ အဆူခံရပေမယ့် သူလည်း သွားထပ်ပါတာမို့ သူလည်း စရိုက်တူဖြစ်ခဲ့တယ်ဆိုတာ သေချာပါတယ်း))စရိုက်..
စရိုက်လည်း တော်တော်များများ တူတယ်..။ လူမှုရေးများတယ်။ အပေါင်းအသင်းမင်တယ်။ ခင်တဲ့သူဆို နောက်တတ်တယ်။ သူ့ထက် လသာညက ပိုနောက်တတ်တယ်။ မှတ်ထားနော် တအားခင်သွားလို့ နောက်ရင် စိတ်မဆိုးတတ်ဘူးမို့လားဟင် ;)) လသာညက စနေမို့ စိတ်နည်းနည်းလေးတော့ ပိုကြီးတယ်..။ နည်းနည်းလေးပါ၊ များဘူး ဟင်းဟင်း |(=.=)| ။ ပြီးတော့ စိတ်ကောက်တာ သိပ်မကြိုက်ဖူး..။ ချော့ဖို့ စိတ်သိပ်မရှည်တတ်ဘူး.လေ.။ ဒါကြောင့် နှစ်ယောက်လုံး စိတ်မကောက်တတ်ဘူး.. (ကောင်းတယ်ဟုတ် ?)အစားအသောက်..
သူက အစားအသောက်အရမ်းဂျီးများသလောက် လသာညက အကုန်တီးတာပဲ.။ လသာညဟင်းချက်လည်း ညံ့တော့ ကိုယ်ချက်တာ ကိုယ်ဂျီးများလို့ မရဘူးမို့လား။ အဲဒီတော့ လသာညက ကောင်းကောင်းဆိုးဆိုး အကုန်စားတယ်။ သူကတော့ ဂျီးများသူဆိုတော့ အခု ဂျပန်မလာခင်အထိ ယောက္ခမက ချက်ကျွေးတာ စားခဲ့ကြတယ်။ သူတို့အိမ်နဲ့က အိမ်နီးချင်းတွေဆိုတော့ လသာည ဟင်းချက်ညံ့တာ အကြောင်းသိတွေမို့ ပြဿနာ မရှိခဲ့ဘူး..။ ဒီကပြန်ရင်တော့ ချက်တတ်သရွေ့ ချက်ကျွေးမယ်နော်လို့ ချွဲထားလိုက်တယ်။ မဖြစ်တော့လည်း တစ်ခုခုတော့ ကြည့်ကျက်လုပ်ရမှာပေါ့နော်း)အတွေးအခေါ်
ဒါကတော့ လုံးဝကို မတူတာရယ်။ သူက သားအကြီးဆုံးမို့ တွေးခေါ်တာက လူကြီးဆန်ပြီး အငယ်တွေကို ညှာတာတတ်တဲ့ စိတ်ထားရှိတယ်။ အရာရာကို တာဝန်ယူပေးချင်တယ်။ အနာဂတ်ဆိုတာကို ဟိုး.......... အဝေးကြီးအထိ စဉ်းစားတတ်သူဖြစ်ပေမယ့် လသာညက အခုလုပ်ချင်တာကို အခုကို လုပ်လိုက်ရမှ စိတ်တိုင်းကျသူပါ။ ဒီတော့ တခါတခါ သူ့အနာဂတ်ဆိုတာတွေကို နားထောင်ပေးလိုက်၊ တခါတခါ သူ့ကို ဆွေးနွေးမနေပဲ လုပ်ချင်တာ ချက်ချင်းလုပ်လိုက် လုပ်မိတာ ရှိပါတယ်။ မှားတဲ့အခါလည်း “အဟဲ မှားသွားပြီ” ပေါ့..။ တတ်နိုင်ဘူးလေ နော့..။အချစ်
မမရွှေစင်စကားကို ဌားပြောရရင် အချစ်တူလို့ သာ ညားတာပေါ့နော်။ ( ကဲ reference ကောင်းကောင်း ထည့်လိုက်ပြီ မှားရင် မမရွှေစင် ကို သွားရန်တွေ့ပါး))(အိမ်ထောင်မကျသေးတဲ့ သယ်ရင်းလေးများ နော်၊ ချစ်သူလေးများ ရှိနေပြီဆိုရင် အားလုံးအသွင်တူစရာမလိုပါဘူး။ လသာညတိုလို့ပဲ နည်းနည်းပါးပါး အသွင်တူတာရှိရင် ဖြစ်ပြီ၊ ကျန်တာ အချစ်နဲ့ ဖြည့်ပြီး နားလည်ပေးလိုက်ကြပါ။ သိပ်စဉ်းစားမနေနေဲ့ မြန်မြန် အသက်မကြီးခင် အိမ်ထောင်သာ ပြုကြတော့ ) မြှောက်ပေးခဲ့ပြီ ..
Tag ပိုစ်ပြီးစ်.........
ချစ်ခင်ရတဲ့ အမ သီတာ နဲ့ အမ ချစ်တို့ ကို ကျေးဇူးတင်ပါတယ်။
လသာည ဖြစ်ပါတယ်နော်းD
Tuesday, February 16, 2010
မေဖန်ဆင်းသော
မမ၀ါရဲ့ တဂ်ပိုစ်ကို အခုမှပဲ ရေးဖြစ်ပါတယ်.. ရက်ကောင်းရက်မြက်ရွေးနေမိတာကြောင့် တဂ်ခဲ့တဲ့ မမ၀ါတောင် မေ့နေလောက်ပါပြီ..မမ၀ါ ခွင့်လွှတ်ပေးပါ ;D ဒီနေ့ရေးဖြစ်တာက ဒီနေ့ဟာ ကျွန်မတို့ရဲ့ Anniversary day ဖြစ်လို့ပါ..။
ကျွန်မ နဲ့ သူက ငယ်ငယ်ကတဲက အိမ်နီးနားချင်းတွေပါ..။ ဘယ်လောက်နီးလဲ ဆိုရင် ...
“ဟာ သမီးရယ်... ဟင်းချိုအိုးကို တူးအောင် ကျိုနေတာများ ကြားမကြားဖူးဘူး။ တူးသွားအောင် ဘာလုပ်နေတာလဲ” “ဟာ မေမေကလည်း ငါးပိနူးအောင် စောင့်နေတာလေ” “အောင်မလေး ငါ့နှယ်နော် ကြားမကြားဖူးဘူး..အေ.. ငါးပိများ နူးဖို့ ရေခန်းအောင် ကျိုရသတဲ့”
အဲလိုမျိုး ကျွန်မတို့ အိမ်ဖက်က ဆူသံပူသံ၊ ရယ်သံတွေဆိုရင် သူတို့အိမ်ဖက်က မကြားချင်အဆုံးမို့ နေ့တိုင်း (သူတို့အိမ်ဖက်ကနေ ) အဟားခံရသလို.. သူတို့အိမ်ဖက်ကလည်း...
“မင်းကလည်းကွာ ကိုယ့်ညီပဲ ကိုယ့်ပစ္စည်းယူသုံးတာ ဘာဖြစ်လဲ..ယူပါစေ၊ အဲဒီလက်ကိုင်ပုဝါက ဘယ်ကောင်မလေး ပေးထားတာမို့လို့လဲ” “ ဟာ အမေကလည်း ဘာတွေ လျှောက်ပြီး အော်ကျယ်အော်ကျယ် ပြောနေတာလဲ” “ဟ.. ငါက တသက်လုံး အဲလိုပဲ အော်ကျယ်အော်ကျယ်ပြောနေကျပဲ၊ မင်းက အခုမှ ဘယ်သူကြားမှာ စိုးနေပြန်တာတုံး” အဲလိုပြောသံကြားပြီ မကြာခင် ရယ်သံတွေ အမြဲကြားရတတ်တယ်။ (စကားမစပ် အဲဒီလက်ကိုင်ပုဝါကို ကျွန်မပေးတာ မဟုတ်ရပါ)
သူက ကျွန်မထက် ၂ နှစ်ကြီးပေမယ့် ငယ်ငယ်က ကျန်းမာရေးကြောင့် အတန်းနောက်ကျခဲ့တာမို့ ကျွန်မနဲ့ အတန်းတူတူ ဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ သူက အေးလို့ ရှိတယ်လို့တောင် မထင်ရပေမယ့် ကျွန်မကတော့ (မှတ်မှတ်ရရ ခုနှစ်တန်းနှစ်ကဆို) ကျွန်မကို စာလိုက်ပေးတဲ့ ကောင်လေးကို ခဲနဲ့ပေါက် ရန်ဖြစ်ဖို့နဲ့၊ ကျွန်မက သဘောကျနေတဲ့ အတန်းထဲမှာ ကောင်လေးတွေကို လိုက်ငေးတဲ့အလုပ်၊အဲဒါနဲ့ပဲ အလုပ်တွေရှုပ်နေခဲ့တယ်.. :D
(အဲဒီတုန်းက ကျွန်မက အတန်းထဲမှာ စာတော်တဲ့ကောင်လေးနဲ့ လူတကာနဲ့ ရန်ဖြစ်တတ်တဲ့ လမ်းသရဲရုပ်နဲ့ မြို့နယ်မှုးသား အဲဒီနှစ်ယောက်ကို တော်တော် သဘောကျခဲ့ဖူးတယ်။ စိတ်ထဲက မိန်းမပိုးနဲ့ပေါ့နော်။ တကယ့်လက်တွေ့တော့ ဘာမှ မပြောဖြစ်ခဲ့တော့ သူတို့တောင် မသိသွားလေဘူး)။
အိမ်နှစ်အိမ်က ခြံစည်းရိုးပဲ ခြားတာကို ဘယ်သူက စဖောက်လိုက်မှန်း မသိတဲ့ ခွေးတိုးပေါက်ကနေပြီး ကျယ်သွားတာဆင်တိုးပေါက်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းတော့ နှစ်အိမ်ကြား ချောင်းပေါက်မတတ် ကူးကြသန်းကြတာဆိုတော့..နှစ်အိမ်ကြားက ခြံစည်းရိုးက မရှိသလောက် ဖြစ်သွားပါတော့တယ်း)။
သူတို့အိမ်မှာ ဒါမှမဟုတ် ကျွန်မတို့ အိမ်မှာ မိသားစုလိုက် အတူတူဇယ်တောက်ခုံနဲ့ ကစားကြရင် ကျွန်မပဲ နိုင်တယ်။ ဒိုးဇက် ကစားလည်း ကျွန်မပဲ နိုင်တယ်။ သူက “မင်းက နိုင်မှာပေါ့ ဥာဏ်ကောင်းတဲ့သူဆိုတော့ ”တဲ့..။ ကျွန်မကတော့ ကိုယ်အမြဲနိုင်အောင် ကစားရတာ အရမ်းပျော်တယ်.. (နောက်မှ သူများတွေကတဆင့် ပြန်သိရတာက သူက တမင် ရှုံးအောင် ကစားခဲ့တယ်ဆိုတာပါ၊။ ဘာပဲဖြစ်ဖြစ် ကျွန်မက အနိုင်ရတိုင်း ပျော်ခဲ့ရတာတော့ အမှန်ပဲ)
နောက်တော့ ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေ ပိတ်နေတုန်း ကျွန်မ ကျောင်းဆရာမ (အဌား) အဖြစ်နဲ့ မြို့ နဲ့ အဝေးကြီးကရွာတစ်ရွာကို သွားရတော့ သူက ကားဂိတ်ကို လိုက်ပို့တဲ့ တာဝန်ကို ယူပါတယ်။ ဒါကြောင့် ရွာက ပြန်တိုင်း လက်ဆောင်ကို အိမ်နှစ်အိမ်စာ ဝေခြမ်း ဖြစ်ခဲ့တယ်။ ကျွန်မတို့ တက္ကသိုလ်တက်ကြတော့ မေဂျာမတူပေမယ့် တစ်နှစ်ထဲ အတူတူပါ။ အဲဒီနှစ်တွေလည်း သူကလည်း သူ့အပေါင်းအသင်းနဲ့သူ ရေနံချောင်းဘက်က အစ်မတွေကို သွားငေးနေခဲ့သလို၊ ကိုယ်ကလည်း ဓါတုမေဂျာက ကင်းကို လိုက်ငေးနေခဲ့တယ်..
ဒီလိုနဲ့ ဓါတုနဲ့ ကျောင်းပြီးတော့ ကျွန်မ ဘီအီးဒီဝင်ခွင့်ဖြေပါတယ်။ ဖြေဖို့ အစီအစဉ်မရှိပဲ ရုတ်တရက်သိလို့ ၀င်ဖြေတာဆိုတော့ ခေါင်းထဲမှာ စာလည်းအသင့်မရှိဘူး။ တစ်ညနဲ့ တကယ်ပါ အဲဒီတုန်းက တစ်ညနဲ့ စာကြည့်ပြီး သွားဖြေခဲ့တယ်။ တစ်ညလုံး ကျွန်မကြည့်ဖို့စာကို တစ်ညလုံး အနားကနေ နုတ်ထုတ်ကူးပေးနေခဲ့တာ အဲ... သူပဲ ဖြစ်ပါတယ် :D ဒါပေမဲ့လည်း ကျွန်မဘက်ကတော့ သူငယ်ချင်းပဲ ဖြစ်နေခဲ့တယ်၊ သူကလည်းသူငယ်ချင်းအနေနဲ့ လုပ်ပေးတာလို့ တွေးခဲ့တယ်။
အဲ.. အောင်သွားတယ်။ မကွေးတစ်တိုင်းလုံး ၅ %ပဲ အောင်တဲ့အထဲမှာ ပါသွားတယ်။ ကျွန်မတော်လို့ မဟုတ်ပါဘူး။ ကျက်တဲ့စာက တိုးသွားတာပါ။ အဲဒါ မြို့မှာ နာမည်တောင်ကြီးသွားသေးတယ်။ တစ်ရက်ထဲကြည့်ပြီး အောင်တာဆိုတော့ အဲဒီကောင်မလေးက အကပ်ကောင်း လို့ ဖြစ်တာဆိုပြီး..။ ဘယ်တတ်နိုင်မလဲလေ..သူတို့ ပြောတာလည်း မမှားပါဘူး။ ကျွန်မက လူကြီးတွေတော့ မကပ်ခဲ့ပါဘူး။ သူ့ကိုပဲ ကပ်ပြီး ကူညီတောင်းခဲ့လိုပါ.. (သဘောတူတယ်ဟုတ် ;)
ဘီအီးဒီပြီးတော့ ကျွန်မ ရန်ကုန်ကို မာစတာဝင်ခွင့်သွားဖြေတော့ သူက “ညကားမို့ စိတ်မချဘူး၊ ရန်ကုန်မှာ အစောချည်း ရောက်ရင် အဖော်မရှိရင် ခက်မယ်”လို့ ပြောပြီး သူပါ ကားလက်မှတ်ဖြတ်ပြီး လိုက်ပို့တယ်။ သူလိုက်တာကို ကားပေါ်ရောက်မှ သိတယ်။ သူ့အိမ်ကိုတော့ မြို့နယ်မှုးက ခေါ်လို့ အလုပ်ကိစ္စနဲ့ ပေါက်မြို့ကို သွားတယ်လို့ ညာခဲ့တယ်တဲ့”.. (သူက အဲဒီတုန်းက မြို့နယ်မှုးရုံးမှာ စာရေးလုပ်တာ)။ ဒါကြောင့် သူက ကျွန်မကို တခါတခါ မြို့နယ်မှုးမ လို့ နောက်တတ်တယ်။။ အိုး.. မသိပါဘူး.. အဲဒီအထိလည်း ကျွန်မတို့က သူငယ်ချင်းတွေပါပဲ.. ကျွန်မခေါင်းထဲ သူက သိပ်မရှိသေးပါဘူးနော်။
ကျွန်မ ရန်ကုန်မှာ မာစတာ တက်နေတော့ သူက“ ငါက အခုအလုပ်က ထွက်ပြီး ရန်ကုန်မှာ ကုမ္ပဏီလျှောက်မလို့ ၊ သဘောတူလား” လို့ လှမ်းမေးပါတယ်။ ကျွန်မက “ဟ.. ဒါများ ကိုယ့်ဘာသာ ကောင်းမယ်ထင် လုပ်လေ.. ငါသဘောတူတာ အရေးကြီးလို့လား”လို့ ပြန်ဖြေလိုက်မိတယ်။ အဲဒါ.. အဲဒီမှာ စတာပါပဲ။။ဘချောသားက သူ့ကို ရေလာမြောင်းပေးတယ် ထင်ပြီး ရည်းစားစကား ပြောပါလေရော..။ ဒါပေသည့် သူငယ်ချင်းဘ၀ကို သစ္စာဖောက်မှုဖြင့် သူ့ကို ၄ လတိတိ စကားမပြောခဲ့တော့ပါ.. (စကားပဲ မပြောတာပါ။ သူကအဆောင်ကို လာပေးသွားတဲ့ ဟင်းကြော်တွေကို ကျွန်မက လက်ခံပြီး စားပေးတာတော့ လုပ်ဖြစ်တယ်..ဟုတ်တယ်လေ.. ဟင်းတွေက မစားရင် သိုးကုန်မှာပေါ့)
၎ လအတွင်း သူက ရန်ကုန်ရောက် ကုမ္ပဏီအလုပ်ရ၊ ကံကောင်းချင်တော့ တစ်နှစ်အတွင်း မန်နေဂျာဖြစ်တဲ့အထိ ရာထူးတိုးသွားတယ်။ အဲတော့ သူက ကုမ္ပဏီက ကားလေးသုံးပြီး အဆောင်ကို မကြာခဏလာပါတယ်။ ဟင်းကြော်တွေ လုပ်ပြီး လာပေးတာက တစ်ယောက်စာမကတာမို့ အဆောင်ကအတူနေ အစ်မတွေက ကူစားပေးကြတယ်။။ နောက်တော့.... အစ်မတွေအားလုံးက သူ့ကို ခင်သွားကြတယ်။ ဒီတော့လည်း ညတိုင်း ထမင်းစားတိုင်း ကျွန်မကို “သူ့ကို လက်ခံလိုက်ရန်၊ သူ့ဘက်က သူတို့အားလုံး တာဝန်ယူတယ်” စသည်ဖြင့် “သူချစ်ကိုရှာရန်” ခေါင်းစဉ်နဲ့ နားသွင်းကြပါတော့တယ်.. (သူချစ်ရှာရန်လို့ပြောရတာက ကိုယ်ချစ်ဖြစ်မဖြစ် သူတို့က မေးလို့ မရလို့သာဖြစ်ပါတယ် :))
ကျွန်မကိုယ်ကျွန်မဆိုရင်တော့ သိပ်ပြီး နားမယောင်တတ်သော်လည်း (ပြောတာပဲ:D) သူတို့က ပြောပါများလာတော့ ကျွန်မကလည်း လက်မခံချင်ခံချင်နဲ့ ဒီလိုပြော လိုက်ပါတယ်.. “အင်း.. အိမ်ကို ပြောလိုက်တော့”လို့ >"(^0^)"
ဒါနဲ့ပဲ လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီလိုအချိန်မှာ ကျွန်မတို့ မင်္ဂလာဆောင်ဖြစ်ခဲ့တယ်..။ ရှစ်နှစ်ခရီး... အင်း.. ရှစ်နှစ်ခရီးဆိုပေမယ့် တကယ်တော့ ကျွန်မတို့ အတူနေချိန်ဟာ တစ်နှစ်ထက် မပိုခဲ့သေးပါဘူး..ကျွန်မက ရာထူးပြောင်းလိုက်၊ ဂျပန်ကို နှစ်ခေါက်လာလိုက်ဖြစ်နေခဲ့တယ်။ အခုအထိ ကျွန်မတို့ မိသားစု အတူတူ မနေနိုင်သေးပါဘူး..။ Anniversary Day မှာ ကျွန်မတစ်ယောက်တည်းရယ်ပါ။ မိသားစုကို တအားလွမ်းပါတယ်။
မိသားစုနဲ့ ခွဲခွာနေရသေးတာ တစ်ခုက လွဲရင်တော့ ကျွန်မကိုယ် ကျွန်မ အိမ်ထောင်ရေး ကံကောင်းသူ အဖြစ် ကတော့ အမြဲဂုဏ်ယူနေမိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ ကျွန်မထင်တာထက် ကျွန်မအပေါ် ဂရုစိုက်ကြင်နာတတ်သူ၊ ကျွန်မထင်တာထက် အရာရာကို နားလည်ပေးနိုင်တဲ့သူ ဖြစ်လို့ပါ.... ..(ဆက်ရေးအမွမ်းတင်ချင်သော်လည်း ကိုယ်ရည်သွေးရာရောက်မစိုးလို့.. ရေးတော့ဘူး :)..။
ရေးချင်တာများပြီး ဘာရေးရမှန်း မသိပဲ ချာလည်လည်သွားတယ်..။ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပါ။ ဒီတဂ်ပိုစ်...ကို မမ၀ါ ကျေနပ်လိမ့်မယ်ထင်ပါတယ်။ မမ၀ါ ကျေနပ်ပါ။
(ဒါနဲ့. ဒီပိုစ်ကို ဖတ်ပြီး “ အခုတော့ ရေးဖြစ်ပြီမို့လား ဟားဟား”ဆိုပြီး မဟားနဲ့နော် ဟားတဲ့သူငယ်ချင်းများ အာပျိုကြီး ဖြစ်ပါစေလို့ ဆုတောင်းထားတယ် ;)

Wednesday, October 14, 2009
မန်းလေရူးလေးရဲ့ တဂ်ပို့စ်
1. What is your name – Latharnya
2. A four letter word – Love
3. A boy’s name – L lwinwar
4. A girl’s name - L saizi
5. An occupation – Lawyer
6. A color – Lavender rose
7. Something you’ll wear - lavalier
8. A food – lasagna (Italian food)
9. Something found in the bathroom – Lux soap
10. A place – Los Angeles
11. A reason for being late – Long for you (လွမ်းနေမိလို့ပါ။)
12. Something you’d shout – Love you forever.
13. A movie title – (The) Lion King
14. Something you drink – Lychee Juice
15. A musical group – Lazy club
16. An animal – Lion
17. A street name – Lathar
18. A type of car – Land cruiser
19. The title of the song – Love Song
20. A verb – Like
ခင်မင်စွာ တဂ်လာတဲ့ မန်းလေရူးလေးအတွက် တဂ်ပို့စ်ပါ။
လသာည...

Wednesday, August 26, 2009
အတိတ်က ဇာတ်လမ်း
အဟမ်း..အဟမ်း မမ၀ါရဲ့ တဂ်ပါ။
ရေးရမှာ ဒူးတုန်လို့ နည်းနည်း ရဲဆေးတင်တဲ့အနေနဲ့ ဘီယာ အဲလေ ကော်ဖီကျကျလေးသောက်ဦးမှ.. ကိစ္စတော့ မရှိပါဘူးလေ..။ အတိတ်ဆိုတာ လူတိုင်းကင်းတာမှမဟုတ်တာနော.။ :D
ပြောရရင်..လသာညတို့မြို့မှာ တချိန်က လသာည ဟိုးလေးတကျော်သတင်းကြီးဖူးတယ်။ စာလိုက်ပေးတဲ့ကောင်လေးကို ခဲနဲ့ပေါက်တာ ကောင်လေး နဖူးကွဲသွားလို့လေ.. :P အဲလို နာမည်ကြီးပုံက.။
တကယ်က သူကလွန်တာပါ။ ၈တန်းပဲ ရှိကြသေးတာကို ရည်းစားစာလိုက်ပေးတယ် လေ (><)..။
အရင်ကတဲက လူတွေ့တိုင်း စနောက်နေလွန်းလို့ မုန်းနေတာဆိုတော့ အဲဒီနေ့က ပေါက်ကွဲလွန်းတော့ ခဲနဲ့ပေါက်ချလိုက်တာ.။ တကယ်က စဉ်းစားကြည့်ရင် သူရှောင်ရင်လည်း လွတ်နိုင်ပါတယ်။ ကိုယ်ကလည်း သူရှောင်လိမ့်မယ်လို့ပဲထင်ထားတာ။ ဒါပေမဲ့ သူက ဟီးရိုးလုပ်ပြီး မရှောင်ဘူး။ မှန်ရော သွေးတွေဖြန်းကနဲ ထွက်သွားလေတယ်။
ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်မယ်ထင်ထားပေမဲ့ သူကသဘောကောင်းစွာ မတိုင်ခဲ့တဲ့အတွက် မရောက်ခဲ့ပါဘူး။ ဒါတောင် အခွင့်ကြုံတိုင်း အိမ်ရှေ့ကနေ လာလာအော်သွားတယ်။ သွေးမြေကျအောင် ချစ်ရသူပါ..ချစ်ရသူပါ..နဲ့။ တွေ့လား အဲလိုမျိုး စိတ်တိုဖို့ အရမ်းကောင်းတယ်..။
တကယ်ဆို သူခမြာ မိဘနှစ်ပါးလုံးလည်း ကွယ်လွန်သွားခဲ့လို့ သူအစ်ကိုနဲ့ နေနေရတာပါ။ အပေါင်းအသင်းအပေါ်လည်း သဘောအရမ်းကောင်းသူမို့ သူငယ်ချင်းအဖြစ် ခင်ချင်စရာပါ။ ခက်တာက အစအနောက်တအားသန်လွန်းတာပါ။
စာကို သိပ်စိတ်မ၀င်စားဘူး။ စာကြည့်တာကို သိပ်မတွေ့သလောက်ပဲ။ အတန်းထဲမှာ လသာညက အဆင်တစ်ဆိုရင် သူက ဘိတ်ချီးဆင့်ပါ။ တခါတလေ လိုက်လိုက်လျောလျော သူငယ်ချင်းအဖြစ်နဲ့ စာကြည့်ပါလို့ပြောကြည့်တယ်။ သူက “စာမကြည့်ဘူး မင်းပဲကြည့်မယ်”လို့ ပြန်အော်တဲ့သူ..ပါ။ အဲဒါ ဆရာမက “သား..မင်း အဆင့်တစ်ရတဲ့ သမီးလေးကို အတုခိုးနော်”လို့ဆိုရင် သူက“ဟုတ်ကဲ့ ခိုးပါမယ်၊ လိုက်မှာလား”လို့ပြန်ပြောသူပါ။
အဲဒီနောက်မှာလည်း တချိန်လုံးအမြဲရန်ဖြစ်ရတဲ့သူပါပဲ။ ဆယ်တန်းအောင်ပြီး လသာညက ကျောင်းဆက်တက်ပေမဲ့ သူကတော့ သူဘ၀ပေးအရ အလုပ်ဝင်ပါတယ်။
တက္ကသိုယ်ကျောင်းပိတ်လို့ မြို့ပြန်ရောက်ချိန်ဆို သူကို အခမဲ့အကြောင်းကြားမဲ့သူက ဘယ်အချိန်အကြောင်းကြားမှန်း မသိအောင် သူက ကြိုသိနေတတ်တယ်။ အိမ်ရှေ့လမ်းတကြောမှာ သူလမ်းသလားပြီသာမှတ်။ အိမ်နားကလူတွေဆို သူ့မြင်ရင် ရယ်ကြရော..။
ဘာကြောင့်လဲတော့မသိဘူး နှစ်တွေသာကြာသွားတယ်။ သူကိုမြင်ရင် စိတ်တိုတာဟာ မပျောက်ဘူး။
ကျောင်းပိတ်ရက်ကုန်လို့ ရန်ကုန်မပြန်ခင် တရက်ကြီးလည်း သီချင်းအကျယ်ကြီးလာအော်သွားသေးတာ။ “အပျိုကြီးတကယ်လုပ်မှာလား” ဆိုတဲ့သီချင်းကို ။ အဲဒါပြောတာ အဲလိုအော်တတ်တာတွေကို ကြည့်လို့ကိုမရဘူးဆို..။
ဒီလိုနဲ့ တွေ့ရင် စောင်းလိုက်မြောင်းလိုက် ရန်ဖြစ်လိုက်နဲ့ ဆယ်နှစ်ကြာပြီး သကာလ.. လသာညက မာစတာဒုတိယနှစ် ပြီးလို့ အိမ်ကို ပြန်လာပြီးတပတ်အကြာမှာ မင်္ဂလာဆောင်ပါလေရော..။ ဝေး...ဟေး..
..မှားမယ်။ လသာညနဲ့ မဟုတ်ဘူး။ အိမ်နားက ကောင်မလေးနဲ့..ဟားဟား။။။ ဒါတောင် သတင်းလာလွှင့်လိုက်သေးတာ လသာညနဲ့တူလို့ ယူလိုက်တာပါတဲ့ နောက်ဘ၀ကျရင် ဆက်ဆက် ပေါင်းပါရစေတဲ့..လွတ်လွတ်ကျွတ်ကျွတ် သွားစရာရှိတာ သွားတာမဟုတ်ဘူး။ အမျှင်လာတန်းပြနေသေးတယ်။ အော်.. ယောက်ျားလေးများ.....
အဲလိုမျိုးလေးရှိခဲ့ဖူးတယ်လို့.။
“ ကလင်ကလင်”
“ဟလို.. .အင်.. နေကောင်းပါတယ်။ ထမင်းလား ..စားပြီးပြီး။ စိတ်ချ၊ ကော်ဖီလည်း လျှော့ပါတယ်။ ဟုတ်..။ အခုလား ဟိုလေ မနက်ဖြန် seminarရှိလို့ စာဖတ်နေတာ။ စိတ်ချပါဆို၊ ညနက်အောင်မနေဘူးရယ်၊ ခဏနေအိပ်မှာ။ အိုကေ စိတ်ချပါ။ ဟုတ်..ဟုတ်..........ဘိုင်ဘိုင်...။”
အဟီး တော်မှ။ ဒါကအချိန်မှန်လာသော လသာည၏ ချစ်လှစွာသော “လူကြီး”ဆီမှ ဖုန်းဖြစ်ကြောင်းပါ..။ ဒီပို့စ်ကို ဖတ်မိသူအကြောင်းသိ သယ်ရင်းလေးများ သူ့ရှေ့မှာ ယောင်လိုများ မပြောမိစေဖို့ အနှုးအညွှတ်တောင်းပန်တယ်နော်။ ကျန်တာ သဘောထားကြီးပါသော်လည်း ထိုသူနှင့်ပတ်သက်လျှင်တော့ သ၀န်တိုတတ်ပါကြောင်း တောင်းပန်ရင်း တက်ဂ်ပို့စ်ကို အောင်မြင်စွာ အဆုံးသတ်ပါတယ်။
:D လသာည..ပါ။
ထုံးစံအရ ဆက်တက်ဂ်ချင်သော်လည်း ဘယ်လိုလုပ်ရပါ့။။။ အောက်က ဘလော့ဂါသူငယ်ချင်းလေးများ အဆင်ပြေရင် ရေးပေးပါဦးနော်။ နည်းနည်း ကြောက်စရာရှိရင် မရေးလည်း ရတယ်သိလား..နောက်မှ မေးလ်နဲ့တိုးတိုးတိတ်တိတ်ပို့လိုက် ။ :P
ချစ်သောရို့စ်
မိုးသောက်ကြယ်လေး
သူငယ်ချင်းလေး မရွှေပိုး
လဂွန်းအိမ်
ကိုမနောသား

Sunday, August 16, 2009
လတ်တလော အခြေအနေ
အခုတစ်လောလား။ သိပ်တော့ မထူးခြားပေမဲ့ ပြောစရာတွေက အများကြီး :P
တွေးနေမိတာက-- အချိန်တွေမြန်လှချည်လားလို့။
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက- ငါ ငယ်ပါသေးတယ်။ (ဟားဟား)
ကျန်းမာရေး- နှလုံး သိပ်မကောင်းချင်တော့ဘူး။ (ကော်ဖီသောက်လွန်းလို့) ။ မျက်လုံး သိပ်မကောင်းချင်တော့ဘူး။ (ကွန်ပျူတာ ကြည့်လွန်းလို့) :P
ဖတ်ဖြစ်တဲ့စာအုပ်တွေက-- စာကြည့်တိုက်က တစ်လစာ ဌားထားတဲ့ ကလေးကာတွန်းစာအုပ်တွေ
ရောက်ဖြစ်နေတာက-- ကျောင်းကိုပါပဲ။ labထဲကို သွားနေတာ အိမ်မှာဆို တစ်ယောက်တည်း ပျင်းလို့။
ရေးဖြစ်နေတာက-- တောရောက်တောင်ရောက် ပေါက်ကရလေးဆယ်
နားထောင်ဖြစ်နေတာက-- ကော်ဖီတိုက်တဲ့ အချစ်ရယ် အခုတော့ မင်းဘယ်မလဲ
ရွတ်နေမိတဲ့ကဗျာက-- တစ်တောင်ပေါ်တစ်တောင်ဆင့် တောင်အမြင့်ပတ်ခြံရံ
ဖြစ်ချင်နေတာက-- ပျော်ပျော်နေတတ်သူ
စားဖြစ်နေတတ်တာက--ထမင်းဆုပ်နဲ့ ကြက်ဥကြော်
သနားနေမိတာက-- အခုတစ်လော စိတ်ညစ်လို့ ငိုနေတဲ့ သူငယ်ချင်းတစ်ယောက်ကို
လွမ်းနေမိတာက-- ချစ်သူနဲ့ ချစ်မီးမီးလေး ကိုယ့်အနားမှာ ရှိနေပေးတဲ့ ပျော်စရာ အချိန်လေးတွေ
မေ့လျော့ပစ်နေမိတာက-- တစ်နှစ်ထက်တစ်နှစ်ကြီးကြီးလာတဲ့ အသက်တွေ။ ၂၀ကျော်ကတဲက မေ့ပစ်လိုက်တာ အေးရော။ လသာည အခုအထိ အသက် ၂၀ပါပဲ..။ (ယုံလား)
ခါးသက်နေမိတာ-- အင်း အဲဒါမသိဘူး..။ ကော်ကော်ခါးခါးတော့ သောက်တယ်။
တမ်းတနေမိတာက-- မေ့မေ့လက်ရာဟင်းတွေအားလုံး
ကြိတ်ပြီးအထင်သေးနေမိတာက-- ကိုယ့်ကိုယ့်ကို။ အခုအထိ ဘာမှ မဘာသေးလို့
ကြိတ်ပြီးချီးကျုးမိနေတာက--သဘောထားပြည့်တဲ့ ချစ်သူကို။ တည့်တည့်ချီးကျူးရင် သူက ညာတယ်ထင်မှာစိုးလို့ပါ။
ဆန္ဒမရှိတဲ့နေရာ-- မရှိဘူး။ ဘယ်ကိုမဆို သွားချင်သေးတယ်။
ဆန္ဒရှိနေတဲ့ကိစ္စ-- ဒီလအတွင်း လုပ်စရာတွေ မြန်မြန်လုပ်ပြီး ခရီးထွက်ချင်နေတယ်။
မုန်းတီးနေမိတာက-- အလကားနေ မနက်အစောကြီး (၈နာရီလောက်ကို ) လာလာအော်နေတဲ့ အိမ်နားက ကျီးကန်းတွေ။ စနေတနင်္ဂနွေလေး နေမြင့်အောင် အိပ်ရမလား အောက်မေ့တာ သူတို့အော်တာနဲ့ နိုးရော။ ဒါပေမဲ့ ကျန်တဲ့နေတွေကတော့ သူတို့က ကိုယ့်နိုးစက်လေးပါ။
ချစ်နေတာက-- ချစ်သူနဲ့ ချစ်မီးမီးလေး။ နောက်ပြီး ချစ်မိဘ၊ချစ်မောင်နှမ၊ချစ်သူငယ်ချင်းများ (ချစ်သောရို့စ်မှ ကော်ပီပေ့စ်လုပ်မိပါသည်။)
စိတ်ပျက်နေမိတာက-- အခုတစ်လောဖြစ်နေတဲ့ ကိုယ့်မှတ်ဥာဏ်ကိုပါ။ ကာတွန်းကျတော့ အားလုံးမှတ်မိနေပြီး ကျောင်းစာကျတော့ လုံးဝ လုံးဝ မှ အလုပ်မလုပ်ဘူး။
လိုအပ်နေတာက-- အင်း....အများကြီးဆိုတော့ ဘာပြောရမှန်း မသိလို့ ကျော်လိုက်တယ် :P
တောင်းနေမိတဲ့ဆု-- ဘ၀မှာ ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ စိတ်ဓါတ်မကျသူ၊ စိတ်ကြီးမ၀င်သူ၊ စိတ်ဓါတ်ရင့်ကျက်သူ ဖြစ်ချင်တယ်။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက-- ငါအများကြီး လိုသေးတယ်။ ကြိုးစား.........
ပြီး....။ ပေါ့ပါးစွာ အဆုံးသတ်လိုက်ပါတယ်။ ကိုယ့်ကို ချစ်ခင်စွာ လာtag ပေးခဲ့သော ချစ်သောရို့စ်ကျေနပ်နိုင်ပါစေလို့..။ ကျေနပ်နေပါတယ်၊ ပြုံးနေတာ ကိုယ်တွေ့ပါတယ်နော်။ :D ။
ဆက်လက်ပြီးတော့တော့ အခုတလော အကြောင်း မရေးရသေးတဲ့ ချစ်ရတဲ့ ကြယ်လေး (မိုးသောက်ကြယ်) ကိုပဲ ဆက်tagပါတယ်။ အချိန်ရတဲ့အခါ ကြယ်လေးရဲ့ အခုတလောလေးကို ပြောပြပါဦးလို့..။
(နောက်ပြီး အခုတလောကို မရေးရသေးတဲ့ ကျန်သူငယ်ချင်း ဘလော့ဂါလေးတွေနဲ့ စာဖတ်သူ သယ်ရင်လေးများ အားလုံးကိုလည်း ဆက်tag ပါတယ်။ အချိန်ရရင်ကိုယ်ပိုင်ဘလော့မှာ ဖြစ်ဖြစ်၊ ဒီ စီဘောက်ပဲဖြစ်ဖြစ် လာဖွင့်ကြပါဦး :P)

Subscribe to:
Posts (Atom)