Monday, December 6, 2010

အိုင်စတော့ပ်နဲ့ Technostress

အိုင်စတော့ပ် တဲ့ 
အိုင်ပေါ့တို့ အိုင်ပက်တို့လိုပဲ အိုင်အစပြု ပေါ်လာတဲ့ အိုင်စတော့ပ်စနစ်(i-stop system) တပ်ဆင်ထားတဲ့ကားကို ခေါ်တာပါ။ မာဇဒါကားတွေမှာ အိုင်စတော့ပ် စနစ်ကို စတင်တပ်ဆင်ခဲ့ကြတာပါ။ အိုင်စတော့ပ်ကားတွေက ရှေ့မှာ အတားအဆီးတစ်ခုခု၊ လူသို့မဟုတ် ကား နဲ့ တွေ့လိုက်ရင် ၀င်မတိုက်မိစေပဲ အလိုလို ရပ်ပေးတယ်။ ယဉ်တိုက်မှုကို ကာကွယ်ပေးတဲ့ စနစ်ပေါ့နော်။ နောက်ပြီး သူကို ရိုးရိုးဘရိတ်နင်းတာနဲ့ အင်ဂျင်ပါ အော်တိုရပ်သွားပြီး စက်ပြန်နိုးချင်ရင် ၀.၃၅ စက္ကန့်အတွင်း စက်ကပြန်နိုးနိုင်တယ်။ ၂၀၀၉  ခုနှစ်က စတင်အသုံးများလာတာဖြစ်ပြီး အခုဆို တဆင့်ထက်တဆင့် လူသုံးများလာလို့ ဂျပန်မှာ အိုင်စတော့ပ်တပ် ကားဈေးတွေတောင် လျော့နေပြီတဲ့။ ကားအသစ်ဈေးက ဒီဇိုင်းကိုလိုက်ပြီး ယမ်း ၁၇သိန်းမှ ၂၃သိန်းပဲ ရှိတော့တယ်။

Technostress ရောဂါ
လွန်ခဲ့တဲ့ ၃၅ နှစ်လောက်ကစပြီး Craig Brod (1984) ဆိုသူက စသုံးခဲ့တဲ့ စကားလေး။ တီဗွီ၊ ဗွီဒီယိုနဲ့ ကွန်ပျူတာအမျိုးအနွယ်တွေ ကြောင့်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုပါတဲ့။ ဒါကြောင့် Technostress’ = computer-related stress လို့ လည်း ဆိုကြတယ်။

လူသားတွေက အဆုံးမရှိတဲ့ကမ္ဘာလို့ တင်စားတဲ့ ကွန်ပျူတာ နဲ့ ဆက်သွယ်ထားတဲ့ ကွန်ယက်တွေထဲ သွားရင်းလာရင်း စိတ်ကြိုက်ပျော်ကြတယ်။ ပျော်စရာတွေ တွေ့ရင် ၀င်ပျော်လိုက်၊ ကြည်နှုးစရာတွေ တွေ့ရင် ကြည်နှုးလိုက်၊ ၀မ်းနည်းစရာတွေ တွေ့ရင် ၀င်စိတ်မကောင်းလိုက်နဲ့ ကွန်ပျူတာလေးရဲ့ screen လေးပေါ်က အာရုံတွေမှာ စိတ်တွေအမျိုးမျိုး၊ ခံစားချက် အမျိုးမျိုး ဖြစ်ကြတယ်။ ထိုအရာတွေက technostress ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်လာတယ်။

နောက်ပြီး အသစ်အသစ်သော နည်းပညာတွေကို လေ့လာနေရင်း လေ့လာလို့မကုန်နိုင်တော့ပဲ ကိုယ့်ကိုယ်ကို တုံးတယ် အတယ်လို့ ထင်ပြီး စိတ်အလိုမကျဖြစ်ကြရပါတယ်။ ထို့အပြင် လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် အလုပ်ပြန်ချိန် ညနေငါးနာရီမှ နောက်တစ်နေ့ ၉နာရီအတွင်း ဦးနှောက်ကို ပြည့်ပြည့်၀၀အနားပေးရမှာ ဖြစ်ပေမယ့် အနားမပေးနိုင်ကြပဲ တီဗွီ၊ ဗွီဒီယိုကအစ ကွန်ပျူတာမှတဆင့် မျက်လုံးကမြင်မြင်သမျှ သက်မဲ့ကမ္ဘာတွေမှာ ဦးနှောက်က အလုပ်တွေအများကြီးဆက်လုပ်နေရလို့ လည်း technostress ဖြစ်စေပါတယ်။

အဆိုးဆုံးကတော့ ကွန်ပျူတာအတွင်းကမ္ဘာက လူမှုဆက်ဆံရေးတွေကလည်း technostress ဖြစ်စေပြန်တယ်။ အဲဒါကတော့ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တွေ၊ ဘလော့ဆိုတာတွေ ထူထောင်မိရာက စတဲ့ ရောဂါပါ။ မိမိကိုယ်ပိုင် ၀ဘ်ဆိုဒ်မှာ မိမိရဲ့ အမြင်တွေ၊ အသိတွေ၊ ခံစားချက်တွေ ရေးသားရင်း ခင်မင်ရာ၊ အမြင်တူရာ စုဖွဲ့ကြရင်း သက်ရှိထင်ရှား မမြင်ရတဲ့၊ မမြင်ဖူးတဲ့ သူတွေကို သံဃောဇဉ်တွေ ဖွဲ့တည်ပြီး သကာလ လူသားတို့ထုံးစံ သံဃောဇဉ်တွေနဲ့ ရှုပ်ထွေး ငိုပေးလိုက်၊ ရယ်ပေးလိုက် ဖြစ်လာကြတယ်။ ဒီလိုနဲ့ ကွန်ပျူတာကမ္ဘာကို တနေ့မသွားရရင် မနေနိုင်အောင် စွဲလန်းလာတယ်။ အဲဒါဟာ (ကွန်ပျူတာစွဲ၊ အင်တာနက်စွဲ၊ ဘလော့စွဲ၊ ဖေ့ဘွတ်စွဲ၊ ဖိုရမ်စွဲ အစရှိတဲ့ စွဲလန်းခြင်းအားလုံးပါ အကျုံးဝင်တဲ့) technostress ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေပါ။

ကွန်ပျူတာကို စွဲလန်းရုံတင်မဟုတ်ပါဘူး။ နောက်ထပ် စိတ်ဖိစီးမှုများလည်း ရကုန်တယ်။ အဲဒါကတော့ အားသန်ရာ သွားလာလည်ပတ်ရင်း ပုထုဇဉ်သဘာဝ ပုဂ္ဂိုလ်စွဲလေးတွေ ရှိလာတဲ့အခါ သူအမြင်၊ကိုယ့်အမြင်၊ သူ့လူ၊ကိုယ့်လူ အမြင်ချင်းမတူရင် စိတ်နောက်ကိုယ်ပါ ၀င်အော်မိ၊ မကျေလည်ရင် စကားစစ်ထိုးမိလိုက်နဲ့ ဖြစ်ကြရတယ်.။ သက်မဲ့ကွန်ပျူတာလေးရဲ့ ရှေ့မှာ ထိုင်နေရင်း မမြင်ရတဲ့ အတွင်းပိုင်းကမ္ဘာထဲကို မျက်လုံးအစုံကို မီးထွန်းလို့ ဒေါသတွေ၊ သောကတွေက.. ဘတ်တီးရီးယားပိုးတွေလို စိတ်အတွေးထဲကို တဖြုတ်ဖြုတ် ၀င်ရောက်ကုန်တယ်။ အဲဒါကို အချိန်မှီမထိန်းနိုင်ရင် Technostress ဆိုတာကြီးက ကိုယ့်ရဲ့ စိတ်အတွင်းပိုင်းကို အမြစ်တွယ်ဖို့ ရာခိုင်နှုန်းများနေပါပြီတဲ့။

TechnoStress ရောဂါ လက္ခဏာများ

TechnoStress ကို ရောဂါ အဖြစ်သတ်မှတ်ထားပါတယ်။ TechnoStress ရောဂါ ခံစားမိသူများဟာ မှတ်ဥာဏ်အားလျော့နည်းလာသလို ဖြစ်ပြီး မိမိဘာကိုလုပ်ချင်တယ်၊ ဘာကိုပြောချင်တယ်ဆိုတာကို ပြန်မစဉ်းစားနိုင်ဘူး။ ညတွေမှာ နှစ်ခြိုက်စွာ အိပ်မပျော်တတ်ပဲ တစ်ယောက်ယောက်နဲ့ စကားပြောနေချင်တတ်တယ်။ ပြီးရင် ယခင်က ပြုလုပ်ခဲ့တဲ့ စာရင်းတွေ၊ ဖုန်းခေါ်သံတွေ၊ စကားပြောသံတွေ ကြားနေရတတ်တယ်။ ခေါင်းလည်း အမြဲလိုလို ကိုက်နေတတ်ပြီး အလိုလို စိတ်တိုလွယ်တယ်။ နှလုံးခုန်တွေမြန်ပြီး မောနေတတ်တယ်။ ဒါတွေဟာ TechnoStress ရောဂါ လက္ခဏာတွေ ဖြစ်ပါတယ်တဲ့။ သုတေသီ Dr. Rosen, ကတော့ “ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကွန်ပျူတာက ဖော်ပြသွားတဲ့ ဖော်ပြချက်တွေအပေါ် စိတ်နဲ့လိုက်မှီဖို့ မကြိုးစားနိုင်လို့ ခံစားရတဲ့ ဝေဒနာတွေ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

 ရောဂါကို ကုသနည်းနဲ့ ကြိုတင်ကာကွယ်နည်း
David Shenk ဆိုသူ သုတေသီတစ်ဦးက “အဲဒီရောဂါ ပျောက်ချင်ရင် ကွန်ပျူတာကမ္ဘာထဲကို အလွန်အကျွန် မနစ်ဝင်ဖို့လိုပါတယ်၊ မသိမတတ်တဲ့အတတ်ပညာဆိုတာတွေအပေါ် မတတ်ရကောင်းလားလို့ ကိုယ့်ကိုယ့်ကို အထင်သေးတဲ့ ခံစားမှုများ မထားမိဖို့ လိုသလို၊ မမြင်ရတဲ့တဖက်ကမ္ဘာမှာ ၀င်ရောက်လာတဲ့ အခြားသူများ၏ ဒေါသ၊ သောကလှိုင်းများနောက်ကို ကိုယ်ပါအလွန်အမင်း ခံစားလိုက်ပါမသွားမိအောင်လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှမိမိ၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများလျော့ပါးနိုင်ပါတယ်။ ”လို့ အကြံပြုပါတယ်။ နောက်ထပ်လည်း အလုပ်အပြန် နားနေချိန်မှာ အပျင်းပြေ ကွန်ပျူတာကြည့်မယ်ဆိုရင် တနေ့ကို အချိန်တစ်နာရီသာ အလွန်ဆုံး သတ်မှတ်ပြီး အထိုက်အလျောက်ပဲ ကြည့်သင့်တယ်လို့လည်း အတိအကျ လမ်းညွှန်ပါတယ်။

ကျောင်းကဆရာ ပါမောက္ခ Mr. Terasawa ကတော့ Technostressကို လျော့နည်းစေဖို့ ကိုယ့်စိတ်ကို အိုင်စတော့ပ် (i-stop) လိုမျိုး ထိန်းချူပ်နိုင်ဖို့ လိုတယ်လို့ ဥပမာပေးတင်စားပါတယ်။ ကွန်ပျူတာ၏ အခြားတဖက် မမြင်ရတဲ့ အဆုံးမဲ့ကမ္ဘာထဲမှာ နစ်ဝင်ခံစားတတ်မှုတွေကို အလွန်အကျွန်မဖြစ်ခင် အိုင်စတော့ပ်လုပ်ရမှာ ဖြစ်ပါတယ်တဲ့..။

ဒါကြောင့် ကျွန်မလည်းပဲ အိုင်စတော့ပ်စနစ်လေးကို အတုယူပြီး၊ မမြင်ရတဲ့ ကမ္ဘာထဲက ဖြစ်ရပ်တွေထဲမှာ အလွန်အကျွံ မပျော်ဝင်မိအောင် အတွေးတွေကို ထိန်းချူပ်လို့ ဒီနှစ်အတွက်တော့ ဒီလောက်နဲ့ပဲ အိုင်စတော့ပ်လိုက်ပါတယ်။....

သူငယ်ချင်းအားလုံးနှစ်သစ် ၂၀၁၁မှာ ပြန်ဆုံကြသေးတာပေါ့နော်။လသာည ဖြစ်ပါတယ်
Reference: Data Smog: Surviving the Information Glut
Multitasking Madness by Larry Rosen, Ph.D. and Michelle Weil, Ph.D.
ဂျပန်နိုင်ငံ ကျန်းမာရေးဌာနက ပြဌာန်းထားသော guideline



29 comments:

စာဖတ်ပိတ်သတ်လေး said...

အစ်မလသာည တော်တော်လေး တွေးတောစဉ်းစားစရာ ရပါတယ်။ nice post.!
နှစ်ကုန်ဖို့ အများကြီးလိုပါသေးတယ်။ အစ်မကနှုတ်ဆက်နေတယ်။ အစ်မ ဘယ်သွားမလို့လဲ။

chindwinthu said...

အစ်မ စောစောစီးစီး အိုင်စတော့ပ်ပြီလား။ ဒီပို့စ်လေးကို ကြိုက်တယ်။

မိဆိုးလေး said...

အမရဲ့ ပို့ စ်က အရမ်းဗဟုသုတရပါတယ်။
မြတ်စွာဘုရားက ဟောကြားတော်မူခဲ့သလိုပေါ့။
အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) အတိုင်းကျင့်ကြံအားထုတ်ရမယ်တဲ့။
အစွန်းရောက်မှု
တနည်းအားဖြင့် စိတ်ထိမ်းချုပ်နိုင်စွမ်းနည်းပါးမှုကို
သတိတရားနဲ့  ထိမ်းချုပ်ပေးဖို့ က
အမှန်တကယ်လိုအပ်တဲ့ အရာတစ်ခုပါ။
ခုထိတော့ အဲဒီရောဂါလက္ခဏာတွေ မရှိသေးဘူး (ထင်ရတာပဲ :D)။
...................................................................

မီးမီးဆိုင်ကယ်ကိုတော့ i-run တပ်မလို့ ။
ပိုက်ဆံချေးမယ့်သူတို့ ၊ မော်တော်ပီကေကို မြင်ရင် အော်တို ပြေးအောင်လို့ ။ ဟိ :P

PPS said...

ဒီတခေါက်အိမ်အပြန်..မိသားစုစကားဝိုင်းဆိုတဲ့အချိန်လေးမရှိလောက်အောင်ကိုပဲ..အိမ်ကလူတွေတီဗွီရှေ့ကမခွာကြတော့တာကို..သတိထားမိပြီး..ဝမ်းနည်းသလိုဖြစ်မိတာအမှန်ပဲအမရေ..း((

ppsကောဘာထူးလဲ..ဒီပြန်ရောက်တော့..PCရှေ့ထိုင်..မအိပ်နိုင်မစားနိုင်...း((

လူတွေရဲ့အာရုံမှာမသိမသာစွဲကပ်လာတဲ့Technostressတွေကို..လူတွေအတွက်တော့..သတိတရားဆိုတဲ့(i-stop)လေးနဲ့ထိန်းချုပ်နိုင်ဖို့..နှိုးဆော်ပေးတဲ့
သတိပေးဆောင်းပါးလေးအတွက်..ကျေးဇူးပါ..။

မယ့်ကိုး said...

TechnoStress ကတော့ တစ်သက်လုံးဖြစ်မယ့်ရောဂါပဲ ထင်ပါရဲ့ ချစ်မလေးရယ်။း)

blog ရေးတာကို မဖြတ်နိုင်ဘူးလေး)

Shinlay said...

ကျေးဇူးတင်ပါတယ်။ အ၀င်တွေများနေတော့ အာရုံထဲမှာ အတွေးတွေများနေတာလေး သတိပေးလို့ ကျေးဇူးပါ။

မိုးစက်ပွင့် said...

ဟင်- လသာညကလည်း နှစ်ကုန်ဖို့က အဝေးကြီးလိုသေးတာ၊ နေပါဦး.. သတိထားစရာပို့စ်လေးအတွက် thanks

( ပုံ- TechnoStress- ဖြစ်စပြုနေသူ)

Anonymous said...

ကျွန်မလည်း ဘလော့စွဲနေပြီအမ။ ဘလော့ဖတ်တာစွဲတာ

sosegado said...

တော်သေးတာပေါ့
ကိုယ်ကိုကိုယ်ပြန်ကြည့်မိတာ၊ TechnoStress မဖြစ်သေးဘူး
အခြား Stress တွေတော့ဖြစ်နေပြီ။ တစ်ချို့ စတော့ရတော့မယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပ်ကောင်းတဲ့ပိုစ့်လေးဘဲ... ကိုယ့်ကိုယ်ကိုလဲ ပြန်သတိထားမိတယ်.. ဘလော့စွဲတဲ့ရောဂါဖြစ်နေပြီ
ယောင်းမလို အိုင်စတော့လဲ လုပ်လို့မရသေးဘူး
ဖြတ်ရင်လဲ တိကနဲဖြတ်ဖို့စိတ်ကူးမိတာပါဘဲ..
တစ်ချိန်ချိန်ပေါ့..
ဒါနဲ့ ဘယ်များခရီးသွားမလို့ပါလိမ့်..
ဘယ်ကိုသွားသွား ပြန်လာရင် လက်ဆောင်ဝယ်လာခဲ့နော်း)
ပျော်ရွှင်ချမ်းမြေ့သောခရီးဖြစ်ပါစေ ယောင်းမရေ..
ကချင်မှာ သူငယ်ချင်း ချင်းချင်း သိပ်ရင်းနှီးရင်လဲ ယောင်းမလို့ခေါ်ကြတယ် တကယ်..

သိင်္ဂါကျော် said...

ဘယ်အရာကိုမှ အလွန်အကျွံ စွဲလမ်းတာတော့ မကောင်းဘူးပေါ့နော်..

ကိုဇော် said...

အင်း . .အိုင်စတော့ . . .
အိုင်စတော့ . . .ယူစတော့ ရင်တော့ ဘလော့လေးလည်း မျော့တော့တော့ပေါ့။
အချိန်ရသလောက် ရေးပါဗျာ။

လသာည said...

5 Dec 10, 05:32 PM
တမ်းတ: အားလုံးအတွက် ကျေးဇူးတင်ပါတယ် အစ်မ.. ပျော်ရွှင်ပါစေနော်..
5 Dec 10, 05:32 PM
တမ်းတ: အဲ့လိုဖြစ်နေတဲ့သူတွေ တော်တော်များများတွေ့ဖူးနေလို့ပါ...
5 Dec 10, 05:31 PM
တမ်းတ: အစ်မရေ မင်္ဂလာပါ technostress ကိုတော့ စိတ်ဝင်စားသွားပြီ.. နောက်ဆို အဲ့ရောဂါ တော်တော်ဆိုးလာတော့မယ်ထင်တယ်နော်

လသာည said...

ပိတ်သတ်လေး၊ ငြိမ်း၊ မယ်ကိုး၊ မရှင်လေး၊ မမိုး၊ အမည်မသိညီမ၊ ကိုsosegado၊ ချော၊ သိင်္ဂါ၊ ကိုဇော်၊ တမ်းတ အားလုံးကို ကျေးဇူးတင်ပါတယ်။ တခြားအဝေးကြီး မသွားပါဘူး။ ကျမ်းတင်ကိစ္စတွေကြောင့် အလုပ်များလို့ စာရေးတာ ၃ပတ်လောက် စတော့ပ်မယ်လို့ ပြောတာပါး))))

မိဆိုးလေးနှင့်ပီပီအက်စ်..
Doomo, doomo!! O hisashiburi desu. Arigatoooo.

Anonymous said...

ညီမ လသာည ရေ

ညီမ ရဲ့ ပိုစ့် လေးဖတ်ရတာ တကယ့်ကို ဗဟုသုတ ရစေတယ်

Technostress ကို ရချင်နေတာတော့ မှန်တယ် ကွန်ပျူတာ သုံးစွဲချိန် နာရီတွေ သိပ်များနေတဲ့ အတွက်

ရောဂါလက္ခဏာ တွေ သိပ်မပြသေးတဲ့ အတွက် ဆက်သုံးလို့ ရအုန်းမယ်ထင်တယ်

ပြလာရင်တော့ လျှော့ရတော့မှာပေါ့ အိုင် စတော့ ရှိရင်လည်း ကောင်းသား

လသာည 2010 အတွက် နှုတ်ဆက်တာ စောလွန်းတယ် happy new year လုပ်ကြအုန်းဆို့လေ ညီမ ကောင်းမွန်ဝင်း ထဲက ဂျပန်က အမြီးလေးတွေ သွားဆွဲမယ် ပုလင်းကတော့ ဘယ်မှာ ယူရင်ကောင်းမလည်း မသိဘူး

ချစ်တဲ့
အမရွှေစင်

ShwunMi- said...

ရပ်လို့မရတော့ဘူး..
ရပ်လို့မရတော့ဘူး.. ဘရိတ်လွတ်နေပါပီ.. :D
computer ထဲမှာပါ istop ဝယ်တပ်ထားရတော့မယ် ထင်ပါ့..
မမညည ပြောတာ ဟုတ်တယ်.. ဖတ်စရာစာတွေကများ.. ကိုယ်လိုက်မမီတာတွေကများ.. ရောဂါဖြစ်မှာစိုးလို့ ကွန်ပြူတာဖွင့်ရင် ဂိမ်းပဲအရင်ဆော့တယ် :D

Anonymous said...

ဟမ်..ဘယ်ကို သွားမလို့တုန်း ကြီးတော်လသာရဲ့။

အရမ်းကောင်းတဲ့ပို့စ်ပါပဲ။
ဒါပေမဲ့..ဟီးဟီး... ကွန်ပျူတာကမ္ဘာထဲကတော့ ထွက်နိုင်သေးဘူး။ ဒါမဲ့ စိတ်တော့ပူပါဘူး။ နည်းပညာဘယ်လောက်တိုးတိုး ဒါမှ ကိုယ်စိတ်မ၀င်စားတာ။ ကိုယ်စိတ်ဝင်စားတာ စာလေးတွေ သတင်းလေးတွေ ဟင်းချက်နည်းလေးတွေဖတ်နေရရင်..ကျေနပ်ပီ။

မြတ်နိုး

ဖိုးကြယ် said...

အာ........... စောစောကပြောပေါ့ :) မလသာရယ် ဟီးးးးး ထူးတော့ပါဘူး ရူးပါစေတာ့ :)

ခင်တဲ့(ဖိုးကြယ်)

မြစ်ကျိုးအင်း said...

စိတ်ရှုပ်စရာတွေ များများတွေ့လာရင်တော့
အလိုလို အရှိန်လျော့မယ်နဲ့တူပါရဲ့။

Anonymous said...

မရေ...............
ဗဟုသုတ ရမိတဲ့ POST ကောင်းလေးပါ။
Technostress ကတော့ ရတော့မလိုလိုပဲ ထင်တယ်။
I Stop ဆိုတာလေးနဲ့ ရောပြီး နှုတ်ဆတ်တာလေး
သဘောကျမိတယ်..မရေ။ :)
...ခင်မင်လျှက်..ခင်မာလာအောင်..:)
မရေ....ပျော်ရွှင်ပါစေ။

An Asian Tour Operator said...

technostress မရ အောင် i-stop ကား ပဲဝယ်စီးရင် ကောင်းမလား :P

Kyaw Hnin Se Lwin said...

မညရေ
အမှန်ပဲနော်
မုချူးဖြစ်ဖြစ်သွားတယ်
:))

မြတ်မွန် said...

ဟွန်း စာရေးတာ ရပ်ချင်းလို့ ဒီပိုစ့်လေးနဲ့ ပြောပြသွားတာ ..ဒို့မမ လသာညကတော့ ။

pandora said...

သိပ်ကောင်းတဲ့ပို့စ်လေးပါ
အင်တာနက်ကမ္ဘာက သိပ်စွဲလန်းစရာကောင်းတတ်တယ်
အလယ်အလတ်အနေနဲ့ ထိန်းချုပ်နိုင်ရင် အကောင်းဆုံးပေါ့
လသာညကတော့ (ဒီနှစ်အတွက်) အိုင်စတော့လုပ်လိုက်ပြီပေါ့။ ၂၀၁၁ ဇန်န၀ါရီ ၁ရက်မှာ ပြန်ဆုံကြတာပေါ့။ :)

blackcoffee said...

အိုင်စတော့ပ် ကားလေးတစ်စီးလောက် ဝယ်စီးချင်သား... ပိုက်ဆံမရှိတာက ခက်တယ်...

T T Sweet said...

အလုပ်တွေရှုပ်နေလို့ ခုမှပဲရောက်တော့တယ် လသာရေ။

ဟုတ်တယ်။ လူတိုင်း အိုင်စတော့လေးတွေ တပ်ပြီး ထိမ်းချုပ်သင့်ပါတယ်။

သတိပေးတဲ့ ပို့စ်လေးအတွက်ကျေးဇူးနော်။

blackroze said...

မရေ...post လေးကကောင်းတယ်..
ဟုတ်တယ်မ..i-stop လုပ်သင့်တယ်..

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

သူကြီးမင်း (တုံးဖလား) said...

အမ လသာည..
အိုင်းစတော့ပ်လေးနဲ့ ရပ်နေပါလား။ အလုပ်တွေ ရှုပ်နေထင်ထင်ပါ့။

အင်းနော်..
အင်တာနက်ရောဂါလဲ မသေးဘူး။ လူအတော်များများက အမပြောတဲ့ ရောဂါရှိကြမယ်ထင်တယ်။ ကျနော်လဲ အင်တာနက်ကို တစ်နေ့ မကြည့်လိုက်ရရင် နေထိုင်မကောင်းချင်တော့ဘူး။

ရောဂါကို အမပေးတဲ့ အိုင်းစတော့ပ်နည်းနဲ့ ကုမှ ရတော့မယ်ထင်တယ်။းဝ))

ပျော်ရွှင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)