မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော် ဆယ်နှစ်ရက်မြောက် နေ့တွင် ပြောကြားခဲ့သည်။ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရဲ့ ပညာရေးဆိုင်ရာမေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
ဒေါ်တင်နွယ်ဦးက "၀င်ငွေအနိမ့်ဆုံး နိုင်ငံများတွင် ပါဝင်သည့် အီသီယိုပီးယားနိုင်ငံသည်ပင်လျှင် ၁၉၉၈ ခုနှစ်က လူတစ်ဦးအတွက် ပညာရေး ဆိုင်ရာအသုံးစရိတ်မှာ ၉.၉၅ ဒေါ်လာ (မြန်မာငွေကျပ်ငွေဖြင့် တစ်သောင်းပတ်ဝန်းကျင်) ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အသုံးစရိတ်မှာ ယခုနှစ် ၂၀၁၁ ခုနှစ်တွင် ငါးထောင့်လေးရာသုံးဆယ်တစ်ကျပ်သာ ရှိကြောင်း မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောသွားပါသည်.. ။
(7 DAY NEWS JOURNAL, အတွဲ (၁၀) အမှတ် (၂၆)၊ စက်တင်ဘာ ၁၅၊ ၂၀၁၁၊ စာမျက်နှာ ၂၁) မှ ကောက်နှုတ်ဖော်ပြချက်..)
ပညာရေးဖြင့် ခေတ်မှီ ဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ထူထောင်ဖို့အတွက်.......
ဟူးးးးးးးးးးးးးး နေတတ်သလို နေပါတော့♪.. နေတတ်သလို နေပါတော့..♪♪
လသာည ဖြစ်ပါတယ်။
21 comments:
မေ...မနေတတ်ဘူး♪♪ မနေတတ်ဖုူး♪♪မနေတတ်ဘူး ♪♪♪♪
( အသံပြဲကြီးနဲ့ အော်ဆိုသွားတယ်- ဟိ)
မိုးစက်ပွင့်
ဟူး......တွေးတွေးပြီး မောနေမိတယ်။ ကျန်းမာပျော်ရွှင်ပါစေ လသာရေ။
သူတို့ရှိတဲ့ အရပ်ဆီမှာလေ နေပျော်အောင် ဆုတောင်းလို့ပေးပါတယ် :P
ခင်တဲ့(ဖိုးကြယ်)
မမိုး..းD (ကဲ ဘယ်လိုလုပ်မလဲ.. ♪ ကဲ ဘယ်လိုလုပ်မလဲ.. ♪♪)
ဘုန်းဘုန်းကလည်း နေတတ်သလို နေပါဆိုမှး)
ဖိုးကြယ်.. ဆုတောင်း .. တိုင်းသာ.. ပြည့်စေလိုပါသည်.. .. ♪
လလကိုပြောသားးးးးးးးးဘဲ ငွေငြမ်းလိုပါတယ်ဆိုနေမှ
နေတတ်သလို နေပါဘူးးးးးးးးးးးးးးးလုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်ရမှာ............
ကိုယ့်အားကိုယ့်ကိုးးးးးးးကိုယ်ထကိုယ်ထ ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ထောင်ဖို့ လာထားးးးးအာဘွားးးးးးးးးဟုတ်ပေါင် ကြိုးစား နော် ကြိုးစား လသာညမှာလဲ တာဝန်ချိပါတယ်။
ခင်မင်တဲ့
စစ
လူငယ်တွေပညာတွေအရမ်းတတ်မှာ
စိုးလို့ထင်တယ်.....
ဟုတ်ပါတယ်နေတတ်သလို
နေပါတော့ မယ်။
ခင်မင်တဲ့ jas
နေတတ်သလိုနေဆိုလို့ နေတတ်တဲ့သူကတော့ ဖါးတွေငါးတွေ ရှာစားပြီး နေတတ်ကြတယ်၊ မနေတတ်တော့ တောထွက်သွားတယ် တောဘက်မှာ အလှူပိုရတယ်တဲ့၊ နောက်ဆုံး ရေထွက်ရင်တော့ နေတတ်သွားပါတယ်။
မလသာ
နေလို့မရတော့ဘူးးးးးးးးနေလို့မရတော့ဘူးးးးးးဟူးဟူးဟူးးးးးး
ကျန်းမာရေးလည်း ဂရုစိုက်နော်။ ပျောက်ပျောက်သွားရင် သတိရနေလို့ပါ။
ချစ်တဲ့
သဒ္ဓါ
အဲ့ဒီသတင်းကိုတွေ့ လိုက်ပါတယ်။ နေတတ်သလိုသာ..
နေရပါတော့မယ်။
လူငယ်တွေရဲ့ ပညာရေးထက် သူတို့အရေးက ပိုအရေးကြီးနေတော့ အဲဒီအရေးအတွက် သုံးနေတာနဲ့ ကုန်ပါပေါ့ ..
သူတို့စိတ်ထဲမှ လူငယ်တွေ ပညာတတ်လေ သူတို့ကို ပုန်ကန်လေမို့ မတတ်လေကောင်းလေလို့ ထင်နေပုံရတယ်။ ဒါနဲ့ဘဲ ခေတ်ကြီးက ကိုယ့်ပိုက်ဆံနဲ့မှကိုယ် ပညာမရှာရင် ဘာမှဖြစ်မလာတော့ဘူး
ညီမ လသာည ရေ
မနေတတ်ရင် သေတတ်တယ် တဲ့
အားလုံးအားလုံး အတွက် တချိန်ချိန်မှာတော့ အကောင်းဆုံး ဖြစ်မှာပါ
အားတင်းထားညီမ
ချစ်အမကြီး
နေတတ်သလိုနေ နေတာဘဲကြာလှပေါ့
အမရယ်..
အမပျောက်နေတာကြာပြီနော်..
ခင်တဲ့ညီမ blackroze
နေတတ်သလို နေလာတာ ကြာပါပြီ အစ်မရယ်...
ဘယ်သူက ပျောက်နေတာလဲ၊ အမချစ်လား ညီမ လသာညလား။ အမကတော့ ခုမှပဲ အရောက်လာခဲ့တယ်...။ ညီမက စာအသစ်မှ မတင်တာ :P
ရွာကပညာရေးက သူတို့အတွက်မှ အရေးမကြီးတာကွယ်။ သူတို့ကလေးတွေ အကုန် အပြင်ပို့ ကျောင်းထားကြတာလေ...
နေလာခဲ့တာကြာပြီကောလားး)း)
နေတတ်သလိုနေပါတယ် နေပါထယ်ဟယ်ဟယ်ဟယ်
မောင်ဘကြိုင်
ပညာရေးစနစ်အကြောင်းပြောရရင်တော့ ဒေါသသံတွေ သင့်လာလိမ့်မယ်ထင်တယ်။ တာဝန်ရှိသူတွေကိုယ်တိုင် ပညာသင်ကြားနေတဲ့စနစ်ကို မူလတန်းကစလို့ သေချာလေ့လာသင့်နေပြီ..။ ကျောင်းကဆရာမပေးတဲ့ ကျူရှင်တက်တဲ့ ကလေးနဲ့ မတက်တဲ့ကလေး မတူညီတဲ့ သင်ကြားမှုတွေ ရနေကြတာ စိတ်ပျက်စရာ..။
ပညာရေးစနစ်အကြောင်းပြောရရင်တော့ ဒေါသသံတွေ သင့်လာလိမ့်မယ်ထင်တယ်။ တာဝန်ရှိသူတွေကိုယ်တိုင် ပညာသင်ကြားနေတဲ့စနစ်ကို မူလတန်းကစလို့ သေချာလေ့လာသင့်နေပြီ..။ ကျောင်းကဆရာမပေးတဲ့ ကျူရှင်တက်တဲ့ ကလေးနဲ့ မတက်တဲ့ကလေး မတူညီတဲ့ သင်ကြားမှုတွေ ရနေကြတာ စိတ်ပျက်စရာ..။
ကဲ...နေတတ်သလိုနေပါဆို...အစ်မလသာညကတောhaလ.....မနေတတ်မထိုင်တတ်နဲ့ပြောပြန်ပြီ.....:)))
ဘယ်သူတွေက ဘယ်လိုပဲနေနေကြပါစေ။ နေတတ်သလို မနေဘဲ စေတနာထား စာသင်ကြားပေးနေတဲ့ မမတို့ကို တကယ်လေးစားမိပါတယ်း)
ကွန့်မန်များအတွက် အားလုံးကို ကျေးဇူးနော်။
သြော် . . .
Post a Comment