Thursday, May 31, 2012

ပို့စ်မှားတင်မိလို့...

ချစ်ရတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ မတွေ့တာကြာပြီနော်။ အဆင်ပြေနေကောင်းကြရဲ့လား။ လသာညလည်း အလုပ်တွေရှူပ်ပြီး အွန်လိုင်း မ၀င်မိတာကြာပြီ။ 

အခုမနက် သူငယ်ချင်းတစ်ယောက် က "မင်းဘလော့က အဆုံးမရှိ အစမရှိ ရေးထားတာ အဆက်က ဘယ်နားသွားရှာရမလဲ" လို့ မေးမှ သိတာ။ အားလုံးဆောရီးနော် _(^^)_..

ပို့စ်က မမရွှေစင်ဦးရဲ့ ပို့စ်ပါ။ မမရွှေစင်က မှားတင်မိတာပါတဲ့။

အမှန်တကယ် မှားသူက လသာညပါ။ မနေ့က မမရွှေစင်ဦးဆီ အလည်သွားရင်း မေးလ်စစ်တာ ပြန် sign out လုပ်ခဲ့ပေမယ့် မသေချာသွားခဲ့တဲ့အတွက်  မမရွှေစင်က သူ့ g-mailနဲ့ sign in လုပ်ထားတာလို့ ထင်ပြီး သူ့ပိုစ်ကို ဆက်တင်မိသွားတာတဲ့ :D 


အားလုံး ဆောရီးပါနော်.။ တကယ်ဆောရီး..။ မမရွှေစင်ဦးက လသာညဘလော့ကို ဖုံတက်ခါပေးတာ နေမှာပါ။ မမ ကျေးဇူးး))

 ဒီပို့စ်ရဲ့ အစနဲ့ အဆက်များကို ဆက်ဖတ်လိုသူများ မမရွှေစင်ဦးရဲ့ (http://www.shwezinu.com/)မှာ ဆက်လက် ဖတ်ရှူနိုင်ပါတယ်။ 

လသာည



............................................

လကာင်္ရည်ကျော်၏ တိမ်တွေ တောင်တွေနှင့် ခရီးသည် အပိုင်း (၁၂)


အာသာကို ကိုကို တကယ်ပဲ သိနေတာလား။ စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။ " အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။  အဲသည် အချိန်မှာပင် အိမ်အောက် က ကားဟွန်းသံကို ကြားရလေသည်။ ကို ဆက်ဖတ်ရန်.......

ရဲဝင့် (၁၂)

အိမ်အကူ မွန်မကလေးက တံခါး လာဖွင့်သဖြင့် ရဲဝင့် မျက်နှာ အနည်းငယ် အိုသွားသည်။ စိမ်းဝေ ညစာ မစားဘဲ သူ့ကို မျှော်နေလိမ့်မည်ဟု သူ ဘာကြောင့် ထင်မိရသလဲဟု မချင့်မရဲ တွေးမိသည်။
သို့သော် အိမ်ထဲ ၀င်လိုက်တော့ အတွင်း လှေကားမှ ဆင်းလာသော စိမ်းဝေကို တွေ့ရသည်။ စိမ်းဝေက ပြုံး နေသည်။ " စိမ်းဝေ မအိပ်သေးဘူးလား " " စားတောင် မစားရသေးဘူး၊ ကိုကို့ကို စောင့်နေတာ "
ရဲဝင့် နှလုံးသားတစ်စုံ နွေးထွေး သွားသည်။ " စားရောပေါ့ စိမ်းဝေရယ်၊ ညဥ့်နက်နေပြီ " စိမ်းဝေ က နှုတ်ခမ်းစူသည်။


ဆက်ရန်..
.

10 comments:

သဒ္ဓါလှိုင်း said...

မတွေ့ရတာကြာလို့ သိပ်ကိုသတိရပါတယ်မလသာ။ ခုစာလေးဖတ်ရတော့ လွမ်းတာလေးပျောက်ရပြီပေါ့။ နောက်ထပ်ဖတ်ရဖို့ကိုလည်း မျှော်လင့်နေမယ်နော်။
စိတ်ချမ်းမြေ့ပါစေ။
ချစ်တဲ့
သဒ္ဓါ

ခရစ္စတလ် said...

ပျောက်လှချည်လားးး အစ်မရာ.....
အလုပ်များနေလို့ ပိုစ့်ကို နောက်မှ သေချာလာဖတ်ပြီး ထပ်မန့်အုံးမယ် ...... :)

လသာည said...

သဒ္ဒါ.. ရေ ကျေးဇူး။ ခရစ္စတယ်လ် ကျေးဇူးညီမလေး..

ဒီကလည်း သတိရနေတာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြစ်လည်း ဖြစ်တတ်တယ်နော်း))
မရွှေစင်ဦးမှားတင်မှဘဲ လသာညလည်း ဘလော့ပေါ် ပြန်ရောက်လာတော့တယ်။
ပျောက်နေလိုက်တာ.. စာလေးဘာလေး ရေးပါဦးလားလို့ လွမ်းနေတာကို။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်မန့်ပေးလိုက်တာ spam ထဲရောက်သွားပြီထင်တယ်။ ပြန်ရှာပေးဦးနော်..
လွမ်းနေတာ

မိုးစက်ပွင့် said...

လသာညလေး
မအားရင်လည်း သုံးလတခါလောက်တော့ တခုခုရေးပါဦး
အလွမ်းပြေပေါ့

ကိုကိုမောင်(ပန်းရနံ့) said...

ထင်တော့ ထင်သား။ ဘာမှ မပြောမဆိုဘဲ အပိုင်း ၁၂ ဆိုတော့။ ကျန်တဲ့ အပိုင်းတွေ ရှာကြည့်ခဲ့မိသေးတယ်။

စာလေးဘာလေး ဆက်ရေးဖို့ အစီအစဉ်မရှိဘူးလား။
အားလပ်ရင် ဆက်ရေးဦးပေါ့။ မျှော်နေမယ်။

ကိုကိုမောင်ဖြစ်ပါတယ်။း)

စံပယ်ချို said...

လသာညရေ
ရောက်ပြီးဖတ်နေတာ
အရင်ပိုစ့်တွေအားတဲ့အခါလာရှာပါမယ်

မြသွေးနီ said...

အင်း..အခုမှ ရှင်းတော့တယ်..။
ဖုန်ခါပြိးရင် စာတွေ ဆက်ရေးပါဦး..။

လသာည said...

မမိုး ကိုကိုမောင် စံပယ်ချိုနဲ့ မမမြသွေးနီ နဲ့ တကွ လာရောက်သတင်းမေး နှုတ်ဆက်သူ သူငယ်ချင်းအားလုံး ကို ကျေးဇူးအထူးတင်ပါတယ်။

သတိရလျှက်