Sunday, August 23, 2009

တောတွင်းသူလေး

1920လောက်တုန်းက ပုံပြင်ဆန်ဆန်တစ်ခု ဖြစ်ပွားခဲ့တယ်။ အိန္ဒိယနိုင်ငံ Mindapore က Godamuri ရွာလေးနားက ရွာသားတစ်ဦးဟာ တောအုပ်နားမှာ ၀ံပုလွေ အမကြီးတစ်ကောင်နဲ့ မိသားစု (၀ံပုလွေအုပ်)ကို တွေ့ရှိခဲ့တယ်။ ထူးခြားချက်က ၀ံပုလွေလေးနှစ်ယောက်ဟာ လူနဲ့တူနေသလိုဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ အဲဒီကလေးနှစ်ကောင်ကို ဖမ်းမိသွားခဲ့တယ်။

ဟုတ်ပါတယ်၊လူသား (၀ံပုလွေရုပ်နဲ့) the Wolf Girls လေးတွေပါ။ အကြီးလေး (kamala)က ရှစ်နှစ်၊ အငယ်လေး(Amala)က တစ်နှစ်ခွဲပဲ ရှိသေးတဲ့ လူသား စစ်စစ်တွေ ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ညီမအရင်းတွေ မဟုတ်ပဲ၊ မိဘက စွန့်ပစ်ခြင်း ခံရလေသလား၊ ၀ံပုလွေတွေကပဲ သားကောင်အသွင် ချီလာခဲ့သလား အငြင်းပွားစရာတော့ ဖြစ်ခဲ့တယ်။ ထိုရွာသားကနေ မိဘမဲ့ ကလေးကျောင်းက ကျောင်းအုပ် Reverend J. A. L. Singhဆိုသူကို ပေးအပ်ခဲ့ပါတယ်။

သူတို့က လေးဘက်သွားတယ်။ အသားစိမ်းစားတယ်။ အရည်ဆိုရင် လျှာနဲ့ ရက်သောက်တယ်။ နေ့ကို ကောင်းကောင်းမမြင်သလိုပဲ။ ညကိုပဲ ပိုကျွမ်းတယ်။ ညဆိုရင် ၀ံပုလွေလို အူတယ်။ လူစကားကတော့ သိတဲ့အတိုင်း ဘယ်ပြောတတ်မလဲ။ ရောက်ခါစက လူတွေကို စိမ်းနေတဲ့အတွက် သူတို့နားကပ်သွားရင် ၀ံပုလွေတွေလိုပဲ သွားတွေစေ့ပြီး မာန်ဖီတတ်တယ်။

နောက်အဖျားဝင်ပြီး အငယ်လေးက ဆုံးသွားခဲ့ပါတယ်။ Singhရဲ့ ကြိုးပမ်းမှုကြောင့် အကြီးမလေးဟာ လူတွေနဲ့ နည်းနည်းယဉ်ပါးလာတယ်။ နောက်မှာ kamalaလေးကို တဖြည်းဖြည်း လူတော့ထဲမှာ နေထိုင်နေဖို့ သင်ကြားခဲ့ပါတယ်။

သူ့အသက်၉ နှစ်လောက်မှ (စတွေ့ကတဲကဆိုရင် အသက်ရှစ်နှစ်ပေါ့) ဘာသာစကားကို (လူစကားပြောခြင်းကို) စသင်ခဲ့ပါတယ်။ ကလေးနာမည်အခေါ်အဝေါ်တွေ၊ အရောင်တွေ စသည်..ဖြင့် ..သူပြောတတ်အောင် စကားလုံးလေးတွေကို နည်းနည်းချင်းသင်ကြားပေးခဲ့ပါတယ်။ အသက်၉နှစ်မှာ စသင်ရတဲ့ စကားပြောခြင်းပညာဟာ သူမလေး အတွက် တော်တော်ပဲ ခက်ခဲလွန်းနေခဲ့တယ်။ ပြောတတ်ဖို့ အချိန်တော်တော်ပေးခဲ့ရပါတယ်။ လမ်းလျှောက်တာကိုလည်း မတ်မတ်လျှောက်တတ်အောင် ဖြေးဖြေးချင်း လေ့ကျင့်ပေးခဲ့ရပါတယ်။

သနားစရာ kamalaလေးဟာ အသက် ၁၆နှစ်အရွယ်မှာမှ ပုံမှန်နို့စို့ကလေးငယ်(၂နှစ်သားခန့်) လောက် သိနိုင်လာခဲ့တယ်လို့ ဆိုပါတယ်။ သူကို ပိုထောက်ပံနိုင်ဖို့ အမေရိကားကို ခေါ်ဖို့ စီစဉ်နေစဉ်မှာပဲ ၁၉၂၉မှာ ကျောက်ကပ်ရောဂါကြောင့် ကျန်းမာရေး ချို့ယွင်းလာပြီး နိုဝင်ဘာလမှာ ဆုံးပါးသွားခဲ့ပါတယ်။..။

ဒီကလေးနှစ်ယောက်နဲ့ ပတ်သက်ပြီး ကမ္ဘာမှာ တော်တော်လေး ဂရက်ရိုက်ခက်ခဲ့ပါတယ်။ ၀ံပုလွေလူသား ရုပ်ရှင်ဇာတ်ကားတွေ၊ ၀တ္တုတွေလည်း တော်တော်ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံပြင်ဇာတ်လမ်းလေးက ဒီမှာတင်ပြီးးးးးစ်

အခုကစ၍ ကြော်ငြာဝင်ပါတယ်.. အဟိ.. ပုံမှန်ကလေးတွေရဲ့ ဘာသာစကား ဖွံဖြိုးတိုးတက်နှုန်းပါ။

ဓါတ်ပုံကို ဒီနေရာမှ ယူပါတယ်။ပုံမှန်ကလေးတွေရဲ့ ဘာသာစကား ဖွံဖြိုးတိုးတက်နှုန်းဂရပ်ပါ။ မြှားက ထောင်တက်သွားတဲ့ကာလလေးက တစ်နှစ်ခွဲကနေ သုံးနှစ်အတွင်း ကလေးတွေရဲ့ ဘာသာစကား ဖွံဖြိုးတိုးတက်နှုန်းပါ။ အဲဒီကာလဟာ ကလေးတွေ ဘာသာစကားတိုးတက်ဖို့အတွက် အရေးကြီးဆုံး critical periodပဲ ဖြစ်ပါတယ်။ အဲဒီကာလလေးမှာ ကလေးဟာ စကားပြောတဲ့ပတ်ဝန်းကျင်မှာ နေခွင့်ရချင်ရ၊ မရခဲ့ရင် အဲဒီကာလရဲ့နောက်ပိုင်းကို ရောက်လေလေ ထိုကလေးဟာ စကား ပြောဖို့ အတတ်နှေးလေဖြစ်ပါတယ်။

ပုံမှန်ကလေးဟာ အသက် ၁နှစ်ခွဲမှ ၃နှစ်အတွင်း (၁နှစ်ခွဲကြာကာလလေး)မှာ စကားလုံးပေါင်း ၁၀၀၀ခန့်ကို သိရှိနိုင်စွမ်းရှိတယ်တဲ့။ (ပိုတတ်သူရှိနိုင်သလို၊ နည်းသူလည်း ရှိတယ်၊ individual difference ရှိပါတယ်။)အခု ဥပမာလေးထဲက ကလေးလေးကတော့ ၉နှစ်မှာမှ ဘာသာစကား (လူစကား)ကို သင်ပေးခဲ့ရတယ်။ ကလေးတစ်ယောက် စကားပြောတတ်ရမဲ့ critical periodကာလကို ကျော်မှ သင်ပေးခွင့်ရခဲ့တဲ့အတွက် လူအသိုင်းအ၀ိုင်းမှာ ရှင်သန်ခွင့် ရခဲ့တဲ့ ၈-နှစ်တာ ကာလအတွင်း စကားလုံးပေါင်း (100) ပတ်ဝန်းကျင်ကိုပဲ တတ်မြောက်နိုင်ခဲ့ပါတယ်။

အောက်က ဗွီဒီယိုလေးထဲမှာ အလားတူ အဖြစ်အပျက်ကြောင့် စကားပြောတတ်ဖို့ ခက်ခဲသူကလေးများအကြောင်းကို တင်ပြထားတာကို တွေ့ရပါတယ်။ အချိန်ရရင် အပျင်းပြေ ကြည့်ကြည့်လိုက်နော်.။ (Singhရဲ့ ဒိုင်ယာယီမှတ်တမ်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ )

လသာည

Saturday, August 22, 2009

တန်ဖိုးထားပါ။ (updated)

တခါက ဂျပန်ကားကုမ္ပဏီတစ်ခုက တီဗွီကားကြော်ငြာတွေကို ဘယ်သူတွေအများဆုံး ကြည့်သလဲလို့ စစ်တမ်းကောက်ကြည့်ခဲ့တယ်။
စစ်တမ်းမစခင် ဘယ်သူတွေဖြစ်နိုင်မလဲလို့ လည်း အမျိုးမျိုးထင်ကြေးတွေပေးခဲ့ကြတယ်..။
လူငယ်ပိုင်းလား၊? ပင်စင်စားတွေလား? ထီပေါက်သူတွေလား? ကားဒီဇိုင်းနာတွေလား? စသည် စသည် ...
အမျိုးမျိုးတွေးခဲ့ကြပါတယ်။

ဒိလိုနဲ့စစ်တမ်းပြီးတဲ့အခါ ....စိတ်ဝင်စားစရာ ကောင်းတဲ့အချက်တစ်ခုကို သတိထားမိသွားကြတယ်.။
တကယ်တော့ တီဗွီကားကြော်ငြာတွေကို အများဆုံး ကြည့်သူတွေက ကားဝယ်ပြီးစ လူတွေ ဖြစ်နေပါတယ်.။

အကြောင်းရင်းကို ဆန်းစစ်လိုက်တော့ ..
ကားဝယ်ဖို့ စဉ်းစားခါစက ကားကို စိတ်ကြိုက်ရွေးချယ်ဝယ်ခဲ့တာပဲလေ.။ ဒါပေမဲ့ ကားက ကိုယ်လက်ထဲရောက်တော့ အသစ်စက်စက်ပေမဲ့ စက်ကိရိယာအသစ်တွေနဲ့ နေသားမကျ မကျွမ်းကျင်ဖြစ်နေတာမျိုး၊ တခါတခါ ကိုယ်စိတ်တိုင်းကျ ၀ယ်ထားတဲ့ ကားထက်ကောင်းတာမျိုးကို ဈေးချိုချိုနဲ့ တခြားမှာ ရောင်းနေတာမျိုး ကြုံရတတ်တယ်.။ တချို့ကလည်း သူများဝယ်တာမှ ပိုကောင်းတယ်၊ ကိုယ်လက်ထဲ ရောက်တဲ့ပစ္စည်းဆို သိပ်မကြိုက်တတ်ကြဘူး။

ဒါကြောင့် ဘယ်လိုတွေးမိလာလည်းဆိုတော့ ဒီကားမဟုတ်ပဲ ဟိုကားလေး ၀ယ်လိုက်ရမှာ.လို မချင့်မရဲတွေးမိတတ်ကြတယ်.။ ဒီလိုနဲ့ပဲ တခြားတခြားကားတွေကိုငေးကြည့်ရင်း စိတ်အလိုကို ဖြည်သိမ့်နေကြတာဖြစ်ပါတယ်တဲ့..။

တကယ်တွေးကြည့်ရင် ကိုယ်ပိုင်ဘ၀ထဲက အရာတွေက ကိုယ်နှင့်အတူတူလိုက်ပါလို့ ကိုယ်ဘ၀ကို ဖြည့်စည်းပေးနေကြတာပါ.။ ဒါပေမဲ့လည်း ကိုယ်ကတော့ လက်ရှိအရာထက် တခြားအရာတွေကို တန်ဖိုးထားငေးမောရင်းကနေ၊ ကိုယ်ပိုင်ဆိုင်ပြီးသား အရာရဲ့တန်ဖိုးကို မေ့မေ့လျော့လျော့ နေမိသွားတယ်.။ ကိုယ်က သတိမထားမိခင်ကာလ အတွင်းမှာပဲ ထိုအရာတွေဟာ တန်ဖိုးထားခြင်းမခံရပဲနဲ့ ဟောင်းနွမ်းပျက်စီးသွားကြရတယ်.။

ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ကွန်ပျူတာပဲ ဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ်၊ လက်ရှိပိုင်ဆိုင်နေတဲ့ ဘ၀ပဲဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်လိုက်တဲ့အခါ ကိုယ်မျှော်လင့်သလို ၁၀၀ ရာခိုင်နှုန်း စိတ်တိုင်းကျ ဖြစ်လာမယ်လို့ မျှော်လင့်လို့ မရပါဘူး။

ဒါကြောင့် အကောင်းနဲ့အဆိုး ယှဉ်တွဲနေတဲ့ လောကကြီးမှာ အရာရာတိုင်း ကိုယ်စိတ်တိုင်းကျဖြစ်ဖို့ ဘယ်လိုမှမလွယ်ဘူးဆိုတာကို မမေ့ဖို့၊ လက်ရှိဘ၀ထဲမှာ ကိုယ်ကိုပေးဆပ်နေတဲ့ အရာတွေ ဟောင်းနွမ်းပျက်စီးမသွားခင်၊ ဒါမှမဟုတ် ကိုယ်အနားက ပျောက်ကွယ်မသွားခင် သူတို့ရဲ့ တန်ဖိုးကို မေ့မေ့ပျောက်ပျောက်မနေမိဖို့ အရေးကြီးတယ်..။

လသာည ဖြစ်ပါသည်.။

Friday, August 21, 2009

ပျော်အောင်ဘယ်လိုနေရမလဲ

ညွှန်ကြားချက်
  1. Step 1
    SMILE
    SMILE

    များများပြုံးပစ်လိုက်-ပြုံးရတာသိပ်ခက်နေရင် ခဲတံလေးကိုယူပြီး ကန့်လန့်ဖြတ်ကိုက်ထားလိုက်။ ဟုတ်ပြီ။ နေ့တိုင်း လုံလုံလောက်လောက်ပြုံးပေးပါမှ ပါးကြောလေးတွေ လျော့ပြီး မင်းဦးနှောက်ပါ အလုပ်လုပ်တာတဲ့။ အတွေးအခေါ်ကောင်းကောင်းလဲ ထွက်သတဲ့။ ပြီးတော့ ပျော်ရွှင်စေတဲ့ ဓါတ်ပစ္စည်းတွေလည်း ထွက်လာသတဲ့..။ မှတ်ထားနော်..။

  2. SING
    SING

    သီချင်းတွေ ဟစ်ပစ်လိုက်! -သီချင်းဆိုတာကလည်း ပြုံးတာလိုပဲ မင်းရဲ့ခန္ဓာကိုယ်ကို good ဖီလင်တွေ များများဖြစ်စေသတဲ.။ ရတဲ့သီချင်းတာ အော်ပစ်လိုက်နော်။ သီချင်းများ အချိန်မရွေး၊ နေရာမရွေး ဆိုလိုရတာပဲဟာ။ ရေချိုးခန်းပဲဆိုဆို၊ ထမင်းဟင်းချက်ရင်းပဲ ဆိုဆို ဆိုဖြစ်ဖို့ကအဓိက။ ကြောက်ရင်လည်း သီချင်းဆိုရတယ်တဲ့ မှတ်ထားနော်။

  3. Step 3
    HAPPY PEOPLE
    HAPPY PEOPLE

    အကောင်းမြင်တတ်သူတွေနဲ့ များများစကားပြော၊ များများဆက်ဆံ- မင်းနားမှာ ပျော်ပျော်နေတတ်သူတွေ ရှိနေခြင်းဟာ မင်းကို ပျော်ရွှင်တတ်အောင် သင်တတ်ဖို့ အခွင့်အရေးပဲလေ။ ပျော်တတ်တဲ့သူတွေမှာလည်း စိတ်ညစ်စရာမရှိတာမှ မဟုတ်တာ။ သူတို့က ကြုံသမျှ အခက်အခဲကို ရယ်စရာအသွင်ပြောင်းပြီး လုပ်စရာရှိတာကို ဆက်လုပ်နေကြတာ ဖြစ်လို့ ၊ အလကားနေ လွယ်လွယ်စိတ်ညစ်တတ်သူ၊အဆိုးဘက်ကတွေးသူထက်စာရင် ဘ၀မှာ အောင်မြင်မှုများတယ်တဲ့။

  4. Step 4
    LAUGH
    LAUGH

    ကဲ..တခါတခါဆို ပြုံးရုံတင်မက အားရပါးရ ရယ်ပစ်လိုက်နော် - ရယ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ခံစားချက်ဆိုးတွေကို ပြေပျောက်စေနိုင်တယ်။ ရယ်စရာ မရှိပါဘူးဗျာလို့ စိတ်မညစ်နဲ့၊ လသာညက တာဝန်ယူတယ်။...ရယ်စရာတွေရမယ်၊ ရယ်စရာတွေရမယ်.. ဟော ဒီနေရာမှာ သွားကြည့်လိုက်။ အများကြီးရှိတယ်။ လသာညတော့ စိတ်ညစ်ရင် အဲဒီကိုသွားရယ်တာပဲ..:D

  5. Step 5
    BE ACTIVE
    BE ACTIVE

    ဘာဖြစ်ဖြစ် တက်တက်ကြွကြွသာလုပ် -တက်တက်ကြွကြွလုပ်နေတဲ့ မင်းအသွင်ဟာ အမြင်မှာကို နှစ်လိုဖွယ်ရာ ဖြစ်နေမှာသေချာတယ်။

  6. Step 6
    GET CREATIVE
    GET CREATIVE

    အတွေးသစ်တွေကို ဖန်တီးလိုက်။ - တီထွင်မှုဆိုတာ တကယ့်ပျော်ရွှင်စေတဲ့ လမ်းသွယ်လေးတစ်ခုပါပဲ။ ကဗျာစပ်မလား၊ ပန်းချီဆွဲမလား၊ စာရေးမလား၊ဟင်းချက်မလား သူများနဲ့မတူ ဆန်းသစ်စွာ စဉ်းစားကြည့်လိုက်၊ ဒါဆို အလိုလို စိတ်ဝင်စားစရာတွေ တွေ့လာမှာ သေချာတယ်။ သူများနဲ့တူနေရင် ပျင်းစရာကြီးလေ..နော.။

  7. Step 7
    HUG
    HUG

    ထွေးပွေ့မှုတွေများများလုပ်ပေး -လှိုက်လှဲစွာ ဖက်လှဲတကင်း နေပေးခြင်းဟာ ပျော်ရွှင်မှုကို မျှဝေပေးတဲ့ နည်းလေးတစ်ခုပါပဲ..(ဟေး ဖက်တာလည်း ကြည့်ဖက်နော်။ :P) ကလေးငယ်လေးတွေ အဖို့ဆိုရင် များများထွေးပွေ့ပေးခြင်းဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကို အထောက်အပံဖြစ်စေတယ်လေ၊ Hug a lot!

  8. Step 8
    BE HAPPY
    BE HAPPY

    တစ်စုံတစ်ယောက်နဲ့ ပဋိပက္ခတစ်ခုခုနဲ့ ကြုံလာခဲ့ရင် အငြင်းမပွားနဲ့။ အရင်က ပျော်ရွှင်ခဲ့တဲ့အကြောင်းကို ပြန်စဉ်းစားပါ။ နှစ်ဦးနှစ်ဖက်ရဲ့ ပျော်ရွှင်မှုကိုသာ စဉ်းစားလိုက်ပါ။

  9. Step 9

    စိတ်ဓါတ်ကျစရာကြုံတိုင်း လွယ်လွယ်မကျအောင် ထိန်းထား။ ကိုယ်ဘာသာပြန်ပြောလိုက် “ဒါက အသေးအမွှားပါ၊ နောက်ထပ် အခွင့်အရေးကောင်းလာဦးမှာ..လို့။

  10. Step 10
    BE CHILDISH
    BE CHILDISH

    ကလေးတစ်ယောက်လို နေပစ်လိုက် - ကလေးတွေ တွေးတဲ့ အတွေးလေးတွေကို စဉ်းစားလိုက်။ ကလေးတစ်ယောက်ကြိုးခုန်သလို မင်းလွတ်လပ်စွာ ခုန်လိုက်ပါ။ ကလေးတစ်ယောက် မြက်ခင်းပေါ်လွတ်လပ်စွာ ထိုင်သလို ထိုင်ချလိုက်။ ကိုယ့်ကိုယ်ကို ပြန်ပြော“ ငါအသက်ကြီးလို့ ကစားတာကို ရပ်စရာ အကြောင်းမရှိဘူး၊ ကစားတာရပ်ရင် ငါလူကြီးဖြစ်သွားလိမ့်မယ်။ ဒီတော့ ငါကစားမယ်”။

  11. Step 11
    BE KIND
    BE KIND

    ကြင်နာပါ - နေ့စဉ် ကြင်နာမှုလေးတွေကို လုပ်ပါ။ (ဟေ့ တစ်ဦးတည်းကို ပြောတာမဟုတ်ဘူး :P) ကိုယ်ကြုံတွေ့သမျှလူတွေ အားလုံးကို ကြင်နာစွာ ဆက်ဆံပါ။ တတ်နိုင်သလောက် အကူအညီပေးပါ။ ဥပမာ.. ရထားစီးရင်း ထိုင်ခုံနေရာဖယ်ပေးတာမျိုး၊

  12. Step 12
    BE GRATEFUL
    BE GRATEFUL

    ကျေးဇူးတင်ကြရအောင် - ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးကို အမြဲသုံးပေးပါ။ အဲဒါပြောတဲ့ ကာယကံရှင် မင်းဘ၀ကိုရော၊ အပြောခံရသူ တဖက်လူကိုပါ စိတ်ခွန်းအားကို ရစေပါတယ်။

  13. Step 13
    MEDITATE
    MEDITATE

    တရားထိုင်ကြမယ်! - မင်းခန္ဓာကိုယ်ကို စိတ်ဖိစီးမှုများလေလေ တရားရှုမှတ်မှုကို များများလုပ်သင့်လေပါ။ နေ့တိုင်း စိတ်ကို လန်းဆန်းသစ်လွင်နေအောင် လေ့ကျင့်လို့ရတယ်တဲ့.။

ပျော်ပျော်နေနော်..။

လသာညပါ..။

ကြော်ငြာ။ ။ အခုတလောက ဆိုက်ကိုထဲက stress အကြောင်းဖတ်နေဖြစ်လို့ အလျှင်းသင့်တာနဲ့ သူငယ်ချင်းများကို မျှဝေ ဆရာလုပ်လိုက်ရပါတယ်။ စာတွေ များရင် မဖတ်ချင်ဘူးဆိုတဲ့ ချစ်သူငယ်ချင်းလေးကတော့ ခေါင်းစဉ်လေးတင် ဖတ်.. ဖြစ်တယ် :D

ချစ်သူသိစေ


မျက်လုံးကြောင့် နည်းနည်းနားနေတယ်။ ဒီရက်ပိုင်း ပို့စ်မတင်နိုင်သေးဘူး။ ဒီနေ့တောင် လာလည်တဲ့သူငယ်ချင်းတွေတွေ့လို့ အသစ်မတင်နိုင်တာကို အားနားတာမို့ အလွယ်တကူ ကိုယ်နားထောင်နေတဲ့ သီချင်းတင်ထားတာပါ။ အချိန်ရမှ နားဆင်ပါလို့။ ခင်မင်စွာဖြင့်

လသာည ပါ။ See you!!!!