Monday, August 31, 2009

နှလုံးသားကို ခိုးယူခြင်း

မနက်က စိတ်ပညာသီအိုရီတစ်ခုအကြာင်း ပြန်ဖတ်ရင်းနဲ့ ထိုသီအိုရီအကြောင်း သူတင်ပြတဲ့ ဥပမာကို သဘောကျသွားပါတယ်။ ကိုယ့်အတွက် မဟုတ်ပေမဲ့ တချို့သူငယ်ချင်းလေးတွေအတွက် အသုံးဝင်လေမလားရယ်လို့ ဘာသာပြန်တင်ပြလိုက်ရပါတယ်။
ဥပမာက (Ways on how to steal a person's heart) တဲ့..။
ဒီပို့စ်ကို မဖတ်ခင် မေးခွန်းလေးတစ်ခုကို မေးပါမယ်။
"Are you single and available?"
ရက်စ်လို့ ဖြေရင် နောက်မေးခွန်းတစ်ခုလည်း မေးပါရစေနော်။ တိတ်တခိုးချစ်သူရှိနေသလား။ ဖွင့်မပြောရဲ ဖြစ်နေသလား။ ဒါဆိုရင် ဆက်ဖော်ပြမယ့် နည်း၅နည်းကို သုံးကြည့်လိုက်ပါ. အဆင်ပြေသွားပါလိမ့်မယ်တဲ့။ ၂ပတ်အတွင်း ထူးခြားစေရမယ်လို့လည်း အာမခံထားပါတယ်။ လိုအပ်နေသော သူငယ်ချင်းလေးများ သုံးကြည့်လိုက်နော်။

၁) ကိုယ့်ကိုယ်ကို သေချာအောင်မေးပါ။ ရည်ရွယ်ရာကို သတ်မှတ်ပါတဲ့.
ကိုယ်တကယ်ချစ်နေသူ၊ ကိုယ့်ရင်ထဲမှ မြတ်နိုးနေသူကို သေသေချာချာ သိအောင်လုပ်ပါ။ ဟိုလိုလို ဒီလိုလို မသေမချာမဖြစ်ပါစေနဲ့။ ဦးတည်ရာသည် တစ်ခုသာဖြစ်ရပါမည်။ လောဘကြီး၍ မရပါ။

၂) နားလည်ပါ။
ကိုယ်ချစ်နေသူဟာ သူမှသူပဲဆိုတာ သေချာသွားပြီဆိုရင် သူ့အကြောင်းကို နားလည်အောင် လုပ်ပါတဲ့.။ သူ ဘာကိုကြိုက်တတ်သလဲ၊ ဘာကို စိတ်ဝင်စားတတ်သလဲ၊ သူ့သူငယ်ချင်း၊ဒါမှမဟုတ် (မင်းတကယ်လို့ သတ္တိရှိရင် ) သူမိသားစု စတာတွေကို တည့်အောင်ပေါင်းပြီး သူ၏စိတ်နေစိတ်ထားကို လေ့လာပါ။ ပြီးရင် နားလည်အောင်လုပ်ပါ။ ကြားစကားမဟုတ်ပဲ ကိုယ်တိုင်လေ့လာပါတဲ့..။

၃) လုပ်ငန်းစပါ။ အရမ်းကို အရေးကြီးပါသည်။ *important*
သူမက ပန်းကြိုက်တတ်ရင် ပန်းပို့ပေးပါ။ ကဗျာကြိုက်တတ်ရင် ကဗျာစပ်ပို့ပါ. (နေ့တိုင်းဆိုပဲ..ပန်းဖိုးနဲ့..အင်း။ ဒါလောက်တော့ ရှာထားပေါ့နော်။ :D )။ ကောင်လေးဆိုလဲ သူ့ကြိုက်တတ်တဲ့ အစားအစာကို ချက်ပြီး ပို့ပေးတာမျိုး)။ သူကသိသိမသိသိ ပေးသာပေးပါ။ စားစားမစားစား ပို့သာပို့ပါ။ ဇွဲတော့ရှိပါတဲ့။ ၂ပတ်တိတိ လုပ်ပါ။ ၂ပတ်ပြည့်ရင်တော့ ရပ်လိုက်ပါတဲ့..။

ဒီနည်းက ဟုတ်ပါ့မလား စိတ်မပူပါနဲ့။ ၂ပတ်အတွင်း သိသာပါလိမ့်မယ်လို့ စာရေးသူက ညွှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ပညာမှာ နာမည်ကြီးသီအိုရီတစ်ခုရှိတယ်။ (classical conditioning theory လေ။ ၀ူး ..အခုမှ စိတ်ပညာအကြောင်းဝင်လာတယ်။ ကြော်ငြာကနောက်ဆုံးမှဝင်မယ်နော် :P )

(အဲဒီ သီအိုရီအရ) ပန်းကြိုက်သူဟာ မင်းဆီက နေ့စဉ် ပန်းကိုလက်ခံရယူနေရာက မရတော့တဲ့တနေ့ကျရင် သူ့စိတ်ထဲမှ အနေရအထိုင်ရခက်လာပါတယ်။ (ဘာဖြစ်လို့လဲ ဘယ်သွားနေသလဲ နောက်ကောမလာတော့ဘူးလား ....???? စသည်ဖြင့်) သူနေမထိထိုင်မသာ ဖြစ်လာပါတယ်..။ ဒါဆိုရင် နောက်တဆင့်ကို သင်လှမ်းလို့ရပါပြီ။

၎) ဖွင့်ပြောဖို့ အားထုတ်ပါ။သူဟာ ၂ပတ်အတွင်းမှာ မင်းဘယ်သူဆိုတာ သိပြီးနေရင် (ဒါက ပထမရက်က မင်းအစွမ်းအစပေါ်မူတည်ပါတယ်။) မင်းဆီကို တနည်းနည်းနဲ့ ဆက်သွယ်လာပါလိမ့်မယ်။ သူ့ကို မင်းနဲ့ ပတ်သက်တဲ့ Hint တစ်ခုခုပေးခဲ့ဖို့လိုတာပါ။ (လိပ်စာကဒ်၊ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်စသည်..) သူ့ဘက်က တုန်ပြန်လာခဲ့ရင် (သူဘက်က စိတ်ဝင်စားမူကို မင်းတွေမြင်ခံစားမိရင်တော့) မင်းရဲ့ခံစားချက်ကို ရင်ဖွင့်လိုက်ပါတော့။ မိန်းကလေးဆိုရင် စဉ်းစားချိန်နည်းနည်းပေးလိုက်ပါ။ ယောက်ျားလေးဖြစ်ခဲ့ရင်တော့.. (အင်း.. လသာည မသိပါ.. :D )

၅) Backupလုပ်ပါ။
၂ပတ်နေလို့မှ သူက ဘာမှမတုန်ပြန်လာဘူးဆိုရင် စိတ်မပူပါနဲ့။ ဆက်လုပ်စရာ နည်း၂နည်း ရှိပါတယ်။
ပထမနည်းက သူပြန်တုန်ပြန်လာတဲ့အထိ ဇွဲရှိရှိ ဆက်စောင့်ပါ။
(အခြေအနေအရ အောက်ကပုံအတိုင်း အန္တရယ်ကျရောက်နိုင်တဲ့နေရာ (မျက်နှာ၊ ခေါင်း၊ ရင်ဘတ် စသည်လေးတွေ) ကို ကာကွယ်ထားဖို့လည်း လိုကောင်းလိုမယ်ထင်တယ်။ jelir


နောက်တနည်းကတော့ တခြားတစ်ယောက်ကို ပြောင်းကြိုက်လိုက်ပါတဲ့..gelakguling
Good luck everyone!
လသာညပါ..။

ကြော်ငြာ။ ။ (Ivon Pavlov's classical conditioning theory is being applied.)
ဒီtheory ရဲ့ မူရင်းဥပမာက ခွေးတစ်ကောင်နဲ့ ခေါင်းလောင်းသံပါ။ အပြင်ဥပမာနဲ့ ပေးရရင်တော့
ကောင်မလေးတစ်ယောက်ဟာ အနီရောင်ကို သိပ်မကြိုက်တတ်ဘူး။ အနီရောင်အကျီင်္လည်း ၀ယ်မ၀တ်ဘူး။ ဒါပေမဲ့ အနီရောင်အင်္ကျီကို စွဲစွဲလန်းလန်းကြိုက်တဲ့ ကောင်လေးတစ်ယောက်နဲ့ သူရင်းနှီးသွားတဲ့အခါ အနီရောင်အကျီင်္မြင်တိုင်း၊ (ဒီထက်ပိုပြီး) အနီရောင်ကို မြင်တိုင်း ကောင်လေးကို သတိရပြီး သူလိုက်ငေးတတ်လာတယ်။ (စွဲလန်းမူက သိပ်ခိုင်ခံသွားမိရင်) အနီရောင်အကျီင်္ကို သူဝယ်ဝတ်ချင် ၀တ်တော့မှာပါ။ အနီရောင်ဟာ ကောင်လေးကို သတိရစေဖို့ အခြေအနေဖန်တီးရှင်တစ်ခုဖြစ်သွားလို့ပါ။ အဲဒါကို conditioning theory လို့ခေါ်တာပါ။adacall

(Resources: My lecturer, Psychology From Science to Practise book from Pearson and website from Wikipedia.)

Sunday, August 30, 2009

နည်းနည်းလေးတော့ခွင့်ပေးပါ

ညိုချိုရေ... လသာညလည်း တကယ်က ဘလော့ကို မနားချင်ပါဘူး။ စဉ်းစားကြည့်တာပါ။ တကယ်က မျက်လုံးတစ်ဖက်က သိပ်နေမကောင်းဘူး။

အခုဒီလိုပုံစံနဲ့ စာရိုက်နေတာtumbukဟားဟား ။ တကယ်ဖြစ်နေတာ. မယုံရင် လာတာကြည့်ပေတော့။မနေ့က ဆေးခန်းကို သွားတော့ ဆရာဝန်က ကွန်ပျူတာကြည့်တာကို နားခိုင်းနေတယ်။ ဒါပေမဲ့ ပရော်ဖက်ဆာကလည်း စာတွေဖိပေးနေတယ်။ အဲတော့ ကျောင်းစာကို လုပ်နေရတာဆိုတော့ ဘလောကလည်း ကြည့်ဖြစ်တယ်။ ဘလော့ကို သံဃောဇဉ်ဖြတ်ဖို့က တကယ်တော့ မလွယ်လှဘူး။ အခုလည်း ကြည့်.ခေါင်းမာမာနဲ့ စာရိုက်နေတာသာ ကြည့်တော့.. :P.။

မနေ့က သူငယ်ချင်း တရားသူကြီးမလေး(အလောင်းလျာ)တစ်ဦးနဲ့ မေးလ်ချက်မိပါတယ်။
တရားသူကြီး: အခုဆိုရင်တနေ့ကို၃ခေါက်လောက်လသာည blog ကိုလာတာနော်
သိရဲ့လား
me: ဟုတ်ပဲနဲ့ သိပါဘူး
တရားသူကြီး: ဒီလောက်ဂရုစိုက်ရတာ.။ တရားသူကြီး: အများပြည်သူအကျိုးငှာ လသာည၏ စာမရေးတောဘူးဟူသည် ဆုံးဖြတ်ချက် အား ငြင်းပယ်လိုက်သည်။ အမိန့်.. တရားသူကြီး။
me: ရက်စက်ပါ့ တရားသူကြီးရာ
တရားသူကြီး: ဘာပဲဖြစ်ဖြစ်ကွာ။ စာနည်းနည်းတော့ ဆက်ရေးပါ။
me: အင်း..ဒါပေမဲ့...
တရားသူကြီး: ဒီလောက်စာဖတ်ကောင်းတဲ့ပရိတ်သတ်တွေရထားတာကို (ဥပမာ တို့လေ :P)
တရားသူကြီး: တို့က တရားသူကြီးလေ မကြောက်ဖူးလား
me: အာ..ကြောက်တော့ကြောက်ပါတယ်။ ဒါပေမဲ့ တရားသူကြီးရယ်..မျှမျှတတ ဆုံးဖြတ်ပေးပါ။
တရားသူကြီး: အိုကေ
me: ရှေ့နေ ဌားချင်သေးတာကို၊ ရလား?


တရားသူကြီး: ရှေ့နေဌားလည်း ရှုံးရန်သာရှိသည်
me: လူကြီးပဲ မေးမှထင်တယ် :'(
တရားသူကြီး: ထိုအဆိုကိုပယ်ပါသည်
me: တခါတည်းမဆုံးဖြတ်ပါနဲ့ ရက်ချိန်းပေးပါဦး
တရားသူကြီး: လူကြီးသည် လသာည၏ လူကြီးဖြစ်ပါသောကြောင့် ကန့်ကွက်တယ် ။ကန့်ကွက်တယ်
me:တရားသူကြီး ညစ်တယ်

me: :-/
တရားသူကြီး: တဖက်အကျိုးဆောင်၏လျှောက်လဲချက်
me::'( ရှေ့နေ ဌားရန်ခွင့်လည်းမရှိ အယူခံခွင့်လည်းမရှိဆိုရင်tension6:34 PM တရားသူကြီး: အိုကေ တာ့တာ ဒါပဲနော်
me:အင်..ဟုတ် တာ့တာ
အဲဒါပါပဲ.. တရားသူကြီးက သူဘာသာ အမိန့်ထုတ်သွားလေရဲ့။ :27:

ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်..:123: ကိုယ့်အပေါ်ထားတဲ့ ခင်မင်မှုအတွက် တို့အရမ်းပဲဝမ်းသာပါတယ်။ ciumကျန်တဲ့သူငယ်ချင်းလေးများလည်း စီဘောက်နဲ့ မေးလ်မှာ အော်ထားတာတွေ တွေ့ရပါတယ်။

မိုးသီတာ: စာလုပ်တာလဲ လုပ်ပေါ့ တီချယ်ရယ်.. တနင်္ဂနွေလေး ဘာလေးတော့ စိတ်ပညာ ဆောင်းပါးလေး ဘာလေး ပေါ့...
မိုးသီတာ: မအားရင်လဲ ဂျီတော့ကနေ ခေါ်ပေးလေ။.. စာရိုက်ပေးမယ်။.. စာရိုက်ခ.. စာပဲဖတ်ပါရစေ။..
မိုးသီတာ: နော်.. နော်.. နော်... တကယ် စာရိုက်ပေးပါ့မယ်။..
.(လျှောက်ပြောတာ တခါမှလည်း ဂျီတော့ကို တက်မလာဘူးရယ်:123:

နောက်တစ်ယောက်။ သူက ခိုင်လေး.နဲ့ နိုင်ပ.။
klay: လသာညရေတကယ်ရက်စက်တော့မှာလား
klay: မိုးသီတာလိုဒို့လည်းဝိုင်းကူပေးမယ်လေနော်....နော်လို့........ အများပြည်သူအကျိုးငှာပြန်စဉ်းစားပါအုံး။:28:
နိုင်ပ: you can write once a week..or once a month...dou???
နိုင်ပ.. “ စာဆက်ရေးပါ။ မောရင် နားထောင်ဖို့သီချင်းတနေ့တပုဒ်ပို့ပေးပါ့မယ်။”
(အဲ..၂-ရက်ပဲ ပို့ပြီးနောက်ထပ်ပို့ပေးတော့ဘူး):76:

ချစ်သောရို့စ်..ကလည်း..
ချစ်သောရို့စ်:သူငယ်ချင်းလေးရေ... တက်ဂ် ရေးပြီးသွားပြီ... ဘလော့ရေးတာ မရပ်လိုက်စေချင်ဘူး.... အချိန်ရမှရေးလဲရပါတယ်...:pe:

ပို့စ်ကို မောက်စ်ဖြတ်ပြေးသလို ဖတ်တတ်တဲ့ လဂွန်းအိမ်ကလည်း..:76:
lagooneain:တပတ်တခါတော့ လုပ်ပေါ့ နည်းနည်းလေးပေါ့ :(

တခါတရံဝင်လာမန့်တတ်တဲ့ ဆင်ပေါက်လေးကလည်း
ဆင်ပေါက်လေး: ဟင် အစ်မ တကယ် ထားခဲ့တော့မှာလား လို့ :126:

Nyochoကတော့ ဒီလိုအချိန်မှာဆို အမြဲလာပြီး နှုတ်ဆက်တယ်။ အခုလည်း
nyocho: နေမကောင်းရင် တပတ်တစ်ခါရေးပေါ့..။ နော..ဟဲဟဲ ကော်ဖီအ၀တိုက်မယ်လေ :16:
nyocho: ဖြစ်တယ်မို့လား။ c-boxအပေါ်ကသတိပေးစာတမ်းကြီးဖျက်လိုက်တော့နော..။ :15:နောက်တစ်ခါမပြောဘူး :61: ဒီတခါပဲ. :pe:

.....ကျေးဇူးအများကြီးတင်ပါတယ်..အားလုံးကို။ ဒါကြောင့် ဒီလိုလုပ်မယ်လေ။ ဒီလပိုင်းကုန်ရင် နည်းနည်း ၂-ပတ်လောက်နားလိုက်ဦးမယ်။ :put:ပြီးမှ ပြန်ရေးမယ်နော်။ အဲလိုမျိုး အဆင်ပြေတယ်မို့လား..။

လသာညအပေါ် သံဃောဇဉ်ထားတဲ့ အတွက် သူငယ်ချင်းတရားသူကြီးမလေးနဲ့တကွ အားလုံးသော (စာဖတ်သူလေးတွေရော၊ ဘလော့ဂါသယ်ရင်းလေးများကိုရော) သူငယ်ချင်းလေးများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ချစ်ခင်စွာဖြင့် :pe:
လသာညပါ

အနှိုင်းမဲ့ရင်ခွင်


(အပေါ်ကပုံထဲကလို မိဘနှစ်ပါးရဲ့ ရင်ခွင်ထဲမှာ လုံခြုံစွာ နွေးထွေးနေတဲ့ ကလေးငယ်လို)
သောကတွေ မောဟတွေနဲ့ ဘ၀စိန်ခေါ်မှုတွေများတဲ့ ဒီလောကထဲမှာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ ကျွန်မကို ခွန်အားများ ပေးလှည့်ပါ... ။ အဲဒီရင်ခွင် အရမ်းကို လိုအပ်နေပါပြီ....။ အဲဒီရင်ခွင်မှာ ခဏလောက်ပဲ ဖြစ်ဖြစ် ကျွန်မကို မေးစက်ခွင့်ပြုပါ။ ကျွန်မ အိမ်ပြန်လာပါရစေ.....

Friday, August 28, 2009

ပျော်အောင် ဘယ်လိုနေရမလဲ

စိတ်ညစ်နေတဲ့ သူငယ်ချင်းလေးတွေကို ကိုယ်သိတဲ့ ပျော်အောင်နေနည်းလေးကို ပြောပြမလို့..။ ဒီလိုတဲ့....
  • Step 1
    SMILE

    များများပြုံးပစ်လိုက်-ပြုံးရတာသိပ်ခက်နေရင် ခဲတံလေးကိုယူပြီး ကန့်လန့်ဖြတ်ကိုက်ထားလိုက်။ ဟုတ်ပြီ။ နေ့တိုင်း လုံလုံလောက်လောက်ပြုံးပေးပါမှ ပါးကြောလေးတွေ လျော့ပြီး မင်းဦးနှောက်ပါ အလုပ်လုပ်တာတဲ့။ အတွေးအခေါ်ကောင်းကောင်းလဲ ထွက်သတဲ့။ ပြီးတော့ ပျော်ရွှင်စေတဲ့ ဓါတ်ပစ္စည်းတွေလည်း ထွက်လာသတဲ့..။ မှတ်ထားနော်..။

  • SING

    သီချင်းတွေ ဟစ်ပစ်လိုက်! -သီချင်းဆိုတာကလည်း ပြုံးတာလိုပဲ မင်းရဲ့ခန္ဓာကိုယ်ကို good ဖီလင်တွေ များများဖြစ်စေသတဲ.။ ရတဲ့သီချင်းတာ အော်ပစ်လိုက်နော်။ သီချင်းများ အချိန်မရွေး၊ နေရာမရွေး ဆိုလိုရတာပဲဟာ။ ရေချိုးခန်းပဲဆိုဆို၊ ထမင်းဟင်းချက်ရင်းပဲ ဆိုဆို ဆိုဖြစ်ဖို့ကအဓိက။ ကြောက်ရင်လည်း သီချင်းဆိုရတယ်တဲ့ မှတ်ထားနော်။

  • Step 3
    HAPPY PEOPLE

    အကောင်းမြင်တတ်သူတွေနဲ့ များများစကားပြော၊ များများဆက်ဆံ- မင်းနားမှာ ပျော်ပျော်နေတတ်သူတွေ ရှိနေခြင်းဟာ မင်းကို ပျော်ရွှင်တတ်အောင် သင်တတ်ဖို့ အခွင့်အရေးပဲလေ။ ပျော်တတ်တဲ့သူတွေမှာလည်း စိတ်ညစ်စရာမရှိတာမှ မဟုတ်တာ။ သူတို့က ကြုံသမျှ အခက်အခဲကို ရယ်စရာအသွင်ပြောင်းပြီး လုပ်စရာရှိတာကို ဆက်လုပ်နေကြတာ ဖြစ်လို့ ၊ အလကားနေ လွယ်လွယ်စိတ်ညစ်တတ်သူ၊အဆိုးဘက်ကတွေးသူထက်စာရင် ဘ၀မှာ အောင်မြင်မှုများတယ်တဲ့။

  • Step 4
    LAUGH

    ကဲ..တခါတခါဆို ပြုံးရုံတင်မက အားရပါးရ ရယ်ပစ်လိုက်နော် - ရယ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ခံစားချက်ဆိုးတွေကို ပြေပျောက်စေနိုင်တယ်။ ရယ်စရာ မရှိပါဘူးဗျာလို့ စိတ်မညစ်နဲ့၊ လသာညက တာဝန်ယူတယ်။ ဟော ဒီမှာ ...ရယ်စရာတွေရမယ်၊ ရယ်စရာတွေရမယ်.. (ဈေးသည်ကြီးလုပ်လိုက်ဦးမယ်)။ သွားကြည့်လိုက်နော် အများကြီးရှိတယ်။ လသာညတော့ စိတ်ညစ်ရင် အဲဒီကိုသွားရယ်တာပဲ..:D

  • Step 5
    BE ACTIVE

    ဘာဖြစ်ဖြစ် တက်တက်ကြွကြွသာလုပ် -တက်တက်ကြွကြွလုပ်နေတဲ့ မင်းအသွင်ဟာ အမြင်မှာကို နှစ်လိုဖွယ်ရာ ဖြစ်နေမှာသေချာတယ်။

  • Step 6
    GET CREATIVE

    အတွေးသစ်တွေကို ဖန်တီးလိုက်။ - တီထွင်မှုဆိုတာ တကယ့်ပျော်ရွှင်စေတဲ့ လမ်းသွယ်လေးတစ်ခုပါပဲ။ ကဗျာစပ်မလား၊ ပန်းချီဆွဲမလား၊ စာရေးမလား၊ဟင်းချက်မလား သူများနဲ့မတူ ဆန်းသစ်စွာ စဉ်းစားကြည့်လိုက်၊ ဒါဆို အလိုလို စိတ်ဝင်စားစရာတွေ တွေ့လာမှာ သေချာတယ်။ သူများနဲ့တူနေရင် ပျင်းစရာကြီးလေ..နော.။

  • Step 7
    HUG

    ထွေးပွေ့မှုတွေများများလုပ်ပေး -လှိုက်လှဲစွာ ဖက်လှဲတကင်း နေပေးခြင်းဟာ ပျော်ရွှင်မှုကို မျှဝေပေးတဲ့ နည်းလေးတစ်ခုပါပဲ..(ဟေး ဖက်တာလည်း ကြည့်ဖက်နော်။ :P) ကလေးငယ်လေးတွေ အဖို့ဆိုရင် များများထွေးပွေ့ပေးခြင်းဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကို အထောက်အပံဖြစ်စေတယ်လေ၊ Hug a lot!

  • Step 8
    BE HAPPY

    တစ်စုံတစ်ယောက်နဲ့ ပဋိပက္ခတစ်ခုခုနဲ့ ကြုံလာခဲ့ရင် အငြင်းမပွားနဲ့။ အရင်က ပျော်ရွှင်ခဲ့တဲ့အကြောင်းကို ပြန်စဉ်းစားပါ။ နှစ်ဦးနှစ်ဖက်ရဲ့ ပျော်ရွှင်မှုကိုသာ စဉ်းစားလိုက်ပါ။

  • Step 9

    စိတ်ဓါတ်ကျစရာကြုံတိုင်း လွယ်လွယ်မကျအောင် ထိန်းထား။ ကိုယ်ဘာသာပြန်ပြောလိုက် “ဒါက အသေးအမွှားပါ၊ နောက်ထပ် အခွင့်အရေးကောင်းလာဦးမှာ..လို့။

  • Step 10
    BE CHILDISH

    ကလေးတစ်ယောက်လို နေပစ်လိုက် - ကလေးတွေ တွေးတဲ့ အတွေးလေးတွေကို စဉ်းစားလိုက်။ ကလေးတစ်ယောက်ကြိုးခုန်သလို မင်းလွတ်လပ်စွာ ခုန်လိုက်ပါ။ ကလေးတစ်ယောက် မြက်ခင်းပေါ်လွတ်လပ်စွာ ထိုင်သလို ထိုင်ချလိုက်။ ကိုယ့်ကိုယ်ကို ပြန်ပြော“ ငါအသက်ကြီးလို့ ကစားတာကို ရပ်စရာ အကြောင်းမရှိဘူး၊ ကစားတာရပ်ရင် ငါလူကြီးဖြစ်သွားလိမ့်မယ်။ ဒီတော့ ငါကစားမယ်”။

  • Step 11
    BE KIND

    ကြင်နာပါ - နေ့စဉ် ကြင်နာမှုလေးတွေကို လုပ်ပါ။ (ဟေ့ တစ်ဦးတည်းကို ပြောတာမဟုတ်ဘူး :P) ကိုယ်ကြုံတွေ့သမျှလူတွေ အားလုံးကို ကြင်နာစွာ ဆက်ဆံပါ။ တတ်နိုင်သလောက် အကူအညီပေးပါ။ ဥပမာ.. ရထားစီးရင်း ထိုင်ခုံနေရာဖယ်ပေးတာမျိုး၊

  • Step 12
    BE GRATEFUL

    ကျေးဇူးတင်ကြရအောင် - ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးကို အမြဲသုံးပေးပါ။ အဲဒါပြောတဲ့ ကာယကံရှင် မင်းဘ၀ကိုရော၊ အပြောခံရသူ တဖက်လူကိုပါ စိတ်ခွန်းအားကို ရစေပါတယ်။

  • Step 13
    MEDITATE

    တရားထိုင်ကြမယ်! - မင်းခန္ဓာကိုယ်ကို စိတ်ဖိစီးမှုများလေလေ တရားရှုမှတ်မှုကို များများလုပ်သင့်လေပါ။ နေ့တိုင်း စိတ်ကို လန်းဆန်းသစ်လွင်နေအောင် လေ့ကျင့်လို့ရတယ်တဲ့.။ပျော်ပျော်နေနော်..။

    လသာညပါ..။

    ကြော်ငြာ။ ။ အခုတလောက ဆိုက်ကိုထဲက stress အကြောင်းဖတ်နေဖြစ်လို့ အလျှင်းသင့်တာနဲ့ သူငယ်ချင်းများကို မျှဝေ ဆရာလုပ်လိုက်ရပါတယ်။ စာတွေ များရင် မဖတ်ချင်ဘူးဆိုတဲ့ ချစ်သူငယ်ချင်းလေးကတော့ ခေါင်းစဉ်လေးတင် ဖတ်.. ဖြစ်တယ် :D