Friday, November 6, 2009

၅-နှစ်သား လူရွှင်တော်

အဲဒီနေ့က အမေက စင်မြင့်ပေါ်မှ သီချင်းဆိုနေတုန်း ရုတ်တရက် အမေ့အသံ အက်ကွဲကွဲဖြစ်သွားခဲ့တယ်။ လမ်းလျှောက်စင်မြင့်ပေါ် လျှောက်လာတဲ့အထိ အသံက မကောင်းလာသေးဘူး။ ဒီတော့ ပရိတ်သတ်တွေ ၀ိုင်းဟားကြတယ်။ ပွဲတစ်ခုလုံးဆူသွားအောင် အော်ဟစ်ကြတယ်။ ဘာတွေအော်ကြသလဲဆိုတာတော့ အသက်၅-နှစ်ပဲရှိသေးတဲ့ ကျွန်တော်နားမလည်ခဲ့ပါဘူး။

ကျွန်တော်နဲ့အတူ ကြည့်နေတဲ့ အမေ့သူငယ်ချင်းက ကျွန်တော့်ကို ချီပြီး စတိတ်ခုံနားကို လူတွေကြားထဲက လျှောက်သွားပါတယ်။ အပေါ်က အစီအစဉ်ကြေငြာသူက ကျွန်တော်ကို လှမ်းခေါ်ပြီး အမေ့ကိုယ်စားဆိုဖို့ ပြောတဲ့အခါ အမေ့သူငယ်ချင်းက ကျွန်တော့်ကို စင်ပေါ်မှာ တစ်ယောက်တည်း တင်ထားပေးခဲ့တယ်။

ဒါနဲ့ ကြောက်ကြောက်နဲ့ပဲ မိုက်ကိုကိုင်လို့ အမေဆိုနေကျသီချင်းကို ကျွန်တော်ဆိုပြလိုက်တယ်။ သီချင်းတစ်ဝက်လောက်ရောက်တော့ အောက်ကပရိတ်သတ်တွေက စင်မြင့်ပေါ်ကို ပိုက်ဆံတွေ လှမ်းကျဲကြပါတယ်။ ဒါနဲ့ ကျွန်တော်က...

“အခု.. ကျွန်တော်သီချင်းဆိုတာရပ်ပြီး ပိုက်ဆံတွေကောက်ရပါလိမ့်မယ်။ ကျွန်တော်ကို ခွင့်ပြုပါခင်ဗျာ..”

ပြောပြီးတော့ တကယ်ပဲ ပိုက်ဆံလိုက်ကောက်တော့ ပရိတ်သတ်က လက်ခုပ်လက်ဝါးတီးလို့ ရယ်ကြပါတယ်။ ကျွန်တော့်စကားမှာ ရယ်စရာပါမပါ ကျွန်တော်မစဉ်းစားတတ်ပေမဲ့ သူတို့ရယ်တော့ ကျွန်တော်ပျော်သွားတယ်။

ကျဲထားတဲ့ ပိုက်ဆံတွေကများတော့ ကျွန်တော်တစ်ယောက်တည်း ကောက်မနိုင်မှာစိုးလို့ဆိုပြီး အစီအစဉ်ကြေငြာတဲ့ ဦးဦးက လက်ကိုင်ပုဝါလေးတစ်ထည်လာပေးပြီး အတူကောက်ပေးပါတယ်။ ကျွန်တော်က အဲဒီဦးဦးက ကျွန်တော့ပိုက်ဆံတွေကို ကောက်ပြီး မပေးပဲယူသွားမှာစိုးလို့ သူလက်ကိုလိုက်ကြည့်နေလိုက်တော့ ပရိတ်သတ်က ရယ်ကြပြန်ရောဗျ...

ကျွန်တော်ကတော့ ဇွဲမလျှော့ပဲ အဲဒီပိုက်ဆံတွေကို ကျွန်တော့်အမေလက်ထဲ သွားမအပ်မချင်း သူ့ကိုပဲလိုက်ကြည့်ပြီး သီချင်းဆက်မဆိုပဲနေခဲ့ပါတယ်။ အဲဒါကိုပဲ ပရိတ်သတ်ကလည်း တ၀ါးဝါးပွဲကျနေခဲ့ပါတယ်။

အဲင်္ဒိနေ့က ကျွန်တော်သီချင်းတွေအများကြီးဆိုခဲ့တယ်။ အမေဆိုနေကျသီချင်းတွေရော၊ တခြားနာမည်ကြီးအဆိုတော်တွေရဲ့သီချင်းတွေကိုပါ အမူအရာတုပြီး ဆိုတတ်သလောက် ဆိုပြခဲ့ပါတယ်။ သူတို့လည်း ပျော်ကြတယ်၊ ကျွန်တော်လည်းပျော်တယ်။ အမေလည်း ပျော်လို့...။ တကယ်တော့ အဲဒီနေ့ဟာ ကျွန်တော်စတိတ်ပေါ်စတက်ခဲ့တဲ့နေ့ ဖြစ်ပြီး အမေကစင်ပေါ်ကအပြီးဆင်းခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

မူရင်း - Charlie chaplin၏ My Autobiography မှ

ဘာသာပြန်- လသာည ဖြစ်ပါတယ်..

Thursday, November 5, 2009

မင်းချစ်သူ ဘယ်တစ်ယောက်လဲမှ အဖြေ

မနေ့က ရုပ်ပုံအဖြေတွေ စဉ်းစားပြီး အဖြေကိုစောင့်ရတာ မောနေပြီလား။ ပို့စ်ကို စိတ်ဝင်စားအောင် “မင်းချစ်သူ ဘယ်တစ်ယောက်လဲ”လို့ နာမည်တပ်ပေမယ့် တကယ်က စာလာဖတ်သူ( ဖြေဆိုသူ)ရဲ့ လတ်တလော ဖြစ်နေတဲ့ စိတ်အနေအထားကို ဖော်ပြတဲ့ test ဖြစ်ပါတယ် :P

ကဲ.အဖြေမပြောခင် ပြောစရာကျန်နေတာလေးပြောရဦးမယ်။ ဒီ photo နှစ်ခုက ကိုယ်စိတ်ထဲမှာ ရွေးချင်တဲ့ပုံကို ရွေးလိုက်ရုံပဲ ဘာမှမခက်ဘူးနော်။ အပေါ်ပုံမှာ ဖြေဆိုသူက အမျိုးသားဆိုရင် မျက်မှန်တပ်ထားတဲ့ အမျိုးသားဟာ အမျိုးသမီး၅ယောက်ထဲက ဘယ်သူကို ကြည့်နေတာလဲ ဆိုတာ ကိုယ်အမြင်နဲ့ ရွေးရမှာ ဖြစ်သလို၊ ဖြေဆိုသူကအမျိုးသမီးဆိုရင် ထိုအမျိုးသမီး၅ယောက်ထဲမှာ ဘယ်သူကိုရွေးချယ်စေချင်သလဲ ဆိုတာ ရွေးပေးရမှာ။

အလားတူပဲ အောက်ပုံမှာ ဖြေဆိုသူက အမျိုးသားဆိုရင်ပုံ ၅ ပုံထဲမှာ ဘယ်ပုံကိုရွေးချယ်စေချင်သလဲ ဆိုတာ စဉ်းစားဖြေရမှာဖြစ်သလို ဖြေဆိုသူက အမျိုးသမီးဆိုရင် ကိုယ်စိတ်မှန်းနဲ့ဆွဲထားတဲ့ ( လက်တွေ့ချဆွဲလည်း ကိစ္စမရှိဘူး) ပုံ နှင့်အတူဆုံးကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ကဲ့ စပြီနော်။ မနေ့က ပုံနှစ်ပုံကို ပြန်ကြည့်ပြီး ဖြေကြည့်လိုက်ပါဦး။ ပြီးတော့မှ အောက်က အဖြေလေးနှင့် တိုက်ကြည့်လိုက်နော်။

ပုံ (၁) ရဲ့ အဖြေ
A လို့ဖြေဆိုသူ .. အခုချိန်မှာကိုယ်ကိုယ်ကို ယုံကြည်မှုရှိနေပါတယ်။ ဆန်ကျင်ဘက်လိင်က (ဥပမာ ယောကျာင်္းလေးဖြစ်ရင် မိန်းကလေးက) ကိုယ်ကို ချစ်မချစ်၊သိပ်ဂရုမစိုက်ဘူး။ ကိုယ်ကိုယ်ကို စိတ်တိုင်းကျ နေတယ်။ တစ်ခုတော့ရှိတယ်။ တဖက်လူအပေါ် နည်းနည်းစိတ်မရှည်ဖြစ်နေတယ်။ ကိုယ့်လောက်မထက်မြက်ဘူးလို့ ယူဆနေပါတယ်တဲ့။

အခုချိန်မှာ လူမှုရေးနှင့်ပတ်သက်ရင် တာဝန်ယူချင်စိတ်အပြည့်ရှိတယ်။ တပါးသူရဲ့စကားကို လက်ခံစဉ်းစားပေးတတ်တယ်။ ကိုယ်အတွက် ပညာရဖို့ဆိုရင် တစိုက်မတ်မတ် လုပ်နေတတ်ပေမဲ့ သူများက အထင်ကြီးနေတဲ့ အရာမျိုးကို သိပ်ပြီး အထင်မကြီးချင်ဘူး။ ကိုယ်လုပ်တာကိုပဲ တန်ဖိုးထား နေသူဖြစ်တယ်။

B လို့ဖြေဆိုသူ.. အခုချိန်မှာ ကိုယ်ရဲ့ စတိုင်နဲ့ ခန္တာကိုယ်အပေါ် ယုံကြည်ချက်အားနည်းနေတယ်။ ပိန်တယ်၊၀တယ် စသည်ဖြင့် တွေးတောပြီး စိတ်တိုင်းမကျဘူးဖြစ်နေတယ်။ ကိုယ်ကိုယ်ကို မလှဘူး၊ ဆွဲဆောင်မှုမရှိဘူးလို့ ထင်နေတယ်။ လူများများထဲကို သိပ်မသွားချင်ဘူးဖြစ်နေတယ်။ အားငယ်စိတ်ဖြစ်နေတယ်။

C လို့ဖြေဆိုသူ.. အခုအချိန်မှာ စိတ်ငြိမ်ငြိမ်နဲ့ ကြိုးစားလိုတဲ့စိတ်တွေ အပြည့်ဖြစ်နေတယ်။ နောက်ကို လှည့်ကြည့်ဖို့ လုံးဝမစဉ်းစားပဲ ခြေလှမ်းတိုင်းမှာ ခွန်အားရှိနေတယ်။ ငွေကိုရှာမယ်၊ ပြီးရင် စုမယ်လို့ တွေးနေချိန်ဖြစ်ပါတယ်။

D လို့ဖြေဆိုသူ..အခုအချိန်မှာအဖြစ်အပျက်တွေကို အဆိုးဘက်ကနေ စဉ်းစားနေပါတယ်။ တစ်ခုခုဖြစ်တိုင်း အားလျှော့ပြီး စိတ်ညစ်နေလိမ့်မယ်။ ရိုးရိုးသားသားနှင့် သူများကို နားလည်ပေးချင်သော်လည်း ပြီးခဲ့တာတွေကို ပြန်အစဖော်ပြီး နားလည်ပေးဖို့ ခက်ခဲနေသူဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ အရေးအကြီးဆုံးက ကိုယ့်စိတ်ထားကို သူများနားလည်နိုင်ဖို့ အားထုတ်ရန်ဖြစ်ပါတယ်။

E လို့ဖြေဆိုသူ.. အခုအချိန်မှာ စိတ်ထဲမှာ ပေါက်ကွဲလိုစိတ်ဖြစ်နေတယ်။ အလိုမပြည့်မှု တစ်ခုခုဖြစ်နေတယ်။ အရာရာကိုစိတ်မရှည်ဘူး။ ဓါတ်ပုံထဲမှ အမြင်အရ ယောကျာင်္းလေးဒီဇိုင်းပုံပေါ်နေတယ်။ ဒါကြောင့် ကိုယ်ရဲ့senior (လိင်တူ) တစ်ယောက်ယောက်ကို အထင်ကြီးနေတယ်။ အားကျတွယ်တာနေတယ်။

ပုံ (၂) ရဲ့ အဖြေ

A လို့ဖြေဆိုသူ.. နှာခေါင်းကို တည့်တည့်ဆွဲထားတဲ့အတွက် သူဟာ မိန်းခလေးချော ချောသူဖြစ်တယ်။ စိတ်ထားပျော့ပြောင်းသူဖြစ်ပါတယ်။ အလှအပနှင့် အနုပညာကို နှစ်သက်သူဖြစ်ပါတယ်။ ပန်းချီဆွဲခြင်းနှင့် တေးဂီတကို ၀ါတနာပါသူဖြစ်ပါတယ်။ ကိုယ်ကိုယ့်ကိုထိန်းသိမ်းနိုင်မှု(self-control)အားကောင်းသူ ဖြစ်ပါတယ်။

B လို့ဖြေဆိုသူ.. Bနှာခေါင်းပုံစံကို့ ဆွဲထားတဲ့သူဟာ ပညာဥာဏ်ထက်မြက်ပြီး၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ကောင်းသူဖြစ်ပါတယ်။

C လို့ဖြေဆိုသူ.. C နှာခေါင်းပုံစံကို့ ဆွဲထားတဲ့သူဟာ များသောအားဖြင့် လူတစ်ဖက်သားနှင့် အတိုက်အခံလုပ်ရတာမျိုးကို နှစ်သက်သူဖြစ်ပါတယ်။ ပုံစံခွက်ထဲမှာ နေတာကို သိပ်မကြိုက်တတ်သူဖြစ်ပါတယ်။

D လို့ဖြေဆိုသူ.. Dနှာခေါင်းပုံစံကို့ ဆွဲထားတဲ့သူဟာ ယောကျာင်္းလေးပီပီသသ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တယ်။ အသေးအဖွဲ့ ကိစ္စတွေကို ခေါင်းထဲမထည့်ချင်တတ်ပါ။

E လို့ဖြေဆိုသူ.. Eနှာခေါင်းပုံစံကို့ ဆွဲထားတဲ့သူဟာ မျက်နှာများသူ၊ အချစ်များသူ ဖြစ်ပါတယ်.တဲ့။

:D
အားလုံးအစဉ်ပြေလား။
psy-testတွေဟာ ယေဘုယျ ကောက်ချက်တွေသာဖြစ်ပါတယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး..ပေါ့။
တစ်ယောက်က ပြောတယ်။ နှာခေါင်းဆွဲနည်းက ကျောင်းတုန်းက ဆရာသင်တဲ့အတိုင်း ဆွဲတာပါတဲ့။ :D
ဒါဆို အဲဒီဆရာရဲ့စိတ်နေစိတ်ထားအဖြစ်သာ ယူဆလိုက်ပေတော့။ အဲဒီဆရာကလည်း သူ့ဆရာက သင်ထားတဲ့အတိုင်းဆိုရင်တော့ (ဟားဟား) တီထွင်ဥာဏ်မရှိတဲ့ ဆရာ(လသာညလိုလူမျိုး)ကို ဆရာအဖြစ်မှ အခိုက်အတန့် စွန့်လွတ်ပြီးမှ ဒီtest ကိုဖြေကြည့်ပါလို့ တိုက်တွန်းပါရစေ။

အားလုံး တနေ့တာအမောများပြေပျောက်ကြပါစေ။
လသာည ဖြစ်ပါသည်.။
မှတ်ချက် -Psy-testများကိုလသာည၏ ပညာဖြင့်မရေးတတ်ပါ။ 筆者ー浅野八の絵で見る人間心理テストစာအုပ်ကို အခန်းလိုက် လသာညမှ နားလည်သလို ဘာသာပြန်ခြင်းဖြစ်ပါသည်။

Wednesday, November 4, 2009

မင်းချစ်သူ ဘယ်တစ်ယောက်လဲ

မင်းချစ်သူ ဘယ်သူလဲ၊ နောက်“ဘယ်လိုလူစားလဲ” သိချင်လား။ သိချင်ရင် အောက်ကမေးခွန်းလေးတွေကို ဖြေကြည့်လိုက်နော်။ ဒီတခါ test ကတော့ မင်းရင်ထဲမှာ ရှိနေတဲ့ ချစ်သူကို ပုံဖော်ခိုင်းတယ်၊ နောက် မင်းရွေးချယ်မှုကိုကြည့်ပြီး (မင်းကြိုက်တဲ့ မင်းချစ်သူရဲ့ ကိုယ်ရည်ကိုယ်သွေး personality)ကို ပြောပြတဲ့ test ပါ။ ကတိတစ်ခုတော့ လိုအပ်တယ်။ ကိုယ်ကိုယ်ကို မညာဘူးလို့. :D

ဟုတ်ပါတယ်။ ကိုယ့်အဖြေကို ကိုယ့်စိတ်ထဲကအတိုင်း ပုံဖော်ပြီး တွေးကြည့်လိုက်နော်။ နောက်နေ့ အဖြေပြောပြမယ်သိလား။ အပျင်းပြေပေါ့ အဖြေနဲ့ တိုက်ကြည့်နော်။ အံသြသွားအောင်တိုက်ဆိုင်တာ တွေ့ရလိမ့်မယ်။ တကယ်ပြောတာ. :D
ကဲ စပြီ။
ဒီဓါတ်ပုံထဲက အမျိုးသားဟာ သူရှေ့ မှာ ရှိနေတဲ့ အမျိုးသမီး ၅ ယောက်ထဲက တစ်ယောက်ကို ကြည့်နေတယ်။ မျက်မှန်တတ်ထားတော့ ဘယ်သူကို ကြည့်နေမှန်း ကိုယ်ကမသိရဘူးဖြစ်နေတယ်။ မင်းစိတ်နဲ့ မှန်းကြည့်ပေးပါ။ဘယ်သူ့ကို သူကြည့်နေမယ်လို့ မင်းထင်လဲ။

ဒီညာဘက်က ဓါတ်ပုံထဲမှာ အပေါ်ဆုံးကမျက်နှာပုံကို အရင်ကြည့်ပါ။ သူမှာ နှာခေါင်းမရှိဘူး။ မဆွဲရသေးဘူး။ မင်းစိတ်မှန်းနဲ့ ဆွဲကြည့်ပေးပါ။ ဆွဲကြည့်ပြီးရင် သူ့အောက်က ရုပ်ပုံ A, B,C, D,Eထဲက ဘယ်ပုံနှင့် တူနေသလဲ။အနီးစပ်ဆုံး တူတဲ့ပုံ တစ်ပုံကို ရွေးပေးပါ။
Testက ဒါလေးပဲ၊ နှစ်မျိုးထဲပါပဲ...။ ပြီးစ်..။

လသာည ဖြစ်ပါတယ်..။

မှတ်ချက်-- KLက နောက်ထပ်တင်ပါဦးလို့ တောင်းဆိုတာရော၊ ပူးတေက စီဘောက်မှာ ယောက်ျားလေးတွေအတွက်ကောလို့ တောင်းဆိုတာမို့ (ကိုယ်ကလည်း တင်ချင်ချင်ဖြစ်နေတာလည်းပါတယ် :)) တင်လိုက်ပါတယ်။ ဒါဟာ အရင်က ရေးထားပြီးသားကို ပြန်တင်တာဖြစ်လို့ သိပြီးသားသူတွေအတွက် ပျင်းစရာကောင်းမယ်ထင်တယ်။ သယ်ရင်းလေးများ ခွေးလွှတ်ပါနော်။ အခုရက် တကယ့်ကို အလုပ်နည်းနည်းများနေတာမို့ပါ:)) '(^^)'

Tuesday, November 3, 2009

နေရာယူပုံက စကားပြောပြီ :D

မနေ့က အဖြေလေးပါ..။
A က သူများကို ကူညီတတ်တယ်။ လူမူရေးကောင်းတယ်။ စေတနာကောင်းတယ်။ သူများက အကူအညီ အတောင်းခံရရင် ဘယ်တော့မှ မငြင်းဆန်တတ်ဘူး။ ခရီးတစ်ခုကို အတူတူ သွားကြရရင်၊ ပါတီတစ်ခုကို အတူတူလုပ်ရင် ကိစ္စအားလုံးကို သူက ပွဲသိမ်းအထိ ကူညီဖြေရှင်းမယ့်လူမျိုး။ အဲဒီအကြောင်းကို ပြောရမယ်ဆိုရင် ထမင်းမေ့၊ ဟင်းမေ့။ တစ်ယောက်ယောက် ဒုက္ခရောက်တာမြင်ရင် သူကပါ ရောရောင်ငိုချင်တတ်ပြီး၊ ကိုယ်ကိစ္စထက်သူများကိစ္စအတွက် ကြားဝင် အသနားခံပေးမယ့်လူမျိုးဖြစ်တယ်။

B က ကိုယ်ကစပြီး တစ်ခုခုကို စပြောရမှာ အားနာတတ်သူ။ သူများဖြစ်ချင်တာကို ဦးစားပေးစဉ်းစားပေးချင်သူဖြစ်လို့ ကိုယ့်ဆန္ဒကို ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောဘူး။
တစ်ယောက်ယောက်က တောင်းဆိုလာရင်ဘယ်တော့မှ မငြင်းရက်ဘူး၊ ဒါပေမဲ့ ကိုယ်က မငြင်းရက်လို့ လိုက်လျောတာဖြစ်ပေမဲ့ စိတ်မပြတ်သားတော့ နောက်ကျရင်နောင်တရနေတတ်တယ်။ Bသည် မိန်းခလေးဖြစ်ခဲ့ရင် စိတ်ထားပျော့ပြောင်းတဲ့ ဇနီးကောင်း၊ မိခင်ကောင်းဖြစ်နိုင်တယ်လို့ ပြောလို့ရမယ့် သူမျိုးပါတဲ့။

C က မော်ဒယ်ဂဲလ်လိုလူမျိုးပါတဲ့။ စကားဝိုင်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ပွဲတစ်ခုခုမှာပဲ ဖြစ်ဖြစ် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံယူလိုသူ ဖြစ်ပါတယ်။ အများရဲ့ အာရုံစိုက်မှုကို မရရင် ရအောင်ကြိုးစားပါတယ်.။
အတွေးအခေါ် အယူအဆပိုင်းမှာလည်း သူက တော်တတ်တယ်။ တရားမျှတမှုကို လိုလားတယ်။ သူများကြိုက်ကြိုက် မကြိုက်ကြိုက်၊ သူမှန်တယ်ထင်ရာကို နိုင်အောင်ပြောချင်သူ။ နောက်ပြီး သူများက ခက်တယ်ဆိုတဲ့ အရာတွေကိုမှ ကြိုးစားပန်းစားဖြေရှင်းချင်သူဖြစ်တယ်။

D က တအားအဖော်မင်တတ်တယ်။ တယောက်တည်းများဆို ငိုချင်အောင်ပျင်းတယ်။ ဒါကြောင့် A ထက်ပိုပြီး လူများများနဲ့ အပေါင်းအသင်းဖွဲ့တတ်တယ်။ သူမှာ သူငယ်ချင်းတွေ အများကြီးရှိသလို၊ အဲဒီ သူငယ်ချင်းတွေကိုနဲ့ တရုန်းရုန်းနေနေရတာကို ခုံမင်တယ်။ ကိုယ်ကိုယ်တိုင် မကြိုက်တဲ့ အစားအစာတစ်ခုခုကိုတောင် သူငယ်ချင်းကို ငြင်းရမှာ အားနာပြီး အောင့်အီးပြီးလိုက်စားသူဖြစ်တယ်။ အပေါင်းအသင်းကြောင့် အချိန်၊ငွေ ဘယ်လောက်ပေးရပေးရ၊ သူတို့ကြောင့်ကုန်တယ်ရယ်လို့ အမှတ်မထားတတ်ဘူး။ တစ်ယောက်တည်းလုပ်တဲ့ အလုပ်ထက် အုပ်စုလိုက် လုပ်ရတဲ့ လုပ်ငန်းမျိုးကို ပိုကြိုက်သူဖြစ်တယ်။

E က ဆန့်ကျင်ဖက်လိင်အပေါ် ဆွဲဆောင်မှု ထားနိုင်သူဖြစ်တယ်။ မာနထားတတ်တယ်။ ကြိုက်တဲ့အရာ၊မကြိုက်တဲ့အရာကို ပြတ်ပြတ်သားသား သတ်မှတ်တယ်။ ကိုယ်မနှစ်သက်တဲ့သူကိုဆိုရင် ဟန်လုပ်ပြီးတောင် မပြောချင်ဘူး။ အရာရာတိုင်းထက် မိသားစုကို ပိုအလေးထားသူဖြစ်တယ်.။ ပေါ်လွင်မှုကို သိပ်မကြိုက်ဘူး။ အလုပ်ကို တကုတ်ကုတ် လုပ်ပြီး ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ဆိုရင် ထမင်းမေ့၊ဟင်းမေ့ ကြိုးစားသူဖြစ်တယ်။
(ခြုံကြည့်လိုက်ရင် လသာည ဟာ Eမဟုတ်တာ သေချာသွားပြီ။ ဒီလောက်ထမင်းမေ့ ဟင်းမေ့မလုပ်တတ်ဘူး ဟားဟား )။

ကဲ.. အားလုံးရဲ့ သုံးသပ်ချက် တွေက တိုက်ဆိုင်ရဲ့လား။ :P ။ စိတ်ဓါတ်တော့ မကျပါနဲ့လေ.။ တကယ်တော့ Psy-test တွေဟာ ယေဘုယျ သုံးသပ်ချက်တွေသာဖြစ်လို့ တို့အားလုံးရဲ့ အထင်တွေကလည်း သူဟာနဲ့သူ (သူအတိုင်းအတာနှင့်သူ) မှန်နေမှာပဲလေ။ ဒါကြောင့် တို့ အားလုံး အရမ်းတော်တယ်(\^ー^/။ အွန်လိုင်းကနေ ဗေဒင်ဟောစားရအောင်. :D

လသာည ဖြစ်ပါသည်။

မှတ်ချက် - 筆者ー浅野八の絵で見る人間心理テストစာအုပ်မှ chapter-1 ကို နားလည်သလို ဘာသာပြန်ခြင်းသာဖြစ်ပါသည်။