Sunday, August 16, 2009

လတ်တလော အခြေအနေ

အခုတစ်လောလား။ သိပ်တော့ မထူးခြားပေမဲ့ ပြောစရာတွေက အများကြီး :P

တွေးနေမိတာက-- အချိန်တွေမြန်လှချည်လားလို့။

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက- ငါ ငယ်ပါသေးတယ်။ (ဟားဟား)

ကျန်းမာရေး- နှလုံး သိပ်မကောင်းချင်တော့ဘူး။ (ကော်ဖီသောက်လွန်းလို့) ။ မျက်လုံး သိပ်မကောင်းချင်တော့ဘူး။ (ကွန်ပျူတာ ကြည့်လွန်းလို့) :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက-- စာကြည့်တိုက်က တစ်လစာ ဌားထားတဲ့ ကလေးကာတွန်းစာအုပ်တွေ

ရောက်ဖြစ်နေတာက-- ကျောင်းကိုပါပဲ။ labထဲကို သွားနေတာ အိမ်မှာဆို တစ်ယောက်တည်း ပျင်းလို့။

ရေးဖြစ်နေတာက-- တောရောက်တောင်ရောက် ပေါက်ကရလေးဆယ်

နားထောင်ဖြစ်နေတာက-- ကော်ဖီတိုက်တဲ့ အချစ်ရယ် အခုတော့ မင်းဘယ်မလဲ

ရွတ်နေမိတဲ့ကဗျာက-- တစ်တောင်ပေါ်တစ်တောင်ဆင့် တောင်အမြင့်ပတ်ခြံရံ

ဖြစ်ချင်နေတာက-- ပျော်ပျော်နေတတ်သူ

စားဖြစ်နေတတ်တာက--ထမင်းဆုပ်နဲ့ ကြက်ဥကြော်

သနားနေမိတာက-- အခုတစ်လော စိတ်ညစ်လို့ ငိုနေတဲ့ သူငယ်ချင်းတစ်ယောက်ကို

လွမ်းနေမိတာက-- ချစ်သူနဲ့ ချစ်မီးမီးလေး ကိုယ့်အနားမှာ ရှိနေပေးတဲ့ ပျော်စရာ အချိန်လေးတွေ

မေ့လျော့ပစ်နေမိတာက-- တစ်နှစ်ထက်တစ်နှစ်ကြီးကြီးလာတဲ့ အသက်တွေ။ ၂၀ကျော်ကတဲက မေ့ပစ်လိုက်တာ အေးရော။ လသာည အခုအထိ အသက် ၂၀ပါပဲ..။ (ယုံလား)

ခါးသက်နေမိတာ-- အင်း အဲဒါမသိဘူး..။ ကော်ကော်ခါးခါးတော့ သောက်တယ်။

တမ်းတနေမိတာက-- မေ့မေ့လက်ရာဟင်းတွေအားလုံး

ကြိတ်ပြီးအထင်သေးနေမိတာက-- ကိုယ့်ကိုယ့်ကို။ အခုအထိ ဘာမှ မဘာသေးလို့

ကြိတ်ပြီးချီးကျုးမိနေတာက--သဘောထားပြည့်တဲ့ ချစ်သူကို။ တည့်တည့်ချီးကျူးရင် သူက ညာတယ်ထင်မှာစိုးလို့ပါ။

ဆန္ဒမရှိတဲ့နေရာ-- မရှိဘူး။ ဘယ်ကိုမဆို သွားချင်သေးတယ်။

ဆန္ဒရှိနေတဲ့ကိစ္စ-- ဒီလအတွင်း လုပ်စရာတွေ မြန်မြန်လုပ်ပြီး ခရီးထွက်ချင်နေတယ်။

မုန်းတီးနေမိတာက-- အလကားနေ မနက်အစောကြီး (၈နာရီလောက်ကို ) လာလာအော်နေတဲ့ အိမ်နားက ကျီးကန်းတွေ။ စနေတနင်္ဂနွေလေး နေမြင့်အောင် အိပ်ရမလား အောက်မေ့တာ သူတို့အော်တာနဲ့ နိုးရော။ ဒါပေမဲ့ ကျန်တဲ့နေတွေကတော့ သူတို့က ကိုယ့်နိုးစက်လေးပါ။

ချစ်နေတာက-- ချစ်သူနဲ့ ချစ်မီးမီးလေး။ နောက်ပြီး ချစ်မိဘ၊ချစ်မောင်နှမ၊ချစ်သူငယ်ချင်းများ (ချစ်သောရို့စ်မှ ကော်ပီပေ့စ်လုပ်မိပါသည်။)

စိတ်ပျက်နေမိတာက-- အခုတစ်လောဖြစ်နေတဲ့ ကိုယ့်မှတ်ဥာဏ်ကိုပါ။ ကာတွန်းကျတော့ အားလုံးမှတ်မိနေပြီး ကျောင်းစာကျတော့ လုံးဝ လုံးဝ မှ အလုပ်မလုပ်ဘူး။

လိုအပ်နေတာက-- အင်း....အများကြီးဆိုတော့ ဘာပြောရမှန်း မသိလို့ ကျော်လိုက်တယ် :P

တောင်းနေမိတဲ့ဆု-- ဘ၀မှာ ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ စိတ်ဓါတ်မကျသူ၊ စိတ်ကြီးမ၀င်သူ၊ စိတ်ဓါတ်ရင့်ကျက်သူ ဖြစ်ချင်တယ်။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက-- ငါအများကြီး လိုသေးတယ်။ ကြိုးစား.........

ပြီး....။ ပေါ့ပါးစွာ အဆုံးသတ်လိုက်ပါတယ်။ ကိုယ့်ကို ချစ်ခင်စွာ လာtag ပေးခဲ့သော ချစ်သောရို့စ်ကျေနပ်နိုင်ပါစေလို့..။ ကျေနပ်နေပါတယ်၊ ပြုံးနေတာ ကိုယ်တွေ့ပါတယ်နော်။ :D ။

ဆက်လက်ပြီးတော့တော့ အခုတလော အကြောင်း မရေးရသေးတဲ့ ချစ်ရတဲ့ ကြယ်လေး (မိုးသောက်ကြယ်) ကိုပဲ ဆက်tagပါတယ်။ အချိန်ရတဲ့အခါ ကြယ်လေးရဲ့ အခုတလောလေးကို ပြောပြပါဦးလို့..။

(နောက်ပြီး အခုတလောကို မရေးရသေးတဲ့ ကျန်သူငယ်ချင်း ဘလော့ဂါလေးတွေနဲ့ စာဖတ်သူ သယ်ရင်လေးများ အားလုံးကိုလည်း ဆက်tag ပါတယ်။ အချိန်ရရင်ကိုယ်ပိုင်ဘလော့မှာ ဖြစ်ဖြစ်၊ ဒီ စီဘောက်ပဲဖြစ်ဖြစ် လာဖွင့်ကြပါဦး :P)


5 comments:

rose of sharon said...

ချစ်သူ+ချစ်မီးမီးလေးနဲ့ အမြန်ဆုံး အတူတူပြန်နေ ရပါစေလို့ဆုတောင်းပေးပါတယ် ချစ်သူငယ်ချင်းလေးရေ.... အသက်၂၀ဘဲရှိသေးတဲ့ ကာတွန်းတွေဘဲမှတ်မိပြီး ကျောင်းစာတွေ မမှတ်မိတဲ့ ကိုယ့်သူငယ်ချင်းလေး ထာဝရ စိတ်ပျိုကိုယ်နုပြီး လိုအင်မှန်သမျှ ပြည့်ဝနိုင်ပါစေ... ဒို့လဲကော်ဖီခါးခါးကြိုက်တယ် သိလား... တနေ့လောက်ဆုံပြီး အတူတူသောက်ချင်တယ်

WWKM said...

ကော်ဖီတိုက်တဲ့ အချစ်ရယ် အခုတော့ မင်းဘယ်မလဲ......

ဖတ်ပြီး သနားသွားတယ်.း(
ကော်ဖီသောက်တိုင်းလွမ်းနေတယ်ပေါ့...
အချိန်ပြည့်လွမ်းနေတာနေမှာပါ..ကိုယ်ချင်းစာပါတယ် ညီမရေ။

Unknown said...

တက်ဂ်ပို့စ်လေးက ဖတ်လို့ ကောင်းလိုက်တာ။ အလုပ်တွေ မြန်မြန်ပြီးရင် ခရီးမြန်မြန် ထွက်ချင်နေပြီပေါ့လေ။ ဟဲဟဲ။သိနေတယ်နော်။

ချစ်တဲ့

ထား

Lucifer said...

မမီးကော်ဖီတိုက်ရင်ရော သတိရမှာလား

လသာည said...

ချစ်သော ရို့စ်ရေ ဆုတောင်းလေးကို ကျေးဇူးနော်။ ဟုတ်တယ် တစ်ခါလောက် အေးအေးဆေးဆေး ကော်ဖီအတူတူသောက်ရအောင် ... :D

မမ၀ါ>> ကျေးဇူးတင်ပါတယ် မ.ရယ်။ တကယ်ပြောတာ မမ၀ါတို့ကို အမြဲအားကျနေတာ။ အခုတော့ “ငါလေ တစ်ယောက်တည်း အမကျန်”ဖြစ်နေပြီ။

ထား>> သူသိရဲ့သားနဲ့ သွား...။ ကွန်မန့်လေးကို ကြိုးစားပမ်းစားလာရေးပေးသွားလို့ အရမ်းကို ကျေးဇူးတင်ချစ်ရပါကြောင်း....:P

ကြယ်လေး>> မမီးတိုက်ရင်သောက်မှာပေါ့လို့။ လာတိုက်လေ ဒီကစောင့်နေတယ် (လေးဖြူသီချင်းမဟုတ်ပါ) "P