Wednesday, August 26, 2009

အတိတ်က ဇာတ်လမ်း

အဟမ်း..အဟမ်း မမ၀ါရဲ့ တဂ်ပါ။

ရေးရမှာ ဒူးတုန်လို့ နည်းနည်း ရဲဆေးတင်တဲ့အနေနဲ့ ဘီယာ အဲလေ ကော်ဖီကျကျလေးသောက်ဦးမှ.. ကိစ္စတော့ မရှိပါဘူးလေ..။ အတိတ်ဆိုတာ လူတိုင်းကင်းတာမှမဟုတ်တာနော.။ :D

ပြောရရင်..လသာညတို့မြို့မှာ တချိန်က လသာည ဟိုးလေးတကျော်သတင်းကြီးဖူးတယ်။ စာလိုက်ပေးတဲ့ကောင်လေးကို ခဲနဲ့ပေါက်တာ ကောင်လေး နဖူးကွဲသွားလို့လေ.. :P အဲလို နာမည်ကြီးပုံက.။

တကယ်က သူကလွန်တာပါ။ ၈တန်းပဲ ရှိကြသေးတာကို ရည်းစားစာလိုက်ပေးတယ် လေ (><)..။

အရင်ကတဲက လူတွေ့တိုင်း စနောက်နေလွန်းလို့ မုန်းနေတာဆိုတော့ အဲဒီနေ့က ပေါက်ကွဲလွန်းတော့ ခဲနဲ့ပေါက်ချလိုက်တာ.။ တကယ်က စဉ်းစားကြည့်ရင် သူရှောင်ရင်လည်း လွတ်နိုင်ပါတယ်။ ကိုယ်ကလည်း သူရှောင်လိမ့်မယ်လို့ပဲထင်ထားတာ။ ဒါပေမဲ့ သူက ဟီးရိုးလုပ်ပြီး မရှောင်ဘူး။ မှန်ရော သွေးတွေဖြန်းကနဲ ထွက်သွားလေတယ်။

ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်မယ်ထင်ထားပေမဲ့ သူကသဘောကောင်းစွာ မတိုင်ခဲ့တဲ့အတွက် မရောက်ခဲ့ပါဘူး။ ဒါတောင် အခွင့်ကြုံတိုင်း အိမ်ရှေ့ကနေ လာလာအော်သွားတယ်။ သွေးမြေကျအောင် ချစ်ရသူပါ..ချစ်ရသူပါ..နဲ့။ တွေ့လား အဲလိုမျိုး စိတ်တိုဖို့ အရမ်းကောင်းတယ်..။

တကယ်ဆို သူခမြာ မိဘနှစ်ပါးလုံးလည်း ကွယ်လွန်သွားခဲ့လို့ သူအစ်ကိုနဲ့ နေနေရတာပါ။ အပေါင်းအသင်းအပေါ်လည်း သဘောအရမ်းကောင်းသူမို့ သူငယ်ချင်းအဖြစ် ခင်ချင်စရာပါ။ ခက်တာက အစအနောက်တအားသန်လွန်းတာပါ။

စာကို သိပ်စိတ်မ၀င်စားဘူး။ စာကြည့်တာကို သိပ်မတွေ့သလောက်ပဲ။ အတန်းထဲမှာ လသာညက အဆင်တစ်ဆိုရင် သူက ဘိတ်ချီးဆင့်ပါ။ တခါတလေ လိုက်လိုက်လျောလျော သူငယ်ချင်းအဖြစ်နဲ့ စာကြည့်ပါလို့ပြောကြည့်တယ်။ သူက “စာမကြည့်ဘူး မင်းပဲကြည့်မယ်”လို့ ပြန်အော်တဲ့သူ..ပါ။ အဲဒါ ဆရာမက “သား..မင်း အဆင့်တစ်ရတဲ့ သမီးလေးကို အတုခိုးနော်”လို့ဆိုရင် သူက“ဟုတ်ကဲ့ ခိုးပါမယ်၊ လိုက်မှာလား”လို့ပြန်ပြောသူပါ။

အဲဒီနောက်မှာလည်း တချိန်လုံးအမြဲရန်ဖြစ်ရတဲ့သူပါပဲ။ ဆယ်တန်းအောင်ပြီး လသာညက ကျောင်းဆက်တက်ပေမဲ့ သူကတော့ သူဘ၀ပေးအရ အလုပ်ဝင်ပါတယ်။

တက္ကသိုယ်ကျောင်းပိတ်လို့ မြို့ပြန်ရောက်ချိန်ဆို သူကို အခမဲ့အကြောင်းကြားမဲ့သူက ဘယ်အချိန်အကြောင်းကြားမှန်း မသိအောင် သူက ကြိုသိနေတတ်တယ်။ အိမ်ရှေ့လမ်းတကြောမှာ သူလမ်းသလားပြီသာမှတ်။ အိမ်နားကလူတွေဆို သူ့မြင်ရင် ရယ်ကြရော..။

ဘာကြောင့်လဲတော့မသိဘူး နှစ်တွေသာကြာသွားတယ်။ သူကိုမြင်ရင် စိတ်တိုတာဟာ မပျောက်ဘူး။

ကျောင်းပိတ်ရက်ကုန်လို့ ရန်ကုန်မပြန်ခင် တရက်ကြီးလည်း သီချင်းအကျယ်ကြီးလာအော်သွားသေးတာ။ “အပျိုကြီးတကယ်လုပ်မှာလား” ဆိုတဲ့သီချင်းကို ။ အဲဒါပြောတာ အဲလိုအော်တတ်တာတွေကို ကြည့်လို့ကိုမရဘူးဆို..။

ဒီလိုနဲ့ တွေ့ရင် စောင်းလိုက်မြောင်းလိုက် ရန်ဖြစ်လိုက်နဲ့ ဆယ်နှစ်ကြာပြီး သကာလ.. လသာညက မာစတာဒုတိယနှစ် ပြီးလို့ အိမ်ကို ပြန်လာပြီးတပတ်အကြာမှာ မင်္ဂလာဆောင်ပါလေရော..။ ဝေး...ဟေး..

..မှားမယ်။ လသာညနဲ့ မဟုတ်ဘူး။ အိမ်နားက ကောင်မလေးနဲ့..ဟားဟား။။။ ဒါတောင် သတင်းလာလွှင့်လိုက်သေးတာ လသာညနဲ့တူလို့ ယူလိုက်တာပါတဲ့ နောက်ဘ၀ကျရင် ဆက်ဆက် ပေါင်းပါရစေတဲ့..လွတ်လွတ်ကျွတ်ကျွတ် သွားစရာရှိတာ သွားတာမဟုတ်ဘူး။ အမျှင်လာတန်းပြနေသေးတယ်။ အော်.. ယောက်ျားလေးများ.....

အဲလိုမျိုးလေးရှိခဲ့ဖူးတယ်လို့.။

“ ကလင်ကလင်”
“ဟလို.. .အင်.. နေကောင်းပါတယ်။ ထမင်းလား ..စားပြီးပြီး။ စိတ်ချ၊ ကော်ဖီလည်း လျှော့ပါတယ်။ ဟုတ်..။ အခုလား ဟိုလေ မနက်ဖြန် seminarရှိလို့ စာဖတ်နေတာ။ စိတ်ချပါဆို၊ ညနက်အောင်မနေဘူးရယ်၊ ခဏနေအိပ်မှာ။ အိုကေ စိတ်ချပါ။ ဟုတ်..ဟုတ်..........ဘိုင်ဘိုင်...။”

အဟီး တော်မှ။ ဒါကအချိန်မှန်လာသော လသာည၏ ချစ်လှစွာသော “လူကြီး”ဆီမှ ဖုန်းဖြစ်ကြောင်းပါ..။ ဒီပို့စ်ကို ဖတ်မိသူအကြောင်းသိ သယ်ရင်းလေးများ သူ့ရှေ့မှာ ယောင်လိုများ မပြောမိစေဖို့ အနှုးအညွှတ်တောင်းပန်တယ်နော်။ ကျန်တာ သဘောထားကြီးပါသော်လည်း ထိုသူနှင့်ပတ်သက်လျှင်တော့ သ၀န်တိုတတ်ပါကြောင်း တောင်းပန်ရင်း တက်ဂ်ပို့စ်ကို အောင်မြင်စွာ အဆုံးသတ်ပါတယ်။

:D လသာည..ပါ။

ထုံးစံအရ ဆက်တက်ဂ်ချင်သော်လည်း ဘယ်လိုလုပ်ရပါ့။။။ အောက်က ဘလော့ဂါသူငယ်ချင်းလေးများ အဆင်ပြေရင် ရေးပေးပါဦးနော်။ နည်းနည်း ကြောက်စရာရှိရင် မရေးလည်း ရတယ်သိလား..နောက်မှ မေးလ်နဲ့တိုးတိုးတိတ်တိတ်ပို့လိုက် ။ :P

ချစ်သောရို့စ်
မိုးသောက်ကြယ်လေး
သူငယ်ချင်းလေး မရွှေပိုး
လဂွန်းအိမ်
ကိုမနောသား

13 comments:

မိုးအိမ့်ဖြူ said...

ဟိုက်သေပြီ ဘယ်လိုစရေးရမှာပါလိမ့် တက်ဂ်ကို ဘယ်လိုအစပျိုးရမှာပါလိမ့် :P ပထမဆုံး မန့်ဖြစ်ပြီကွာ....။ အစုတ်ပလုတ်မလေး ခေါ် အပျိုကြီး မမ ခေါ် မိုးသောက်ကြယ် ရေ နောက်မှ တော့လာမအော်နဲ့နော် :P

မိုးသီတာ said...

စွံတဲ့သူများ ရှစ်တန်းထဲကနော်.. အားကျချက်....။ တက်ဂ်ခေါင်းစဉ်က ဘာတဲ့လဲဟင်.. အရင်ဆုံး တက်ဂ်ဆိုတာက ဘာလဲဆိုတာ သေချာလေးရှင်းပြပါဦးတီချယ်ရယ်။အီးမေးလ်လေးနဲ့။..

Lucifer said...

လူပျိုကြီး မိုးအိမ့်ဖြူ................... နာလိုဘူးးးးးးးးး
အရင် comment ပေးချင်တာ... ညက စောစောလေး အိပ်လိုက်မိတာပဲရှိတာ
သူက အရင်နေရာယူသွားတယ် ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး
(လသာညလေးရေ..... သတိတရ တက်ဂ်တော့ လည်း မမီး ဆက် တက်ဂ်ပေးရတော့မှာပေါ့....)

WWKM said...

ဟဟ.. မုန်းတယ်တော့ဆိုပြီး သူပြောတာလေးတွေကိုသတိရနေတယ်ပေါ့.
ဖတ်ရတာ ရယ်ရတယ်တကယ် .း))
နောက်တောက်တောက်နေတတ်တဲ့သူတစ်ယောက်ရဲ့ ပြောစကားလေးတွေ
က တကယ်ရယ်ရတာနော်..ပြောတတ်တယ် အဲ့လူ။
အဟဲ..ရှစ်တန်းကတည်းက စွံတဲ့ လသာညလေးအကြောင်းသိသွားပြီ။
ရေးပေးတာကျေးဇူးပါ ညီမလေးရေ..
ကြောက်နဲ့သိလား... မမဆီလာပုန်းနေ.း)))

rose of sharon said...

သူငယ်ချင်းလေးကဒီလိုလား... စိတ်ကလဲကြီးပါ့တော်.... ချစ်လို့တက်ဂ်တာ ရေးပေးမှာပေါ့... ရေးရမှာတော့နဲနဲရှက်တယ်.... အဟီး

မေလေး said...

ဟယ် စိတ်ကြီးလိုက်တာ။
ရှောင်ရင်လွတ်တယ်လား ။
တိပါဘူး မရှောင်ရင် လွတ်တာလားလို့။
ဖတ်ရတာ ပျော်စရာကြီးနော်။

ပျော်ရွှင်ပါစေ။
မေလေး(ဆုံနိုင်ခွင့်)

Anonymous said...

မမကြားဘူး သလောက်တော့ ရှောင်ရင်ထိဆို ဟုတ်ဘူးလား။ :P
ပိုစ့်လေး ဖတ်ရတာ ပျောစရာ ကောင်းမှကောင်းနော်။

ငှက်ငယ်လေး said...

မမရဲ့ ဇတ်လမ်းလေးက တမျိုးနော်း)
ပျော်စရာလေး ညလေးလည်လာလည်သွားပါတယ်

ပုံ့မေ said...

ဟဟ...စိတ်ဝင်စားစရာလေးပါလား အစ်မရေ့ ။

လသာည said...

9:05 PM ထား: အဟဲဟဲ ... သွေးမြေကျအောင်ချစ်ရတဲ့သူ ဆိုပါ့လား ... မိုက်တယ်ကွာ ... ညလေးစွံပုံများ ... နှစ်မြွာအသည်း ဇာတ်ကားထဲက ဒေါ်မြလေး ပြောသလို ... ပြောကို မပြောချင်ဘူး ... ပြောကိုမပြောချင်ဘူး ...
ချစ်တဲ့
ထား

9:06 PM မန့်မရလို့ဗျိုးးးးးးးး
ထားရဲ့ ကွန်မန့်လေးပါ

လသာည said...

အားလုံးပဲ ကျေးဇူးနော်။
လဂွန်းအိမ်..မင်းအတွက် အစ်မကြီးက လမ်းဖွင့်ပေးတာ။ ရေးပေတော့။ ပြဿနာတတ်ရင် လှမ်းခေါ်လိုက် ထောက်ခံပေးမယ်။ လဂွန်းအိမ်က လူဆိုးပါလို့ :P
မိုးရေ.. ဟိတ်ရောင် မသိချင်ယောင်မဆောင်နဲ့။ မရဘူး..ရေး :D
ချစ်သောရို့စ်နဲ့ မိုးသောက်ကြယ်လေးရေ..ချစ်လို့တက်ဂ်တာမို့ ရေးပေးနော်။
မမ၀ါ.. တကယ်နော်။။ လာပုန်းနေမယ်။ ကြောက်တော့ဖူး။
မေလေး.နဲ့ ရောင်လေးရေ.. ဟုတ်တယ်။ ကိုယ်က မမှန်မချင်းပေါက်မှာမိုလို့ မရှောင်တာဖြစ်လိမ့်မယ်ထင်တယ်နော်။
ဌက်ငယ်လေးနဲ့ မေသူရေ..လာလည်တာရော၊ မန့်တာရော ကျေးဇူးအထူးနော်။
ထားရေ..ထားကိုကတော့ အာဘွား...လဘုလဘု:D

Anonymous said...

အရင်တုန်းက ( ၈ ) တန်းဆိုတာက ကလေးလို့ ဆိုပေမယ့် ..အခုခေတ်ကြီးမှာတော့ .... :P

ခင်မင်စွာဖြင့်

မနောသား

မင်းအိမ်ဖြူ Minn Eain Phyu said...

ဒီလိုလား ...............

အသည်းကွဲဇာတ်လမ်းလေးတော့ မဟုတ်ခဲ့ဘူးပေါ့


ပျော်ရွှင်ပါစေ