Saturday, November 27, 2010

ဂျပန်လာမယ်ဆိုရင်

“အစ်မ စကားမစပ် ကျွန်တော့် သူငယ်ချင်းက ဂျပန်လာချင်တာ ပွဲစားနဲ့ ပြောထားတယ်လို့ ပြောတာဗျ။ ပွဲစားရဲ့ တူမအဖြစ်နဲ့ လာရမှာတဲ့။ အဲဒီပွဲစားက စိတ်မချရမှာစိုးလို့ ကျွန်တော်က ခဏစောင့်ဦးလို့ ပြောထားတယ်။ အစ်မသိတဲ့ ဂျပန်ကို ကျောင်းလာတက်နည်းလေးဖြစ်ဖြစ် အားတဲ့အချိန် ပြောပြပါဦး”

တကယ်တော့ အဲလိုမျိုး ပွဲစားရဲ့ တူမဆိုတာမျိုးနဲ့ လာတာ တကယ်တော့ အန္တရယ်များပါတယ်။ ဒီရောက်ပြီး စစချင်း ရပ်ကွက်ရုံးမှာ မှတ်ပုံတင်ရတာကစပြီး ထိုသူရဲ့မိသားစုဝင်အဖြစ်နဲ့ မှတ်တမ်းတင်ပြီး အတူတူနေဖို့ ဖြစ်လာတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အတူတူနေဖို့ မဖြစ်နိုင်တဲ့အတွက် ပြဿနာစပါတယ်။ အဲဒီအကြောင်းတွေက ကြားဖူးသမျှပြောရရင် အများကြီးမို့ အချိန်မရလို့ အသေးစိတ် မပြောပြတော့ပါဘူး။

ဖြစ်ရပ်မှန်လေး တစ်ခုကိုပဲ ကြားဖူးသလောက် ပြောပြချင်တယ်။ တခါက ဖေဖေရယ်၊ မေမေရယ်၊ ရှစ်နှစ်အရွယ် သမီးငယ်လေး တစ်ယောက်ရယ် ရှိတယ်။ ဖေဖေရော မေမေပါ ဆရာဝန်ပါ။ ထိုက်သင့်သလောက် ချမ်းသာကြပါတယ်။ မေမေ့နာမည်က “မေ” ဆိုပါတော့။ တခါမှာ သူငယ်ချင်း “ဝေ”က ဂျပန်ကို သွားရတယ်။ နောက် “ဝေ”က ဂျပန်အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ နောက်တော့ ကလေးမွေးတော့ ကလေးထိန်းဖို့ ညီမကို ခေါ်တယ်ဆိုပြီး “မေ”က “ဝေ”ရဲ့ ညီမအဖြစ်နဲ့ ဂျပန်လာဖို့ လှမ်းခေါ်တယ်။ မိသားစုဘ၀ ပိုတိုးတက်ချင်တဲ့ မေ ဟာ အခွင့်အရေးရတုန်း ကြိုးစားဖို့ ဝေတို့မိသားစုရဲ့ အိမ်ထောင်စုဇယားကညီမ  နာမည်နဲ့ ညီမအတုလုပ်လို့ ဂျပန်ကို လိုက်လာတယ်။ (ဝေ့ကို ပိုက်ဆံ  မြန်မာငွေ သိန်း ၉၀ ပေးရတယ်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က သိန်း၉၀ ပါ။)

နောက်တော့ ဝေတို့အိမ်မှာပဲ ကလေးထိန်းရင်း အလုပ်ရှာသလိုလို၊ ဂျပန်စာသင်သလိုလိုနဲ့ ရက်ကြာလာတယ်။ စားစရိတ်၊ နေစရိတ်ကလည်း လိုတယ်ဆိုတော့ ဝေကလည်း ကြာတော့ ငြိုငြင်လာတယ်။ အိမ်မှာ အိမ်ဖော်သာသာလုပ်နေတာတောင် ရပ်တည်ဖို့ ပြဿနာအမျိုးမျိုး ကြုံခဲ့တယ်။  အပြင်ထွက်ပြီး အလုပ်ရှာလုပ်ခဲ့တယ်။ အလုပ်ကရှား၊ အလုပ်လုပ်ခွင့်ပါမစ်ကလည်း တော်တော်နဲ့မရ၊ ဒီလိုနဲ့ အမျိုးသားနဲ့ သမီးငယ်ကို လွမ်းလည်းပဲ သူမပြန်နိုင်ခဲ့ဘူး။ နောက်တော့ သူရဲ့ ဗီဇာသက်တမ်းပြည့်သွားတယ်။ ဒီအတိုင်းပြန်ရမှာ မြန်မာပြည်က အသိုင်းအ၀ိုင်းကြားမှာ မာနအခံနဲ့ ရှက်တာကြောင့် သူက အာ (Refugee) ခံယူလိုက်တယ်။

နောက်တော့ အနေဝေးတဲ့ အိမ်ထောင်ရေးမှာ မြန်မာပြည်နှစ်ဖက်မိဘ၊ (ယောက္ခမတွေ)ကြားထဲမှာ အတင်းစကား၊  ကောလဟလတွေနဲ့ လင်မယား အဆင်မပြေဖြစ်လာတယ်။ သမီးလေးကလည်း သူမကို စိမ်းလာတယ်။ နောက်တော့ မြန်မာပြည်ကို အလည် ပြန်လို့ရအောင် စဉ်းစားတယ်။ (R နဲ့က မြန်မာပြည်ပြန်လို့ မရဘူး။ ) နောက်တော့ အများ ၀ိုင်းစဉ်းစားပေးလို့ ရတဲ့ အကြံက ဂျပန်ယောက်ျားကို အဌားယူပြီး (ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်တာ) အလည်ဗီဇာနဲ့ ပြန်တဲ့နည်းတဲ့။ ဒါနဲ့ လက်ထပ်စာချူပ်အတု အသေအချာလုပ်တယ်။ ဂျပန်မှာ အဲလိုလုပ်ရတာ ပိုက်ဆံအများကြီး ကုန်သတဲ့။ စလုပ်တုန်းကတော့ မြန်မာပြည်ကို ပြန်ဖြစ်ရုံ  ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်ပြီး သွားခဲ့တာဖြစ်ပေမယ့် မြန်မာပြည်ရောက်တော့ အားလုံးက လက်မခံတော့ဘူး။ 

ကိုယ့်အိမ်လည်း သွားတည်းလို့ မရဘူး။ ဟော်တည်မှာ တည်းရတယ်။ လင်မယားချင်းကလည်း အဆင်မပြေ၊ အသိုင်းအ၀ိုင်းက လက်မခံတော့ ဂျပန်ကို ပြန်ပြီး ဂျပန်ကြီးနဲ့ အတည်ယူဖြစ်သွားတယ်ဆိုလား။ သူ့သမီးလေးကိုတော့ ချစ်လွန်းလို့ အခုထိ လစဉ် ထောက်ပံ့တုန်းတဲ့။ သူမ ထားခဲ့တဲ့ သမီးငယ်လေးက အခု နိုင်ငံတစ်ခုမှာ ကျောင်းတက်နေပြီ။ သူမက “မေမေ့အကြောင်းကဆို လာမပြောနဲ့”လို့ ငိုပြောလေ့ ရှိတယ်တဲ့။

ဒါကတော့ “မေ”ဆိုသောသူတစ်ဦးက ပြောပြတဲ့ ဖြစ်ရပ်မှန်လေးပါ။ အခုဖြစ်ရပ်ကို တဆင့်ပြောပြတာက ကာယကံရှင်“မေ”ကို ဝေဖန်ချင်တာ မဟုတ်ပါဘူး။ (ကျွန်မမှာ ဝေဖန်နိုင်တဲ့ အစွမ်းလည်း မရှိပါဘူး။ သူမရဲ့ တွေ့ကြုံရတဲ့ အခက်အခဲကို သူမပဲ သိမှာကိုး။) ကျောင်းတက်ချင်လိုပဲဖြစ်ဖြစ်၊ အလုပ်လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဲဒီလို သူများရဲ့ မိသားစုအဖြစ်နဲ့ လာရင် နောက်ဆက်တွဲ သောကတွေ၊ အခက်အခဲတွေ အများကြီး ဖြစ်နိုင်တယ်ဆိုတာလေးကို ပြောပြချင်တာပါ။ ယောက်ျားလေးဆို တော်သေးပါတယ်။ မိန်းကလေးဆိုရင်တော့ ပိုပြီး ခက်ခဲနိုင်တယ်လို့ ထင်မိတယ်။ (ကျွန်မရဲ့ အထင်ပါ)

တကယ်လို့များ ကျောင်းတက်လာချင်တယ်ဆိုရင်..  ဂျပန်အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးရတဲ့ ပညာတော်သင် လျှောက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ (ကျွန်မလည်း အဲလို လျှောက်ပြီး လာတာပါ)။

 ပညာတော်သင်လျှောက်တာလည်း လွယ်တော့မလွယ်ဘူးပေါ့။ အခက်အခဲတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒါကို ကြိုးစားကြည့်စေချင်တယ်။ သူနဲ့ ပတ်သက်ပြီး သိချင်ရင် အောက်ကလင့်ခ်တွေမှာ ခေါင်းစဉ်ကို ကလစ်ပြီး ဆက်လက် သွားလေ့လာနိုင်ပါတယ်လို့...။
 ...........................................................................


ဒီပိုစ်ကို ရေးတဲ့ ရည်ရွယ်ရင်းကတော့ Monbusho scholarship လို့ ခေါ်တဲ့ ဂျပန် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂျပန်ကို ပညာတော်သင် လျှောက်လိုသူများ သိသင့်တဲ့ အချက်အလက်များ ဗဟုသုတ ရစေဖို့ ဖြစ်ပါတယ်။
............................................................
မိုးမိဂျိ (မြတ်နိုး)

ဂျပန်ကို ပွဲစားနှင့်လုံးဝ (လုံးဝ) မလာသင့်ပါ။ စကော်လာရအောင်ရှာ။ ဒါမှမဟုတ် မိဘက တတ်နိုင်ရင် ကျောင်းကို သေချာလှမ်းလျှောက်ပြီး ဒီဖက်က ဆရာက လက်ခံပြီဆိုမှ လာပါ။ ဖြစ်နိုင်လျှင် ဂျပန်မှာ ပညာသင်ခြင်းထက် အခြားနိုင်ငံများက ပိုသင့်တော်မယ်လို့ထင်ပါတယ်။ ဂျပန်မှာ အင်္ဂလိပ်လို ဘယ်သူမှ မသုံးကြတော့ စကားအခက်အခဲ ရှိပါတယ်။

ပွဲစားတွေကို မယုံပါနဲ့။ ပွဲစားတွေကိုပေးရတဲ့ ပိုက်ဆံက ဒီမှာ ဂျပန်စာသင်တဲ့ကျောင်းကို ၂နှစ်စာပေးရတဲ့ ပိုက်ဆံနဲ့တူတူပါပဲဆိုတာ...သိစေချင်ပါတယ်။ (မှတ်ချက်။ ဟိုးတနေ့ကတင် ကောင်မလေးတယောက် ပြောပြချက်အရ) ပြီးတော့ ခု ဂျပန်မှာ အလုပ် ရှားလို့..မိဘဆီကပိုက်ဆံပြန်တောင်းနေရတယ်တဲ့။
..................................................


ဂျပန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအတွက် တရားဝင် အချိန်ပိုင်း အလုပ်လုပ်ခွင့် တစ်ရက်လျှင် လေးနာရီနှင့် တစ်ပတ်လျှင် ၂၈ နာရီ လုပ်ခွင့်ရကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းမှစ၍ အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုနှစ်ပိုင်းတွင် ဂျပန်သို့ ပို့ဆောင်ပေးသော ဂျပန်ဘာသာစကား ကျောင်းများနှင့် ၎င်းတို့ဖွဲ့စည်းထားသောအဖွဲ့အချို့မှ အလုပ်အကိုင်ရှာဖွေ ပေးနိုင်ရေးကိုပါ လုပ်ဆောင်ပေးရန် စီစဉ်လာကြသည်ဟု သိရသည်။

"အရင်နှစ်တွေက ဂျပန်ကိုကျောင်း သွားတက်ဖို့အတွက် ဗီဇာခက်ခဲပါတယ်။ အခုနောက်ပိုင်းမှာ ကျောင်းတက်ဖို့ ပညာသင်ယူဖို့ဆိုရင် ၁၀၀ ရာခိုင်နှုန်းနီးပါး သွားခွင့်ရကြတယ်။ ကျောင်းသား ဗီဇာလျှောက်ထားတာ နှစ်ပတ်လောက် နဲ့ ကျနိုင်ပါတယ်။ နောက်ပြီး ဒီ တစ်နှစ် နှစ်နှစ်အတွင်းမှာ မြန်မာကျောင်းသားတွေ ဂျပန်ကို ကျောင်းသွားတက်တာ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်"ဟု Galaxy Matrix Interna-tion Co., Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်သူက ပြောကြားသည်။
...................................................
 (လသာည)
ပြည်ပမှ ပညာတော်သင်များကို တိုးခေါ်နေသော်လည်း ပြည်တွင်းရှိ ပညာတော်သင်ထောက်ပံ့ကြေးနဲ့ ပညာတော်သင်ဦးရေကိုတော့ နောက်နှစ်ကစပြီး လျှော့ချနေပါတယ်။

.........................................................

ကျောင်းတက်နေရင်းနဲ့ Japanese government scholarship နဲ့ private scholarships တွေလျှောက်နိုင်ပေမယ့် အပြိုင်အဆိုင်များပါတယ်။ သုတေသနအတွေ့အကြုံရှိသူတွေ၊ စာတမ်းဖတ်ကြား၊ တင်သွင်းဖူးသူတွေက အမှတ်ပိုရပြီး စကောလားရှစ်ရလွယ်ပါတယ်။ Japanese government scholarship ရရင်တော့ ကျောင်းလခအားလုံး-လုံးဝသွင်းစရာမလိုတော့ပါဘူး။ private scholarships တွေထဲက ရရင်တော့ ကျောင်းလခဆက်သွင်းနေရမှာဖြစ်ပါတယ်။

အမျိုးသားတက်နေတဲ့ကျောင်းအပါအ၀င်၊ တချို့ကျောင်းတွေမှာ Global Center of Excellence Program ဆိုတဲ့အစီအစဉ်ကို ဂျပန်အစိုးရကချပေးထားပါတယ်။ အဲဒီအစီအစဉ်က ထူးချွန်တဲ့ကျောင်းသားတွေကို super-students အဖြစ်ရွေးပြီး ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းတက်နေရတဲ့သူကို တစ်လ ၁၆ သောင်း၊Japanese government scholarship ကျောင်းသားကို တစ်လ ၅သောင်းပညာသင်ဆုပေးပါတယ်။ အများကြီးအထောက်အကူရတာမို့ အဲလိုအစီအစဉ်မျိုး ကိုယ်လျှောက်မယ့်ကျောင်းမှာရှိမရှိလည်း home page မှာစုံစမ်းထားသင့်ပါတယ်။
.....................................................

ဂျပန်ပညာတော်သင် အကြောင်း တခြား လေ့လာစရာ လင့်ခ်များ
  1. ၂၀၁၀ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ
  2. ကျော်နှင်းဆီလွင် နိုင်ငံရပ်ခြားပညာသင်
  3. မြရွက်ဝေ ဂျပန်မှာ ကျောင်းတက်မယ်ဆို 
  4. ကိုကလိုစေးထူးရဲ့ ဂျပန် ပညာရေး ပို့စ် 

ဂျပန်မှာ နေထိုင်စားသောက်ရေးအကြောင်း လေ့လာစရာ လင့်ခ်များ
  1. မြန်မာတိုင်း(မ်)ဂျပန်မှာနေမယ်ဆိုရင်
  2. Megumi ရင်မှအထီးကျန်ခံစားမှုများ
  3. Megumi ဂျပန်နှင့်မြန်မာ ကွာခြားချက်
  4. မမ၀ါ ဂျပန်လာမယ်ဆိုရင်
ဂျပန်အကြောင်း အတွေ့အကြုံလေးများကို မှတ်တမ်းတင်ပေးတတ်သော အခြားဘလော့များ
  1. ကိုပီတိ ဘလော့
  2. ကိုလုံးတုံး ဘလော့
  3. ကိုနေ၀သန် ဘလော့
  4. ကိုဧည့်သည် ဘလော့
  5. မနုစံဘလော့
  6. မကောင်းမွန်ဝင်း ဘလော့
  7. မိုးမိဂျိ ဘလော့
  8. ခွန်သဒ္ဒါ ဘလော့
  9. မီးငယ်လေး ဘလော့
  10. ချင်းတွင်းသူ ဘလော့
    လက်လှမ်းမှီရာ သိသလောက် ပြောပြတာပါ။ တခြားလည်း ရေးတဲ့သူတွေ ရှိနိုင်ပါတယ်။ သိတဲ့သူ ရှိရင် ဖြည့်စွက်ပြောပြပေးကြပါ။ ဂျပန်မလာခင် ဂျပန်နိုင်ငံအကြောင်း အရင်လေ့လာထားတာ ကိုယ့်အတွက် အများကြီး အကျိုးရှိမယ်လို့ ထင်ပါတယ်။ 
    ပိတ်သတ်လေးရေ အဲလောက်ဆို အဆင်ပြေပြီထင်ပါတယ်နော်။

    လသာည ဖြစ်ပါတယ်..

    39 comments:

    soegado said...

    စေတနာနဲ့ရေးပေးတဲ့ လသာညကို ကျေးဇူးတင်ပါတယ်၊ သူငယ်ချင်းတစ်ယောက်ဆို မိသားစုကို တအားတွေ့ချင်တာ၊ ဒါပေမဲ့ဘာကြောင့်မပြန်လဲမသိဘူး၊ အဆင်ပြေလိုက် အဆင်မပြေလိုက်နဲ့ ဒီလိုနေနေတာ ဆယ်စုနှစ်ကျော်သွားခဲ့ပြီ၊ ယာမကာဟာသူ့ရဲ့ အဖေါ်ဖြစ်လို့နေပြီ။

    အင်္ဂါဟူး said...

    ဖတ်ရတာ ရင်မောလိုက်တာ အစ်မရယ်. ... ဘ၀ တွေဆိုတာလဲ စိတ်မောစရာ ကောင်းလှပါတယ်။ မမ လသာည လဲ တိုင်းတပါးမှာ အဆင်ပြေပါစေဗျာ... အချိန်ရသလောက်လေးကို အများအတွက် စေတနာထားတာလေးကို လေးစားမိပါ၏။

    Anonymous said...

    ဂျပန်ကို ပွဲစားနှင့်လုံးဝ (လုံးဝ) မလာသင့်ပါ။
    စကော်လာရအောင်ရှာ။ ဒါမှမဟုတ် မိဘကတတ်နိုင်ရင် ကျောင်းကို သေချာလှမ်းလျှောက် ပီး ဒီဖက်က ဆရာက လက်ခံပီဆိုမှရှာပါ။
    ဖြစ်နိုင်လျှင် ဂျပန်မှာ ပညာသင်ခြင်းထက် အခြားနိုင်ငံများက ပိုသင့်တော်မယ်လို့ထင်ပါတယ်။
    ဂျပန်မှာ အင်္ဂလိပ်လို ဘယ်သူမှ မသုံးကြတော့ စကားအခက်အခဲ ရှိပါတယ်။

    ပွဲစားတွေကို မယုံပါနဲ့။ ပွဲစားတွေကိုပေးရတဲ့ ပိုက်ဆံက ဒီမှာ ဂျပန်စာသင်တဲ့ကျောင်းကို ၂နှစ်စာပေးရတဲ့ ပိုက်ဆံနဲ့တူတူပါပဲဆိုတာ... သိစေချင်ပါတယ်။ (မှတ်ချက်။ ဟိုးတနေ့ကတင် ကောင်မလေးတယောက်ေုပြာပြချက်အရ)
    ပီးတော့ ခု ဂျပန်မှာ အလုပ် ရှားလို့..မိဘဆီကပိုက်ဆံပြန်တောင်းနေရတယ်တဲ့။

    မြတ်နိုး

    စာဖတ်ပိတ်သတ်လေး said...

    အစ်မ..
    အခုလို မအားတဲ့ကြားက စိတ်ရှည်လက်ရှည် သေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။
    အပေါ်က မမြတ်နိုးကိုလည်း ကျေးဇူးတင်ပါတယ်။

    ကျွန်တော်အခု သူငယ်ချင်းဆီကို ဒါလေးပေးချင်လို့ ကော်ပီကူးသွားပါတယ်။ ကျေးဇူးတင်ပါတယ်။ အရိကဒိုးးး

    lonetone said...

    မ (လသာည) ခင်ဗျား၊

    ဂျပန်လာမယ့် သူတွေကို စေတနာထား အကြံပေးထားလို့ လာချင်သူများအတွက် အကျိုးမယ့် ပို့စ်ပါ။ ကျွန်တော်လည်း ဒီဇင်ဘာလ၊ စာတမ်းရေးတာ ပြီးရင် ဂျပန်လာချင်သူများအတွက် ကျွန်တော် သိသလောက် မျှဝေပေးပါဦးမယ်။ (အသုံးဝင်မယ်ထင်တဲ့ အတိုဆုံး အကြံတစ်ခု ကတော့ ဂျပန်က တက္ကသိုလ်တွေရဲ့ ဆိုင်ရာ အင်တာနက်စာမျက်နှာများကို သေသေချာချာဖတ်ပြီး၊ တိုက်ရိုက် လျှောက်စေချင်ပါတယ်။ မလွယ်သော်လည်း ပညာသင်ဆု ရမယ့် အခွင့်အလမ်းတွေလည်း ရှိပါတယ်။)

    lonetone said...

    မ (လသာည) ခင်ဗျား၊

    ဂျပန်လာမယ့် သူတွေကို စေတနာထား အကြံပေးထားလို့ လာချင်သူများအတွက် အကျိုးရှိမယ့် ပို့စ်ပါ။ ကျွန်တော်လည်း ဒီဇင်ဘာလ၊ စာတမ်းရေးတာ ပြီးရင် ဂျပန်လာချင်သူများအတွက် ကျွန်တော် သိသလောက် မျှဝေပေးပါဦးမယ်။ (အသုံးဝင်မယ်ထင်တဲ့ အတိုဆုံး အကြံတစ်ခု ကတော့ ဂျပန်က တက္ကသိုလ်တွေရဲ့ ဆိုင်ရာ အင်တာနက်စာမျက်နှာများကို သေသေချာချာဖတ်ပြီး၊ တိုက်ရိုက် လျှောက်စေချင်ပါတယ်။ မလွယ်သော်လည်း ပညာသင်ဆု ရမယ့် အခွင့်အလမ်းတွေလည်း ရှိပါတယ်။)

    (အစ်မရေ ပထမ ကွန်မန့်မှာ စာအချို့ကျန်သွားလို့ ဖျက်လိုက်လို့ ရပါတယ်။)

    Crystal said...

    စာဖတ်ရတာ မောလို့ ရေသောက်တယ်။ ဒါကြောင့် မလာတာပေါ့လို့...။ သူပဲ ပြန်လာပါစေတော့ ဟီးးး

    ခွန် said...

    အစ်မကလင့်ခ်ချိတ်ပေးထားပေမယ့်
    ခွန်ကဖြင့် ဂျပန်နဲ့ပတ်သက်ရင် ဘာမှဟုတ်တိပက်တိရေးထားတာမရှိဘူး :(
    စိတ်မရှိပါနဲ့နော်.....

    ခုအိမ်ပြောင်းမလို့ အိမ်ရှာနေတာ။ အချိန်ရရင် အဲဒါလေးရေးအုံးမယ် :)


    စကားမစပ် တိုကျို မြန်မြန်လာပါတော့ ယောက္ခမကြီးးးးး :)

    T T Sweet said...

    ဒီပို့စ်လေးကတော့ ဂျပန်သွားမဲ့သူတွေအတွက် တော်တော်အကျိုးများမဲ့ ပို့စ်လေးပဲ။ ဂျပန်နဲ့ ဘာမှတော့ သိပ်မဆိုင်ပေမဲ့ စေတနာနဲ့ သေချာရေးထားတာကို အသိအမှတ်ပြုပါသည်။

    ဂျပန်မှာ ၀မ်းကွဲမောင်နှမ၂ယောက်တော့ သွားလုပ်ဖူးကြတယ်။ ညီမလုပ်တဲ့သူက ဆက်ဆံရေး သိပ်ကောင်းတော့ ကျောင်းတက်ရင်း ရက်စ်တောရန့်တစ်ခုမှာ အလုပ်ဝင်လုပ်တာ။ သူဋ္ဌေးအဖိုးကြီးကရော ဂငယ်ဝန်ထမ်းတွေ သမီးလေးလိုပဲ ညီမလို ချစ်ခင်နေသတဲ့။ သူနဲ့ စပ်ဆက်ပြီး သူ့အကိုကိုရော၊ သူငယ်ချင်းတွေပါ ဆိုင်မှာ ခန့်ပေးထားသတဲ့။ ပေါင်းသင်းဆက်ဆံရေးကလဲ နိုင်ငံတံစ်နိုင်ငံရောက်ရင် အရေးပါတဲ့ အကြောင်း ထပ်လောင်း ဆားဖြူးသွားပါတယ်။

    ThuHninSee said...

    ;) မမန့်ဖြစ်တာတောင် ကြာပြီ။ ဂျပန်မှာ..အိုဗာစတေးတွေ ဘယ်လိုနေလဲအစ်မ။ ရဲတအားဖမ်းလား။ အလုပ်ရောဘယ်လိုလုပ်ရလဲ။ စိတ်ဝင်စားစရာပဲနော်။

    မလသာညရဲ့ ဘလော့ဂ်က စာလုံးတွေက ဖတ်မရဘူး/ note padမှာကူးပြီး ဇော်ဂျီပြန်ပြောင်းဖတ်ရတယ်။

    မယ့်ကိုး said...

    စာလေးအတွက် ကျေးဇူးပါနော် ချစ်မလေး။ အဲဒါကြောင့် ဂျပန်ကို full scholarship မရရင် ကျောင်းမတက်ချင်ဘူး။ ကြောက်တယ် ။း(

    ကျော်နှင်းဆီလွင် said...

    မရေ
    သိပ်ကိုဗဟုသုတဖြစ်တဲ့ ဆောင်းပါးလေးပါပဲ
    မေ လိုအဖြစ်မျိုးတွေဟာ ဂျပန်မှာတော့ မျက်စေ့ရှေ့ ကြားရ မြင်ရ မဆန်းတဲ့ ဇာတ်လမ်းမျိုးတွေပေမဲ့ မြန်မာပြည်ကလူတွေအတွက်တော့ သိပ်ကို အဖိုးတန်တဲ့ သတင်းပါပဲ။
    ရှယ်ခွင့်ပြုနော်

    လသာည said...

    အမြင်လေးတွေ ချန်ထားပေးခဲ့သော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။
    ကိုsosegado၊ ငွေလမင်း၊ အင်္ဂါဟူး (နာမည်လေးဆန်းတယ်နော်း)၊ စာဖတ်ပိတ်သတ်လေး ကျေးဇူး။
    ကိုလုံးတုံး.. ကျမ်းတင်ပြီးရင် ရေးပါဦး။ ကိုယ်သိသမျှလေးက တချို့အတွက် အထောက်အကူရတယ်ဆို ၀မ်းသာရတာပေါ့။

    မြတ်နိုး..ကျေးဇူး။ အပေါ်ကပိုစ်မှာထည့်ထားလိုက်တယ်။
    ခရစ်စတယ်..ဒါပေါ့။ သူ့ကိုပဲလာခိုင်းလိုက်တာ အကောင်းဆုံး။ ခရီးလည်း မပန်းတော့ဘူးး))
    ခွန်.. အစ်မလာမယ်ဆိုလို့ အိမ်ခန်းကြီးကြီးရှာနေတာလား။ ရတယ် တာတာမိ တစ်ချပ်စာရှိရင် လုံလောက်တယ်း)
    မဆွိရဲ့ ဆားလေးကလည်း တကယ့်ကို လေးနက်တဲ့ နှမ်းထောင်းဆားလေးပါ။ မဆွိကျေးဇူးတင်ပါတယ်နော်။

    သုနှင်းဆီ..မမွန်ရေ. ကြားဖူးသလောက်တော့
    အိုဗာစတေးတွေက ၂၀၀၄ မတိုင်ခင်က တော်တော် အခြေအနေကောင်းတယ်။ ရဲက လိုက်မစစ်ဘူး။ ၂၀၀၄ နောက်ပိုင်း ရဲက အိုဗာစတေးတွေကို စီမံကိန်းချပြီး ဖမ်းတာများလာတော့ အိုဗာစတေးတော်တော်များများ အိမ်ပြန်ကြရတယ်။ ဒီမှာအနေကြာပြီး ၁၅နှစ်လောက်ရှိသူတွေတော့ အထာသိလို့ ရှောင်နိုင်လွန်းလို့ လွတ်တဲ့သူ ရှိပေမယ့် နောက်လာတဲ့သူတွေကျ မလွယ်ဘူး။ ပြီးတော့ အိုဗာစတေးနဲ့ အလုပ်ရှာရတာလည်း ခက်တယ်။

    မယ်ကိုးရေ.. အဲလိုလုပ်နော် ညီမလေး။
    ကျော်ညီမလေးရေ.. ကျော်ရေးထားတာလေးတွေလည်း တော်တော်ကောင်းလို့ အခုပိုစ်ထဲမှာ တင်ထားတယ်။ ခွင့်ပြုနော်။
    ရွှန်းမီ..ဘဲဥပြုတ်စားမယ်ဆို လာခဲ့း)

    အားလုံးကို ကျေးဇူးတင်ပါတယ်။

    လသာည said...

    28 Nov 10, 12:23 AM
    ငွေလမင်း: မေ ..လို့ အဖြစ်မျိုး ဘယ်သူမှ မဖြစ်စေချင်ပါဘူး

    28 Nov 10, 12:23 AM
    ငွေလမင်း: သူငယ်ချင်းတစ်ယောက်လဲ ဂျပန်မှာ ပညာသင်ဆု နဲ့နေတာ အချိန်ပိုင်းအလုပ်လဲလုပ်တယ် အဆင်ပြေတယ်တဲ့

    ကိုဇော် said...

    အားလုံးကို အဆင်ပြေစေချင်ပါတယ်။
    ရေးပေးတဲ့ လသာညကိုလည်း သက်ဆိုင်သူ ကိုယ်စား ကျေးဇူးပါပဲ။

    သော်ဇင်စိုး said...

    တစ်ကိုယ်လုံး ရှိုင်းခနဲဖြစ်အောင်တောင် ခံစားရတယ်ဗျာ..
    ပြည်ပဆိုတဲ့အရာတွေဟာ.. ပြည်တွင်းမဟုတ်တော့..
    ......................
    အမလည်း အဆင်ပြေပြေ.. ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေဗျာ...

    ရွှေရတုမှတ်တမ်း said...

    အင်း......ကိုယ်လဲရွာနေတုန်းက ပြင်ပဗဟုသုတ ဘာမှမရှိတော့ သူများတွေ..စင်ကာပူ ဆို ပူ ပြန်ရင်း..ဂျပန် ဆို ပန်ုပြန်ရင်း..ပူလိုက်ရ ပန်လိုက်ရ ဖတ်ဖတ်ကိုမောနေတာပဲ..၊ ကိုယ်ချင်းစာတယ်..၊ ခုမှ ကံ ကြောင့် အေးအေးနေရတော့တယ်.၊ဒါတောင် အမေရိကံဖြစ်ရတာလဲ..မနက်အလုပ် ညအလုပ်..မသက်သာပါဘူး..၊ အိုနာကျိုးကန်း ဘဝရောက်မှ အစိုးရထောက်ပံ့ကြေးလေးနဲ့ နားရတော့တယ်

    ချော(အစိမ်းရောင်လွင်ပြင်) said...

    ဂျပန်ကိုလာတော့ဘုး
    ဂျပန်က ပြန်လာသူတွေဆီကဘဲ လက်ဆောင်တွေ တောင်းတော့မယ်
    ဒါဘဲ.. ပြန်လာရင် များများ ၀ယ်လာနော်း)
    ခုလို မသိတာတွေသိရတဲ့အတွက် ကျေးဇူးပါ.. နောက်ပြီးတော့ ဂျပန်လာဖို့ စိတ်ကူးရှိနေသူများအတွက်လည်း အကျိုးများပါတယ်.. စေတနာရှင် ယောင်းမလေး လသာညကို ကျေးဇူးအထူးတင်ကြောင်း ထပ်ပြောပါရစေ..
    ယောင်းမ .. လက်ဆောင်များများဝယ်ခဲ့နော် :)

    Shinlay said...

    ဗဟုသုတရစေပါတယ်။ ဒီမှာလည်း ပွဲစားတွေနဲ့ ချိတ်ပြီး လာကြတဲ့သူတွေအများကြီးပါ။ သူတို့ ကဒီရောက်တာနဲ့ 
    လေဆိပ်မှာ Passport ကိုဖြဲပစ်ပြီး လေဆိပ် ရဲစခန်းမှာပဲ Refugee ခံလိုက်ကြပါတယ်။
    ဒီလိုနဲ့ ဂျာမနီမှာ မြန်မာတွေတော်တော် များလာပါတယ်။ မိသားစုလိုက်လာကြတာလည်းရှိပါတယ်။
    မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေအရ ဂျာမနီမှာ မြန်မာတွေ R ရတာများ(မြန်)ပါတယ်။
    ဒီလိုရဖို့ လည်း နည်းမျိုးစုံနဲ့ လိမ်ညာပြီးလျှောက် ကြပါတယ်။

    chindwinthu said...

    အစ်မက လင့်ခ်ချိတ်ပေးထားတာတော့ ဟုတ်ပါပြီ။ ငြိမ်း ဘလော့ခ်မှာ ဂျပန်အကြောင်း ထွေထွေထူးထူး ရေးမထားတော့ လာဖတ်သူတွေ မောပြီးပြန်သွားရမှာ စိုးရိမ်တယ်။ လင့်ခ်ချိတ်ပေးထားလို့ ကျေးဇူးပါ အစ်မရေ။

    Anonymous said...

    ဂျပန်ကို ဟိုးအရင်တွေတုန်းက လာချင်လွန်းလွန်းလို့ 
    ကြိုးစားခဲ့ဖူးရဲ့။ ကြိုးစားရင်းနဲ့ ကို စလုံးရောက်သွားတာ။
    အဲဒီလို ကြိုးစားရင်းနဲ့ တောင် ဒီလောက်အသိတွေ
    မစုံခဲ့ဘူး။ အသိတရားတွေ ရတဲ့ Post လေးပါ။
    အားလုံး အဆင်ပြေကြပါစေ။ :)

    ခင်မင်လျှက်..ခင်မာလာအောင်..:)

    မောင်သီဟ said...

    မလွယ်ပါဖူးဗျာ တကယ်ကိုမလွယ်ပါဖူး
    ဟူးးးးး

    Anonymous said...

    လသာညရေ.. မ၀ါရေးထားတဲ့ အထဲက GCOE Program ပါ။ အဲဒါက .. စကော်လာမရတဲ့သူကို တလ ၈သောင်းနှုန်းပေးပါတယ်။ မလောက်ဘူး။ ပီးတော့ အဲ့စကော်လာက မွန်ဘူရှိုရလဲ ၅သောင်းပေးတာပုံမှန်မဟုတ်ပါဘူး။ ဘယ်လိုပေးလဲတော့ သေချာမသိဘူး။ တခါတလေ တော်တော်များများရပါတယ်။ ဒါပေမဲ့ အဲ့ဒီစကော်လာ က စကော်လာရထားတဲ့ ကျောင်းသားကို အမြဲတမ်း ၅သောင်းပေးနေတာ မဟုတ်ပါဘူး။ ဥပမာ..ဒီနှစ် ဆမီစတာမှာ ကိုယ်ရတယ်ဆိုရင် နောင်နှစ်မှာ မရပါဘူး။ အခြားတယောက်အတွက်ဖြစ်သွားပါတယ်။ ဘာလို့သေချာ သိလဲဆို အဲဒီဥက္ကဌ ဆရာက ကိုယ်တို့ ပရော်ဖက်ဆာထဲက တဦးပါ။ သူက ယူနက်စကိုမှာလဲ ဥက္ကဌပါ. ပီးတော့ ကိုယ့်ကို ဆရာတွေရဲ့ စက်ကတ်ကြေးတွေကလည်း ပြောပြကြပါတယ်။ ကိုယ်အပါအ၀င် သူငယ်ချင်းတွေလဲ ရဘူးပါတယ်။ ဒါမဲ့ ရတဲ့ ပမာဏချင်းက တယောက်နဲ့ တယောက်မတူပါဘူး။

    ကျောင်းသားတဦးထဲကို ကျောင်းပီးသည်အထိ ထောက်ပံ့တဲ့ စကော်လာကတော့အမျိုးမျိုးရှိပါတယ်။ တချို့ သောင်း၂၀ ထိရတဲ့ ပရိုက်ဗိတ် စကော်လာတွေလဲ ရှိပါတယ်။ ဒါမဲ့ under grad နဲ့ grad နဲ့တော့ ကွာပါတယ်။

    အစိုးရက ပေးတဲ့ စကော်လာမှာကို ဥပမာ JASSO ဆိုပါတော့ under နဲ့ grad အပြင် training ၁နှစ်သမားတွေအတွက် အကုန်ကွာပါတယ်။

    မြတ်နိုး

    Anonymous said...

    ဂျပန်နိုင်ငံမှာ ပီအာ လျှောက်မယ်ဆိုရင် ဗဟုသုတ နဲနဲဖြန့်လိုက်ပါဦးမယ်။

    ပီအာမှာ ၂မျိုးရှိပါတယ်။
    ဒီနိုင်ငံမှာ ကျောင်းပီးတယ်။ ထားပါတော့ မာစတာကနေ ပီချိတ်ဒီပဲဆိုပါတော့ သူက အနဲဆုံး ၅ နှစ်ရှိပါတယ်။ ပီးရင် ဒီနိုင်ငံမှာ ဆက်တိုက် အလုပ် ၅နှစ်လုပ်တယ် အခွန်တွေသေချာဆောင်တယ် ဘာပြစ်မှုမှ မကျူးလွန်ထားဘူးဆိုရင် ပီအာ လျှောက်လို့ ရပါတယ်။ အနဲဆုံးတော့ အားလုံး ကျောင်သားသက် ၅နှစ် လုပ်သက် ၅နှစ်လိုပါတယ်။ ပီအာကျတာ များပါတယ်။

    ၂။ နောက်တခုက ဒီနိုင်ငံမှာ အလုပ်လာလုပ်သူတွေ လုပ်သက် ၁၀နှစ်ရှိရင် ပီအာလျှောက်လို့ရပါတယ်။

    ကျန်တဲ့ အသေးစိတ်တွေက ဖိုရမ်တွေ မှာ ဂျပန်အင်မီဂရေးရှင်းဌာနတွေမှာ ဖတ်လို့ရပါတယ်။

    နောက်တခု နိုင်ငံသားခံတဲ့ ကိစ္စပေါ့။
    အဲဒါမှာလဲ အခြေခံအားဖြင့် ၂မျိုးရှိပါတယ်။

    တခုက ဂျပန်နိုင်ငံသားနဲ့ လက်ထပ်ထားတယ်ဆိုရင် လျှောက်လို့ရပါတယ်။ အဲလိုလျှောက်ရတာ ပိုလွယ်ပါတယ်။ အစကတော့ လက်ထပ်ပီး ၅နှစ် သတ်မှတ်ထားပေမဲ့ အခုတော့ လက်ထပ်ပီး ၃နှစ်အတွင်း ဂျပန်မှာနေထိုင်နေတယ်ဆိုရင် နိုင်ငံသားခံလို့ရပါတယ်။
    ဒါတောင် နိုင်ငံခြားသားအမျိုးသမီးတွေ အတွက်ကောင်းပေမဲ့ အမျိုးသားတွေအတွက်တော့ သူတို့ ဂျပန်မတွေကို တရားရုံးက အသေအချာမေးပါတယ်။ ဂျပန်မက နိုးလို့ အဖြေပေးမိရင် အဲဒီလူ နိုင်ငံသား မဖြစ်တော့ပါဘူး။
    ဒါက ဂျပန်နဲ့ လက်ထပ်သူတွေ အတွက်ပါ။

    ဂျပန်နဲ့ လက်မထပ်သူတွေ အတွက်က တော့ ဒီနိုင်ငံမှာ ၅နှစ်ဆက်တိုက် နေထိုင်တယ်ဆိုရင် ဆန္ဒရှိရင် လျှောက်လို့ရပါတယ်။ သူကကြာတော့ ဂျပန်နဲ့ လက်ထပ်ထားတာထက် လုပ်ဆောင်ရတဲ့ အဆင့်ပိုများတယ်။ အဓိကတော့ ပီအာကိုပဲ လျှောက်လျှောက် နိုင်ငံသားပဲ လျှောက်လျှောက် ဂျပန်နိုင်ငံရဲ့ အရေးကြီးဆုံး အချက်က တော့ ထောက်ခံပေးတဲ့သူက အရေးကြီးတယ်ဆိုတာပါပဲ။
    ပီးတော့ ရှေ့နေလဲ လိုအပ်ပါတယ်။

    အားလုံကို ဂျပန်အင်မီဂရေးရှင်းဆိုဒ်နဲ့ ဖိုရမ်တွေမှာဖတ်လို့ရပါတယ်။

    စပ်စုမ
    မြတ်နိုး

    Anonymous said...

    စကော်လာမှာလဲ ကျန်ခဲ့လို့... ပရိုက်ဗိတ်င်္တေလဲ တချို့ဆို ကျောင်းလခပေးစရာမလိုပါဘူး။ ပီးတော့ တအားကိုများပါတယ်။ သူတို့က မွန်ဘူရှိုထက်တောင် ပျော်စရာကောင်းပါတယ်။ ဥပမာ.. Lotery Club ,
    Panasonic scholar ,etc...


    MN

    Anonymous said...

    သြော် တီဆွိပြောသလို ဆက်ဆံရေးကလဲ သိပ်အရေးကြီးပါကြောင်း လက်တွေ့ခံစားရသူ အီဖေကိုယ်မှ ထပ်ဆင့်ထောက်ခံ ပါကြောင်း။

    မြတ်နိုး

    lonetone said...

    အစ်မရေ၊

    ကျွန်တော်ဖတ်ထားဖူးတဲ့ ကိုကလိုစေးထူးရဲ့ ဂျပန် ပညာရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်လေး ထပ်ညွှန်းလိုက်ပါတယ်ဗျ။

    http://klosayhtoo.blogspot.com/2008/03/blog-post_18.html

    မြစ်ကျိုးအင်း said...

    ကိုယ်တိုင်မလာဖြစ်ပေမယ့် သွားချင်သူနဲ့ ကြုံခဲ့ ရင် ပြန်လည်ပြောပြလိုက်ပါမယ်နော်။
    ဘာပဲဖြစ်ဖြစ် အသိတိုးရလို့ ဖတ်ရတာ ကောင်းတယ်။

    လသာည said...

    ကိုဇော်။ သော်ဇင်စိုး၊ ဘကျောက်၊ ချော၊ မရှင်လေး၊ ငြိမ်း၊ ခင်မာလာအောင်၊ မောင်ဘကြိုင်၊ ကိုမြစ်ကျိုးအင်း၊ တမ်းတ၊နှင့် လာရောက်ဖတ်ရှူသွားတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံး ကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ အမြင်လေးတွေ သိခွင့်ရတာ တကယ့်ကို ၀မ်းသာပါတယ်။

    ဗဟုသုတလေးတွေ ထပ်ဆင့်မျှဝေသွားတဲ့ မြတ်နိုးနဲ့ ကိုလုံးတုံးကိုလည်း လသာညမှ အထူးကျေးဇူးတင်ရပါတယ်။

    ဂျပန်ကိုလာချင်လို့ ဗဟုသုတသိလိုသူများအတွက် အများကြီး အထောက်အပံ့ရမယ်လို့ ယုံကြည်မိပါတယ်။

    အချိန်ရမှ ကွန်မန့်လေးတွေပါ စုပြီး ပြန်တင်ပေးထားပါဦးမယ်။

    လသာည said...

    28 Nov 10, 09:32 PM
    seesein: လလ ကွန်မကောင်းလို့မန့်မရဘူးဗျို့ ဂျပန်လာမယ်ဆိုရင် လလက ဧည့်ခံပေတော့ဗျာ

    28 Nov 10, 07:06 PM
    တမ်းတ: ဂျပန်လာပြီး အစ်မလသာညကို ကော်ဖီတိုက်မလို့ပါဆို ... ဒီတိုင်းဆို ဘယ်လိုလုပ်ရပါ့

    29 Nov 10, 12:11 AM
    ဗမာပြည်ဖွားညီနောင်များ: ဗဟုသုတလေးတွေ မျှဝေခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

    နှင်းဟေမာ said...

    မမလသာညရေ....
    အခုလို ဗဟုသုတလေးတစ်ခုအဖြစ်မျှဝေပေးတာ ကောင်းတယ် ... လာဖို့ ကြိုးစားနေကြသူတွေအတွက် အများကြီးအကျိုးရှိတယ် ...
    ညလေးကတော့ အလည်လာခဲ့မယ်နော်း)

    nu-san said...

    မလသာညရေ.. လင့်ထားတာကို ခွင့်တောင်းနေဖို့ မလိုပါဘူး ညီမရေ... နောက်ပြီး အမ Blog က သူများတွေအတွက် အကျိုးရှိမယ့် စာမျိုး တင်ထားတာက နည်းပါတယ်။ :D ကိုယ်တွေ့ကြုံနေတဲ့ နေ့စဉ်အဖြစ်အပျက်တွေလောက်သာ ရေးထားတာမို့လေ ဂျပန်လာမယ်ဆိုရင် ဘာလုပ်ရမလဲလို့ မေးရင် အကြံမပေးတတ်ဘူးရယ်.. ဒါကြောင့် ကြိုက်သလို လင့်ပါ.. မနေ့ကတည်းက ဒီပို့စ်လေး ဖတ်ပြီးသွားပေမယ့် comment မချန်ခဲ့တာပါ.. အားလုံးအတွက် အကျိုးရှိမယ့် ပို့စ်ကို ဝေမျှပေးတဲ့ ညီမကိုတောင် ကျေးဇူးပြန်တင်ရပါတယ်.. :))

    မမိုး said...

    ဒီပိုစ့်လေးက ဂျပန်လာမဲ့သူမှ မဟုတ်ပါဘူး။ နိုင်ငံခြားကို အရမ်းလာချင်သူတွေ အတွက် အတော်လေး အထောက်အကူဖြစ်စေမှာပါ ညီမရေ။
    မေ လိုလူမျိုးတွေ တခြားမှာလဲ ရှိနေပါတယ်။ တိုးတက်ခြင်စိတ်တခုထဲနဲ့ လက်ရှိဘ၀ကို အလွယ်တကူပစ်ထားခဲ့မိပြီးမှ မထွေးနိုင်မအန်နိုင် ဖြစ်ရ။ သားသမီးတွေရဲ့ အထင်လွဲ ငြူစူမှု့ခံရနဲ့ ဘ၀မပျက်ရင်တောင် စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်ပျက်စီးရတာတွေ တကယ်ရှိနေပါတယ်...
    မခုန်ခင် အရင်ကြည့်ဆိုသလိုပဲ ကိုယ်သွားမဲ့လမ်းကို ပထမခြေတလှမ်းမှ မလှမ်းခင် အရင် စေ့စေ့ငုငု ဘက်စုံထောင့်စုံ လေ့လာသင့်ပါတယ်..အထူးသဖြင့် သားသမီးရှိရင်ပိုဆိုးပါတယ်..ကိုယ့်သားသမီးက ကိုယ့်ကို အထင်အမြင်လွဲ နာကျည်းနေတာလောက် ခံစားရခက်တာ ဘ၀မှာ ရှိမယ်တောင် မထင်မိပါဘူးကွယ်။ တချို့ပွဲစားတွေက ပြောတော့ တမျိုး လုပ်တော့တမျိုးမို့ ကုန်ထားတဲ့ ငွေတွေ ပြန်ထေမိအောင် မထူးဇတ်ခင်းရတဲ့ အဖြစ်တွေလဲ ရင်နာစရာ ကောင်းပါတယ်။ တဘက်သားရဲ့ အခက်အခဲကို ထဲ့တွက်ပြီး ကိုယ်ချင်းစာစိတ်လေးထား ရေးသွားတဲ့ လသာညကို ကျေးဇူးတင်ပါတယ်

    လသာည said...

    ညီမလေး နှင်း..။ မနုစံ နဲ့ မမိုးတို့ကို အရမ်းကို ကျေးဇူးတင်ပါတယ်။

    blackroze said...

    မရေ...တန်ဘိုးရှိတဲ့Post လေးမို့လို့
    ကျေးဇူးပါလို့ပြောပါရစေနော်...

    P.Ti said...

    အခုလို အချက်အလက်ပြည့်ပြည့်စုံစုံဖော်ပြပေးထားတာ အင်မတန်ကောင်းပါတယ်။

    မြန်မာတွေကလည်း ကိုယ်ဘာသာကိုယ်လုပ်တာထက် ပွဲစားတွေကို အားကိုးပြီး ပုံအပ်လိုက်ချင်ကြတာများတယ်။

    Link လုပ်တာနဲ့ပတ်သက်ပြီး ခွင့်တောင်းစရာမလိုပါဘူး။ လုပ်ပေးတဲ့ အတွက် ကျေးဇူးပါ။ ခရီးသွား အတွေ့အကြုံကို ဆက်မရေးဖြစ်တာတောင် တစ်နှစ်ကျော်နေပြီး... :D

    လသာည said...

    ညီမရိုစ်ရေ ကျေးဇူး..။
    P.Ti ကျေးဇူးပါ။ နောင်အချိန်ရရင် ဆက်ရေးဖို့ တိုက်တွန်းပါတယ်။

    blackcoffee said...

    အင်း... ဂျပန် ဂျပန် ရောက်ဖြစ်ဖို့ မလွယ်တော့ပါဘူး အစ်မရယ်....

    F.E.F.F said...

    မလသာညရေ
    ဒီပို့စ်လေး လာ မ သွားပါတယ်။ ခွင့်ပြုပါနော်။