Friday, November 5, 2010

ခြင်္သေ့တစ်ကောင်၏ ဖြစ်ရပ်မှန်

တခါက နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲတဲ့ တိရိစ္ဆာန်ဥယျာဉ်ထဲမှာ ခွန်အားနဲ့ပြည့်စုံပြီး ပျိုမြစ်တဲ့ ခြင်္သေ့လေးတစ်ကောင် ရှိခဲ့တယ်။ ခြင်္သေ့ဆိုပေမယ့်လည်း တိရစ္ဆာန်ဥယျာဉ်က ဆင်းရဲတော့ တနေ့မှ အသားတစ်ကီလိုပဲ စားခွင့်ရတယ်။ ခြသေ့င်္လေးဟာ အသားများများစားရတဲ့ ဘဝကို တမ်းတရင်း ကယ်တင်ရှင် မြန်မြန်လာပါစေလို့ ဆုတောင်းနေမိတယ်။

တနေ့တော့ ဂျပန်နိုင်ငံက တိရိစ္ဆာန်ဥယျာဉ်များကြီးကြပ်ရေး အရာရှိက အဆိုပါတိရိစ္ဆာန်ဥယျာဉ်လေးကို လာလည်ရင်း ခွန်အားနဲ့ပြည့်စုံပြီး ပျိုမြစ်တဲ့ ခြင်္သေ့လေးကိုသဘောကျသွားတယ်။ နောက်တော့ တိရိစ္ဆာန်ဥယျာဉ်လေးရဲ့အရာရှိကို မေးမြန်းပြီး ခြင်္သေ့လေးကို သူတို့နိုင်ငံကို ခေါ်သွားဖို့ စီစဉ်တယ်။ ဒီလိုနဲ့ ကယ်တင်ရှင်မျှော်နေတဲ့ခြင်္သေ့လေးရဲ့ ဆုတောင်းပြည့်သွားတယ်ဆိုပါတော့..

“ဂျပန်ရောက်ရင် သူတို့က ငါ့ကို တနေ့ဆိတ်တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်နှုန်းပေးမှာသေချာတယ်။ တိရိစ္ဆာန်တွေကို ပေးသုံးတဲ့ အကြွှေးကဒ်(credit card) (လည်စည်းမှာ မြုပ်ပြီး တပ်ပေးတဲ့ name credit card)နဲ့ ငါကြိုက်သလောက် စားချင်တာ စားခွင့်လည်း ရတော့မယ်”

ဒီလိုနဲ့ လေယာဉ်ကြီးနဲ့ ဂျပန်နိုင်ငံကို သူရောက်ခဲ့တယ်။

ဂျပန်ကိုရောက်ပြီး ပထမဆုံးနေ့မှာပဲ မနက်စာအဖြစ် လှပစွာထုတ်ပိုးထားတဲ့ အစာအိတ်အကြီးကြီး သူ့ဆီကိုရောက်လာတယ်။ အပေါ်မှာလည်း ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတိရိစ္ဆာန်ဥယျာဉ်ရဲ့ တံဆိပ်တုံးကို သေသပ်လှပစွာ နှိပ်လို့ထားတယ်။ ဝမ်းသာအားရနဲ့ အိတ်ကိုဖွင့်လိုက်တဲ့အချိန်..

သူ မမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့် ရှော့ဖြစ်သွားတယ်။ အိတ်ထဲမှာတွေ့ရတာက ဌက်.. ပျော.. သီး.. တွေ..

ခြင်္သေ့ကို ဌက်ပျောသီးလာကျွေးတဲ့အတွက် သူဒေါသထွက်သွားတယ်။ ဒါပေမယ့် ချက်ချင်း တစ်စုံတစ်ခုကို သူစဉ်းစားမိတယ်။ သူက တောကနေ ခရီးဝေးကို လေယာဉ်နဲ့ လာရတာမို့ ခရီးပန်းလာတယ်၊ နောက်ပြီး ဆင်းရဲ့တဲ့ ဥယျာဉ်လေးမှာ တစ်နေ့ အစာနည်းနည်းပဲ စားခဲ့ရသူဆိုတော့ အစာအိမ်က ကျဉ်းနေတယ်။ ဒီတော့ အစာအိမ်ကို အရင် ဆေးကြောတဲ့ အနေနဲ့ ဌက်ပျောသီးအရင် ကျွေးတာ ဖြစ်လိမ့်မယ် လို့ စဉ်းစားမိတယ်..။

ဒါပေမယ့် ဒုတိယနေ့မှာလည်း.. ပထမနေ့ကအတိုင်း သေသပ်စွာ ထုပ်ပိုးထားတဲ့ ဌက်ပျော်သီးအိတ်ပဲ ထပ်ရောက်လာတယ်။

တတိယနေ့.. ထိုနည်းလည်းကောင်း..
ခြင်္သေ့လေးဟာ ထိန်းမရအောင် ဒေါသထွက်လို့နေပါပြီ။ ဒါဟာ ခြင်္သေ့တစ်ကောင်ကို သက်သက် စော်ကားတာပဲ မဟုတ်လား...သူက တိရိစ္ဆာန်ဥယျာဉ်က ဝန်ထမ်းကို ခုန်အုပ်လိုက်ပြီး ဒေါသကုန် ဟိန်းဟောက်လိုက်တယ်/

“ဝေါင်း....ဒီမှာ ကျူပ်ဟာ ခြင်္သေ့ဗျ၊ တောသုံးထောင်အုပ်စိုးတဲ့ တောဘုရင် ခြင်္သေ့ဆိုတာ ခင်ဗျားနည်းနည်းမှ မသိဘူးလား..။ အဓိပ္ပါယ်မရှိ လုပ်နေတာတွေကို ရပ်တန်းက ရပ်လိုက်ပါ။ ကျူပ်လို ခြင်္သေ့ကို ဌက်ပျောသီးကျွေးတာဟာ တော်တော် မခန့်လေးစားလုပ်တဲ့ အပြုအမှုပဲ၊ ခင်ဗျား နားလည်လား”

ဒီတော့ အစာကျွေးသူ ဝန်ထမ်းက ရိုသေစွာ ပြန်ပြောတယ်။
“အရှင်ဟာ တောဘုရင် ခြင်္သေ့မှန်း ကျွန်ုပ်သိပါတယ်။ သို့သော်လည်း သင့်ကို ဒီနိုင်ငံသယ်လာတုန်းက မျောက်ဗီဇာနဲ့သယ်လာတယ်ဆိုတာကိုရော သင်သိပါသလား အရှင်”
(++) ..............................................

တခြားနေရာမှာ မျောက်ဖြစ်ရတာထက်စာရင် ကိုယ့်နေရာမှာ ခြင်္သေ့ဖြစ်ရတာ သာကောင်းပေ၏။ 
..................................

လသာည ဖြစ်ပါတယ်။
Posted by လသာည   Labels: အတွေး at 10:57 AM
(++) ..............................................
..................................

လသာည ဖြစ်ပါတယ်။

50 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ယောင်းမရေ
ဖတ်ပြီးတော်တော်ကို သဘောကျသွားတယ်..
စဉ်းစားစရာဘဲနော်... ဘယ်နေရာမဆို ကိုယ့်လက်ရှိနေရာထက်ကောင်းမယ်လို့ ဘယ်သူက ပြောနိုင်မလဲ..
တစ်ခါတစ်လေ အဝေးကလှမ်းကြည့်ရင်ရွှေရောင်လက်နေတယ် ထင်ရတဲ့ပြူတင်းပေါက်ဟာလည်း အနီးကပ်ကြည့်မှ ဆေးတွေကွာပြီး ဟောင်းအိုနေတာမျိုးလည်း ဖြစ်နိုင်သေးတာဘဲ..
ဒီပုံပြင်လေးက ပေးတဲ့တွေးစရာလေးကို အရမ်သဘောကျသွားတယ်..
ဒါပေမဲ့ လူတစ်ချို့ကတော့ ခြင်္သေ့ဘ၀ထက် အလကားစားရမဲ့ ငှက်ပျောသီးကို ပိုတပ်မက်ပြီး မျောက်ဘ၀ ခံယူချင်သူတွေ ရှိနေမလားဘဲ..........

khun said...

ဖတ်ပြီးသဘောကျသွားတယ်။
တခုခုကို ဥပမာပေးတာနဲ့ တူနေသလို ;)

စကားမစပ် ခွန်တို့ရပ်ကွက်တိတ်ဆိတ်နေပါ့လားလို့
အောင့်မေ့လို့ ခုဘဲ ခွန်လဲ စာရေးမလို့လုပ်နေတာ။
စိတ်ချင်းဆက်နေသလိုဘဲ။ သားရှိရင် ယေက္ခမတော်တယ် သိလား... ဟီးးးးးး
;P (ဘာမှလည်း မဆိုင်ဘူး........)

လသာည said...

ယောင်းမချော.. ကျေးဇူး။ ခွန်ညီမလေး ကျေးဇူး..။
ရင်နာတွေ ရေးမိပြန်ပြီကွာ :D

ညိမ်းနိုင် said...

ဟားဟား...သဘောကျသွားတယ်ဗျို့...။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ...။တခါတလေကျတော့လည်း
ကိုယ့်ဌာနေက ကိုယ့်အတွက်ပိုအစဉ်ပြေတာမျိုးလည်း
ရှိတာကိုး...။

Sonata Cantata said...

ကြိုက်တယ်ကွာ... ကိုယ့်နေရာဆီ ပြန်ပို့ပေးပါ

ဧပရယ်လ်ပူး@ပူးတေ said...

ဟီး ရီရတယ်...ပူးတေလဲ တူများနိုင်ငံက မျောက်မဖြစ်ချင်ဘူး... ကိုယ့်နိုင်ငံက ခြင်္သေ့ပဲ ဖြစ်ရဖြစ်ရ ဘာပဲဖြစ်ရဖြစ်ရ :D

Andy Myint said...

“တခြားနေရာမှာ မျောက်ဖြစ်ရတာထက်စာရင် ကိုယ့်နေရာမှာ ခြင်္သေဖြစ်ရတာ သာကောင်းပေ၏။”

ကျွန်တော်ကတော့ အဲဒီလို မထင်။ ဒီလို ဘလော့ဖတ်နိုင် ရေးနိုင်သူတွေက နိုင်ငံခြားမှာပဲ ရှိပြီး အဲဒီသူတွေကများ ကိုယ့်နေရာမှာ ခြင်္သေဖြစ်ရတာထက်စာရင် တခြားနေရာမှာ မျောက်ဖြစ်ရတာ ပိုကြိုက်မလား တွေးမိတယ်ဲ။ ကျွန်တော်ကတော့ အဲဒီလို လောလောဆယ် တွေးမိတယ်။

ရာထူး ဌာန္တရတဲ့။ မြန်မာပြည်က မန်နေဂျာရယ် စင်္ကာပူက မန်နေဂျာရယ် ဂျပန်က မန်နေရဂျာရယ် ကွာလှပါတယ်။ အခုနိုင်ငံခြားရောက်နေတဲ့ သူတွေထဲမှာ မြန်မာပြည်မှာ နေရင် မန်နေဂျာ ဖြစ်နိုင်တဲ့ သူတွေက အများသား။ သို့သော်လည်း နိုင်ငံခြားမှာ လက်ထောက်လုပ်ရတာ မြန်မာပြည်မှာ မန်နေဂျာ လုပ်ရတာထက် ပိုစားသာလို့ နိုင်ငံခြားမှာ လက်ထောက် လုပ်နေကြသလားပဲ။

မြန်မာပြည်မှာ ခြင်္သေ့ဘ၀ ကို မက်မောလို့ ဒါမှမဟုတ် အခြေအနေကောင်းလို့ နိုင်ငံခြားမထွက်ဘဲ တင်းခံနိုင်တဲ့သူများကိုတော့ တချို့ကိုတော့ အထင်ကြီး တချို့ကိုတော့ ၀ါးလုံးခေါင်းထဲ လသာနေသလား ထင်မိပါတယ်။

ဒီလိုသာပဲ ဆိုချင်တော့တယ်။ “ဖြစ်နိုင်ရင်တော့ ကိုယ့်နေရာမှာ ခြင်္သေ့ပဲဖြစ်ဖြစ် မျောက်ပဲဖြစ်ဖြစ် နေချင်ပါတယ်။ သို့သော်လည်း ခွေးဖြစ်မှာစိုး၍ တခြားမှာ မျောက်ဖြစ်နေရပါတယ်။။”

Crystal said...

ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျဖို့ အခက်သားလားနော်။

ငွေလမင်း said...

သိပ်မှန်တာပေါ့
ကိုယ့်နိင်ငံမှာ ဘဲ ခြင်္သေဖြစ်တာကောင်းပါတယ်

လသာည said...

ကိုအန်ဒီ..
အမြင်သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ကိုအန်ဒီပြောတဲ့ဘက်ကတွေးရင် အဲဒါသိပ်မှန်ပါတယ်။ ကျွန်မလည်း ထောက်ခံပါတယ်။

ဒီပိုစ်ကိုရေးရင်း ကျွန်မတွေးတာက ငွေရတာတစ်ခုထဲကိုပဲ တွေးပြီး ဗီဇာတွေဘာတွေ မစဉ်းစားပဲ ကြုံရာလမ်းနဲ့ ဂျပန်ကိုရောက်လာတဲ့ ကလေးတွေ ဒီရောက်တော့ ကျွန်တွေလို တအားအနှိမ်ခံရ၊ ဒုက္ခခံကြရတာကို သနားတာနဲ့ ရေးလိုက်တာပါ။

ကိုအန်ဒီပြောတဲ့ ရှုထောင့်ကစဉ်းစားရင်လည်း “ဖြစ်နိုင်ရင်တော့ ကိုယ့်နေရာမှာ ခြင်္သေ့ပဲဖြစ်ဖြစ် မျောက်ပဲဖြစ်ဖြစ် နေချင်ပါတယ်။ သို့သော်လည်း ခွေးဖြစ်မှာစိုး၍ တခြားမှာ မျောက်ဖြစ်နေရပါတယ်။။”ပါ။ ကျွန်မလည်း အဲဒါကို သဘောတူပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်.

လသာည said...

မမသီတာ.. ပူးတေလေး၊.ခရစ်စတယ်နဲ့ ငွေလမင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်။

Anonymous said...

အော်..ကျွန်တော်တောင် အစက ကိုအန်ဒီလိုတွေးမိသေးတယ်။ ကလေးတွေဆိုမှ သဘောပေါက်တယ်။ ကျွန်တော့်အသိတစ်ယောက်ရဲ့ ညီမလေးတစ်ယောက်လည်း မိဘကချမ်းသာတယ်ဗျ။ သထေးသမီးပေါ့ဗျာ။ သူကဂျပန်လာချင်တာနဲ့ ဒီမှာ အလုပ်လုပ်ပြီး ကျောင်းလာတတ်ဖို့ ကြိုးစားတာ ပိုက်ဆံ သိန်း ၁၅၀ပေးရတယ်တဲ့။ ဒီရောက်တော့ လာကြိုမယ့်သူမရှိဘူးတဲ့ဗျ။ ကျောင်းလခလည်း ကိုယ့်ဘာကိုယ့်ထပ်သွင်းရမယ်လို့ ကျောင်းကပြောလို့တဲ့ သူက parttime လုပ်ရသေးတယ်တဲ့။ သူထေးသမီးဆိုတော့ တော်ရုံအလုပ်လည်း မလုပ်နိုင်ဘူး။
ဂျပန်စာမရတော့ အလုပ်ကအဆင်မပြေ။ နေ့တိုင်း အိမ်ကိုပြန်မယ် မြန်မာပြည်ပြန်မယ်နဲ့ ငိုတာတဲ့ဗျာ။ ပညာတတ်ပြီးမှ ထွက်ဖို့ကလည်း မလွယ်ဘူး။ ခက်တယ်ဗျာ။ ခွေးမဖြစ်ဘဲ မျောက်ဖြစ်တာပဲ မဆိုးဘူးပြောရမှာပဲ။

ကိုဇော် said...

တော်တော် ကောင်းတဲ့ ပုံပြင်လေးပဲ။ ပုံပြင်ကြိုက်တဲ့ ကျွန်တော့် အတွက်တော့ သဘောကျစရာပါပဲ။

သူများ အိမ်မှာ ကြက်မ ၊ ကိုယ့်အိမ်မှာ ကြက်ဖ ဆိုတဲ့ စကားပုံလေးနဲ့လည်း နီးစပ်တယ်နော်။

Anonymous said...

ညီမ လသာည ရေ

ညီမ ထဲက ခြင်္သေကတော့ မျောက် ဖြစ်သွားတယ်နော် တချို့ ခြင်္သေ များကတော့ မျောက်တောင် မဟုတ်ဘဲ ခွေး တောင်ဖြစ်သွားနိုင်တယ်

တချို့ များဆိုရင်လည်း ခြင်္သေမဟုတ် ခွေးမဟုတ် တဲ့ ဘာ အယုတ် ကို ပြောင်းသွားသလည်း တောင် သိမှာ မဟုတ်အောင် အယုတ်ကတော့ ပြောင်မြောက်လှ ပါပေတယ်

ညီမ နေကောင်းကျန်းမာ ချမ်းသာပါစေ

ချစ်တဲ့
အမရွှေစင်

Anonymous said...

ကောင်းလိုက်တဲ့ ပုံပြင်လေးဗျာ။ မမလသာည ပြောတဲ့ပုံပြင်လေးတွေက တကယ့်ကို မှတ်သားလောက်ပါတယ်။

စာဖတ်ပိတ်သတ်လေး ဖြစ်ပါတယ် ဟီး
(စာမေးပွဲဖြေနေလို့ ဟိုရက်က မရောက်တာပါ)

မယ့်ကိုး said...

ပုံပြင်လေးက သိပ်ကောင်းတာပဲ ချစ်မလေး။ ကိုယ့်နေရာမှာ ခြင်္သေ့ဖြစ်ခွင့်ရသူတွေကို အားကျပါရဲ့။ အခုတော့ တော်ရာမှာပဲ မျောက်အဖြစ် ရှင်သန်နေရဦးမယ်း(

လသာည said...

မောင်လေးရေ ကျေးဇူး..၊ ပုံပြင်လေး ကောင်းလား.. ကိုဇော်ရေ ပုံပြင်ကြိုက်တာချင်းတူတယ်နော်း)
အစ်မရွှေစင်လည်း နေကောင်းကျန်းမာပါစေနော်။ အအေးမိတာ မြန်မြန်သက်သာပါစေ..
စာဖတ်ပိတ်သတ်လေး... ဟီးဟီး (သိဘူး ငါလည်း ရယ်ချင်တာနဲ့ ပြန်ရယ်ပေးတား))
မယ်ကိုးရေ.. ပျော်ရာမှာနေခွင့်မရချိန်ဆိုတော့လည်း တော်ရာမှာ ဌက်ပျောသီးစားနေရတာပေါ့ကွာ..နော် :'(

ဒေါင်းမင်း said...

မိခင်နိုင်ငံမှာပဲခြင်္သေ့ဖြစ်ချင်တော့တယ်...

sosegado said...

လူရော စိတ်ရော ခွေးထက်ဆိုးတဲ့ဟာတွေ ဖြစ်နေတာ အများကြီးပဲ၊
အထူးသဖြင့် စိတ်က ခွေးထက်ဆိုးသွားတဲ့ သူတွေ ……စရာပဲ၊
ပုံပြင် ဒိုင်လေးကတော့ ကြိုက်တယ်ဗျို့၊

Anonymous said...

ဟုတ်တယ်.. လသာညရာ။ ကိုယ်လဲ အဲ့ကလေးတွေအဖြစ်ကို မြင်ရင် မချိဘူး။ ကိုယ့်မောင်လေးသာဆို..ကိုယ့်ညီမသာဆိုရင် ဆိုပီး ရင်နာတယ်။ ဒါကြောင့် အမျိုးတွေကို ဘာမှ မသေချာတဲ့ စကော်လာမရပဲနဲ့..ဒါမှမဟုတ် အလုပ်ကောင်းမသေချာ ပဲနဲ့ မလာစေချင်လို့ စကားကိုမစဘူး။ လာမယ်ဆိုလဲ အခြေအနေမှန်ကို အမုန်းခံပြောတာပဲ။

အရမ်းကို ပညာရှိဆန်တဲ့ ပို့စ်။ အဆင့်အတန်းရှိတဲ့ပို့စ်လေး။

ပုံကြိုက်လို့ နောက်လည်းများများရေးပေးနော်။

မြတ်နိုး

ဖိုးကြယ် said...

အင်းးးးးးးးးး မလသာရေ..... တွေးတောစဉ်းစား စရာ Post လေးပါပဲဗျာ။ ကိုယ့်နေရာမှာ ခြင်္သေ အင်းးးးးး ဟုတ်တယ်။ ဒီမှာလည်း အသွင်ပြောင်း ခြင်္သေတွေ အများသားပဲ :)

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

သြ ညရေ
စဉ်းစားလိုက်ရတာ ဗျာ ခြင်သေ ခြင်သေနဲ့ ရေးလို့ ခြင်္သေ တွေ သေတာများ အထူးအဆန်းလုပ်လို့ပေါ့ဗျာ
ပြီးတော့မှ ခြင်္သေ့အကြောင်းရေးထားတာကိုး အဟီးး အောက်မြစ်မှ မပါတာ ခြင်္သေတွေ သေစေချင်နေတာ ပုံပြင်ထဲမှာကိုမဟုတ်ဘူး အပြင်မှာပါ သေစေချင်တာဗျ ကိုက်တာကိုး ပြောမနေနဲ့ဗျ ဘာဆေးနဲ့မှကို မနိုင်တော့ဘူး ရေးပြီးစလစ်ပဲနော် ပြန်မပြင်ရ။

ပုံ
ရွှေပြည်သူကြီး (ရွှေပြည် သကြီးလား ဘယ်လိုရေးရမယ် မသိ) ဆိုလိုချင်တာ ရွှေညာသူကြီး ရွှေညာသားကြီး ကဲ့သို့ )
seesein

Shinlay said...

စဉ်းစားစရာတွေအများကြီးရစေပါတယ်။
သိပ်အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးချက်လေးတွေပါ ဖတ်ခွင့်ရ လို့ အားလုံးကိုကျေးဇူးတင်ပါတယ်။

လသာည said...

ဟဲဟဲ ခြင်သေတွေ ဖြစ်သွားကြောင်းပါ ဆောရီး။ အောက်မြစ်ကျန်သွားပါတယ်။ ဂရုစိုက်ပြင်ပေးသွားတာ ကျေးဇူးနော် စစးD

ဒေါင်းမင်းရေ..ကျေးဇူး။ ကို sosegado ကျေးဇူးနော်။ မြတ်နိုးရေ.. အရင်မြတ်နိုးရေးဖူးတဲ့ ပိုစ်ထဲကအတိုင်းပေါ့။ ဖိုးကြယ်ရေ ကျေးဇူး။ ခြင်္သေ့ဖြစ်ရပ်မှန်တွေပေါ့ကွာ :'(

မမရှင်လေး ကျေးဇူးတင်ပါတယ်နော်။

ကွန်မန့်လေးများအတွက် ရင်ထဲကနေ အားလုံးကို ကျေးဇူးတင်ရပါတယ်..

Anonymous said...

ပြန်ပြင်လို့ကွန့်မန့်ထပ်ရေးပါ့မယ်
ဥယျေ တောဘုရင် ခြင်္သေ့က အဟိန်း အဟောက် ကောင်းလှသဗျာ ခြင်္သေ့ သိက္ခာ ကျပါတယ်
အဓိပ္ပါယ်မဲ့မရှိ အလုပ်တွေကို ရပ်တန်းက ရပ်လိုက်ပါ ပြင်အုံးမှာလားဟင်!!!!
ဘယ်နေရာဘဲ ရောက်ရောက် ခြင်္သေ့ဖြစ်နိုင်ကြပါစေဗျာ စည်းစိမ်တို့လည်း မကြီးရွှေစင်ပြောတဲ့ မွေးရာပါ ဗီဇ ကြောင့် ကောင်းတာကိုသာမြင်တွေ့ပါရစေ။
ခင်တဲ့
seesein

လသာည said...

ဟုတ်ကဲ့ (အဓိပ္ပါယ်မဲ့မရှိ) မဟုတ်ပဲ (အဓိပ္ပါယ်မရှိ)သာ ဖြစ်သင့်ကြောင်းပါ စစဘုရား အဲလေ စစခင်ဗျား :D

အခုလိုပြင်ပေးတာ တကယ်ကျေးဇူးတင်ပါတယ်လို့း)))

Anonymous said...

ကိုအင်ဒီပြောသလိုပဲ ပြောချင်တယ် လသာညရေ
ခွေးဖြစ်မှာထက် စာရင် မျောက်ဖြစ်တာ တော်သေးတယ်။

နိုင်ငံခြားရောက်လာရင်တော့ တကယ်လုပ်နိုင်ရင် ခြင်္သေ့ရော ဆင်ရော ဖြစ်နိုင်ပါတယ်။

မအယ်

ကောင်းမွန်ဝင်း said...

လသာညရေ
အသားတစ်ကီလိုလည်း မကြိုက်။
ငှက်ပျောသီးတစ်ခိုင်လည်း မကိုင်။
ရမယ်ဆိုရင်တော့ အူမဲ့ရှုးလေပဲ
မော့ချင်ပါတယ်။
အဟီး၊ နောက်တာနော်။

ကဲ၊ အတည်ပြောမယ်။
ပို့စ်က ideaကောင်းတယ်။

ခင်မင်စွာဖြင့်

လသာည said...

မမအယ် ကျေးဇူးတင်ပါတယ်.. မျောက်ခြင်္သေ့လသာညရဲ့ ပေါက်ကွဲသံစဉ်လေးပါး)).. ပြန်ရောက်ပြီလား..။

မမွန်.. “ဒိုးဇို အူမဲရှုး”..။ ဒီလိုနဲ့ ဒုတိယနေ့ အူမဲရှုး..။ တတိယနေ့လည်း အူမဲရှုး..။ စိတ်တိုချင်လာတာနဲ့ ခြင်္သေ့လေးက ဟိန်းဟောက်လိုက်တယ် ငါလိုခြင်္သေ့ကို အူမဲရှုးတိုက်ရသလား။ ဘရန်ဒီဆိုတော်သေးတယ် :D

ဟိုးအပေါ်က အနောနိမတ်စ်ကိုလည်း ကျေးဇူးတင်ပါတယ်နော်။ အတွေ့အကြုံပြောပေးတာ ကျေးဇူးတင်ကြောင်း ပြောဖို့ ကျန်သွားလို့ပါ။

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်

ရွှေရတုမှတ်တမ်း said...

ကိုယ့်ဆီကခြင်္သေ့တွေက ဘယ်မှထွက်ကြတာမှမဟုတ်တာ။ မျောက်လို လက်တဖက်က ရတဲ့နေရာလေးကိုင်၊ နောက်တဖက်က မှီရာလေးဆွဲစားနေရသူတွေသာ အစာမဝလို့ ဌာနကနေခွာကြရတာလေ၊ ဒီမှာရောက်နေတဲ့သူတွေ အဲလိုတွေ လာပြောကြရင် နားကြားပြင်းကပ်လွန်းလို့ ပြန်လေ...အခုပြန်..ဘယ်တော့မှပြန်မလာနဲ့..ခရီးစားရိတ်ပေးလိုက်မယ်ပြောရင် ၉၉%လောက်က ရူးသလိုလုပ်နေတာ၊ သူတို့က လွမ်းလိုက်တာဆွေးလိုက်တာတွေ ဗမာပြည်ကြီးက ခွဲနေရတာပဲ လူဖြစ်ရှုံးပါပြီ လျှောက်ပြောနေတဲ့သူတွေဟာ ပလီနေတာများတယ် ဇာတိဆိုတာ ကိုယ်ရွေးချယ်ပိုင်ခွင့်မှမရှိ..ကံပစ်ချရာ အရပ်မှာ မွေးကြရတာ.. ကမ္ဘာ ဆိုတာ လူတွေနေဖို့ တည်ရှိနေတာပဲ ..ဘုရားက ဘယ်လူမျိုး ဘယ်မှာနေလို့ မဟောပါဘူး..၊ ကိုယ်ရေကြည်ရာနေရတာပဲ..၊ ကိုယ့်အိမ်မှာဇိမ်နဲ့ နေခဲ့ပြီး နိုင်ငံခြားရောက်မှ အလုပ်လုပ်ရမှာကြောက်လို့ ပြန်ချင်တယ် ဆိုပြီး တငိုငို တရီရီတွေလဲ တွေ့ဖူးပါ့..အဲဒါ ..စိတ်ဓါတ် ခိုင်မာမှုမရှိတဲ့ ခပ်ညံ့ညံ့ တွေ.. ထွက်လာပြီဆို ကထဲက ခုလို သတင်းခေတ်ကြီးမှာ ဘာတွေလုပ်ရမယ်ဆို တာ အထိုက်အလျောက်သိမှာပါ.. ဘယ်လူမျိုးမှဗမာလောက် ညံ့ဖျင်း ဆွေးမြေ့လွမ်းပြီးအိမ်သတိရနေတာ မတွေ့ဖူးပါဘူး..ရောက်ရာအရပ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာပဲ တွေ့တယ်.. နိုင်ငံခြားမှာက ကြိုးစားရင် ကြိုးစားသလောက် ခြင်္သေ့ ဖြစ်နိုင်တယ်..ဗမာပြည်မှာက ဘယ်လောက်ကြိုးစားကြိုးစား ကျိုးပဲ့ကန်းနေတဲ့စစ်ဗိုလ်ဂီလာနတွေက ဘာမှမတတ်ပဲ ကိုယ့်အပေါ်က ရောက်ရောက်လာတာ ကြုံပေါင်းများပေါ့..
ဒီpost ကို လုံးဝမကြိုက်ပါ.. ဗမာပြည်က လူငယ်တွေ ချီးတောထဲ လသာနေတာ အဟုတ်မှတ်သွားကြမှာစိုးလို့ပါ..

ရွှေရတုမှတ်တမ်း said...

ကိုယ့်ဆီကခြင်္သေ့တွေက ဘယ်မှထွက်ကြတာမှမဟုတ်တာ။ မျောက်လို လက်တဖက်က ရတဲ့နေရာလေးကိုင်၊ နောက်တဖက်က မှီရာလေးဆွဲစားနေရသူတွေသာ အစာမဝလို့ ဌာနကနေခွာကြရတာလေ၊ ဒီမှာရောက်နေတဲ့သူတွေ အဲလိုတွေ လာပြောကြရင် နားကြားပြင်းကပ်လွန်းလို့ ပြန်လေ...အခုပြန်..ဘယ်တော့မှပြန်မလာနဲ့..ခရီးစားရိတ်ပေးလိုက်မယ်ပြောရင် ၉၉%လောက်က ရူးသလိုလုပ်နေတာ၊ သူတို့က လွမ်းလိုက်တာဆွေးလိုက်တာတွေ ဗမာပြည်ကြီးက ခွဲနေရတာပဲ လူဖြစ်ရှုံးပါပြီ လျှောက်ပြောနေတဲ့သူတွေဟာ ပလီနေတာများတယ် ဇာတိဆိုတာ ကိုယ်ရွေးချယ်ပိုင်ခွင့်မှမရှိ..ကံပစ်ချရာ အရပ်မှာ မွေးကြရတာ.. ကမ္ဘာ ဆိုတာ လူတွေနေဖို့ တည်ရှိနေတာပဲ ..ဘုရားက ဘယ်လူမျိုး ဘယ်မှာနေလို့ မဟောပါဘူး..၊ ကိုယ်ရေကြည်ရာနေရတာပဲ..၊ ကိုယ့်အိမ်မှာဇိမ်နဲ့ နေခဲ့ပြီး နိုင်ငံခြားရောက်မှ အလုပ်လုပ်ရမှာကြောက်လို့ ပြန်ချင်တယ် ဆိုပြီး တငိုငို တရီရီတွေလဲ တွေ့ဖူးပါ့..အဲဒါ ..စိတ်ဓါတ် ခိုင်မာမှုမရှိတဲ့ ခပ်ညံ့ညံ့ တွေ.. ထွက်လာပြီဆို ကထဲက ခုလို သတင်းခေတ်ကြီးမှာ ဘာတွေလုပ်ရမယ်ဆို တာ အထိုက်အလျောက်သိမှာပါ.. ဘယ်လူမျိုးမှဗမာလောက် ညံ့ဖျင်း ဆွေးမြေ့လွမ်းပြီးအိမ်သတိရနေတာ မတွေ့ဖူးပါဘူး..ရောက်ရာအရပ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာပဲ တွေ့တယ်.. နိုင်ငံခြားမှာက ကြိုးစားရင် ကြိုးစားသလောက် ခြင်္သေ့ ဖြစ်နိုင်တယ်..ဗမာပြည်မှာက ဘယ်လောက်ကြိုးစားကြိုးစား ကျိုးပဲ့ကန်းနေတဲ့စစ်ဗိုလ်ဂီလာနတွေက ဘာမှမတတ်ပဲ ကိုယ့်အပေါ်က ရောက်ရောက်လာတာ ကြုံပေါင်းများပေါ့..
ဒီpost ကို လုံးဝမကြိုက်ပါ.. ဗမာပြည်က လူငယ်တွေ ချီးတောထဲ လသာနေတာ အဟုတ်မှတ်သွားကြမှာစိုးလို့ပါ..

ကောင်းမွန်ဝင်း said...

လသာညရေ
ထပ်လာသွားတယ်။
ကော်မန့်တွေကို စိတ်ဝင်စားလို့ပါ။

လသာညရေးတာလည်း သဘောပေါက်တယ်။
အပေါ်က ရွှေရတုမှတ်တမ်းရေးတာလည်း အပြင်မှာတွေ့ဘူးတယ်။ ။

ခင်မင်စွာဖြင့်အားပေးလျှက်

မိုးယံ said...

ဒုတ်ခရောက်ချင်တဲ့ ချင်သေ့ တောပြောင်းလို့... အဲ ရုံပြောင်းလို့ စကားပုံထွင်ရင် အဆင်ပြေမယ်ထင်ပ။

ကိုယ့်အိမ်မှာ ခြင်္သေ့လုပ်တာပဲ ကောင်းပါတယ်လေ။

ဒီနိုင်ငံမှာတော့ မျောက်ဖြစ်နေပါပြီ။ အဆင်ပြေရန် ခြင်္သေ့ တစ်လှည့်ပြန်လုပ်ချင်သေးတယ်ဗျာ

မယ့်ကိုး said...

မယ်လည်း ကွန်မန့်တွေကို စိတ်ဝင်စားလို့ နောက်တစ်ခေါက်လာဖတ်တား)

Anonymous said...

အရမ်းကို သဘောကျမိတယ် မရေ။
စိတ်ထဲမှာတော့ ဗြုန်းကနဲ ပြေးမြင်တာက
လက်ရှိ Sg'pore မှာ အကြားများနေတဲ့
ဟိုမှာတုန်းက ဘွဲ့ ရ ဆရာမတွေ ဒီရောက်တော့
အိမ်ဖော်နဲ့  ...ဒီမလာခင်တုန်းကတော့ အိမ်ဖော်လုပ်
ရမယ်မှန်းမသိခဲ့ကြဘူး ဒီရောက်တော့မှ အဲလိုတွေ ဖြစ်ကုန်ကြရတာ။ ဒီလိုပါပဲမရေ...အိမ်မှာတုန်းကတော့
ကိုယ်က မင်းသမီး လောက အပြင်ရောက်သွားတော့
နေရာပေါင်းစုံကနေ ပါဝင်ရပြန်တယ်။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)
Link လေးယူသွားပါတယ်...မရေ...:)

SHWE ZIN U said...

ညီမ လသာည ရေ

မန့်တာလေးတွေ လာဖတ်တယ် ကိုကြီးကျောက် ပြောတာကို ယေဘူယ သဘောအရ တော့ လက်ခံပါတယ် ဒါပေမဲ့ မွေးဖွားရာ ဇာတိမြေ ကိုတော့ ဘယ်လိုဘဲ မကောင်းမကောင်း လွမ်းကြစမြဲပါ..

အမြဲတန်း အတွက် မဟုတ်တောင် လာလည်ချင်ကြမယ် အခြေအနေကောင်းရင် အမြဲနေမယ် ဒါသဘာဝပါ ကိုယ့် မွေးရပ်မြေကို မချစ်တဲ့သူ ရှိမယ် မထင်ပါဘူး အခြေအနေ တခုကြောင့် သာ နေ နေရတာမဟုတ်လား

ပါပီလွန် ဗင်ကို ထဲက ပြင်သစ်ရဲ့ ရက်စက်မှု့ ကို ခံခဲ့ရတာတောင် သူ့မွေးရာ ပြင်သစ်ကို နည်းအမျိုးမျိုး နဲ့ ပြန်ဘို့ ကျိုးစားခဲ့တာဘဲ

တကယ့် ကမ္ဘာရွာကြီး ဖြစ်သွားပြီး သွားချင်သလိုသွား လာချင်သလို လာနေရရင် တော့ တမျိုးပေါ့ အခုတော့ ကမ္ဘာ့ရွာကြီး ထဲမှာ မြန်မာ မပါသေးတော့ ဒီလိုဘဲ လွမ်းရတော့တာပေါ့ဗျာ ...

မြန်မာပြည် မှာ နေနေ ပေမဲ့ ခြင်္သေ့ မဟုတ်တဲ့ မြန်မာ မျောက် ကလေး ရွှေစင်ဦး ဖြစ်ပါတယ်

.

လသာည said...

အားလုံးရဲ့ ကွန်မန့်လေးများကို ကျေးဇူးတင်ပါတယ်။

ဘကျောက်..ပွင့်ပွင့်လင်းလင်း မကြိုက်တာကို မကြိုက်ဘူးလို့ ပြောတတ်တဲ့ စတိုင်ကို သဘောကျသွားပါတယ်။ ကျေးဇူးတင်ပါတယ်။

မမွန်.နဲ့ မယ်ကိုး. ကျေးဇူးတင်ပါတယ်း) ဟုတ်တယ် မထင်မှတ်ပဲ ပိုစ်က နည်းနည်းဟိုဒင်းဖြစ်သွားတယ်ထင်တယ် ရှုထောင့်အမျိုးမျိုးကနေ ကွန့်မန့်အမျိုးမျိုး အများကြီးရတယ်..

မိုးယံကိုလည်း ကျေးဇူးတင်ပါတယ်.။.ခင်မာလာအောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ခုကြောင့် ရေးဖွဲ့ဖြစ်တဲ့ ပုံပြင်လေးပါ ညီမလေး။ တိုက်ဆိုင်တာတွေ ရှိမှာပါ။ ကျေးဇူး..။

မမရွှေစင်... အာရိကတိုး...။ ဒီနေ့ တိုက်ဆိုင်စွာ ဂျပန်တီဗွီကနေပြီး ဂျပန်ရောက် မြန်မာကောင်မလေး(နေခြည်) အကြောင်း(ဒီမြေမှာ ရှင်သန်ဖို့)ဇာတ်လမ်းလာသွားတယ်။ မျက်ရည်ကျအောင် ကြေကွဲစရာ ကောင်းတယ်။

အားလုံးရဲ့ကွန်မန့်များကို ရင်ထဲမှ ကျေးဇူးအများကြီးတင်ပါတယ်နော်။

T T Sweet said...

လသာညရေ ... လာဖတ်တာနောက်ကျသွားတယ်။ ပတ်စာခွါ ဖျာတောင် သိမ်းနေပြီလားမသိး))

အမျိုးထဲမှာလဲ ဂျပန်သွားတဲ့ သူတွေရှိတယ်။ မောင်ဝမ်းကွဲလေးပေါ့။ မြန်မာပြည်မှာလဲ မိဘ စီးပွားရေး အဆင်ပြေရက်နဲ့ ထွက်လာကြတာ။ ပြီးတော့ ငြီးလိုက်တာ ချူသံကိုပါလို့။ အနှိမ်ခံရတာလဲပါရဲ့။ ပင်ပန်းတာလဲပါရဲ့။ ဂငယ်မှာ ကျောင်းတက်ရင်း အလုပ်လုပ်ရတဲ့ ခလေးတွေ တော်တော်ပင်ပန်းတာ ရုန်းကန်ရတာ ဟုတ်ပါတယ်။
ကိုကြီးကျောက်ကလဲ လူငယ်တွေကို ကြိုးစားစေချင်တဲ့ ကရုဏာဒေါသောနဲ့ ပြောလိုက်တာပါ။. နှစ်ယောက်စလုံးရဲ့ အဆိုကို နားလည်ပါတယ်။

မြစ်ကျိုးအင်း said...

အတွေးတွေ အများကြီးပေးတဲ့ ပုံပြင်လေးပါပဲ။
ကိုယ့်မိဘမောင်နှမတွေနဲ့ အတူတူ နေရရင်တော့ ခြင်္သေ့ မဖြစ်ရင်တောင် ကျေနပ်ရမှာပဲ။ ဆင်ခြင်တုံတရားတွေက အိမ်လွမ်းစိတ်ကို ပိတ်ဆို့ထားလို့ ငှက်ပျော်သီးပဲ ကျေကျေနပ်နပ် စားနေလိုက်တော့တယ်။

လသာည said...

မဆွိရေ.. ပက်စာခွာသေးပါဘူး. မဆွိကို စောင့်နေတာ :D
ဟုတ်တယ်၊ ကွန်မန့်အားလုံးက စိတ်ဝင်စားစရာကောင်းတယ်။ ဒီပိုစ်ကို ဖတ်မိသူများ အားလုံးရဲ့ကွန်မန့်ကိုပါ ဖတ်စေချင်မိပါတယ်။

ဟို.. ဖခင်နဲ့ မိခင် အတွေးမတူသလိုပေါ့..။ ဖခင်က “သားသမီးတွေကို ကြိုးစား၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်၊ သတ္တိရှိရှိ ရင်ဆိုင်” လို့ပြောရင် မိခင်က “ဟိုကျ အဆင်ပြေပါ့မလား၊ မမြင်ကွယ်ရာမှာ သူများအနှိပ်စက်၊ အနှိမ်ခံရမယ့်အတူတူ အိမ်မှာရှိတာလေးပဲ စားပါကွယ်”လို့ ပြောသလိုဖြစ်မယ်ထင်တယ်.. (လသာည ထင်တာပါ)

ဘာပဲဖြစ်ဖြစ် အခုလို မထင်မှတ်ပဲ အမြင်အမျိုးမျိုးကို ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ မဆွိရဲ့ကွန်မန့်ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်နော်း))

ကိုမြစ်ကျိုးအင်းကိုလည်း ကျေးဇူးတင်ပါတယ်..။ လသာညလည်း ဘ၀တူဌက်ပျောသီးစားနေတဲ့ဘ၀လေ..။

ချစ်ကြည်အေး said...

ညီမ လသာရေ....မှတ်မိသေးပါရဲ့လား....။ အခုမှပဲ ခရီးက ပြန်ရောက်ပါတယ်။ ပိုစ့်ရော ကော်မန့်တွေရော သဘောကျတယ်။ ကိုယ်တိုင် ဘာကောင်လဲဆိုတာ စဉ်းစားနေတုန်းပဲ ညီမရေ....

မောင်သီဟ said...

ကောင်းလိုက်တဲ့ပညာပေးလေးဗျာ
သဘောကျတယ်
း)

Anonymous said...

ညေယ်
မမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့် ရှော့ဖြစ်ကုန်ပြီဟေ့ ..........:)
ဒန်တန်တန်
မန့်တွေလာပြန်ဖတ်ပြီး မမန့်ဘဲကို မနေနိုင်လို့ပေါ့
seesein

blackroze said...

တကယ်တော့..ကိုယ့်နေရာလေးဟာကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ..ပြန်လွမ်းမိကြတာပါဘဲလေ..
ဖြစ်ချင်တာတွေကဆန္ဒပါ...
ဖြစ်နေတာကဘဝပါ...
ကျမတို့တွေကလက်တွေ့ဘဝထဲမှာဘဲ
ရှင်သန်နေရတဲ့သူတွေဆိုတော့
ရောက်နေတဲ့နေရာလေးမှာဘဲ..
ပျော်အောင်ကြိုးစားနေရင်းနဲ့..
ဒီလိုပါဘဲအမရာ....

မြတ်မွန် said...

သူနေရာနဲ့သူ အားလုံးကောင်းသလိုပါပဲ မမရေ..။ ရောက်တဲ့ဘဝကို ကောင်းအောင်သာနေလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။

chindwinthu said...

အစ်မရေ အခုမှဘဲ လာဖတ်ဖြစ်တော့တယ်။ အစ်မ ရေးထားတာလည်း စိတ်ဝင်စားဖို့ကောင်းသလို ကွန့်မန့်တွေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

လသာည said...

မမချစ်၊ မောင်ဘကြိုင်၊ စည်းစိမ်၊ ဘလက်ရိုစ်၊ မြတ်မွန်နဲ့ ချင်းတွင်းသူတို့ရဲ့ ကွန်မန့်များအတွက် အများကြီး ကျေးဇူးတင်ပါတယ်.. (^0^)

paingsoe said...

အမ
ပျော်ရွှင် ကျန်းမာ ပြီး
အမြဲ ပြုံးပျော်နိုင်ပါစေ ...
အမ ပုံပြင်လေးတွေလည်း မှတ်သားသွားပါတယ် ...

မန်းကိုကို said...

လူစည်တဲ့ ကြည့်ချင်ပွဲမို့လို့ ဝင်လာကြည့်ဖြစ်တယ်။

ပုံကလေးကတော့ တွေးရင်တွေးသလို အဓိပ္ပါယ်ဆွဲလို့ ရမယ်ထင်တယ်။ ဒီအထဲမှာ တကူးတက လာမန့်တဲ့ ဘကျောက် (ရွှေရတုမှတ်တမ်း) ရဲ့ကြမ်းချက်ကတော့ သဘောကျမိတယ်။ သူ့နဲ့အကုန်လုံး သဘောမတူပေမယ့် အချက်အများစုကတော့ ငြင်းလို့မရလောက်အောင် လာမှန်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပို့စ်လေးက အောင်မြင်ပါတယ်ဗျာ။ ဝမ်းသာပေးပါတယ်။

Unknown said...

အင်း...ဖတ်ကြည့်မိတယ်...အရမ်းကောင်းတယ်...ကျေးဇူးပါ...