Friday, March 4, 2011

ဘ၀တဆစ်ချိုးပြန်ပြီ

လွန်ခဲ့တဲ့ လေးနှစ်က ဒီနေရာလေးကို ကျွန်မ ရောက်လာခဲ့တယ်..။ ယောင်တောင်ပေါင်တောင်နဲ့ ဘ၀တစ်ခုကို စခဲ့တယ်..။နေသားမကျတဲ့ အရပ်မှာ အမှားတွေများစွာနဲ့ သောကများစွာလည်း ကြုံခဲ့ရတယ်။ ပျော်စရာလေးတွေလည်း ရှိခဲ့ရတယ်။ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာလေးတွေလည်း ရှိခဲ့ရတယ်။ ငါ့ကျမှ ဘာဖြစ်လို့ ဒါမျိုးဖြစ်ရတာလဲလို့ ကိုယ့်ဘာသာကိုယ်သနားလို့ ငိုလည်းငိုဖူးတယ်.. ။ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီင်္း သနားစရာ ကောင်းတာ ငါတစ်ယောက်တည်း မဟုတ်ဖူးဆိုပြီး သဘောကျစွာ ဘ၀ကို လှောင်ရယ်လည်း ရယ်ဖူးတယ်..။

ဒီလို အတွေ့အကြုံတွေကြားထဲကပဲ စစ်မှန်တဲ့ သူငယ်ချင်းများစွာကို ကျွန်မပိုင်ဆိုင်ခဲ့ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်ချိန်တွေကို မျှဝေခံစားပေးမယ့်သူတွေ၊ ကိုယ်ရဲ့ ၀မ်းနည်းချိန်တွေမှာ စာနာစွာ အားပေးသူတွေ အများကြီး ရခဲ့တယ်။ တကယ်ပါ ကျွန်မမှာ သူငယ်ချင်းအများကြီး ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတကယ် ကျေနပ်မိရပါတယ်။

နောက်ထပ် ကျေနပ်စရာကောင်းတာလည်း ဖြစ်ခဲ့တယ်။ အဲဒါက ဘလော့ဂ်လော့က ထဲကို မထင်မှတ်ပဲ ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယောင်တောင်ပေါင်တောင်ရောက်ခဲ့တဲ့ ဘလော့ဂ်လောကထဲမှာလည်း သူငယ်ချင်းများစွာကို ထပ်မံပိုင်ဆိုင်ရပြန်ပါတယ်။ မမြင်ဖူးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အားပေးလိုက်၊ စနောက်လိုက်နဲ့ သူငယ်ချင်းအရင်းအခြာတွေလို ... တကယ် မမေ့နိုင်စရာပါပဲ..။

ဒီနေ့ကတော့ ကျွန်မအတွက် ဘ၀တစ်ဆစ်ချိုးတဲ့နေ့ပါပဲ..။ သိပ်မကြာခင်မှာပဲ လက်ရှိနဲ့ လုံးဝမတူတဲ့ ဘ၀တစ်ခုကို ကျွန်မ စတည်ရပါဦးမယ်။ အဲဒီအရပ်မှာ ပျော်စရာတွေ ရှိနိုင်သလို၊ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေလည်း ရှိနိုင်ပါတယ်.. ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသွားရပါဦးမယ်...။ အဲဒီအတွက် ဒီဘလော့ဂ်လောကထဲကနေ ယာယီခွဲခွာရပါဦးမယ်..။ အခါအခွင့်သင့်ရင် ပြန်လာဦးမှာမိုလို့ နှုတ်ဆက်စကားတော့ မဆိုလိုပါ..။

တစ်ခုတော့ ဆန္ဒရှိပါတယ်။ ကျွန်မနဲ့ ဒီဘ၀တစ်ဆစ်ချိုးထဲမှာ တွေ့ခဲ့ကြုံခဲ့တဲ့ သူငယ်ချင်းများကို ကျေးဇူးတင်စကားတော့ ပြောသွားချင်ပါသေးတယ်။ ကျွန်မကို ခင်မင်ခွင့်ပေးခဲ့တဲ့ သူငယ်ချင်းများအားလုံးကို ကျွန်မ အများကြီး အများကြီး ကျေးဇူးတင်ပါတယ်လို့..။ နောက်တချိန်မှာ ပြန်တွေ့ကြသေးတာပေါ့..နော်။

လသာည ဖြစ်ပါတယ်..

39 comments:

ချမ်းလင်းနေ said...

ကောင်းသော ဘဝအဆစ်ချိုး ဖြစ်ပါစေဗျာ။

Angelhlaing(May everybody be happy and healthy! said...

အခက်ခဲမရှိတဲ့ချောမွေ့ပြေပြစ်တဲ့ဘဝတစ်ဆစ်ချိုးဖြစ်ပါစေမမ။ကောင်းသောနေ့လေးဖြစ်ပါစေ။

sosegado said...

လသာညဖြစ်ပါတယ် လို့ဆိုပြီး၊ ဝင်လာမဲ့နေ့ကိုစောင့်နေရုံကလွဲပြီး၊
ပြန်လာမယ်လို့လဲမျှော်လင့်ပါတယ်၊ Tokyo tower ပေါ်တက် အော်ပြီးတော့ဆုတောင်းခဲ့ပေါ့၊ အားလုံးအဆင်ပြေပါစေ။

သူကြီးမင်း (တုံးဖလား) said...

ဘ၀တစ်ဆစ်ဘဲ ချိုးလို့ တော်သေးတယ်။ နှစ်ဆစ် သုံးဆစ်တွေ ချိုးသွားမှာ စိုးရိမ်နေတာ။ ဟာ ဟ။ စတာ။းD

ပြန်လာမဲ့နေ့လေးကို လသာရိပ်အောက်က စောင့်မျှော်နေပါ့မယ်။ မြန်မြန်သာ ပြန်လာခဲ့။ လသာညဖြစ်ပါတယ်ဆိုတာလေး မတိမ်ကောစေနဲ့။ ဒါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေစင်ဦး said...

ညီမ လသာည ရေ

ကောင်းသော တဆစ်ချိုးလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော် ညီမ နေကောင်း အဆင်ပြေပါစေ

ချစ်တဲ့
အမရွှေစင်

seesein said...

ဥေယ်
ဘ၀ဆိုတာ တစ်ဆစ်ချိုး မကပါဘူးလေ အဆစ်ပေါင်းများစွာနဲ့ နေရတာပါ
ဒါပေမယ့် အဆစ်တွေအများကြီးပါတဲ့ ကြံပင်လို ဘ၀ချိုချိုလေးတွေ ၊ ကြိမ်လုံးလေးတွေလို အသုံးဝင် နေအုံးမှာပေါ့နော

ခင်မင်တဲ့
စစ

crystal said...

အစ်မ မပြောမဆိုနဲ့တော့...
ညီမက ဝမ်းနည်းတတ်တာ သိသားနဲ့ :(

“You will always luck for your lifetime”

Shinlay said...

အစစအဆင်ပြေပါစေ။ အောင်မြင်မှုတွေရပါစေ...
သတိရနေပါမယ်။

sonata-cantata said...

လသာညရေ...တဆစ်ချိုးမှာ ပျော်ရွှင်ဖွယ်ရာတွေက ကြိုလင့်နေပါစေနော်

ဖြောင့်ချင်းမက ဖြောင့်၍...မချိုးရ မကွေ့နိုင်သော... ကွေးလို၍ ကောက်တတ်သာ မသီတာက မမေ့တတ်ရင် ပြန်လာပါလို့ မှာလိုက်ပါရစေ

တင်ထားတဲ့ ပုံလေးက သစ်ကုလားအုပ်လေးက မသီတာကို ကိုယ်စားပြုပါသတဲ့


မေသိမ့်သိမ့်ကျော် said...

အခုပဲ ဘလော့လေးကို လာလည်ပါတယ်ကွယ်။ တစ်ဆစ်ချိုးတော့မယ့်သူလေးနဲ့ တိုးနေပါလားကွယ်။ မြန်မြန်ပြန်လာပါလို့ ပဲ မှာပါရစေနော်.......။

တောက်ပကြယ်စင် said...

အစစအရာရာ အဆင်ပြေပါစေနော် လသာညမှာ အေးမြတဲ့လရောင်အောက်မှာ အဆင်ပြေတဲ့ တစ်ချိန်ချိန် ပြန်လည်ဆုံတွေ့ကြပါစို့နော် ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

မိုးယံ said...

တစ်ဆစ်ချိုးမှာ အောင်မြင်မှု ဆင့်ကာတိုးပါစေ..

ပြန်လာချိန်လေး ရောက်ရင်ပြန်လာပါဗျာ..

Sunny said...

ဘ၀တစ်ဆစ်ချိုးမှာ အစစ အဆင်ပြေပါစေ.. သတိရနေမှာပါ..

ကိုဇော် said...

ပြောင်းလဲတဲ့ တစ်ဆစ်ချိုး ၊ ကောင်းမွန်တဲ့ တစ်ဆစ်ချိုး ၊ ပျော်ရွှင်ဖွယ်ရာ ကောင်းတဲ့ တစ်ဆစ်ချိုး နဲ့ ကြုံတွေ့ ခံစားရပါစေဗျား။

ShwunMi- said...

:) သတိရနေပါမယ် မမညည..
အစစ အဆင်ပြေပါစေ.. ပျော်ရွှင်ပါစေ..း)

ThuHninSee said...

ပုံထဲကသီချင်းဆိုနေတဲ့ နှုတ်သီးထော်ထော် ငှက်လေးက တို့ပေါ့။ သာယာတဲ့ သတင်းစကားကြားရစေဖို့ ဆုတောင်းပေးနေတာလေ။
ပြန်ဆုံမယ်နော်..မလသာည။

း)

paingsoe said...

အမ အဆင်ပြေပါစေ ..
ပျော်ရွှင်ပါစေ ..

ဖိုးကြယ် said...

မလသာ....အစစအရာရာ အစဉ်ပြေချောမွေ့ တဲ့ဘဝလေးတစ်ခုကို တည်ထောင်နိုင်ပါစေ.... ဘလော့ဂါတွေထဲက မလသာ... မလသာရဲ့ ဘလော့ဂါ ကို အခါအခွင့်သင့်ရင် ပြန်မြင်ချင်ပါသေးတယ် :)

ခင်တဲ့(ဖိုးကြယ်)

သဒ္ဓါလှိုင်း said...

ဘလော့ထဲကနေစလို့ ခင်မင်ခွင့်ရခဲ့ရကာနေ
တခါပြန်ပြီး ခွဲခွါကြရအုံးမှာပေါ့.။ ထပ်ပြီး သွားရမယ့်
ခရီးလမ်းမှာ အဆင်ပြေချောမွေ့စွာနဲ့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ သူငယ်ချင်းများနဲ့အတူ
တွေ့ကြုံနိုင်ပါစေ.။
ခင်မင်တဲ့
သဒ္ဓါ

မယ့်ကိုး said...

ဒီနေရာလေးမှာ စောင့်နေမယ်။ ပြန်ဆုံဖို့လည်း လာခဲ့မယ်နော် မမ။

Anonymous said...

မမလသာညရေ...

အပြီးခွဲမသွားနဲ့နော်... မမဘဝတစ်ဆစ်ချိုးမှာလဲ အောင်မြင်မှုသရဖူဆောင်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်... ဒီတလော မအားလို့ ဘယ်အိမ်မှာမှ နှုတ်ဆက်စကားမဆိုနိုင်တဲ့ ချစ်ညီမလေးကို ခွင့်လွှတ်ပါနော်..... သတိတရ လာမေးတာအတွက်တောင် ကျေးဇူးတင်စကားမဆိုလိုက်နိုင်ဘူး.... ညီမလေးကို ခွင့်မလွှတ်ပါနဲ့တော့ (အသံကျယ်ကြီးနဲ့ အော်ခြင်း) .... အဲ မုန်းတော့ မမုန်းလိုက်နဲ့နော် (မျက်နှာငယ်လေးနဲ့ တောင်းပန်နေတာ)...



ပူးတေလေးဖြစ်ပါတယ်... :) မမလသာညစတိုင်လ်လေး ကော်ပီလုပ်ထားတာဖြစ်ပါတယ်...

မြစ်ကျိုးအင်း said...

အစစအရာရာ အဆင်ပြေပါစေနော်။
ဘဝမှာ အောင်မြင်မှုများနဲ့ ကြုံတွေ့ပါစေ။
အဆင်ပြေတဲ့အခါ ဘလော့ဂ်လေးကိုလည်း ဝင်အုံးပေါ့။

kiki said...

ဘဝ အကောက်အကွေ့ တွေ မှာ ဘယ်နှစ်ဆစ်ပဲ ချိုးချိုး.. လိုရာ ပန်းတိုင်ကို ချောမော အောင်မြင်စွာ ရောက်နိုင်ပါစေ လသာည ရေ ..
(လမ်းကြုံရင်တော့ ဂျမ်းဘုံ တို့ အိမ် ဝင်လည်ပါအုံး နော် ..း)

ဂျမ်းဘုံ ကိ..

rose said...

အစ်မ လသာည အစစ အရာရာ အဆင်ပြေ ပါစေရှင်။ ပြန်လာမယ့် ရက်ကို မျှော်နေမယ်နော်။

ညီမလေးနှင်းဟေမာ said...

မမလသာညရေ...

ဘ၀ရဲ့တစ်ဆစ်ချိုးလမ်းခွဲလေးမှာ တွေ့ခဲ့ရဒီနေရာ မေ့မရတဲ့ ဒီဝေဒနာ ဆိုတဲ့ ငယ်ငယ်က ဆိုဘူးတဲ့ သီချင်းလေးကိုတောင် သတိရမိပါရဲ့....။
တစ်ခုပဲစကားလက်ဆောင်လေးပေးလိုက်ပါရစေ ...
ဘယ်နေရာပဲရောက်ရောက် ၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ၊ ဒီနေရာမှာဆုံဆည်းခဲ့ကြတဲ့ သူငယ်ချင်းမောင်နှမတွေကတော့ ဘယ်တော့မှမပြောင်းလဲပဲ ဒီနေရာလေးမှာ လသာညအတွက်အမြဲရှိနေကြမယ်ဆိုတာ မမေ့ပါနဲ့။

အဆင်ပြေအောင်မြင်ပါစေ ချစ်မကြီးလသာညရေ
...

ကောင်းမွန်ဝင်း said...

ချိုးကွေ့တဲ့ အဆစ်တိုင်းမှာ သူငယ်ချင်းစစ်ဖြစ်ချင်ပါတယ်။
ခင်မင်လေးစားလျှက်

ပေါ့ဆိမ့် said...

ဘ၀ဆိုတာ ဒီလိုပါပဲ အမ လသာရယ်.. မင်္ဂလာ ရှိတာတွေနဲပဲ တွေ့ကြုံပါစေလို့ ဆုတောင်း မိပါတယ်..

Anonymous said...

ကြုံတဲ့အခါ စာရေးပါလို့
မှာရုံတပါး အခြားမရှိ
မင်းမသိလည်း
တို့ရဲ့ရင်မှာ လွမ်းနေမှာနော်
မင်းပျော်ပါစေ... ညီမလေး။

မိုးစက်ပွင့်

ချစ်ကြည်အေး said...

မရောက်တာ ကြာသွားတယ် ညီမရယ်...စစပြောသလိုပဲ အမမှာ ကြံတချောင်းလိုပဲ အဆစ်တွေ အများကြီးနဲ့ ဘဝကို ပိုင်သူမို့ပါ။ ဒါပေမဲ့ ကြံလိုတော့ အဆစ်တိုင်း မချိုဘူးကွယ်...
ညီမ လသာညအတွက် ချိုမြိန် ချောမွေ့သော တဆစ်ချိုး ဖြစ်ပါစေ လို့....:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ယောင်းမရေ...
နေကောင်းကျန်းမာရဲ့လား
အစစအဆင်ပြေရဲ့လား
ငလျှင်လှုပ်တယ်ဆိုတာနဲ့ ပထမဆုံး သတိရလိုက်မိတယ်.. အဆင်ပြေရဲ့လား ပေါ့
အချိုးအကွေ့များလှတဲ့ဘ၀တွေမှာ မထင်မှတ်တဲ့ အချိုးအကွေ့တွေ ကြုံလာရစမြဲမို့ ကောင်းသော အပြောင်းအလဲ အချိုးအကွေ့တွေနဲ့သာ ကြုံတွေ့ရပါစေလို့.. အခက်အခဲ အဆီးအတားများကိုလည်း ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်...
အစစအရာရာ အမြန်ဆုံး အဆင်ပြေချောမွေ့ပါစေ...

သတိရလျှက်


ချော

Anonymous said...

ချိုးသာ ချပလိုက်ဗျိုး...:))) စတာ...:P
အစစအဆင်ပြေပါစေဗျာ...။

ရွှေအိ said...

မညရေ ထီးတောင် ၂ဆစ် ၃ဆစ်ချိုးတွေပေါ်တာကြာပြီး))

ဘ၀အကွေ့ ကို တစ်ဆစ်မကဘူးချိုးပြလိုက် ....အစ်မသေချာပြန်ခေါက်နိုင်ပါတယ်...

အဆစ်များလေတိုးတက်လေလို့ ထင်မိတယ် (အဟိ)

Anonymous said...

ညီမရေ
တိုကျိုမှာ ရှိနေတဲ့သူ ဆိုရင် တိုကျိုက အမြန်ဆုံးချိုးထွက် ဖို့ လိုတယ်နော်

ဘ၀တဆစ်ချိုးမှာ ချစ်သူခင်သူ တွေနဲ့ ကူညီသူတွေ တွေ့ ပြီး ပျော်ရွှင်သာယာတဲ့ အခြေအနေ ပိုင်ပါစေလို့  ဆုတောင်းပေးတယ်နော်

ဆောင်း

မြတ်မွန် said...

မလသာညရေ..မေလ်းအက်ထားတာ စကားတောင် မပြောဖြစ်သေးဘူး..ခုတော့ ဟင့်..
မေလ်းဝင်ဖြစ်ရင် ခေါ်အုံးနော်..။
ခင်မင်တဲ့။

blackroze said...

အဆင်ပြေ..ပြီးပြည့်စုံတဲ့
ဘဝတဆစ်ချိုးလေးဖြစ်ပါစေလို့
ဆုတောင်းပေးပါတယ်..မရေ..
လသာညဖြစ်ပါတယ်..ဆိုတဲ့
ကောမက်လေးကိုလွမ်းနေမိမှာပါ...

မိုးစက်ပွင့် said...

လသာညလေး ...အဆင်ပြေရဲ့လား... ငလျင်ရက်က ခရီးရက်ရှည်သွားနေလို့ အခုမှပဲ မေးဖြစ်တော့တယ်...

မောင်သီဟ said...

အားလုံးအဆင်ပြေချောမွေ့ပါစေဗျာ
ကျော်ဖြတ်နိုင်ပါစေ
မင်္ဂလာနှစ်သစ်ပါး)

rose of sharon said...

သူငယ်ချင်းလေး.... အဆင်ပြေပါစေနော်.... သတိရနေမယ်...

သိင်္ဂါကျော် said...

ပြန်လာမယ့် အချိန်ကို မျှော်နေပါ့မယ်..
အဆင်ပြေပါစေ..