Monday, July 4, 2011

မှတ်ဥာဏ်နှုန်းထားက ဘယ်အသက်အဆင့်လဲ

ဟိုတလောကက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ သူကပြုံးစိစိနဲ မေးတယ်.. ဒီမယ် အစ်မကြီး စာကျက်လို့ မှတ်လို့ အကောင်းဆုံးအရွယ်က ဘယ်အရွယ်လဲ သိပါတယ်နော်.. တဲ့။ သူနဲ့တွေ့တိုင်း ကွန်ပျူတာနား သို့မဟုတ် စာအုပ်ပုံကြား ရှိနေတတ်တဲ့ ကျွန်မကို “နင်က အခုထိ စာကျက်နေတုန်းပဲလား..။ ဘွဲ့တွေယူရင်း မြန်မြန် ဆံပင်ဖြူမယ့် အဖွားကြီးလောင်းလျာ” လို့ အမြဲနောက်တတ်သူပါ။

သူပြောတာလည်း ဟုတ်နေတော့ ကျွန်မ ရယ်ပြီး ပြန်ပြောမိတယ်။ ဟဲ့ ငါက စာကျက်ရတာ ၀ါသနာပါလို့ပါနော်.. လို့ (တကယ်က စာဆိုရင် စာလေးရော စာကြီးရော ကျက်မှတ်ရတဲ့ဘ၀ကို မလိုချင်တော့..။ ကျောင်းသားဘ၀ကို မြန်မြန်ကျွတ်ချင်လှပါပြီ.. ဟူးးးး )

သူငယ်ချင်းပြောသလိုပဲ တကယ်လို့များ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းကို အသက်အရွယ်နဲ့ပဲ သတ်မှတ်ပြောကြေးဆိုရင်တော့ ပညာရှင် Thorndikeက သုတေသနတစ်ခုနဲ့ အခိုင်အမာဆိုထားတာ မှတ်သားဖူးတယ်.. ။

ပညာရှင် Thorndikeရဲ့အဆိုအရ. ပုံမှန်လူတစ်ယောက်ဟာ..

၁) အသက် ၈ နှစ်မှ ၂၀နှစ် အတွင်းမှာ အကြောင်းအရာအသစ်တစ်ခုကို များများနဲ့ မြန်မြန် သင်ယူနိုင်စွမ်းရှိတယ်..။

၂) အသက်၂၀ နောက်ပိုင်းမှာ မှတ်ဥာဏ်အား ဖွံဖြိုးမှုအရှိန်နှေးလာပေမယ့် ဆက်တော့ဖွံဖြိုးနေမှာဖြစ်ပြီး အသက် ၂၅ နှစ်မှာ မှတ်ဥာဏ်အား အကောင်းဆုံး (peak) ဖြစ်တယ်..။

၃) အသက်၃၅ နှစ် နောက်ပိုင်းမှာတော့ မှတ်ဥာဏ်အား ဆုတ်ယုတ်စပြုလာပြီး အသက် ၄၅နှစ် ရောက်ချိန်မှာတော့ သူ့မှတ်ဥာဏ်အား peak အခြေအနေမှ ၂၂ % လျော့ကျနေပြီး ဖြစ်ပါတယ်..။

၎) အသက် ၅၀ရှိ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းသည် အသက် ၁၅ နှစ်သားရဲ့ မှတ်နိုင်စွမ်းလောက် ကျန်နိုင်ပါတယ်။

၅) အသက်၇၀ ရှိ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းကတော့ ပုံမှန် ကလေး ၁၀နှစ်သားရဲ့ မှတ်နိုင်စွမ်းနဲ့ တူနိုင်ပါတယ်..

ကဲ.. ကျွန်မရဲ့ သူငယ်ချင်းများရော လက်ရှိ မှတ်ဥာဏ်နှုန်းထားက ဘယ်အသက်အဆင့်များ ရှိနေပြီလဲ ..ဟင် ။ ကျွန်မလား.. ကျွန်မကတော့ အခု မှတ်ဥာဏ်အား ဆုတ်ယုတ်စပြုနေပြီ။ ဒါကြောင့် အခု စာမကျက်ချင်တော့ဘူး၊ ဘလော့ပဲ ထိုင် ဘလော့ချင်တော့တယ် (^0^)/
………………………………………………………….

မှတ်ချက်။ ။ တကယ်တော့ အကြောင်းအရာတစ်ခုကို သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းသည် အသက်အပိုင်းအခြား တစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ အသက်အရွယ်အပြင်၊ အကြောင်းအရာပေါ် လိုက်ပြီး ယောက်ျားမိန်မ မှတ်နိုင်စွမ်းကွဲပြားမှု၊ တစ်ဦးချင်းစီ၏ ဥာဏ်ရည်၊ ဗီဇ၊ ကာယကံရှင်၏ သင်ယူလိုစိတ်၊ ထိုသူ၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု စသည့်အပေါ်တွေမှာလည်း မှုတည်နိုင်ကြောင်းပါ..တဲ့။ ဗဟုသုတပေါ့နော်..

လသာည ဖြစ်ပါတယ်…

21 comments:

ShwunMi- said...

ဟုတ်တယ်နော်.. အသက်အပြင် အကြောင်းအရာတွေဘာတွေနဲ့လည်း ဆိုင်မယ်ထင်တယ်။
ညီမဆို မှတ်မိပြီးသား အကြောင်းအရာကို ရုတ်တရက် အမြန်စဉ်းစားဆို အစပျောက်နေတတ်တယ်။
မှတ်ဥာဏ်ကောင်းအောင် ကြက်ဥများများစားရမယ်.. =)

ကျော်နှင်းဆီလွင် said...

မညရေ
မှတ်စရာတွေရှိရင်နောက်၅နှစ်မကျော်ခင်မှတ်ထားမှလို့ တွေးလိုက်မိတယ် :D
လွမ်းတဲ့ညီမ

ကိုကိုမောင်(ပန်းရနံ့) said...

ဒါဆို အချိန်မနှောင်းသေးဘူး။ ကြိုးစား ကျက်မှတ်ထားမှ။း))))

ခင်မင်လျက်

mstint said...

ဘလော့ဂ်စရေးမိလို့ တော်သေးတယ်နော် အသက် (၇၀) မရောက်ခင် အန်တီ့ရဲ့ အထုပ္ပတ္ထိလေးထားခဲ့မှ ဖြစ်မယ်း)
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တောက်ပကြယ်စင် said...

တကယ်တော့ အကြောင်းအရာတစ်ခုကို သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းသည် အသက်အပိုင်းအခြား တစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ အသက်အရွယ်အပြင်၊ အကြောင်းအရာပေါ် လိုက်ပြီး ယောက်ျားမိန်မ မှတ်နိုင်စွမ်းကွဲပြားမှု၊ တစ်ဦးချင်းစီ၏ ဥာဏ်ရည်၊ ဗီဇ၊ ကာယကံရှင်၏ သင်ယူလိုစိတ်၊ ထိုသူ၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု စသည့်အပေါ်တွေမှာလည်း မှုတည်နိုင်ကြောင်းပါ..

မလသာပြောတာ ရာနှုန်းပြည့် ထောက်ခံပါကြောင်း
ရေးမှတ်ရေးထိုးသွားပါသည်။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

seesein said...

သြ အသက် အသက် စကားမစပ် လလ အဲဒါက ဘယ်သူလဲဟင်! စစတော့ မသိဘူးရယ်
အသက် ၅၀ မှတ်နိုင်စွမ်း =အသက် ၁၅ နှစ်
အသက်၇၀ မှတ်နိုင်စွမ်း = ၁၀နှစ်သား
ဆုတ်ယုတ်နေလဲ ပူပါနဲ့လေ စာအရ အပေါ်က အီကွေးရှင်း နှစ်ကြောင်းထွက်လာတော့ အားရှိစရာပေါ့
လလက ဒါဆို ၁၆နှစ်သမီးလေးနေမှာ နောက်စ်)

ခင်မင်တဲ့
seesein

Unknown said...

မလသာညရေ။
မှတ်ချက်ကိုထောက်ခံသလို save side ယူတဲ.အနေနဲ. ၃၅နှစ်မပြည်.ခင် များများမှတ်မှ။ :)

Shinlay said...

ကျေးဇူးပါပဲ။ သိသင့်တာလေးတွေသိရလို့ ။

လသာည said...

ဟုတ်.. အားလုံးကို ကျေးဇူးတင်ပါတယ်း)

သဒ္ဓါလှိုင်း said...

မှတ်သားစရာလေးပါ မလသာ။
နေကောင်းတယ်နော်။ သတိရနေပါတယ်။
စာတွေအမြဲကျက်နေရင် မြန်မြန်ခေါင်းဖြူလာမယ်တဲ့နော်။
ချစ်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ယောင်းယောင်းရေ
ဝမ်းသာစရာနော် တို့မှတ်ဥာဏ်က ၁၀နှစ်သားမှတ်ဥာဏ်လောက်တော့ ကျန်နေသေးလို့
ကိုယ့်ကိုယ်ကို ဒီလောက်တောင် မကောင်းတော့ဘူး မှတ်နေတာ
ဘာလို့ဆို သူများဆီက ပိုက်ဆံချေးပြီးရင် ပြန်ပေးဖို့ လုံးလုံးကို သတိမရတော့ဘူးဖြစ်နေတာ
ဒါကြောင့် ကိုယ့်ကိုယ်ကို မှတ်ဥာဏ်လုံးဝမကောင်းတော့ဘူးဘဲ ထင်နေတား)
စကားမစပ်.. ပိုက်ဆံနည်းနည်းချေးပါး)

Anonymous said...

ma nya yay,

my memory is???????

အမည်မဖော်လိုသူ said...

ဒါဆို ဟိုလူကြီးက အသက် ၇၀ဆိုတော့ ၁၀နှစ်သားမှတ်ဥာဏ်နဲ့ တနိုင်ငံလုံးကို ဗိုလ်ချူပ်မှူးကြီးလုပ်ပြီး အုပ်စိုးနေတာပေါ့။ အောင်မငီး သွားပါပြီဗျာ။

မအိမ်သူ said...

မအိမ်သူက စာတော့မကျက်ချင်ဘူး ဒါပေမဲ့ ကျောင်းတော့တက်ချင်တယ်။ စာကျက်တာတို့ စာမေးပွဲဖြေတာတို့တော့ လုပ်ချင်တော့ဘူး။ ဘယ်အရွယ်ဘဲဖြစ်ဖြစ် သင်ယူခွင့်ရသလောက်ကိုတော့ အမြဲတမ်း သင်ယူနေချင်ပါတယ်။ သင်ယူနေသရွေ့ မှတ်ဉာဏ်ကလည်း ထက်သင့်သလောက် ထက်နေမှာပါဘဲ။ အသက်ကိုတော့ မေ့ထားလိုက်ပေါ့နော.. ;P

SHWE ZIN U said...

လသာည ရေ

ရွှေစင်ဦး ကတော့ မှတ်ဥာဏ် အကောင်းဆုံး အရွယ်ဘဲ တော်သေးတယ် စောစောစီးစီး ရေးထားလို့


ရွှေစင်ဦး

Anonymous said...

လသာညလေးရေ

တို့ မှတ်ဥာဏ်ကတော့ ဆယ့်ခြောက်နှစ်တရက်လျော့ နဲ့ တူတူပါပဲကွယ် :-))))

မိုးစက်ပွင့်

moe thida said...

ဒါဖြင့် အိုင်းစတိုင်းကျတော့ရော။ --- သူကတော့ စူပါ အမေ့သမားလို့တောင် ပြောလို့ရတာရော။

sosegado said...

Thorndikeရဲ့အဆိုမှာ ချို့ယွင်းချက်တော့ ရှိမယ်ထင်တယ်၊ အသက်နဲ့လဲဆိုင်သလို ဂျင်းစ်နှင့် တစ်ယောက်ချင်းစီနဲ့လည်းဆိုင်ပါတယ် အမှတ်တော်တဲ့ အဘိုးကြီးတွေ၊ ရှိသလို တော်တော်ညံ့တဲ့ လူငယ်တွေလဲရှိတယ်မဟုတ်လား။

မြစ်ကျိုးအင်း said...

ဘကြီးမြစ် အတွက်တော့ မှတ်ဥာဏ်အဖွင့်ဖြိုးဆုံး အရွယ်မှာ ရောက်နေပြီဆိုပါလား။း)

Anonymous said...

ကျွန်တော်ကတော့ မှတ်ညဏ်မကောင်းဖူးဗျာ့
း)

မောင်ဘကြိုင်
http://mgbakyaing.blogspot.com/

rose of sharon said...

ကိုယ့်မှတ်ဥာဏ်တွေကတော့ အရွယ်နဲ့မလိုက်အောင် ကျဆင်းနေပြီသူငယ်ချင်းရေ... ဝင်ငွေဘဲမှတ်မိပြီး ထွက်ငွေမမှတ်မိတာ အဆိုးဆုံးဘဲ...