Sunday, June 19, 2011

ချွေးနံ့ပြိုင်ခြင်း..

ကြံကြံဖန်ဖန် လူအိုနဲ့ လူပျို ချွေးနံ့ ပြိုင်ကြတယ်။ လူအိုဆိုတာက အသက်၆၀ကျော် အဖိုးကြီးတွေကို ဆိုလိုတာဖြစ်ပြီး လူပျိုဆိုတာကတော့ အသက်၂၀ ကနေ အသက်၃၅ ကြားရှိတဲ့ လူရွယ်လူလတ်တွေကို ပြောတာ..။

ပြိုင်ပွဲမလုပ်ခင် “အမျိုးသမီးများအနေဖြင့် လူပျိုနဲ့ လူအို ဘယ်သူက ချွေးနံ့ နံမယ်ထင်ပါသလဲ” လို့ စစ်တမ်းလိုက်ကောက်တော့ ဖြေဆိုသူ အရွယ်စုံ အမျိုးသမီးများရဲ့ ၇၀% ကျော်ကျော်က “လူအိုတွေက သိပ်နံပါတယ်။ ရထားထဲတို့ ဘတ်စ်ကားထဲမှာများ အဖိုးကြီးတွေနား ကပ်ထိုင်မိရင် သိပ်စိတ်ပျက်ရတာပဲ”လို့ ပြောပါသတဲ့…။

ဒီလိုနဲ့ အနံ့ပြိုင်ပွဲကို ပြုလုပ်ပါတယ်။ ရုံးဆင်းချိန် ညနေမျိုးမှာ ချွေးနံ့ပြိုင်ရင် ဝေခွဲရခက်မှာ စိုးလို့ မနက်ခင်း ၇ နာရီပတ်ဝန်းကျင်လောက်မှာ ပြိုင်ပွဲ လုပ်တယ်။ ချွေးနံ့ကို ဆုံးဖြတ်ပေးသူ ဒိုင်သူကြီးများအဖြစ် အသက် ၂၀ကနေ အသက်၃၅ အတွင်းက အမျိုးသမီးလေးတွေ ၇ ဦးပဲက တာဝန်ယူပါတယ်။

စည်းကမ်းအရ...

ပြိုင်ပွဲဝင် အမျိုးသားများအားလုံးဟာ ချိုင်းပြတ်စွပ်ကျယ်အင်္ကျီလေးတွေ ကိုယ်စီဝတ်ထားကြရပြီး၊ ရေမွှေးဆွတ်မလာရပါဘူး၊ ကားထဲမှာ စကားပြောခွင့် မရှိပါဘူး။ အနံ့ အကဲဖြတ် ဒိုင်လူကြီး အမျိုးသမီးများအနေဖြင့်ကတော့ မျက်လုံးကို ပုဝါထူထူစည်းပြီး လာရမည် ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် လူပျိုအဖွဲ့က ကားတစ်စီး၊ လူအိုတစ်ဖွဲ့က ကားတစ်စီးနဲ့ သတ်မှတ်ထားတဲ့ ကားမှတ်တိုင်မှာ စောင့်နေကြပါတယ်။ ဒီလိုနဲ့ သိပ်မကြာဘူး.. ဒိုင်လူကြီးတစ်ဦး..မျက်လုံးကို ပုဝါစည်းပြီး လူအိုတွေထိုင်နေတဲ့ ကားထဲကို ၀င်ထိုင်စေပါတယ်။ အဲဒီအချိန်ကစပြီး အနံ့ရှူခိုင်းပြီး ကားကို တစ်မှတ်တိုင်စာ (၂၀မိနစ်) မောင်းစေပါတယ်။ နောက်မှတ်တိုင်ရောက်တော့ ကောင်မလေးက ကားပြောင်းပြီး လူပျိုအဖွဲ့စီးတဲ့ ကားပေါ်မှာ ၀င်ထိုင်ပြီး အနံ့ရှူပါတယ်။ ဘေးကလည်း ဒိုင်လူကြီးရဲ့ အမူအယာ အပြောင်းအလဲကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ထားပါတယ်။

အဲဒီလို အမျိုးသမီးက နှာခေါင်းကို ပွစိပွစိလုပ်ပြီး သူ့ပတ်ဝန်းကျင်က အနံ့တွေကို ရှူနေတုန်း ပြိုင်ပွဲဝင် ၂ဖွဲ့ရဲ့ အမူအရာတွေက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်….

လူအိုအဖွဲ့ကဆို စိတ်အားငယ်သလိုမျိုး ကိုယ့်အဖွဲ့ကို နံတယ်ပြောပြီး ကောင်မလေး ထွက်ပြေးမှာစိုးလို့ အသက်တောင် မရှူမိသလောက် ကားရဲ့ချောင်ထဲဘက် ကိုယ်လုံးယိမ်းထိုင်ပြီး ငြိမ်နေကြတာတွေ့ရတယ်။ လူပျိုအဖွဲ့ကတော့ ယုံကြည်ချက်အပြည့်ရှိပုံနဲ့..။ (စာရှည်မှာစိုးလို့ အသေးစိတ် မရေးတော့ဘူး.....း)

ဒီလိုနဲ့… ပြိုင်ပွဲပြီးသွားပါတယ်...

ဒိုင်လူကြီး အများစုရဲ့ အဖြေကတော့..
“ ပထမကားမှာ ချွေးနံ့မရပါ၊ ကိုယ်သင်းနံ့လိုမျိုးနည်းနည်းတောင် ရသေးတယ်၊ ဒါကြောင့် လူပျိုအဖွဲ့ဖြစ်ရမယ်၊ ဒုတိယကားမှာတော့ ချွေးနံ့ကို သိသိသာသာရနေလွန်းလို့ သေချာပေါက် လူအိုအဖွဲ့ပါပဲလို့” ဟူသတဲ့။ ပြောင်းပြန်ကောက်ချက်တွေ ချသွားတာပေါ့နော်။ လူပျိုအဖွဲ့ မပြုံးနိုင်တော့… (@.@)

ဟုတ်ကဲ့.. အဲဒီနေ့ ပြိုင်ပွဲမှာ လူအိုနဲ့ လူပျို.. ရှစ် မဲ နှစ်မဲ နဲ့ လူပျိုက ချွေးနံ့ ပိုနံ့သူဆုကို အပြတ်အသတ် နိုင်သွားပါတယ်။ ကဲ..ဒီပြိုင်ပွဲရလာဒ်အရ လူပျိုတွေဟာ အဖိုးကြီးတွေထက် ချွေးနံ့ ပိုနံပါသတဲ့…..နော်…(^^)/။

ပြိုင်ပွဲကြီးကြပ်သူ ဆရာဝန်၏ အဆိုအရ ပျိုမျှစ်နုနယ်တဲ့အချိန်ဟာ ကျန်းမာသန်စွမ်း ပြေးလွှားနိုင်သလောက် ဘာဟိုမုန်း ညာဟိုမုန်းတွေကအစ ပိုထွက်တဲ့အတွက် ချွေးနံ့ ပိုနံရတာဖြစ်သလို၊ ဘဘအရွယ် ရောက်လာရင်တော့ အစစ ချို့ယွင်း အားနည်းလာချိန်ဆိုတော့ ချွေးနံ့ နံနှုန်း နည်းသွားတာ ဖြစ်ပါတယ်တဲ့..။

စစ်တမ်းကောက်တုန်းက အဖိုးကြီးဆို ပိုနံ့တယ်လို့ ထင်သူများဟာ စိတ်စွဲကြောင့် ဖြစ်နိုင်သလို နဂိုထဲက တကိုယ်ရည်သန့်ရှင်းရေး ပျင်းသူအဖိုးကြီးများနှင့် တွေ့သူများ ဖြစ်ပါလိမ့်မယ်လို့လည်း ထင်မြင်ချက်ကို ဆိုသွားပါတယ်..

ဒါကတော့ လွန်ခဲ့သော ၆ လက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လုပ်ခဲ့တဲ့ ပြိုင်ပွဲလေးပါ.. ။ ဗဟုသုတပေါ့..နော်။

လသာည ဖြစ်ပါတယ်။

20 comments:

ညိမ်းနိုင် said...

ဒိုင်လုပ်ရတဲ့ ကောင်မလေးတွေကိုပဲ သနားတယ်...:)
အင်း...ဒီအတိုင်းဆို ရေမွှေးတစ်ပုလင်းတော့ ပြေးဝယ်မှ..:)

SHWE ZIN U said...

လသာည ရေ

ပြိုင်ပွဲ ကလေးက စိတ်ဝင်စားစရာ ဒါနဲ့ မိန်းမ အဖွားကြီး တွေနဲ့ အပျိုလေး တွေ ဆိုရင်ရော ဘယ်သူ က ပိုနံ မလဲဟင်

စိတ်ဝင်စားသူ ဒိုင်လုပ်ချင်သူများ လသာည ထံတွင် စာရင်းပေးနိုင်သူ လို့ ကြေညာ လိုက်ရမလား

အပေါ်က မောင်လေး (ညိမ်းနိုင်) တို့တော့ ဒိုင်လုပ်ချင်တဲ့ အထဲ မပါဘူးထင်ပါတယ်

ရွှေစင်ဦး

SHWE ZIN U said...

ညီမ အမ မန့်ထားတာလေး ဘယ်ရောက်သွားလည်း တက်ရဲ့လားလည်း မသိဘူး

SHWE ZIN U said...

အင်း အမ မန့်ထားတာ မတက်ဘူး

အဖွားကြီး တွေနဲ့ အပျိုလေး တွေရော ဘယ်သူက ပိုနံမယ် ထင်လည်း

ပြိုင်ပွဲ ရှိရင် လသာည စီ ဒိုင်လုပ်ချင်တဲ့ သူတွေကို စာရင်းပေးခိုင်းလိုက်မယ်နော်

အပေါ်က မောင်လေး (ညိမ်းနိုင်) တော့ ဒိုင်မလုပ်ချင်ဘူးထင်တယ်

အမရွှေစင်

ညီမ အားရင် ဒီနေ့ညနေလာခဲ့လေ တခုခုသွားစားမယ်

Unknown said...

အမ ရေ...

အနားကပ်ရင်လည်း နံမယ် မကပ်ရင်လည်း... :) :-)

..... အမရေ.... ဗဟုသုတ အနေနဲ့ စုစည်းတင်ပြပေးအတွက် ကျေးဇူးပါ...

ခွန် said...

အဲ့အစီအစဉ် တီဗွီမှာ ကြည့်လိုက်ရတယ် အစ်မ.... :D

သူကြီးမင်း (တုံးဖလား) said...

အမလသာည..
နောက်တစ်ခါဆို အဖွားအိုနှင့်အပျိုမလေးတွေ ချွေးနံ့ပြိုင်ပွဲ အကြောင်း ရေးဦးနော်။ စိတ်ဝင်စားလို့။ အဟီးး။

အဲဒီ အချိန်က အမလသာညလဲ ၀င်ပြိုင်ပေါ့။း)))

ခင်မင်လျက်

လသာည said...

:D မိန်းမပျိုနဲ့ အဖွားအိုတွေလည်း ပြိုင်ပွဲလုပ်ပါတယ်။ ချွေးနံ့ပြိုင်ပွဲတော့ ဟုတ်ဖူး။ နံ့သာလူး ပြိုင်ပွဲတဲ့..။ ကဲ ဘယ်သူနိုင်မယ်ထင်ပါသလဲ (^0^)/

Wasser said...

တိဘူး။ လတာည ဘဲ ကြောကြ။ :D :D
ပို့စ်လေး ရေးတင်ပေးတာ ကျေးဇူး။ ဖတ်လိုက်ပြီ။
စာကြိုးစားနေတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟေးဟေး
ဒီလိုတဲ့လား
ဒါဆို ကားစီးရင် လူပြိုတွေနား ကပ်မထိုင်တော့ဘူး
အဖိုးကြီးတွေနားဘဲ ထိုင်တော့မယ် ခိခိ

seesein said...

ချောချော အနံ့တမျိုးထဲနဲ့ မဆုံးဖြတ်နဲ့လေ

လလနော် စစဘော်ဘော်တွေ အတွေးတွေ ပြောင်းကုန်တာ လလမှာ တာဝန်ရှိတယ်နော


ခင်မင်တဲ့
seesein

ShwunMi- said...

:) မိတ်ကပ်လူးပြိုင်ပွဲ ဆိုရင်တော့ ညီမပါလို့ မဖြစ်ဘူး.. အဖြစ်က မိတ်ကပ်လူးထားရင်တောင် မမြင်ရဘဲ ချွေးပျံနေလို့ =)

မမညည အစစအဆင်ပြေပါစေ..

Anonymous said...

နံ့သာလူးပြိုင်ပွဲဆိုရင်လည်း ဖွားဖွားကြီးတွေပဲ ပိုမွှေးမယ် ထင်တာပါဘဲ... မိုးစက်တို့ ဖွားဖွားရှိတုန်းက နံ့သာဖြူ၊ ကရမက်တွေ လိမ်းတတ်လွန်းလို့ အနားမှာထိုင်ထိုင်ပြီး မွှေးခဲ့ဖူးတာမို့လေ...

မိုးစက်ပွင့်

မယ့်ကိုး said...

အပေါ်က မရွန်းမိပြောတာရော မမိုးစက်ပွင့်ပြောတာရော ထေက်ခံပါတယ် :P

rose said...

ကြံကြံဖန်ဖန် ပြိုင်ပွဲ အကြောင်း လာဖတ်ပြီး ပြုံးမိတယ် အစ်မလသာညရေ... ခိခိး))

Myanmar Good Knowledg Co., Ltd said...

အဲလိုမလုပ်ရဘူး
အပျိုလေးနဲ့ ခလေးအမေ။
ကောင်မလေးနဲ့ အဖွားကြီး။
ပြိုင်ပွဲမလုပ်လဲရပါတယ် လလရယ်။

တို့ကတော့ ပြိုင်ပွဲမပါတော့ပါဘူး။

ပြိုင်လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေးတဲ့။

း)

တောက်ပကြယ်စင် said...

အင့် ချွေးနံ့ပြိုင်ပွဲတဲ့။ ဟား ဟား...ဗဟုသုတမျှဝေပေးတဲ့ မလသာညကို ကျေးဇူးအထူးတင်ကြောင်း။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

mstint said...

မကြုံဖူး မကြားဖူးသေးတဲ့ ပြိုင်ပွဲတစ်ခုအကြောင်း ဗဟုသုတ ယူသွားပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kiki said...

ကြံကြံဖန်ဖန် ရွှေဂျပန်တို့ ရယ်...
များတို့ ရွှေပြည်ကြီးမှာ ဘတ်စ်ကားတိုးခွေ့ ပြွတ်သိပ်စီးနေကြတဲ့
နေရာမှာမှ လာပြီး ဒိုင်လူကြီး မလုပ်ကြပဲကိုး..ဟိုးဟိုး..

လသာည ..အဲ့ဒီ ဒိုင် လုပ်တုံးက ဘယ် ဖက်ကို မဲထဲ့ခဲ့တာလည်းဟင်.. တိုးတိုးလေး ပြန်ဖြေနော်..သိလား..

ခင်တဲ့ မကိ ။

Anonymous said...

ဟိဟိ လူပျိုဆိုပေမယ့် တားက လူပျိုတေးတေးလေးဆို တော့ ချွေးနံနံဝူးရယ် ဟိဟိ
း)
း)
မောင်ဘကြိုင်
နေပြည်တော်မှရေမွှေးဆွတ်လာသည်း)