Tuesday, September 3, 2013

ဘလော့ဂ်ဒေးနေ့က ဘလော့ဂါသမီး

အဲဒီနေ့က မမရွှေစင်၊ ချစ်သော ရိုစ် နဲ့ ညီမလေးမယ့်ကိုးက ဘလော့ဂ်ဒေး ဆိုတာကို ပြောနေတာကို ဖေ့စ်ဘုတ်မှာ တွေ့လိုက်ရတော့ ဘလော့ဂါသူငယ်ချင်းများနဲ့ ဘလော့ဂ်ချိန်တွေကို ပြန်သတိရပြီး အင်တာနက်တက်ချိန်မှာ တွေ့သမျှ ဘလော့တွေကို လိုက်ဖတ်ဖြစ်တယ်။ ကွန်မန့်ပေးလို့ တန်းရတာလည်း တန်းပေး၊ မရတာလည်း အလွမ်ပြေဖတ်ပြီးပြီးမို့ ဒီတိုင်းပြန်လာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်တော်လေး အလွမ်းပြေသွားတယ်။

အဲဒီအချိန်မှာ ကျွန်မသမီးလေးက အနားလာပြီး သူလည်း အဲလိုရေးချင်တယ်လို့ ပြောလာပါတော့တယ်။ စိတ်ထဲက ပြုံးလိုက်ပြီး လုပ်ဟ ငါ့သမီးကတော့ ဇာတိကတော့ ပြပြီ။ ဘလော့ဂါသမီး ပီသပါပေရဲ့လို့...။

သူကတော့ ခပ်တည်တည်ပါပဲ။ သူရေးနေကျ လေးကြောင်းမျဉ်းစာအုပ်လေး ထုတ်လာပြီး စာရေးပါတော့တယ်။ လက်ထဲမှာလည်း ကျွန်မအရင်ရေးဖူးတဲ့ ပိုစ်တွေထဲကနေ ဂျာနယ်ထဲ ပါသွားတဲ့ "၅ နှစ်သားအရွယ် လူရွှင်တော်" ပါတဲ့ ဂျာနယ်ကို (reference လုပ်သလိုလို) ကိုင်လျှက်သား။

"နေ့တိုင်း 
မေမေက ထမင်းကျွေးပါသည်။ မေမေရဲ့ ကျေးဇူးများပြားလှပါသည်။ တနေ့မှာ မေမေနဲ့သမီးနဲ့ ဈေးသွားတဲ့အချိန်မှာ မမပါ ပါလာပါသည်။ ဈေးထဲမှာ အသား၊ ငါး၊ အသီးအရွက် ရှိပါသည်။ ဈေးတွေ အများကြီးဝယ်ပြီး အရမ်းကို ပျော်ရွှင်ခဲ့ရပါသည်။ ကျွန်မတို့ အိမ်ပြန်သောအခါ ဖေဖေက လာကြိုပါသည်။ ညရောက်သောအခါ မေမေနဲ့ ထမင်းအတူတူ စားပါသည်။  တနေ့မှာ မေမေ ကျောင်းသွားတုံးအချိန်မှာ ကျွန်မ ကျူရှင်သွားပါသည်။ ကျူရှင်က ပြန်လာတဲ့အချိန်မှာ ကျွန်မ အိမ်စာလုပ်ပါသည်။ အိမ်စာ လုပ်ပြီးသောအခါ ကျွန်မ ညစာစားပါသည်။ မေမေနှင့် ကျွန်မ အရမ်းပျော်ခဲ့ရပါသည်။"

အောက်က ပုံကတော့ သူရေးထားတဲ့ အော်ရယ်ဂျင်နယ် ပို့စ်ပါပဲ။

 ပြီးတော့ သူနဲ့အတူနေဖို့ ခေါ်ထားတဲ့ အစ်မကိုလည်း သူပြောတဲ့အတိုင်း ရေးပါဆိုပြီး သူက ဆရာကြီးလုပ် ရေးခိုင်ပါတယ်။

သူလုပ်ချင်တာ၊ သူဖြစ်ချင်တာ၊ သူခံစားတာကို စိတ်ကူးတည်ရာ ရေးနေတာကတော့ တကယ့်ကို ဘလော့ဂါ ပီသလိုက်တဲ့ ဘလော့ဂါသမီးပါပဲ....။ ရေးလည်း ပြီးရော မေမေ သမီးသူငယ်ချင်းတွေကို သမီးစာရေးတာ ပြချင်လို့ မြန်မြန်ခေါ်ပါ။ မုန့်လည်း ကျွေးလိုက်ပါဦး လို့ ပူဆာပါလေရော...။

သူအတင်းပူဆာလို့ ဘလော့ပေါ်တင်(ပေးရ)မယ့် သူ့စာလေးကို ဖတ်လိုက်၊ မုန့်လေးစားလိုက် ဘာကိုပျော်ပြီး ဘာကို သဘောကျမှန်း မသိ တခိခိ သဘောကျနေကြတဲ့ သမီးနဲ့ သူ့သူငယ်ချင်း နှာချီးတွဲလောင်းတွေကို ကြည့်ရင်း..။

အော်... ငါတော့ ကျန်ခဲ့ပြီ ထင်ပါရဲ့လို... 

ခံစားသူ-လသာည ဖြစ်ပါတယ်။

20 comments:

PhyoPhyo said...

ဘလောဂ့်ဂါ မမညည မီးမီးလေး အသက်အငယ်ဆုံးဘလောဂ့်ဂါလေးဖြစ်လာလိမ့်မယ်။
ချစ်စရာလေး။ အမေချစ် သမီးလေး။ ဖေဖေ ကို တစ်ခါပဲရေးထားတယ်။

မယ့်ကိုး said...

ိချစ်ဖို့ကောင်းလိုက်တဲ့ သမီးလေး။ မမလိုပဲ စာရေးဆရာဖြစ်မှာ <3

SHWE ZIN U said...

မုံကျွေးပြီး စာဖတ်ခိုင်းတယ်တဲ့ ဟဲဟဲ ... ဘလော့ဂါ သူငယ်ချင်းနဲ့လည်း တူသွားပြီ ... ကော်ဖီတိုက်ပြီး စာဖတ်ခိုင်းတာလေ ... လက်ရေးလေးကလည်း လှလိုက်တာ .. သမီး သိပ်တော်တယ် လို့ ပြောပေး ညီမ


ချစ်တဲ့
အမရွှေစင်

လသာည said...

ဖြိုးရေ.. ဟုတ်တယ် သူက မေမေရှေ့ဆို မေမေချစ်၊ ဖေဖေ့ရှေ့ဆို ဖေဖေချစ်လေ :D

မယ်လေး.. မမက စာရေးဆရာမဟုတ်ပေမယ်။ မယ်လေးတို့လို တီတီစာရေးဆရာတွေ ရှိနေတာ အတုယူလိမ့်မယ် :D

ဟုတ်မမ။ သူက အခုကို သွားဖြီးလေးနဲ့ လာဖတ်နေပြီ :D

ဘုန်းတောက် said...

သမီးလေးက အလိမ္မာလေးနော်...
မတွေ့တာလည်း ကြာပေါ့ လသာညရေ...
မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ...

rose of sharon said...

ချစ်စရာကောင်းပြီးအရမ်းတတ်တဲ့သမီးလေး.... သူငယ်ချင်းလေးရဲ့အမောပြေလေး...

လသာည said...

ဘုန်းတောက်..

မတွေ့တာတောင် ကြာပြီနော်။
ဘုန်းတောက်လည်း ကျန်းမာရွှင်လန်းပါစေ။

ရိုစ်..
ဟုတ်ပါ့ သူက တကယ့် အမောပြေလေး လေ ..။

စံပယ်ချို said...

သမီးလေးလား.......ချစ်စရာကောင်းပုံလေးပါပဲ အားလုံးပြောသလိုအမေလို စာရေးဆရာမဖြစ်မှာပါ

သိ င်္ဂါ ရ said...

ကလေးတစ်ယောက် ရဲ့ ပင်ကိုယ် သဘာဝ နဲ့ ... စူးစမ်းစိတ် ၊ တက်ကြွမှု ... ရိုးရှင်းမှု ... :)

လသာည said...

စံပယ်.. ကျေးဇူးပါ။ သူ့အမေက စာရေးဆရာမတော့ ဟုတ်သေးပါဘူး ကွာ .. :D

သိင်္ဂါရ...
ကျေးဇူးနော်။ မတွေ့တာကြာပြီ။ အဆင်ပြေ နေကောင်းရဲ့လား

ဟန်ကြည် said...

ဟိုက်ရှားဘားစ်...

တောက်မဲ့မီးခဲကလေးရ ထိန်ထိန်ညီး ချင်းချင်းကို ထလို့ပါလား...စီကာပတ်ကုံးရေးပြလိုက်တာများ တကယ့် အကျအန...

ကိုင်းဗျား...အနှီပိစိ ဘလော့ဂါလေး ဘလော့ရွာထဲ ရောက်လာမယ့်ရက်ကို ဘိုးဘိုးဘလော့ဂါကြီးတွေ ၀မ်းသာအားရ စောင့်မျှော်နေကြောင်း ပြောပေးလိုက်ပါဦးဗျား...း)

လသာည said...

ဆရာ.. ကျေးဇူးတင်ပါတယ်။ တကယ်ပဲ ဘလောဂါဖြစ်မလား၊ အမေလို့ပဲ ဟိုမရောက်၊ ဒီမရောက်ဖြစ်မလား :D

Crystal said...

ဘလော့ဂါမေမေနဲ့ ဘလော့ဂါသမီးလေးတို့ ချစ်စရာ :)

လသာည said...

ကျေးဇူး ညီမလေး ခရစ္စတယ်လ်

ရွှေအိမ်စည်မေ said...

ဒီ ဘလော့ဂ်လေးကို ခုမှရောက်မိတယ်..။
သမီးလေး ရေးထားတာလေးဖတ်ပြီး ချစ်လိုက်ရတာ
စာပေ၀ါဿနာပါဦးမယ့် ကလေးလေး :))

လသာည said...

ကျေးဇူးအရမ်းတင်ပါတယ် ညီမလေး ရွှေအိမ်စည်..။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

သမီးလေးက ချစ်စရာ။ ငယ်ရွယ်စဉ်ကတည်းက စာအုပ် စာပေနဲ့ ရင်းနှီးလာခဲ့ရင် ကြီးလာတဲ့အခါ စာရေးဆရာမကောင်းတစ်ယောက်ဖြစ်မှာ အသေအချာ။ နောက်လည်း သူ အဲသည်လိုရေးတာလေးတွေ တင်ပါဦးနော်။

ချစ်ခင်လျက်
မြတ်

လသာည said...

သူလေး ၀ါသနာပါရင်တော့ အားပေးရမှာပေါ့ :)

မြတ် ..ကျေးဇူးတင်ပါတယ်။

Anonymous said...

ဟယ်...ခုမှလာဖတ်တာ..
တတ်လိုက်တာတော်...

တို့လည်း မီးမီးလေးမွေးထားတယ်..ခု ၁လနဲ့ ၇ ရက်ရှိပီ...


မြတ်နိုး

လသာည said...

တကယ်လား..။ အိုမဲဒဲတိုး... <3

ချစ်စရာလေး နေမှာနော်း)