Saturday, July 4, 2009
Taylor Swift- love story
We were both young when I first saw you
I close my eyes and the flashback starts
I'm standing there on a balcony in summer air
See the lights, see the party, the ball gowns
See you make your way through the crowd
And say hello, little did I know
သီချင်းစာသားအပြည့်အစုံက ဒီမှာရှိတယ်။
ဒီမှာလည်း တမျိုးလေး
ရှင်ဖုန်းစတိုင်လေးကို ကြိုက်သလို Taylor Swiftစတိုင်ကိုလည်း ကြိုက်တယ်။ အရမ်းကောင်းတယ်။
နားထောင်ကြည့်လိုက်။ ကြိုက်သွားမှာ သိပ်သေချာတယ်။ :P
တနေ့တာအမောများပြေပျောက်ပါနိုင်ပါစေ။
လသာညဖြစ်ပါသည်။
Friday, July 3, 2009
Table နှစ်ခုမှ ရသော အတွေးများ
Developmental psychology မှ life span အကြောင်းလေ့လာရင်း ဒီtable နှစ်ခုကို တိုက်ဆိုင်စွာ တွေ့ရှိဖတ်လိုက်ရပါတယ်။ ၁၉၉၂ခု နှစ်က မှတ်တမ်းတွေပါ။ Table 1.1 အရ သမိုင်းဦးလူသားတွေရဲ့ သက်တမ်းက ၁၈နှစ်.။ ရှေးဦးဂရိလူမျိုးတွေရဲ့အသက်ကလည်း နှစ်၂၀ ပဲ ရှိခဲ့ပါတယ်။

ဒီဇယားအရဆိုရင် သက်တမ်းဟာ ကြာလေ ရှည်လေ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား.လို့ အတွေးနယ်ချဲ့ဖြစ်ပါတယ်။

ဒုတိယပုံကတော့ မျိုးစိတ်အသီးသီးရဲ့ သက်တမ်းပါ။ လူရဲ့ အရှည်ဆုံးသက်တမ်းကို နှစ်၁၂၀အထိ သတ်မှတ်ထားပြီး အိမ်ခွေးတစ်ကောင်ဟာ နှစ်၂၀ ။ အိမ်ကြောင်တစ်ကောင်ဟာ နှစ်၂၇ ။ ကြွက်တစ်ကောင်ဟာ သုံးနှစ်။ တခါမှ မကြားဖူးတဲ့ ဗဟုသုတတွေပါပဲ။
ဒီ ဇယားအရ အခုအချိန်မှာ လူ့သက်တမ်း(အရှည်နိုင်ဆုံး) ဟာ အနှစ် ၁၂၀ အဖြစ်သတ်မှတ်ထားရင် နောင်ဆို ပိုရှည်လာနိုင်သလား၊ ဒါမှမဟုတ် ပြန်ဆုတ်ယုတ်သွားနိုင်မလား တွေးစရာပါပဲ။
ကျွန်မကတော့ သမိုင်းခေတ်က လူမျိုးတွေရဲ့ ကလေးဘ၀ကိုပဲ စဉ်းစားမိပါတယ်။ လူ့သက်တမ်းက ၁၈နှစ် ဖြစ်ခဲ့ရင် ကလေးတွေ ဘယ်အရွယ်ထိ ကစားခွင့် ရှိနိုင်မလဲလို့ ၊ ဘယ်အရွယ်အထိ ကလေးအဖြစ် ရပ်တည်ခွင့်ရှိမလဲ လို့ တွေးမိပါတယ်။ ကျောင်းနေပညာရေးမရှိပေမဲ့ အသက်ရှင် ရပ်တည်နိုင်ဖို့ သူတို့လည်း အတတ်ပညာတော့ ဆည်းပူးရမှာပဲ။
တစ်ခုတွေးမိတာက အခုခေတ်ကလေးတွေထက်စာရင် ကျောက်ခေတ်ကကလေးတွေကမှ ကလေးဘ၀ကို ပြည့်ပြည့်၀၀ ပျော်ရွှင်ခွင့်ရခဲ့ကြမလားမသိဘူးလို့ပါ။
အခုခေတ်ရဲ့ ကလေးဘ၀က ဘယ်အရွယ်အထိဖြစ်မလဲ။ အရင်က ကျောင်းသားဘ၀နှင့်ဆုံးဖြတ်ကြပါတယ်။ ကျောင်းသားဘ၀က ကလေးဘ၀။ ကျောင်းပြီးလို့ အလုပ်တဲ့ အချိန်မှစပြီး လူကြီးဘ၀ခေါ်ကြပါတယ်။
အခုခေတ်မှာ ကလေးဘ၀ကို ကျောင်းသားဘ၀နှင့် ဆုံးဖြတ်ရရင် ၁၈-နှစ်? ကျောင်းမပြီးသေးပါ။ ၂၅ နှစ်? ကျောင်းမပြီးသေးပါ။ ၃၅ နှစ်? ကျောင်းမပြီးသေးပါ။ adult education, lifelong education ဆိုပြီး အသက်သာကြီးသွားပေမဲ့ ကျောင်းသားဘ၀က မပြီးသေးပါ။ ကလေးကြီးဘ၀နှင့် လေ့လာရဆဲ...။
ကလေးဘ၀ကို ကျောင်းသားဘ၀နဲ့ သတ်မှတ်လို့ မရပေမဲ့ ယခုခေတ်မှာတော့ ကလေးဘ၀ဆော့ကစားချိန်က ရှားပါးနေပါပြီ။ information age/ knowledge age မှာ အမှီလိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေရတာ သင်တန်းပေါင်းစုံ။ ကျူရှင်ပေါင်းစုံနဲ့ပေါ့။ လွန်ခဲ့တဲ့ ၁၀နှစ်က အထက်တန်းကျောင်းသားဘ၀နှင့် အခုအထက်တန်းကျောင်းသားဘ၀ အခြေအနေက မတူတော့ဘူး။ ၃နှစ်အရွယ်ကလေးငယ်တောင် အင်္ဂလိပ်စာအဆင့်မှီအောင်ဆိုပြီး ILBC လိုနေရာမျိုးတွေမှာအပ်နေရပြီ။ နောက်.. မူကြိုကလေးတောင် ကျုရှင်ထားရတဲံ ခေတ်ကို ရောက်နေပြီ။ (နောက်ဆို ဘယ်အရွယ်ကစပြီး ကျူရှင်ထားရမလဲမသိဘူးရယ်။)
ဇယား-၁ နှုန်းအရ နောင်မှာ သက်တမ်းကလည်း ပိုရှည်ချင် ရှည်လာဦးမယ်။ ကျောင်းစာကိုလည်း မွေးကတဲကလည်း သင်ချင်သင်နေရမှာ။ မသေမချင်းကလည်း lifelong educationကလည်း သင်ယူရဦးမယ်။
တဖက်က တွေးကြည့်ရင်လည်း ကလေးဘ၀ကတဲက စောစောစီးစီး ပညာသင်ယူလာရလို့ ကြာကြာသင် များများသင်ရလို့ တခေတ်ထက်တခေတ် ပိုပြီးခေတ်မှီတိုးတက်လာရတာလားဆိုတာလည်း. တွေးစရာပါ။
ဒါပေမဲ့ ခေတ်မှီတိုးတက်တာနဲ့ အမျှ ဘယ်မလဲ ကလေးဘ၀ရဲ့ လွတ်လပ်စွာ ကစားချိန်၊ စိတ်တိုင်းကျ စူးစမ်းချိန်၊ တွေးချိန်.. ???? ။
ဟူးး ဒီလိုအတိုင်းဆို နောက်generation တွေရဲ့ ဘ၀က...........။
အတွေးများ မောသွား၏။
အတွေးသက်သက်ပါ။ ပျော်ရွှင်ပါစေ။ လသာည ဖြစ်ပါသည်။

ဒီဇယားအရဆိုရင် သက်တမ်းဟာ ကြာလေ ရှည်လေ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား.လို့ အတွေးနယ်ချဲ့ဖြစ်ပါတယ်။

ဒုတိယပုံကတော့ မျိုးစိတ်အသီးသီးရဲ့ သက်တမ်းပါ။ လူရဲ့ အရှည်ဆုံးသက်တမ်းကို နှစ်၁၂၀အထိ သတ်မှတ်ထားပြီး အိမ်ခွေးတစ်ကောင်ဟာ နှစ်၂၀ ။ အိမ်ကြောင်တစ်ကောင်ဟာ နှစ်၂၇ ။ ကြွက်တစ်ကောင်ဟာ သုံးနှစ်။ တခါမှ မကြားဖူးတဲ့ ဗဟုသုတတွေပါပဲ။
ဒီ ဇယားအရ အခုအချိန်မှာ လူ့သက်တမ်း(အရှည်နိုင်ဆုံး) ဟာ အနှစ် ၁၂၀ အဖြစ်သတ်မှတ်ထားရင် နောင်ဆို ပိုရှည်လာနိုင်သလား၊ ဒါမှမဟုတ် ပြန်ဆုတ်ယုတ်သွားနိုင်မလား တွေးစရာပါပဲ။
ကျွန်မကတော့ သမိုင်းခေတ်က လူမျိုးတွေရဲ့ ကလေးဘ၀ကိုပဲ စဉ်းစားမိပါတယ်။ လူ့သက်တမ်းက ၁၈နှစ် ဖြစ်ခဲ့ရင် ကလေးတွေ ဘယ်အရွယ်ထိ ကစားခွင့် ရှိနိုင်မလဲလို့ ၊ ဘယ်အရွယ်အထိ ကလေးအဖြစ် ရပ်တည်ခွင့်ရှိမလဲ လို့ တွေးမိပါတယ်။ ကျောင်းနေပညာရေးမရှိပေမဲ့ အသက်ရှင် ရပ်တည်နိုင်ဖို့ သူတို့လည်း အတတ်ပညာတော့ ဆည်းပူးရမှာပဲ။
တစ်ခုတွေးမိတာက အခုခေတ်ကလေးတွေထက်စာရင် ကျောက်ခေတ်ကကလေးတွေကမှ ကလေးဘ၀ကို ပြည့်ပြည့်၀၀ ပျော်ရွှင်ခွင့်ရခဲ့ကြမလားမသိဘူးလို့ပါ။
အခုခေတ်ရဲ့ ကလေးဘ၀က ဘယ်အရွယ်အထိဖြစ်မလဲ။ အရင်က ကျောင်းသားဘ၀နှင့်ဆုံးဖြတ်ကြပါတယ်။ ကျောင်းသားဘ၀က ကလေးဘ၀။ ကျောင်းပြီးလို့ အလုပ်တဲ့ အချိန်မှစပြီး လူကြီးဘ၀ခေါ်ကြပါတယ်။
အခုခေတ်မှာ ကလေးဘ၀ကို ကျောင်းသားဘ၀နှင့် ဆုံးဖြတ်ရရင် ၁၈-နှစ်? ကျောင်းမပြီးသေးပါ။ ၂၅ နှစ်? ကျောင်းမပြီးသေးပါ။ ၃၅ နှစ်? ကျောင်းမပြီးသေးပါ။ adult education, lifelong education ဆိုပြီး အသက်သာကြီးသွားပေမဲ့ ကျောင်းသားဘ၀က မပြီးသေးပါ။ ကလေးကြီးဘ၀နှင့် လေ့လာရဆဲ...။
ကလေးဘ၀ကို ကျောင်းသားဘ၀နဲ့ သတ်မှတ်လို့ မရပေမဲ့ ယခုခေတ်မှာတော့ ကလေးဘ၀ဆော့ကစားချိန်က ရှားပါးနေပါပြီ။ information age/ knowledge age မှာ အမှီလိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေရတာ သင်တန်းပေါင်းစုံ။ ကျူရှင်ပေါင်းစုံနဲ့ပေါ့။ လွန်ခဲ့တဲ့ ၁၀နှစ်က အထက်တန်းကျောင်းသားဘ၀နှင့် အခုအထက်တန်းကျောင်းသားဘ၀ အခြေအနေက မတူတော့ဘူး။ ၃နှစ်အရွယ်ကလေးငယ်တောင် အင်္ဂလိပ်စာအဆင့်မှီအောင်ဆိုပြီး ILBC လိုနေရာမျိုးတွေမှာအပ်နေရပြီ။ နောက်.. မူကြိုကလေးတောင် ကျုရှင်ထားရတဲံ ခေတ်ကို ရောက်နေပြီ။ (နောက်ဆို ဘယ်အရွယ်ကစပြီး ကျူရှင်ထားရမလဲမသိဘူးရယ်။)
ဇယား-၁ နှုန်းအရ နောင်မှာ သက်တမ်းကလည်း ပိုရှည်ချင် ရှည်လာဦးမယ်။ ကျောင်းစာကိုလည်း မွေးကတဲကလည်း သင်ချင်သင်နေရမှာ။ မသေမချင်းကလည်း lifelong educationကလည်း သင်ယူရဦးမယ်။တဖက်က တွေးကြည့်ရင်လည်း ကလေးဘ၀ကတဲက စောစောစီးစီး ပညာသင်ယူလာရလို့ ကြာကြာသင် များများသင်ရလို့ တခေတ်ထက်တခေတ် ပိုပြီးခေတ်မှီတိုးတက်လာရတာလားဆိုတာလည်း. တွေးစရာပါ။
ဒါပေမဲ့ ခေတ်မှီတိုးတက်တာနဲ့ အမျှ ဘယ်မလဲ ကလေးဘ၀ရဲ့ လွတ်လပ်စွာ ကစားချိန်၊ စိတ်တိုင်းကျ စူးစမ်းချိန်၊ တွေးချိန်.. ???? ။
ဟူးး ဒီလိုအတိုင်းဆို နောက်generation တွေရဲ့ ဘ၀က...........။
အတွေးများ မောသွား၏။
အတွေးသက်သက်ပါ။ ပျော်ရွှင်ပါစေ။ လသာည ဖြစ်ပါသည်။
Thursday, July 2, 2009
ကာတွန်းဟာသ
အင်တာနက်မှ ကာတွန်းများပါ။ အောက်က စာတန်းတွေ ဖတ်ပြီး တစ်ယောက်ထဲ ပြုံးမိတယ်။ ကိုယ့်သူငယ်ချင်းတွေလည်း ဖတ်ရင်းပြုံးနိုင်အောင်လို့ အမှတ်တရ တင်လိုက်ပါတယ်။
အခွင့်အရေးတွေ ရောက်လာအောင် အခွင့်အရေးတွေ တံခါးခေါက်နိုင်ဖို့ တံခါးဝင်ပေါက်များများဖောက်ပေးပါ။ (အင်း.. ကိုယ့်မှာ အခွင့်အရေးတွေ ရှားပါးတာ ၀င်ပေါက်တစ်ခုထဲ ရှိလို့ ဖြစ်ရမယ်)
stress နည်းအောင် စီမံခန့်ခွဲနည်း ၁၀နည်း
(လိုက်နာပြီးသားဖြစ်နေတယ်။:D)

မှတ်ဥာဏ်ကောင်းအောင် အစာကိုမ၀ါးပဲစား
(မ၀ါးပဲစားလို့ ဥာဏ်ပိုကောင်းပြီး smartကျလာမယ်ဆိုရင်တော့ မဆိုးဘူးပဲနော။)
တနေ့တာအမောများပျောက်ပါစေလို့
လသာည
အခွင့်အရေးတွေ ရောက်လာအောင် အခွင့်အရေးတွေ တံခါးခေါက်နိုင်ဖို့ တံခါးဝင်ပေါက်များများဖောက်ပေးပါ။ (အင်း.. ကိုယ့်မှာ အခွင့်အရေးတွေ ရှားပါးတာ ၀င်ပေါက်တစ်ခုထဲ ရှိလို့ ဖြစ်ရမယ်)stress နည်းအောင် စီမံခန့်ခွဲနည်း ၁၀နည်း
(လိုက်နာပြီးသားဖြစ်နေတယ်။:D)

မှတ်ဥာဏ်ကောင်းအောင် အစာကိုမ၀ါးပဲစား
(မ၀ါးပဲစားလို့ ဥာဏ်ပိုကောင်းပြီး smartကျလာမယ်ဆိုရင်တော့ မဆိုးဘူးပဲနော။)

တနေ့တာအမောများပျောက်ပါစေလို့
လသာည
Wednesday, July 1, 2009
အဖြေ (psy- test 7 )

အဖြေပြောမယ်။ တိုက်ဆိုင်တဲ့လူ ကော်ဖီတိုက်သွားဖို့ မမေ့နဲ့ဦးနော်။ မတိုက်ဆိုင်ရင်တော့ အင်း..ဒီကော်ဖီလေးသောက်သွားပါ။
၁။ ခရမ်းချဉ်သီးလို့ဖြေဆိုသူအတွက် အောက်ဆုံးမှာဖတ်နော်။
၂။ ဆီမီး၊ မီးအိမ်လို့ဖြေဆိုသူက လတ်တလောမှာ ကိုယ့်ကို စိတ်ပူအောင် စိတ်ညစ်အောင်လုပ်နေသူကို ရည်စူးပြီး အေးမြပါစေလို့ ဆုတောင်းပေးချင်နေတယ်တဲ့။ (အဆိုတော်ဒေါ်မာမာအေးရဲ့ ဒီဆီမီးကိုလှူရသော အကျိုးအားကြောင့်...ဆိုတဲ့ သီချင်းလိုမျိုးဖြစ်မယ်ထင်တယ်နော်.)
၃။မှန်လှူသောသူကတော့ လတ်တလောမှာ ကိုယ်ကိုယ့်ကို(ကိုယ်ရဲ့ ကိုယ်ကာယအလှ) ယုံကြည်စိတ်ချမှုရှိနေသူဖြစ်ပါတယ်။ လမ်းလေးမှာ ဟန်ရေးလေးပြခါပြခါ ပျော်ရွှင်နေသူဖြစ်ဖို့များတယ်။
၎။ တန်ဆောင်းလှူသူကတော့ အတိတ်ကို ပြန်သတိရနေတဲ့သူ၊ အထူးသဖြင့် အရင် ရည်းစားဟောင်းကို အခုတလော ပစ်ခတ်လွမ်းနေလိမ်မယ်.တဲ့။
၅။ ငွေသားလှူတဲ့သူကတော့ ၀င်ငွေကောင်းတဲ့ ချစ်သူကို သဘောကျစွာ အားကျပျော်ရွှင်နေလို့ပါတဲ့။ဒါမှမဟုတ် ချစ်သူကို ပြည့်စုံအောင် ဖြည့်စည်းပေးချင်နေစိတ် ပြည့်လျှံနေလိမ့်မယ်။ အရမ်းချစ်တတ်တာပဲနော်။
၆။စက်ပစ္စည်းလှူသူကတော့ အားအင်ဗလပြည့်စုံတဲ့သူ ဖြစ်ချင်နေတယ်။ ဒါမှမဟုတ် အားအင်ဗလပြည့်စုံတဲ့ ချစ်သူကို သဘောကျနေတယ်။ တိတ်တခိုးချစ်နေတယ်တဲ့။
နံပါတ် ၁-ရဲ့ ခရမ်းချဉ်သီးကတော့ ထူးဆန်းတယ်။ ဘာသာရေးအားဖြင့် ဂျပန်တွေက ဘယ်လိုအဓိပ္ပါယ်နဲ့များ လှူကြသလဲ လသာညလည်း မသိဘူး။
ဒါပေမဲ့ ဒီtestထဲမှာ ယူတဲ့ အဓိပ္ပါယ်ကတော့ နည်းနည်း အူကြောင်ကြောင်လေးရယ်။ ခရမ်းချဉ်သီးဆိုတာ အမျိုးသမီးရဲ့ အပေါ်ပိုင်းအလှကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်သီးကို လှူတယ်ဆိုတော့ ထိုအလှနှင့် ပတ်သက်ပြီး သိမ်ငယ်စိတ်၊အလိုမပြည့်စိတ်ဝင်နေတယ်လို့ ဆိုပါတယ်။
ပြီးးးစ် ကဲ.တိုက်ဆိုင်ရဲ့လား။ ကော်ဖီတိုက်တော့။။\('^0^')/
မှတ်ချက်။ ။ mental testများဟာ culture,attitudeစသည်တို့၏လွှမ်းမိုးမှု ရှိတာမိုလို့ တအားကြီးမတွေးနဲ့ နော်။ အမောလေးပြေရုံ ပေါ့ပေါ့ပါးပါးပဲ တွေး။ ပျော်ရွှင်ပါစေ။
လသာည ဖြစ်ပါသည်။
筆者ー浅野八の絵で見る人間心理テストစာအုပ်ကို အခန်းလိုက် လသာညမှ နားလည်သလို ဘာသာပြန်ခြင်းဖြစ်ပါသည်။
Subscribe to:
Posts (Atom)