Wednesday, July 1, 2009

အဖြေ (psy- test 7 )



အဖြေပြောမယ်။ တိုက်ဆိုင်တဲ့လူ ကော်ဖီတိုက်သွားဖို့ မမေ့နဲ့ဦးနော်။ မတိုက်ဆိုင်ရင်တော့ အင်း..ဒီကော်ဖီလေးသောက်သွားပါ။

၁။ ခရမ်းချဉ်သီးလို့ဖြေဆိုသူအတွက် အောက်ဆုံးမှာဖတ်နော်။

၂။ ဆီမီး၊ မီးအိမ်လို့ဖြေဆိုသူက လတ်တလောမှာ ကိုယ့်ကို စိတ်ပူအောင် စိတ်ညစ်အောင်လုပ်နေသူကို ရည်စူးပြီး အေးမြပါစေလို့ ဆုတောင်းပေးချင်နေတယ်တဲ့။ (အဆိုတော်ဒေါ်မာမာအေးရဲ့ ဒီဆီမီးကိုလှူရသော အကျိုးအားကြောင့်...ဆိုတဲ့ သီချင်းလိုမျိုးဖြစ်မယ်ထင်တယ်နော်.)

၃။မှန်လှူသောသူကတော့ လတ်တလောမှာ ကိုယ်ကိုယ့်ကို(ကိုယ်ရဲ့ ကိုယ်ကာယအလှ) ယုံကြည်စိတ်ချမှုရှိနေသူဖြစ်ပါတယ်။ လမ်းလေးမှာ ဟန်ရေးလေးပြခါပြခါ ပျော်ရွှင်နေသူဖြစ်ဖို့များတယ်။

၎။ တန်ဆောင်းလှူသူကတော့ အတိတ်ကို ပြန်သတိရနေတဲ့သူ၊ အထူးသဖြင့် အရင် ရည်းစားဟောင်းကို အခုတလော ပစ်ခတ်လွမ်းနေလိမ်မယ်.တဲ့။

၅။ ငွေသားလှူတဲ့သူကတော့ ၀င်ငွေကောင်းတဲ့ ချစ်သူကို သဘောကျစွာ အားကျပျော်ရွှင်နေလို့ပါတဲ့။ဒါမှမဟုတ် ချစ်သူကို ပြည့်စုံအောင် ဖြည့်စည်းပေးချင်နေစိတ် ပြည့်လျှံနေလိမ့်မယ်။ အရမ်းချစ်တတ်တာပဲနော်။

၆။စက်ပစ္စည်းလှူသူကတော့ အားအင်ဗလပြည့်စုံတဲ့သူ ဖြစ်ချင်နေတယ်။ ဒါမှမဟုတ် အားအင်ဗလပြည့်စုံတဲ့ ချစ်သူကို သဘောကျနေတယ်။ တိတ်တခိုးချစ်နေတယ်တဲ့။

နံပါတ် ၁-ရဲ့ ခရမ်းချဉ်သီးကတော့ ထူးဆန်းတယ်။ ဘာသာရေးအားဖြင့် ဂျပန်တွေက ဘယ်လိုအဓိပ္ပါယ်နဲ့များ လှူကြသလဲ လသာညလည်း မသိဘူး။

ဒါပေမဲ့ ဒီtestထဲမှာ ယူတဲ့ အဓိပ္ပါယ်ကတော့ နည်းနည်း အူကြောင်ကြောင်လေးရယ်။ ခရမ်းချဉ်သီးဆိုတာ အမျိုးသမီးရဲ့ အပေါ်ပိုင်းအလှကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်သီးကို လှူတယ်ဆိုတော့ ထိုအလှနှင့် ပတ်သက်ပြီး သိမ်ငယ်စိတ်၊အလိုမပြည့်စိတ်ဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးးးစ် ကဲ.တိုက်ဆိုင်ရဲ့လား။ ကော်ဖီတိုက်တော့။။\('^0^')/

မှတ်ချက်။ ။ mental testများဟာ culture,attitudeစသည်တို့၏လွှမ်းမိုးမှု ရှိတာမိုလို့ တအားကြီးမတွေးနဲ့ နော်။ အမောလေးပြေရုံ ပေါ့ပေါ့ပါးပါးပဲ တွေး။ ပျော်ရွှင်ပါစေ။

လသာည ဖြစ်ပါသည်။
筆者ー浅野八の絵で見る人間心理テストစာအုပ်ကို အခန်းလိုက် လသာညမှ နားလည်သလို ဘာသာပြန်ခြင်းဖြစ်ပါသည်။

2 comments:

နေ့အိပ်မက် said...

မှန်လည်း မှန်ဘူး နေ့အိပ်မက်က ဆီမီးလှူတာ... အယ်.. ဟုတ်နေမလားမသိ.. ဘယ်သူကနေ့အိပ်မက်ကို စိတ်ညစ်အောင်လုပ်နေပါလိမ့်.... စဉ်းစားလို့ရဘူး.. ရှိရင်တော့ ရှိနေမှာပေါ့.. :P

မိုးထက်အိမ် said...

ဟိ .. ငွေသား လှုထားတာ... ဟုတ်မဟုတ် တော့ စောင့်ကြည့်ရမှာပဲ.... :P
ကိုယ်ချစ်တဲ့သူတွေကို ပြည့်စုံအောင် ထားချင်တယ် ဆိုတာတော့ ဟုတ်တယ်ဗျ ... :)