Thursday, May 31, 2012

ပို့စ်မှားတင်မိလို့...

ချစ်ရတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ မတွေ့တာကြာပြီနော်။ အဆင်ပြေနေကောင်းကြရဲ့လား။ လသာညလည်း အလုပ်တွေရှူပ်ပြီး အွန်လိုင်း မ၀င်မိတာကြာပြီ။ 

အခုမနက် သူငယ်ချင်းတစ်ယောက် က "မင်းဘလော့က အဆုံးမရှိ အစမရှိ ရေးထားတာ အဆက်က ဘယ်နားသွားရှာရမလဲ" လို့ မေးမှ သိတာ။ အားလုံးဆောရီးနော် _(^^)_..

ပို့စ်က မမရွှေစင်ဦးရဲ့ ပို့စ်ပါ။ မမရွှေစင်က မှားတင်မိတာပါတဲ့။

အမှန်တကယ် မှားသူက လသာညပါ။ မနေ့က မမရွှေစင်ဦးဆီ အလည်သွားရင်း မေးလ်စစ်တာ ပြန် sign out လုပ်ခဲ့ပေမယ့် မသေချာသွားခဲ့တဲ့အတွက်  မမရွှေစင်က သူ့ g-mailနဲ့ sign in လုပ်ထားတာလို့ ထင်ပြီး သူ့ပိုစ်ကို ဆက်တင်မိသွားတာတဲ့ :D 


အားလုံး ဆောရီးပါနော်.။ တကယ်ဆောရီး..။ မမရွှေစင်ဦးက လသာညဘလော့ကို ဖုံတက်ခါပေးတာ နေမှာပါ။ မမ ကျေးဇူးး))

 ဒီပို့စ်ရဲ့ အစနဲ့ အဆက်များကို ဆက်ဖတ်လိုသူများ မမရွှေစင်ဦးရဲ့ (http://www.shwezinu.com/)မှာ ဆက်လက် ဖတ်ရှူနိုင်ပါတယ်။ 

လသာည



............................................

လကာင်္ရည်ကျော်၏ တိမ်တွေ တောင်တွေနှင့် ခရီးသည် အပိုင်း (၁၂)


အာသာကို ကိုကို တကယ်ပဲ သိနေတာလား။ စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။ " အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။  အဲသည် အချိန်မှာပင် အိမ်အောက် က ကားဟွန်းသံကို ကြားရလေသည်။ ကို ဆက်ဖတ်ရန်.......

ရဲဝင့် (၁၂)

အိမ်အကူ မွန်မကလေးက တံခါး လာဖွင့်သဖြင့် ရဲဝင့် မျက်နှာ အနည်းငယ် အိုသွားသည်။ စိမ်းဝေ ညစာ မစားဘဲ သူ့ကို မျှော်နေလိမ့်မည်ဟု သူ ဘာကြောင့် ထင်မိရသလဲဟု မချင့်မရဲ တွေးမိသည်။
သို့သော် အိမ်ထဲ ၀င်လိုက်တော့ အတွင်း လှေကားမှ ဆင်းလာသော စိမ်းဝေကို တွေ့ရသည်။ စိမ်းဝေက ပြုံး နေသည်။ " စိမ်းဝေ မအိပ်သေးဘူးလား " " စားတောင် မစားရသေးဘူး၊ ကိုကို့ကို စောင့်နေတာ "
ရဲဝင့် နှလုံးသားတစ်စုံ နွေးထွေး သွားသည်။ " စားရောပေါ့ စိမ်းဝေရယ်၊ ညဥ့်နက်နေပြီ " စိမ်းဝေ က နှုတ်ခမ်းစူသည်။


ဆက်ရန်..
.

Saturday, September 24, 2011

ဘ၀ထဲက ဟာသများ ၎

၁) ပေါက်ကွဲခြင်းကို ပေါက်ကွဲခြင်းဖြင့်..



.........................................................

.........................................................

.........................................................


............................|(^^)/|(^^)/|(^^)/............................

၂) ချစ်ရတာလည်း မလွယ်

.........................................................

.........................................................

.........................................................

..............................|(^^)/|(^^)/|(^^)/...........................

ဘ၀ထဲမှာ ဟာသရှာပြီး ပျော်ရွှင်နိုင်စေရန် ဆန္ဒမွန်ဖြင့်..

လသာည ဖြစ်ပါတယ်။

Friday, September 23, 2011

ကန့်ကွက်ပါတယ်

ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို တူးတူးခါးခါး ကန့်ကွက်ပါတယ် ..။

Thursday, September 15, 2011

နေတတ်သလို နေပါတော့..♪

မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော် ဆယ်နှစ်ရက်မြောက် နေ့တွင် ပြောကြားခဲ့သည်။ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရဲ့ ပညာရေးဆိုင်ရာမေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်တင်နွယ်ဦးက "၀င်ငွေအနိမ့်ဆုံး နိုင်ငံများတွင် ပါဝင်သည့် အီသီယိုပီးယားနိုင်ငံသည်ပင်လျှင် ၁၉၉၈ ခုနှစ်က လူတစ်ဦးအတွက် ပညာရေး ဆိုင်ရာအသုံးစရိတ်မှာ ၉.၉၅ ဒေါ်လာ (မြန်မာငွေကျပ်ငွေဖြင့် တစ်သောင်းပတ်ဝန်းကျင်) ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အသုံးစရိတ်မှာ ယခုနှစ် ၂၀၁၁ ခုနှစ်တွင် ငါးထောင့်လေးရာသုံးဆယ်တစ်ကျပ်သာ ရှိကြောင်း မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောသွားပါသည်.. ။

(7 DAY NEWS JOURNAL, အတွဲ (၁၀) အမှတ် (၂၆)၊ စက်တင်ဘာ ၁၅၊ ၂၀၁၁၊ စာမျက်နှာ ၂၁) မှ ကောက်နှုတ်ဖော်ပြချက်..)

ပညာရေးဖြင့် ခေတ်မှီ ဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ထူထောင်ဖို့အတွက်.......

ဟူးးးးးးးးးးးးးး နေတတ်သလို နေပါတော့.. နေတတ်သလို နေပါတော့..

လသာည ဖြစ်ပါတယ်။