Tuesday, June 5, 2012

မှားတဲ့ဘက်မှာ

တခါက ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားတွေရဲ့ အမြင်တွေကို သိချင်တာမို့ စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကျောက်သင်ပုန်း(Blackboard) မှာ မျဉ်းတစ်ကြောင်းကို ဆွဲပြလိုက်တယ်..။ အဲဒါကို ကြည့်မှတ်ခိုင်းပြီး ခဏနေတော့ ကျောက်သင်ပုန်းရဲ့ တခြမ်းမှာ မျဉ်းသုံးကြောင်းကို ယှဉ်ဆွဲပြလိုက်တယ်။ နောက်ဆွဲတဲ့ မျဉ်းသုံးကြောင်းထဲမှာ ပထမ မှတ်ခိုင်းတဲ့ မျဉ်းနဲ့ အရွယ်တူ အဖြေမှန်တစ်ခုပါတယ်ဆိုတာကိုလည်း အသိပေးလိုက်ပြီးတဲ့နောက် မျဉ်းသုံးကြောင်းထဲမှ အဖြေမှန်ကို ရွေးပေးဖို့ ကျောင်းသားအားလုံးကို ပြောလိုက်ပါတယ်။
(Solomon E. Asch's experiment) ဖြစ်ပါတယ်
ဒီမေးခွန်းဟာ အရမ်းလွယ်ပါတယ်။ အဖြေမှန်ဟာ B ဖြစ်ပါတယ်။ လူတိုင်းသိနိုင်တဲ့ မေးခွန်းကို မေးလိုက်တဲ့ ဆရာဟာ ဒီမေးခွန်းကို မမေးခင် လှည့်ကွက်တစ်ခုကို စီစဉ်ပြီးမှ မေးခဲ့တာဖြစ်ပါတယ်။ အဲဒီလှည့်ကွက်ကတော့ အတန်းထဲရှိ ကျောင်းသား တစ်ဦးကလွဲရင် ကျန်အတန်းသားအားလုံးကို မေးခွန်းရဲ့အဖြေကို A ကို ရွေးချယ်ပေးဖို့ ကြိုတင်သင်ကြားထားခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါဆို A ကို ရွေးဖို့ အပြောမခံရတဲ့ တစ်ဦးတည်းသော ကျောင်းသားဟာ ဘယ်အဖြေကို ရွေးမယ်လို့ သင် ထင်ပါသလဲ..

ဝမ်းနည်းစရာကောင်းစွာပဲ.. ထိုကျောင်းသားဟာ အဖြေမှန်ကို ဖြေဖို့ကြိုးစားပြီးမှ အများအဖြေကို သာဖြေခဲ့ပါတယ်။

 ဆရာက ဒါဟာ အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်မယ်လို့ တွေးမိတာမို့ သူ့အမြင် သေချာဖို့အတွက် စာသင်နှစ်တစ်နှစ်အတွင်း တစ်ဦးချင်းစီ (၁၈ကြိမ်) စမ်းသပ်မှန်း မသိအောင် တိတ်တိတ် စမ်းသပ်ခဲ့တယ်။ သူ စမ်းသပ်ခဲ့တာ ကျောင်းသားပေါင်း ၂၃၀ကို ဖြစ်ပါတယ်။

စမ်းသပ်ချက်အရ ၃၆ ရာခိုင်နှုန်းသော ကျောင်းသားတွေဟာ အုပ်စုကဖြေတဲ့အဖြေကိုပဲ တချိန်လုံး ရွေးချယ်ကြတာကို တွေ့ခဲ့ရတယ်။ ဆရာက အဖြေမှန်သိသာအောင် မျဉ်းရဲ့ အရွယ်ကို (အဖြေမှန်နဲ့ အဖြေမှား အရွယ်ကွာအောင် ) အမျိုးမျိုး ပြောင်းဆွဲခဲ့တယ်။ ဒါလည်းပဲ အုပ်စုရဲ့ group pressure က ဆက်ပြီး လွှမ်းမိုးနေတာကို တွေ့ခဲ့တယ်။ (တကယ်တော့ သူတို့ဟာ အဖြေကို သိရဲ့သားနဲ့ အုပ်စုထဲမှာ နေလိုစိတ်ကြောင့် အများစုကို အတိုက်အခံ မငြင်းလိုစိတ်ကြောင့် အဖြေမှားကို မစဉ်းစားပဲ ခေါင်းညိမ့်လိုက်ကြတာလို့ ဆရာ ကောက်ချက်ချလိုက်ရပါတယ်)

ဆရာ့စမ်းသပ်ချက်မှာ ကိုယ့်အမြင်အတိုင်း ဖြေတဲ့သူအနည်းငယ်ကတော့ ဆက်လက်ကျန်သေးတာမို့ သဘောကျစွာ သူတို့ရဲ့အမြင်ကို စောင့်ကြည့်စမ်းသပ်မှုကို ဆက်လက်လုပ်ခဲ့တယ်။

အဲဒါကတော့  ကိုယ့်အမြင်အတိုင်း အဖြေမှန်ကိုဖြေနေတဲ့ ကျောင်းသားကို အဖော်တစ်ယောက် တွဲပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက အဖြေမှန်ကို ဖြေသူနောက်တစ်ယောက် ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဖြေမှန်ကို ဖြေနေသူဟာ သူနဲ့ အဖြေတူ ကျောင်းသားရသွားတဲ့အခါ အဖြေမှန်ကိုပဲ အားရတက်ကြွစွာ တင်ပြလာတာကို တွေ့ရတယ်။

သူတို့နှစ်ယောက်ရင်းနှီးသွားပြီ ဆိုတဲ့အခါကျတော့ ဒုတိယအဆင့်အနေနဲ့ အဖော်ကျောင်းသားကို အဖြေမှားကို တမင်ပြောခိုင်းလိုက်တယ်။ ဒီအခါမှာ အဖြေမှန်ကို သာဖြေလေ့ရှိသူကျောင်းသား ဟာ သူ့အဖော်ပြောတဲ့ အဖြေမှားကို လိုက်လံရွေးချယ်လာတာကို တွေ့ခဲ့ရတယ်.. (အဖော်မင်တတ်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုမိခြင်းဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

ဆရာဟာ ရလာဒ်တွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လာခဲ့တာမို့... တကယ်လို့များ အဖော်မရှိတော့ရင် အရင်အတိုင်း ပြန်ဖြေဦးမလားလို့ တွေးမိတာကြောင့် ထပ်မံစမ်းသပ်ခဲ့ပြန်တယ်။ အဖော်ကျောင်းသားကို တခြားအခန်းမှာ အလုပ်တစ်ခုနဲ့ ခိုင်းလိုက်ပြီး အတန်းကို စာဆက်မေးတဲ့အခါ အဖြေမှန်ဖြေသူ ကျောင်းသားဟာ အရင်လို တစ်ဦးတည်းနဲ့ အဖြေမှန်ကို မှန်အောင် မဖြေနိုင်တော့ပဲ အုပ်စုရဲ့ အဖြေ ဒါမှမဟုတ် (သူ့အဖော် ဖြေမယ်ထင်သော) တခြား အဖြေမှားကိုသာ ဖြေတာကို တွေ့ခဲ့ရတယ်။ (အဖော်ရဲ့ စွန့်ပစ်ခြင်းကို မခံစားလို၊ မခံစားနိုင်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်လိမ့်မယ်ဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

အဆိုးဆုံးအခြေအနေကတော့ တကယ်လို့များ အဖော်ကျောင်းသားကို တခြားအခန်းကို သွားခိုင်းတာမဟုတ်ပဲ အဖြေမှားအုပ်စုထဲကို ပြန်ဝင်သွားစေပြီး အုပ်စုကအဖြေမှားကို ဖြေပြစေရင်တော့ “စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသား”ဟာ အုပ်စုထဲက အဖြေမှားကိုသာ မျက်စိမှိတ်ဖြေဖို့ ရာခိုင်နှုန်းဟာ ၉၅ % အထိ ဖြစ်သွားခဲ့ပါတယ်.. ((..'))

Solomon E. Asch's experiment ကို ဖတ်ပြီး ကျွန်မသာ စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသားဖြစ်ခဲ့ရင် ဘယ်လိုကျောင်းသားဖြစ်မှာလဲလို့ ကျွန်မကိုယ်ကျွန်မ ပြန်ဆန်းစစ်မိတယ်။ သေချာပါတယ် အကြိမ် ၁၀၀မှာ ၉၅ကြိမ်လောက် မှားတဲ့ဘက်မှာ ကျွန်မပါနေမှာပါ။

တကယ်ဆို အခုအသက်အရွယ်နဲ့ ကျွန်မမှာ အတွေ့အကြုံတွေ၊ ထိုက်သင့်တဲ့ အသိပညာတွေနဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရှိပေမယ့် များသောအားဖြင့် ကိုယ့်အမြင်ကို လွတ်လပ်စွာ ပေးမမြင်ဖြစ်ခဲ့ပါဘူး။ ကိုယ့်ရှေ့က မြင်နေရ၊ ကြားနေရတဲ့ အရာတွေထဲမှာ တခါတခါ အဖြေမှန် မဟုတ်တာတွေပါနေတဲ့အခါ အဖြေမှန် မဟုတ်ဘူးလို့ သိနေပေမယ့် အဖြေမှန်ကို ထုတ်မပြောဖြစ်ဘူး။ မမှန်ဘူးလို့ သံသယရှိနေတဲ့အရာတွေကို မှန်တဲ့အဖြေရတဲ့အထိ အချိန်ယူ မရှာမိပဲ အများ သတ်မှတ်ထားသလိုပဲ အလွယ်လက်ခံ သဘောတူပစ်လိုက်တယ်။ ဒါကိုဒီလိုနည်းနဲ့ ဖြေရှင်းရမယ်လို့ သိထားတာကို ဟိုလိုနည်းနဲ့ ပြောင်းလဲ အဖြေမရှာမိဘူး။

တကယ်တော့. အကြောင်းအရာတွေကိုထင်မြင်သုံးသပ်တဲ့အခါတိုင်းမှာ ကျွန်မရဲ့ အတွေးအခေါ်တွေ သဘောထားတွေဟာ ကိုယ့်အထင် ကိုယ့်အမြင်ပါလို့ ပြောဖြစ်ပေမယ့် ၅၀ ရာခိုင်နှုန်းကျော်ကျော်က သူများမြင်သလို၊ သူများတွေးသလို၊ အများသဘောထား.. အများအမြင်.. အများကိုယ်နဲ့ ငါ ဖြစ်နေခဲ့သလိုပဲ။ အမှန်တရားဆိုတာတွေကို ကိုယ့်အမြင်နဲ့ ကိုယ်တိုင်လေ့လာ သိဖို့၊ သိတဲ့အခါ ထုတ်ဖော်ပြောရဲဖို ဆိုတာတွေ အတွက် ငါ ..အများကြီးလိုနေသေးပါလား.လို့ ဒီနေ့ ကျွန်မကိုယ်ကျွန်မ ဝေဖန်နေမိခဲ့ပါတယ်..။

(Solomon E. Asch's experiment)က တဆင့် လသာည..ရဲ့ တွေးတာဖြစ်ပါတယ်။

Thursday, May 31, 2012

ပို့စ်မှားတင်မိလို့...

ချစ်ရတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ မတွေ့တာကြာပြီနော်။ အဆင်ပြေနေကောင်းကြရဲ့လား။ လသာညလည်း အလုပ်တွေရှူပ်ပြီး အွန်လိုင်း မ၀င်မိတာကြာပြီ။ 

အခုမနက် သူငယ်ချင်းတစ်ယောက် က "မင်းဘလော့က အဆုံးမရှိ အစမရှိ ရေးထားတာ အဆက်က ဘယ်နားသွားရှာရမလဲ" လို့ မေးမှ သိတာ။ အားလုံးဆောရီးနော် _(^^)_..

ပို့စ်က မမရွှေစင်ဦးရဲ့ ပို့စ်ပါ။ မမရွှေစင်က မှားတင်မိတာပါတဲ့။

အမှန်တကယ် မှားသူက လသာညပါ။ မနေ့က မမရွှေစင်ဦးဆီ အလည်သွားရင်း မေးလ်စစ်တာ ပြန် sign out လုပ်ခဲ့ပေမယ့် မသေချာသွားခဲ့တဲ့အတွက်  မမရွှေစင်က သူ့ g-mailနဲ့ sign in လုပ်ထားတာလို့ ထင်ပြီး သူ့ပိုစ်ကို ဆက်တင်မိသွားတာတဲ့ :D 


အားလုံး ဆောရီးပါနော်.။ တကယ်ဆောရီး..။ မမရွှေစင်ဦးက လသာညဘလော့ကို ဖုံတက်ခါပေးတာ နေမှာပါ။ မမ ကျေးဇူးး))

 ဒီပို့စ်ရဲ့ အစနဲ့ အဆက်များကို ဆက်ဖတ်လိုသူများ မမရွှေစင်ဦးရဲ့ (http://www.shwezinu.com/)မှာ ဆက်လက် ဖတ်ရှူနိုင်ပါတယ်။ 

လသာည



............................................

လကာင်္ရည်ကျော်၏ တိမ်တွေ တောင်တွေနှင့် ခရီးသည် အပိုင်း (၁၂)


အာသာကို ကိုကို တကယ်ပဲ သိနေတာလား။ စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။ " အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။  အဲသည် အချိန်မှာပင် အိမ်အောက် က ကားဟွန်းသံကို ကြားရလေသည်။ ကို ဆက်ဖတ်ရန်.......

ရဲဝင့် (၁၂)

အိမ်အကူ မွန်မကလေးက တံခါး လာဖွင့်သဖြင့် ရဲဝင့် မျက်နှာ အနည်းငယ် အိုသွားသည်။ စိမ်းဝေ ညစာ မစားဘဲ သူ့ကို မျှော်နေလိမ့်မည်ဟု သူ ဘာကြောင့် ထင်မိရသလဲဟု မချင့်မရဲ တွေးမိသည်။
သို့သော် အိမ်ထဲ ၀င်လိုက်တော့ အတွင်း လှေကားမှ ဆင်းလာသော စိမ်းဝေကို တွေ့ရသည်။ စိမ်းဝေက ပြုံး နေသည်။ " စိမ်းဝေ မအိပ်သေးဘူးလား " " စားတောင် မစားရသေးဘူး၊ ကိုကို့ကို စောင့်နေတာ "
ရဲဝင့် နှလုံးသားတစ်စုံ နွေးထွေး သွားသည်။ " စားရောပေါ့ စိမ်းဝေရယ်၊ ညဥ့်နက်နေပြီ " စိမ်းဝေ က နှုတ်ခမ်းစူသည်။


ဆက်ရန်..
.

Saturday, September 24, 2011

ဘ၀ထဲက ဟာသများ ၎

၁) ပေါက်ကွဲခြင်းကို ပေါက်ကွဲခြင်းဖြင့်..



.........................................................

.........................................................

.........................................................


............................|(^^)/|(^^)/|(^^)/............................

၂) ချစ်ရတာလည်း မလွယ်

.........................................................

.........................................................

.........................................................

..............................|(^^)/|(^^)/|(^^)/...........................

ဘ၀ထဲမှာ ဟာသရှာပြီး ပျော်ရွှင်နိုင်စေရန် ဆန္ဒမွန်ဖြင့်..

လသာည ဖြစ်ပါတယ်။

Friday, September 23, 2011

ကန့်ကွက်ပါတယ်

ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို တူးတူးခါးခါး ကန့်ကွက်ပါတယ် ..။