Wednesday, August 4, 2010

နားလည်ပေးပါ ပိတ်သတ်ကြီးရယ်



ဟာ.. တူးသွားပြန်ပြီ ပဲအိုး |(!!)/...။ ကဗျာဆရာ မိဆိုးလေး ကြားရင် ငါတော့ ခက်တော့မယ်..။

၈ လပိုင်း ၄ ရက်
ပဲအိုးလေး တူးခဲ့..

နားလည်ပေးပါ ပိတ်သတ်ကြီးရယ်..
ကျွန်တော် ဒီလောက်ပဲ ခြစ်တဲ့ဟာကို... (ဟိ..ဟိ)


ဟေ့..
မင်းက ဘာကို အထင်ကြီးတာလဲ..
မင်းက ဘာကို မက်မောတာလဲ..
မကြားချင်လည်း နားပိတ်ထားလိုက်..
ငါ့လို ကောင်က ဆက်တူးမှာပဲ..။ (စိုင်းစိုင်း လသာညကွ)

တောင်းပန်တယ်ကွာ တောင်းပန်တယ်ကွာ..
တလောကလုံးကို တူးခါးနေတာပဲ “(ဓ-ဓ)”

လသာည တူးသည်..း)))))
(၂၀၁၀. ၈ လပိုင်း ၄ ရက် မနက် ၉နာရီ)
ဘာပဲဖြစ်ဖြစ် ပျော်ပျော်နေ သေခဲတဲ့ ..။

38 comments:

ကိုဇော် said...

ဟဟဟဟဟ....
တိုက်ဆိုင်လိုက်တာများဗျာ. . . .
လသာညကို သနားလို့တဲ့ သူများတွေက ပေးသွားတယ်..
ဂျစ်တူး ရုပ်ပြ စာအုပ်. . .

T T Sweet said...

ပျော်ပျော်နေ သေခဲ ... သိပ်မှန်တယ် ... တူးတူး မတူးတူး ပျော်အောင်သာနေ ... လာသာည ... ညီမလေးး)))

အမှတ်တမဲ့ကြည့်တာ ပဲကြားလှော်တွေလားလို့ စားချင်လို့ ငန်းနေတာ ... ပဲတူးသွားတာကိုး ...း)))

အရင်က ဖိုင်းယားဖောက်ခ်စ်နဲ့ဖွင့်ရင် မြန်မာစာတွေက ဂြိုလ်စာတွေလိုဖြစ်နေတာ ... Internet explorer နဲ့ပြောင်းပြောင်းဖွင့်ရတယ် ။ ဒီနေ့တော့ ok ပဲ။

မိဆိုးလေး said...

လတာညရယ်..။ ပဲတူးတူးလေးလဲ မွှေးပါတယ်ဗျ။
(လေးခွကြောက်လို့ :P )
ညက အငြိမ့်ကြည့်တာ ၃နာရီခွဲသွားတယ်။
ခု ငိုက်ချင်နေပြီ။ အဲဒါကြောင့်တူးတာနေမှာပါ။ :P
အော် ဒါနဲ့ စကားမစပ်
(သေသေချာချာ စပ်ပြောမယ်) နက်ဖန် သူငယ်ချင်းတွေဆီလည်လည်သွားမယ်။ ဖုန်းလား?
ဆက်ရမှာပေါ့။ သွားခါနီးရင်တစ်ခါဆက်မယ်။ ဟိုရောက်တော့တစ်ခါ။ ပြီေးတော့ မုန့် စားတော့တစ်ခါ။
ဟေးဟေး နားနားမှာ လောက်လေးခွသံကြားလိုက်သလိုပဲ။
လစ်မှ

rose of sharon said...

တူးတာများသူငယ်ချင်းရယ်... ဒီမှာလဲခဏခဏ... ပျော်ပျော်နေသေခဲ.. မှန်တယ်... သူဘဲတူးနိုင်မလား... လသာညဘဲပျော်နိုင်မလား... :P

Anonymous said...

ပျော်၂နေသေခဲ ဆိုတာမှန်ပေမဲ့ အဲလိုများတော့ မစားနိုင်..။လသာညက ဘာပဲဖြစ်ဖြစ် စားနိုင်တယ်..ပေါ့..ဟီးး

တော်ပီ..တော်ပီ..လာလည်ရင် အတူတူ မုန့်ဆိုင်တောင်မသွားဘူး.တော်ကြာ အရသာမရှိတဲ့ဆိုင်ကိုဆွဲခေါ်သွားခံရမဲ့ပုံ။

အရသာမရှိရင်တော့ ဘယ်လိုမှ မပျော်နိုင်ပါ.။
မသေခင်လေးစားရတာ အရသာရှိရှိလေးပဲ စားမယ်..ဟီးး လစ်ပီ။

မျိုးနတ်

လသာည said...

ကိုဇော်ရေ ဒီကလည်း ဂျစ်တူးရုပ်ပြစာအုပ်ကို ငယ်ငယ်က မလွတ်တမ်းဖတ်ခဲ့သူပါနော်း))

အစ်မဆွိ.. ဟုတ်ပ အစ်မရာ.. ဒီမှာ အဲဒီပဲကိုပဲ ၀ယ်စားရတာ အဆင်ပြေတာလေ..။ အဲဒီပဲကို ပြုတ်ပြီး ပူပူလေးကို ဆီစမ်းစားရတာ တကယ်ကြိုက်တာ။ လသာည ပဲများတာသာ ကြည့်တော့း))

မိဆိုးလေး.. မင်းကတော့ နာမယ်..။ ငါ ဖုန်းပိတ်ထားမှာ ဒါပဲ ဟွန်း (=.=) / ဒါနဲ့ ကောက်ညှင်းပေါင်းအတွက် အခုပဲပြုတ် စာတိုက်ကနေ ပို့ပေးလိုက်ရမလား ဟိ

ဟုတ်ပ ရိုစ်ရာ.. ရေနည်းသွားတာလား မီးပြင်းတာလား။ ပဲပြုတ်ရင်း အိပ်ငိုက်သွားမိတာလား တစ်ခုခုပဲ ဟားဟား။ ပဲပြုတ်ရင် တူးတာများများနေလို့ မီးဖိုကို ဆိုင်ပို့ဦးမှပါး))

မျိုးနတ်ရာ.. လာသာလာခဲ့ပါ မကြောက်ပါနဲ့.. မိုးပေါ်ထောင်ပစ်တာပါ။ ပိုစ်ထဲမှာ (ဘာဖြစ်ဖြစ် မငိုဘူး)ပျော်ပျော်နေ သေခဲလို့ပဲ ရေးထားတာ၊ ပဲတူးတူးကိုပဲ စားနေတယ်လို့ ပြောပါဘူး..။ အိမ်ကို လာတည်းကြည့်စမ်းဘာ.. စားသောက်ဆိုင် အကောင်းစားဂျီးနဲ့ ဧည့်ခံမှာပါး)))

ဧပရယ်လ်ပူး@ပူးတေ said...

:)

ဘဝတူတွေ... တူးတာကို ကန်ထရိုက်ဆွဲထားတာ....

ပျော်ပျော်နေ သေခဲပဲပေါ့ ဟုတ်ဘူးလား... မသေခင်လေးတော့ တူးရင် စားလို့မရတာလေးတွေ ဖယ်လိုက် စားလို့ရတဲ့ အပိုင်းလေးတွေ ချန်ထားလိုက်... အားလုံးစားလို့မရတော့လဲ အားလုံး သရိုး(throw) လိုက်ပေါ့... ပူးတေတော့ ဒီလိုပဲ... :)

သဒ္ဓါလှိုင်း said...

ပဲတူးတူးလေးကိုသေချာကြည့်သွားပါတယ်မလသာ.
ဒီလိုတူးဖို့ဆိုတာကလည်းမလွယ်ဘူးမလား..။
သီချင်းလေးလည်းကြည့်ရသေးတယ်....

ခင်တဲ့
သဒ္ဓါ

ShwunMi- said...

မင်္ဂလာပါ အစ်မလသာညး)
ညီမလည်း ကြက်ဥပြုတ်အိုးကပ်မဖြစ်အောင် တော်တော်သတိထားရတယ်။ မေ့တတ်လွန်းလို့ ကြမ်းတိုက် ပန်းကန်စီ လုပ်ပြီး ဘေးမှာရပ်စောင့်နေရတယ်။
အစ်မရေးထားတဲ့စာသားက အပုံကြီးသာတယ်.. တကယ် =)

ယွန်း said...

ပျော်ပျော်နေသေခဲ..မော်တော်တွေ ရေထဲ
ရွှေခဲက ကြက်တူရွှေး..ချောတာက ဘယ်သူဆိုလားး
သိချင်ရင် မမချစ်ကြည်အေးကိုသာ ဆက်မေးကြည့်လိုက်
တော့ အစ်မလသာညရေ..ဟဲဟဲ..
ခင်လို့ စတာပါ..

နေ၀သန် said...

အဲဒီ တူးနေတဲ့ပဲကိုပဲ စားချင်လိုက်တာ... ဂလု... :d


ခင်မင်တဲ့
နေ၀သန်

Shinlay said...

တူးတာ တူးပါစေ။
မွှေးတာပေါ့။ ကျမလည်း ဟင်းချက်ရင် အနားမှာနေနေရတယ်။

Anonymous said...

“မင်းက ဘာကို အထင်ကြီးတာလဲ..
မင်းက ဘာကို မက်မောတာလဲ..
မကြားချင်လည်း နားပိတ်ထားလိုက်..
လသာညက ဆက်တူးမှာပဲ..။”

ဟဟား အစ်မ လသာညကတော့ လုပ်ပြီ။
အစ်မက တကယ့်ကို ဘာလုပ်လုပ် ဟာသညဏ်တော့ တကယ်ရွှင်တယ်..။

အဲဒီ လူရွှင်တော်ကိုသားကြီးကိုရော လူရွှင်တော် လသာညကိုရော သဘောကျပြီး ရယ်မောသွားပါကြောင်း

စာဖတ်ပိတ်သတ်လေး ရယ်သည် ဟားဟား

Anonymous said...

ဟေ့ တို့အမကို နားမလည်ပေးတာဘယ်သူလဲကွ ထွက်ခဲ့စမ်းပါ.......အဟီး ၀ိုင်းတောင်းပန်ကူမလို့
ပဲတူးတာလောက်တော့ ရီတာပေါ့ဟေ့ဟေ့ ... ချဉ်ရေအိုးတူး....ဘဲဥပြုတ်တူး.....ရေနွေးအိုးတူး ဘဲဥပြုတ်တူးတူးလေးစားကြည့် အရမ်းကောင်းတယ်ဗျ
မတော်တဆတူးသွားတာကနေ အရသာသစ်တွေထွက်လာတတ်တယ် တကယ်တူးအောင်လုပ်စားကြည့်အုံးဗျနော

ခင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

တူးသွားတာ ပဲတွေမို့ဘဲ
ကော်ဖီစေ့သာဆို အတော်မွှေးမယ်
နောက်ခေါက်ကျ ကော်ဖီစေ့ဘဲ လှော်တော့နော်.
သူက တူးတူးလေးမှ ကောင်းတား)
ပဲကတော့ တူးရင်ကောင်းဘူး :)

ချစ်ကြည်အေး said...

လသာည ဒီမယ် ကိုယ့် လက်ထဲကို စိုင်းစိုင်း ပြန်ပေးလိုက်စမ်းပါ...

ပုံ /စိုင်းစိုင်းချစ်ကြည်

ညီမယွန်း...ရေဘဝဲကပေါလ်...တပိုဒ်ကျန်ခဲ့တယ်...ဟဟ :)

SHWE ZIN U said...

လသာည ရေ

တူးတူးလေး လည်း ကောင်းတာဘဲ အဲ.. စားမရတော့ ပိုကောင်းသွားမယ် အသစ် တမျိုးစားရလို့ လေ

ခင်မင်တဲ့
ရွှေစင်ဦး

chindwinthu said...

အမရေ... စားမှာဘဲ...စားမှာဘဲ...တူးတူးလေးလဲ စားမှာဘဲ....( ဟိဟိ)

သူကြီးမင်း (တုံးဖလား) said...

မီးများလို့တူးတာဘဲ..ထူးခြားလို့ မူးတာဘဲ..
စားချင်ရင် လက်ဖြန့်၊ မစားချင်ရင် ထွေးထုတ်၊ ဒို့ကတော့ ဆက်တူးမှာဘဲ။

တစ်အိုးထဲ တူးတာမဟုတ်ဘူး၊ အမှန်က နှစ်အိုးတူးတာ။

ချက်ပိုင်လိုက်တာများဗျာ.... လသာညပဲကြောက်ကိုကြိုက်လို့တဲ့... ဘလော့ဂါတွေ ရောက်လာကြတာ... အခန်းကြီးထဲတောင် ပြည့်သွားရော...။းဝ)

..

သူကြီးမင်း (တုံးဖလား) said...

ဟီး ဟီး။ ပဲကြောက်ဟုတ်ဘူး။ ပဲကြော်။
ပိတ်သတ်ကြီးအားလုံး။ ပဲကြောက်ကို ပဲကြော် လို့ဖတ်ပေးကြနော်။

လသာည said...

ပူးတေလ်..လေး..ဟုတ်တယ်နေား)))တူးတာချင်း အဖော်ရပြီ။
သဒ္ဒါလှိုင်းရေ အငြိမ့်လည်းကောင်း ပဲတူးတူးလည်း ကောင်းနော်.. စားသွား အဲလေ ကြည့်သွားပါး))
ရွှန်းမီလည်း ဘဲဥပြုတ်တူးတူးလေး ဖြစ်ဖူးတယ်ပေါ့ အဖော်ရပြီ..

မရှင်လေး.. ကျေးဇူးပါနော်။ ဟုတ်ပ တူးတူးမွှေးမွှေးလေးဖြစ်သွားတာပါး))
ယွန်းပြောတာ တစ်ခုကျန်ခဲ့လို့ အစ်မချစ် လာအော်သွားတယ်..။ ယွန်းနဲ့ အစ်မချစ် ကျေးဇူးပါ
နေ၀သန်လည်း ပဲကြိုက်သူလား..။ အစ်မက ပွဲကြိုက်သူ ပဲလည်း ကြိုက်တယ်း))

စာဖတ်ပိတ်သတ်လေး>> ဟားဟားဟား..။ အတူတူ ရယ်ပေးတား)))
စည်းစိမ်.. အရသာသစ်က တူးတူးခါးခါးလေး အခါးစားခြင်းကို လေကိုသက်စေ၏ ဆိုရင်တော့ ကိုယ့်အခန်းတော့ အနံမျိုးစုံနဲ့ မတွေးစရာပဲ။ ထွက်ပြေးမှး))

မချောပြောသလို ကော်ဖီစေ့ပဲ လှော်တော့မယ်ကွား))
အစ်မရွှေစင် တ၀က်တူး တ၀က်မတူးဖြစ်သွားတာ ခွဲလို့လည်း မရတော့ လက်တဆုပ်လောက် တစေ့ချင်းရွေးစားပြီး ကျန်တာ သွန်ပစ်လိုက်ရတယ် ဟိ
ငြိမ်းကိုတော့ ကျွေးမှာပဲ ကျွေးမှာပဲ အစ်မကိုလာမတားနဲ့း))

ကိုကိုမောင်ရဲ့ ကဗျာကမှ မိုက်တာ။ ဟုတ်ပ အဲလိုဆိုရမှာနော..
“မီးများလို့တူးတာဘဲ..ထူးခြားလို့ မူးတာဘဲ..
စားချင်ရင် လက်ဖြန့်၊ မစားချင်ရင် ထွေးထုတ်၊ ဒို့ကတော့ ဆက်တူးမှာဘဲ။ တစ်အိုးထဲ တူးတာမဟုတ်ဘူး၊ အမှန်က နှစ်အိုးတူးတာ။”

ချန်ခဲ့တဲ့ ကွန်မန့်လေးများအတွက် အားလုံးကို အများကြီးအများကြီး ကျေးဇူးတင်ပါတယ်...

မယ့်ကိုး said...

ချစ်မလေး ... အဖွင့်နဲ့ အပိတ်နဲ့ မိုက်တယ် :D
စာဖတ်ပိတ်သတ်လေး ရယ်သလို ရယ်သွားတယ် :D :D :D

နွေဆူးလင်္ကာ said...

တခါတလေလည်း တူးတူးလေးက ကောင်းပါတယ်။

ပေါ့ဆိမ့် said...

တိုက်ဆိုင်လိုက်တာများကွာ ၈ လပိုင်း ၄ ရက်
ကျမ ပဲလေး တူးခဲ့ ကျမ ကို သနားလို့တဲ့ ဒယ်အိုးကြီးလည်း မဲရော...
ဒီလို့သာဆို ဧည့်သည်လာ လုပ်ပြီး ပဲလေး လာမ၀ါးတော့ဘူး ...

ဧည့်သည် said...

ကျွန်တော်က အဆောင်မှာ လိုက်မေးနေတာ ။ ဘယ်အခန်းက တူးနေတာလဲလို့ ...။ သြော် .... လက်စသတ်တော့ .................... ။ စက်ဘီးပျောက်သွားပြီ အစ်မရေ့ ... ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

blackroze said...

စချက်ကထဲကစဉ်းစားမိတာ
တူးဘို့ပါဘဲ
တူးမှာဘဲတူးမှာဘဲ
ပဲကိုလာမတားနဲ့...
တူးမှာဘဲတူးမှာဘဲ..
မည်းသွားအောင်တူးမယ်..း)

ခိုင်နုငယ် said...

မမစိုင်းစိုင်း လသာည
ပဲတွေက ပဲရေပွလှော်တွေလားငှင်..
ကြည့်နေရင်းနဲ့ စားချင်အိတာ။း)
ရယ်စရာတွေ မညင်ပဲ စားစရာတွေပဲမြင်သွားဒယ်း)

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ပန်းနုနှင်းဆီ said...

စာဖတ်နေရင်း အနံ့တောင် ရလာသလိုလို
လူရွှင်တော်ဟာသလေးကြည့်ပြီး ရယ်မောမိတယ်..
ကျေးဇူး အစ်မရေ..

လသာည said...

5 Aug 10, 01:27 AM
အကြမ်းထည်: စိုင်းစိုင်းတူးခါး ကို လာ ကြည့် ပါတယ်။ နောက်တော့ မီးကျွမ်း အဲလေ..ကျွမ်းကျင် သွား မှာ ပါ

5 Aug 10, 12:56 AM
ဆင်တဲကဖေး: ရောက်လာ ပြီးမှတော့ မထူးတော့ပါဘူး။ မတူးတဲ့ ပဲလေးတွေ ပဲ ရွေးစားရတော့ မှာဘဲ:)

4 Aug 10, 02:08 PM
seesein: ပဲပြုတ်ဆီစမ်းလေးနဲ့ ရေနွေးကြမ်း ပူပူလေး စားသောက်သွားပြီဗျာ

4 Aug 10, 02:09 PM
seesein: မီးမီးလေးရေ မေမေရဲ့ ပဲပြုတ်မဲမဲလေးတွေကြိုက်လားဟေ့

4 Aug 10, 09:51 PM
seesein: ပဲပဲမကြိုက်အောင် လုပ်ထားတဲ့ မေမေ့ က တရားခံ ကလေးလေး ရေ ပဲစားမှ အားရှိတာကွ

4 Aug 10, 07:23 PM
မောင်လေး: အစ်မ လသာည ပဲမများနိုင်တော့ဘူးပေါ့..တူးသွားလို့ ...ဟုတ်လား

4 Aug 10, 04:56 PM
ဒေါင်းမင်း: အငြိမ့်အပိုင်းလေးကောင်း၏

4 Aug 10, 11:47 AM
AATO: ပိတ်သတ်ကြီး က နားလည်ပါတယ်..တဲ့

4 Aug 10, 05:08 PM
chindwinthu: အမရေ..ပဲစားချင်လို့ အိုခရာမ လာနိုင်အောင် ကြိုးစားတော့မယ်။

လသာည said...

အားလုံးရဲ့ ကွန်မန့်လေးများကို အများကြီး အများကြီး ကျေးဇူးတင်ပါတယ်..။

ပဲတူးတာတောင် ခပ်ကောင်းကောင်းဖြစ်သွားပြီ။ အခုဆို အားလုံးစပ်ပေးတဲ့ သီချင်းကဗျာတွေအားလုံးက အမိုက်စားတွေဆိုတော့ တခါတည်း သိမ်းထားလို့ ရသွားပြီ..နေား)))

အားလုံးကို (အားလုံးကို) တကယ့်ကို အများကြီးကို အသေချာကို ကျေးဇူးတင်ရပါတယ်လို့.. \(^^)/

လသာည ပါ

ပုံမှန် said...

ဟက်...ဟက် စိုင်းစိုင်းလသာ ရို့.ရို့ အဟန်း အဟန်း...ကာရံတွေ ဂွတ်တယ်ဗျို့.....

ချိုကျ said...

တူးနေတဲ့ ပဲတွေကြားမှာ စားနေရတာ မလသာည မိုးပေါ်ကိုမော့ကြည့်တော့ ငှက်နှစ်ကောင်က အီအီးပါချ အာ....မှားလို့ ဆောတီးဆောတီး တူးနေတဲ့ပဲလေးပဲ စားပြီး ပြန်သွားပါပြီး :)

ခင်တဲ့(ချိုကျ)

ကောင်းမွန်ဝင်း said...

လသာညရေ

ပဲများလို့ ၊ အခြစ်ကြမ်း၊
အနံ့ က အရမ်းပြင်း။
သီချင်းကမိုက် ၊ ရီသံတွေလှိုက်တဲ့၊
ဟစ်ပ်ဟော့ပ်ဒီဇိုင်းနဲ့၊
စိုင်းစိုင်းလသာည၊ ကော်ဖီမပါလည်း။
တို့ကတော့ကြိုက်တယ်။

ဒီပို့စ် ကို။ ဒီပို့စ် ၊ ဒီပို့စ်။

ကျော်နှင်းဆီလွင် said...

မရေ
စိုင်းစိုင်းနဲ့တူးတယ်ပေါ့ ..ခေတ်မီအောင်
;)

နှင်းဟေမာ said...

မမစိုင်းစိုင်း လသာညရေ...
တူးတူးလေးပဲ စားချင်တယ် ...
း)) ဖတ်ပြီး ရယ်သွားတယ် .. မ နေကောင်းတယ်ဟုတ်
ချစ်ညလေးနှင်း

သိင်္ဂါကျော် said...

ကိုယ့်ဟာကိုယ် စားဖို့ပဲ မဟုတ်လား..
တူးတော့လည်း မစားရုံပဲပေါ့.. :P

နေ့အိပ်မက် said...

ခွိ ခွိ မမလည်း မထင်ရဘူးနော် :P :P

ဂျစ်တူး ( မုံရွာ ) said...

ဂျစ်တူးရုပ်ပြစာအုပ်ဆိုလို့ လေ-----
ဒီရောက်တော့ ပဲတူးတူး ကလေးကိုစားသွားတယ်ဗျာ-
အညာသားဆိုတော့ ပဲတူးတူး လေးလဲကြိုက်တာပါဘဲဗျာ-