Saturday, July 31, 2010

ပြိုင်ဖက်မရှိ ချစ်တတ်သူများ

နေ့စဉ်ဘ၀တွေထဲမှာ သွားရင်းလာရင်း “ပြိုင်ဖက်မရှိ ချစ်တတ်သူများ”ကို တွေရတဲ့အခါ အလိုလို ပြုံးမိပါတယ်...။ ကျွန်မသူငယ်ချင်းများရော ပြိုင်ဖက်မရှိ ချစ်တတ်သူများကို တွေ့ဖူးပါသလား..။ ခက်ခက်ခဲခဲ မရှာရပါဘူး..။ လောကထဲမှာ အများကြီး ရှိပါတယ်။ အများကြီးဆိုမှ အများကြီး...ပါ..။
......................................
တခါက ၅ နှစ်အရွယ် ကလေးနှစ်ယောက် အတူတူ ဆော့ကစားကြတယ်..။ ဆော့ကစားရင်း ခလုပ်တိုက် လဲသွားကြတယ်..။ နှစ်ယောက်လုံး ဒူးလေးတွေ ပွန်းသွားပြီး နဖူးလေးတွေ ရဲသွားအောင် နာသွားတယ်ပေါ့..။
ဒီတော့ကလေးငယ်တစ်ယောက်က လက်တစ်ဖက်က သူ့နဖူးကိုသူပွတ်ပြီး “အား..နာလိုက်တာ”လို့ ပြောရင်း သူငယ်ချင်းကို ကြည့်လိုက်တယ်။ သူငယ်ချင်းက မျက်နှာမဲ့ပြီး ငိုတော့မဲ့အရိပ်အရောင်မြင်လိုက်တော့ ဘာလုပ်ရမှန်းမသိတာမို့ အားပေးတဲ့အနေနဲ့ သူရဲ့ ဖုံပေနေတဲ့ လက်သေးသေးလေးနဲ့ပဲ သူငယ်ချင်းခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ ပါးစပ်ကလည်း“အုံဖွ အုံဖွ အရမ်းနာတာပဲနော့”တဲ့..။

သူချော့နေပေမယ့်လည်း သူ့သူငယ်ချင်းက မျက်နှာလေးမဲ့ရာကနေ အသံအကျယ်ကြီးနဲ့ အီင်္း ကနဲ့ ငိုချလိုက်ပါတော့တယ်။ အတန်းထဲက ဆရာမရောက်လာပြီး ငိုနေတဲ့ သူ့သူငယ်ချင်းကို ခေါ်သွားတယ်။ ပြီးတော့ ပွေ့ဖက်ချော့မြူပြီး မုန့်ပေးတာကို တွေ့လိုက်ရတယ်..။ သူငယ်ချင်းက ငိုသံကို တရှိုက်ရှိုက်လိုက်ရင်း မုန့်ကိုယူစားလိုက်တာလည်း တွေ့ရတယ်။ သူကဆက်ပြီး ငေးကြည့်နေပေမယ့် သူငယ်ချင်းက သူ့ကို လှည့်မကြည့်တော့ဘူးရယ်။ သူငယ်ချင်းလည်း ငိုသံတိတ်သွားပြီဆိုတော့ ကလေးငယ်လေးဟာ အမည်မသိ ၀မ်းနည်းစိတ်နဲ့ သူ့ခုံနားလေးကို လှည့်ပြန်လာခဲ့တယ်။

တကယ်ဆို သူလည်း နာတဲ့သူပဲ..။ဆရာမချော့မြူတာကိုခံချင်တာပေါ့၊ မုန့်လည်း စားချင်တာပေါ့။ အခုနက ကိုယ့်အနာထက် သူငယ်ချင်းကိုပဲ အားပေးနေခဲ့တဲ့ကလေးငယ်က အခုမှ သူ့အနာကို နာကျင်ရမှန်းသိသွားတယ်။ အနာကို လက်ဖမိုးဖောင်းဖောင်းသေးသေးလေးနဲ့ ပွတ်လို့ တိတ်တိတ်လေး တစ်ယောက်တည်း မျက်ရည်ကျနေခဲ့တယ်။
သူဘာလို့ အခုနက မငိုပဲ အခုမှ ငိုမိသလဲ.. ကလေးပီပီ စဉ်းလည်း မစဉ်းစားတတ်ဘူး၊ နားလည်းမလည်ခဲ့ဘူး..။

နောင် နှစ်၂၀ကျော် ကြာပြီးတဲ့နောက် လူကြီးအသွင်နဲ့ သူအလုပ်ထဲဝင်ရတဲ့အခါ သူ့သူငယ်ချင်းလို လူတွေကို အများကြီး တွေ့ရတယ်.။ အလုပ်အတူတူလုပ်၊ ပင်ပန်းတာချင်းအတူတူ အသံကျယ်ကျယ် ညည်းပြတတ်တဲ့အတွက် အရာရှိက “အလုပ်ကြိုးစားသူ”အဖြစ် သတ်မှတ်ခံသွားရပြီး ရာထူးတွေ အဆင်ဆင့် တိုးတိုးသွားသူတွေ၊ ကိုယ်ခံစားနာကျင်နေချိန်တွေမှာ ကိုယ့်ဒုက္ခမှ ဒုက္ခလို့ ထင်ပြီး ညည်းတွားတဲ့အတွက် စာနာစွာ လာအားပေးသူ သူငယ်ချင်းတွေကြားမှာ ကျေနပ်ပျော်ရွှင်နေတတ်ပေမယ့် အဲဒီသူငယ်ချင်းတွေ အလှည့်ကျတော့ ဂရုတစိုက် ပြန်အားပေးဖို့ မေ့နေတတ်သူတွေ၊ အခုဘ၀မှာ သူများရဲ့ ဂရုစိုက်မှု၊ ကြင်နာမှုရနေတာဟာ ကံတရားကြောင့် ဘုရားပေးလို့ အဆင့်သင့်ရလာတာလို့ ထင်နေတတ်သူတွေ.. အစရှိသဖြင့်ပေါ့ အများကြီးပါပဲ...။

လူတိုင်း ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုပေမယ့် သူတို့ကတော့ တကယ်ကို ပြိုင်ဖက်မရှိ ချစ်ကြတဲ့သူတွေပါပဲ...။

.......................................

အခုတော့ အဲလို ကိုယ့်ကိုယ့်ကိုပြိုင်ဖက်မရှိ ချစ်နေကြသူတွေ ပတ်ဝန်းကျင်တွေမှာ မကြာခဏ တွေ့ရလာတဲ့အခါတိုင်း သဘောကျစွာ ကျွန်မ ပြုံးနိုင်ပါပြီ..။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေကြားက ကြင်နာမှု ဂရုစိုက်မှုဆိုတာ ဘုရားပေးတာ မဟုတ်ပါဘူး..၊ကိုယ့်ရင်ထဲက၊ နောက်ပြီး သူ့နှလုံးသားထဲက ဖြစ်တည်လာတဲ့ အကြင်နာ သွေးတွေသာ ဖြစ်ပါတယ်။ လူတိုင်းမှာ ၀မ်းနည်းချိန်၊ သောကဝေ အားငယ်ချိန် ဆိုတာ ရှိနိုင်တယ်။ ကိုယ့်အားငယ်ချိန် တစ်စုံတစ်ဦးရဲ့ မေတ္တာပေး ဂရုစိုက်မှုကို ရလာခဲ့ဖူးရင် ထိုသူ အားငယ်ချိန်၊ ဒုက္ခရောက်ချိန်မှာလည်း မမေ့မလျော့ ကိုယ့်ရင်ထဲကလာတဲ့ ဂရုစိုက်မှုတစ်ခုတော့ သူ့ကို ပြန်ပေးသင့်တယ် မဟုတ်ဖူးလားဟင်..

လသာည..ရဲ့ အတွေးပါ...

36 comments:

ခိုင်နုငယ် said...

ဟုတ်တာပေါ့..မမလသာရယ်..
အားပေးစကား..နှစ်သိပ့်မူ့..လေးတွေ..
မေတ္တာပေး ဂရုစိုက်မှုလေးတွေဟာ...မွေးယူလို့ရတဲ့
အရာတွေပါ။ ကိုယ့်အတွက်..ကမ္ဘာပျက်မတက်စိတ်
အားငယ်နေတဲ့ချိန်..တစ်စုံတစ်ယောက်ရဲ့..အားပေး
စကားနှစ်သိပ့်မူ့ကို..ရကြည့်ပါလား..အားတစ်ခုတော့
ဖြစ်စေတာပါပဲ။ အများစုကတော့..သူ့အတွက်ဆိုတာလေး
မေ့နေတတ်ကြတယ်။
ပျော်ရွှင်ပါစေ..မမလသာ


ခင်မင်စွာဖြင့်
ခိုင်နုငယ်

chindwinthu said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါ။ အမရေ...ငိုတတ်တဲ့ ကလေးက မုန့်ပိုရတာလေ လို့ ငယ်ငယ်က မေမေ ပြောဖူးတာလေး သတိရမိတယ်။ ဒီပို့စ်လေးကို အရမ်းကို ကြိုက်တယ်။

chindwinthu said...

ကလေးငယ်လေး မျက်ရည်ကျသလို ခံစားမှု မျိုးတွေ မဖြစ်ရအောင် သူ့အတွက်ရော..ဆိုတာလေးတွေ ပြန်စဉ်းစားသင့်တာပေါ့။

rose of sharon said...

မှန်တယ်သူငယ်ချင်းလေး... ဒီလိုတွေကြုံရတာများလွန်းလို့ သူများလိုအပ်ရင် ကူညီဘို့အသင့်ရှိနေပေမဲ့ ကိုယ့်အတွက်လိုအပ်ခဲ့ရင် ဘယ်သူ့ဆီမှာမှ မမျှော်လင့်တတ်တော့တာ တော်တော်ကြာပြီ...

ဧည့်သည် said...

တန်ဖိုးရှိလိုက်တာ အစ်မရယ် ... ။ အဲဒီလို တစ်ခါမှ မတွေးမိခဲ့ဖူးဘူး ။ ဒါဟာ မဖြစ်မနေ လုပ်ရမယ့်အချက်တစ်ချက် လို့ ထင်ပါတယ် ။

Anonymous said...

အစ်မ..
ဒီပိုစ် သဘောကျတယ်ဗျာ...။
ပတ်ဝန်းကျင် အဲလိုလူတွေ များတယ်ဗျ..။ အခုတော့ ကျွန်တော်လည်း အစ်မလိုပဲ ပြုံးနိုင်သွားပါပြီ

စာဖတ်ပိတ်သတ်လေး ဖြစ်ပါတယ်.. ဟီး..

သဒ္ဓါလှိုင်း said...

ပြုံးမိတာပေါ့မလသာ..။ အမြဲတမ်း ကိုယ့်အတွက်ပဲ
စဉ်းစားနေမိတဲ့သူတွေဟာ သူများတွေရဲ့ ရင်ထဲမှာ
ရှိနေတတ်တာကို မသိတတ်ကြဘူး..။အပြန်အလှန်
သတိတရ..ဂရုစိုက်မှုမျိုး ပေးနိုင်တဲ့သူတွေရှားတယ်နော်။

ခင်တဲ့
သဒ္ဓါ

မယ့်ကိုး said...

တကယ်တော့ ချစ်မလေးရယ် အဲဒီလူတွေဟာ သိပ်သနားစရာကောင်းတယ် ထင်တယ်။ သူတို့ကို စစ်မှန်တဲ့သူတွေ စွန့်ခွာသွားတတ်ကြတယ်လေ။

SHWE ZIN U said...

လသာည ရေ

ဒီပိုစ့်လေး ကိုကြိုက်တယ် လသာည လို မရေးတတ်လို့ အဲလို လူတွေ အများကြီး တွေ့ဘူးတယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး ဖြစ်ပါတယ်

လသာည လင့်ခ်က ရွှေစင်ဦးစီမှာ မတက်ဘူးဖြစ်နေလို့ နောက်ကြသွားတယ်

Anonymous said...

မလသာည
မကြာခဏရောက်ပေမယ့် မမန့်ဖြစ်ပါဘူး..။ ဒီတခါတော့ သဘောကျလို့ မန့်တာပါ။ကလေးဘ၀က သူများ၏ ကျင်နာမှုကို မသိတာ တော်သေးပေမယ့် လူကြီးဖြစ်တဲ့အထိ မသိဘူး ။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်သွားတာကတော့ တကယ့်ကို ကလေးဂျီးတွေပါပဲ ။ အဲလို ကလေးဂျီးတွေကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရမှာပါပဲ။

မအိမ်သူ

ဇော်သိင်္ခ said...

လူအများစုကတော့ အမြဲတမ်း ကိုယ့်အတွက်ပဲ စဉ်းစား နေကြတာများတယ်ဗျ.. အခုလို သူများ ဒုက္ခရောက်ချိန်မှာလည်း မမေ့မလျော့ ကိုယ့်ရင်ထဲကလာတဲ့ ဂရုစိုက်မှုတစ်ခုတော့ သူ့ကို ပြန်ပေးသင့်တယ်ဆိုတာက တော့ မှန်ကန်တဲ့ အတွေးတစ်ခု နဲ့ လုပ်သင့်တဲ့ တာဝန်တစ်ခုလို့ ထင်မြင်မိပါတယ်....

အကြမ်းထည် said...

ဒါကြောင့် ထင် တယ်.... ငို တတ် တဲ့ ကလေး မုန့် ပို စား ရ တယ် ဆို တာ :P

တွေး ခေါ် ပုံ လေး က ... ဒီ နေ့ လော က ကို ထင် ဟပ် မြင် ယောင် စေ ပါ တယ်။
ပျော် ရွှင် ချမ်း မြေ့ နိုင် ပါစေ။

Anonymous said...

တိုက်တိုက်ဆိုင်ဆိုင် လသာညရဲ့ ပြိုင်ဘက်မရှိချစ်တတ်သူများကို ဖတ်မိပြီး ငါ့ဘ၀နဲ့တူလိုက်တာ လို့ တွေးမိတယ်။ ဒါပေမဲ့ ခုထိ မပြုံးနိုင်သေးဘဲ တိတ်တိတ်လေး မျက်ရည်ဝဲနေမိတုန်းပဲ။ ခံနှိုင်ရည်မရှိဘူးလေ။ ဒါပေမဲ့ သူများနာကျင်တာမြင်ရင်လည်း မျက်နှာလွှဲနိုင်တဲ့ နှလုံးသားမရှိလေတော့ ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းမိတယ်။

Anonymous said...

ဖတ်မှတ်အတွေးပွားသွားတယ်ဗျာ
ကျေးဇူးပါ

မောင်ဘကြိုင်

ကိုဇော် said...

ဟုတ်တယ်ဗျာ။
တချို့က အတူတူချင်းကို သူတို့ပဲ အရမ်းခံစားရသလိုမျိုး ပြစားတတ်တယ်။ အတူတူ ချွေးသုတ်နေရတာကို သူကမှ ပိုပြီး ပင်ပန်းသလို ခံစားပြတတ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လောကကတော့ မြင်တတ်ပါတယ်လေ။ အချိန်က အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ အဲ. .တစ်ခုပေါ့။ အဲဒီအဆုံးအဖြတ် မရောက်ခင် ကိုယ်ကတော့ ပြုံးထားနိုင်ဖို့ လိုတာပေါ့လေ။

သူကြီးမင်း (တုံးဖလား) said...

မှန်လိုက်လေ အမ။
လူတိုင်းက ကိုယ်မှ ဘ၀နာတာထင်ကြတာလေ။ ပြောလိုက်ရင် မင်းတို့က ငါ့လောက်ဘ၀မနာခဲ့ပါဘူးတဲ့။ အမှန်ဆို အလုပ်ပိုမလုပ်တဲ့သူက ပိုပြီးညည်းပြတတ်ကြတာပါ။ သူတို့က အဲဒီညီးညူကြတာကိုဘဲ အလုပ်ကြီးတစ်ခုလို့ ထင်ကြတာလေ။ ပြီးတော့ အမပြောသလိုဘဲ လူတွေကလဲ အဲဒီလို ညည်းပြတတ်တဲ့သူကိုမှ တကယ်(တကယ်) အလုပ်ကြိုးစားသူလို့ ထင်တတ်ကြတာကလား။

ပျော်ရွှင်ပါစေ အမ လသာည။

ကိုကိုမောင်ဖြစ်ပါတယ်။

နေ၀သန် said...

:).. လောကကြီးမှာ ဒါကဓမ္မတာများဖြစ်နေသလားမသိဘူး... လူတွေက လုပ်ပြမှ၊ သိကြတာလေ... ဘယ်သူကမှ ရင်ထဲကိုဖောက်ပြီး မမြင်ကြဘူး... မောင်နှမထဲမှာတောင် ပေါ်တင်တောင်းတဲ့ကလေးက ရတယ်.. မတောင်းပဲနဲ့ လိုအပ်ချက်ကို အမေဘယ်အချိန်များအလိုလိုသိပြီး ၀ယ်ပေးမလဲလို့ မျှော်လင့်နေတဲ့ကလေးက ငတ်တာပဲ.... ၀မ်းနည်းမှုမှာလည်း ဒီလိုပါပဲ... ငိုယိုပြမှ ၀မ်းနည်းတယ်ထင်ကြတာ. နှလုံးသားက တဆတ်ဆတ်ခါပြီး နင့်နေအောင် တိတ်တဆိတ်ခံစားနေရတဲ့လူတွေ ဒုနဲ့ဒေးပဲ.. အဲဒီလူတွေကိုကျ မခံစားပေးတတ်ကြပေါင်ဗျာ....


ခင်မင်တဲ့
နေ၀သန်

Anonymous said...

အမလသာရေ
စာလာဖတ်တယ်ဗျို့ မကြိုက်တာကို မရှိတော့ဘူး ရေးတိုင်းကောင်းတယ် ဒါပေမယ့် များများမရေးပေးတာခက်တယ် ရေးလိုက်ပါဗျာ တစ်နေ့ ၂ ပုဒ်လောက်ထဲပါဗျာ

ခင်မင်စွာဖြင့်
seesein

Anonymous said...

ဟော့တော်... တခုခုတော့မှားနေပီ.. ခွင့်လွှတ် အမှန်ကအောက်ဆုံးက အပိုဒ်လေးကူလိုက်တာ ..

လသာညရေ... ပြန်ဖျက်လိုက်ပါ။ အပေါ်က ကော်မန့်..ဟီး..မျက်နှာချိုသွေးသွားတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေကြားက ကြင်နာမှု ဂရုစိုက်မှုဆိုတာ ဘုရားပေးတာ မဟုတ်ပါဘူး..၊ကိုယ့်ရင်ထဲက၊ နောက်ပြီး သူ့နှလုံးသားထဲက ဖြစ်တည်လာတဲ့ အကြင်နာ သွေးတွေသာ ဖြစ်ပါတယ်။

ရက်စ် အပြည့်အ၀ထောက်ခံပါတယ်။

မြတ်နိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

း)
ဖတ်ပြီးတကယ်ကိုပြုံးမိတယ် မလသာညရေ..
ဒီလို အဖြစ်မျိုးတွေ ကြုံခဲ့ဖူးတယ်.. သူငယ်ချင်းတစ်ယောက် Company တစ်ခုတည်း လုပ်ခဲ့တယ်.. သူ စင်္ကာပူရုံးခွဲကို ပြောင်းခွင့်ရတယ်.. သူ အဲဒီမှာ မင်္ဂလာဆောင်တော့လေ စလုံးမှာ အစစအရာရာ ဈေးကြီးတယ်ဆိုပြီး သူနဲ့ သတို့သားဝတ်ဖို့ ဖိနပ်ကစပြီး ၀တ်စုံ၊ လိုက်ဖက်မဲ့ အဆင်တန်ဆာ၊ လက်ထပ် လက်စွပ်၊ ဖိတ်စာ က အစ မင်္ဂလာဆောင်မှာ လိုအပ်မဲ့ အစစအရာရာကို ရန်ကုန်ကနေ တို့ကိုယ်တိုင် တစ်ခုချင်းစီစဉ်ပြီး ပို့ပေးခဲ့ရတယ်.. ၂ပတ်လောက်ဟာ ရုံးဆင်းတိုင်း သူ့ မင်္ဂလာကိစ္စနဲ့ ဖတ်ဖတ်မောခဲ့ ရတယ်.. သူခွင့်နဲ့ ပြန်လာတော့ တစ်ချက်လောက် ပြုံးပြပြီး နှုတ်ခမ်းနီ ခပ်ညံ့ညံ့လေး တစ်တောင့် လက်ဆောင် လာပေးရုံက လွဲလို့ ကျန်တဲ့တစ်ရုံးလုံးက လူတွေကို သူ့အမျိုးသားနဲ့ မိတ်ဆက်ပေးပြီး ဓာတ်ပုံတွေ ရိုက်ကြပေမဲ့ ကိုယ့်ကို ယောင်လို့ တောင် ကျေးဇူးစကားဆိုဖို့က အစ မိတ်ဆက်ပေးဖို့ သူသတိမရခဲ့ဘူး... ခုပြန်တွေးပြီး ပြုံးမိတာပါ.. ဒီပိုစ့်လေးဖတ်ပြီး သတိရသွားလို့ ရေးချင်စိတ်ပေါက်ပြီး ရေးသွားခဲ့ပါတယ်.. ရင်ထဲမှာ မှတ်မှတ်ရရ ရှိနေတဲ့ အဖြစ်ကလေးတစ်ခု မို့ပါ။

လသာည said...

ချန်ထားခဲ့တဲ့ ကွန်မန့်လေးများ အားလုံးအတွက် ခိုင်နုငယ်. ချင်းတွင်းသူ. ချစ်သောရိုစ်.ဧည်သည်. စာဖတ်ပိတ်သတ်လေး. သဒ္ဒါ. မယ်ကိုး. အစ်မရွှေစင်.မအိမ်သူ. မောင်ဘကြိုင်. ကိုဇော်. ကိုကိုမောင်. နေ၀သန်. စည်းစိမ်. မြတ်နိုး.မချော.. တို့ကို ကျေးဇူးအများကြီးအများကြီး တင်ပါတယ်နော်..။

မြတ်နိုးရေ.. အဲဒီထပ်နေတဲ့ဟာ ဖျက်လိုက်ပြီနော်။

ညိမ်းနိုင် said...

အစ်မရေ..ခုမှလာဖြစ်တယ်...လောကမှာ အစ်မပြောတဲ့
လူစားတွေ အများကြီး..။မကြာခဏတွေ့နေရတော့
ထူးပြီးမခံစားမိတော့ဘူး..။

ချိုကျ said...

မလသာ....မဟုတ်ဖူးလားမေးလို့ ဟုတ်ကြောင်း အားပါးတရထောက်ခံသွားပါတယ်ခင်ဗျား :)
လက်ခုပ်ကလေးများတီပေးကြရင်ပိုကောင်းမှာ ဟိဟိ :)

ခင်တဲ့(ချိုကျ)

လုလု said...

လသာညရယ် ရေးတတ်လိုက်တာ။ အမှန်တွေချည်းပဲ။ အဲ့ဒီလိုတွေ ခံစားဖူးတယ်။ ခံစားနေရဆဲပါ။ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ကိုယ်ပဲ ခံလိုက်ရတာချည်းပဲ။ တိုက်ဆိုင်နေလို့ ဖတ်ရင်း ကိုယ့်များ စောင်းရေးထားသလားတောင် ထင်မိတယ်။ ဟီး။

လသာည said...

ချန်ခဲ့တဲ့ ကွန်မန့်လေးများအတွက် မောင်လေး. ချိုကျ လုလုတို့ကို ကျေးဇူးအများကြီး တင်ပါတယ်။ အပေါ်က အနောနိမတ်စ်လေးနဲ့ လုလု.. တိုက်ဆိုင်သွားတဲ့ ဖြစ်ရပ်လေးတွေ ရှိခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့နော်။ လသာညရဲ့ အတွေးသက်သက်သာ ဖြစ်ပါတယ်။ ဘယ်သူ့မှ မရည်ရွယ်ပါဘူး..လို့..း) ။
လက်ခုပ်တီးပေးသွားတဲ့အတွက်လည်း ချိုကျကို ကျေးဇူးတင်ပါတယ်။

ခင် said...

အမ..။
နာကျင်မှုကိုခံစားရတာချင်းတူတူ
ကိုယ်က ဖေးမပေးတဲ့သူဖြစ်ခွင့်ရတာဟာ အင်မတန်ကုသိုလ်ရစေပါတယ်..။
ဒါပေမယ့် ပေးလိုက်ရတဲ့သူကို
တစ်ခါတစ်ရံ
အသိအမှတ်လေးပြုပေးလိုက်ဖို့ တောင်ဝန်လေးတတ်သူတွေနဲ့ တွေ့ တော့လဲ
ကိုယ့်ရဲ့ ဖေးမပေးချင်စိတ်တွေက ထပ်ဖြစ်လာခဲ့ရင်တောင်မှ
ကာယကံမြောက် လုပ်ပေးလိုက်ဖို့ 
တွန့် ဆုတ်တတ်နေခဲ့ပြီ။
သည်းခံခြင်းဆိုတာကလဲ
သာမန်လူတစ်တယာက်အဖို့ တော့
အတိုင်းအတာဆိုတာရှိသေးတော့...။

ဥပက္ခာ ထားတတ်အောင်ပဲ ကြိုးစားမိတော့တယ်။

sosegado said...

တစ်ခါတစ်လေ အသံထွက်ရတယ်ဆိုတာ အဲဒီလိုထင်တယ်၊ လူမသိ သူမသိတွေကတော့ ခံရခက်မြဲပါပဲ။

လသာည said...

ခင်ရေ....မိတ်ဆွေစစ်တွေ အများကြီး ရပါစေနော်..

ခင်နဲ့ sosegadoကို ကျေးဇူးတင်ပါတယ်..။

blackroze said...

လူဆိုတာဒီလိုပါဘဲ..
တခါတလေအသံထွက်တတ်ရသလို
တခါတလေလည်းမြိုသိပ်ထားတတ်ရတယ်..
တကယ်တော့လောကကြီးကလဲ
တခါတခါမတရားပါဘူးလေ..

ပန်းနုနှင်းဆီ said...

အစ်မရေ
ဒီလို ကိုယ့်ကိုယ်ကို မတရားချစ်တဲ့လူတွေ လောကကြီးမှာ အများသားနော်
ကိုယ်တိုင်မပါမိဖို့တော့ ဆုတောင်းရတာပါဘဲ..
ကြိုးစားပြီး နေထိုင်ပါမယ်..

ကိုကိုးအိမ် said...

မလသာညရေ ညကြီးမိုးချုပ်အွန်လိုင်းလုပ်ရင် အလည်တစ်ခေါက် စာဖတ်ရောက်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အ၇င်ကအဲဒီလိုလူမျိုးပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်ချင်းစာတရားဆိုတာကို ရင်းနှီးလာတဲ့အခါမှာတော့ အတတ်နိုင်ဆုံးဆင်ခြင်နေထိုင် ခဲ့ပါတယ်။ ဒါပေမယ့် ခက်တာက သူများချစ်တာကိုခံချင်ပေမယ့် ဘယ်သူ့ကိုမှ နက်နက်နဲနဲမချစ်ခဲ့ဘူးပါဘူး။ ဒါပေမယ့် ဘယ်သူ့ကိုမှလည်း မမုန်ပြန်ဘူးဗျာ။ မလာသာညရဲ့ဒီပို့စ်လေးက ကျွန်တော့်ရဲ့ခံစားချက် တွေကို အဆုံးထိဆွဲခေါ်သွားတယ်။ လောကကြီးမှာ ကိုယ်ချင်းစာတရားထွန်းကားတဲ့အချိန်မှာ အ၇မ်းနေပျော်စရာကောင်းမှာပါ

ခင်မင်လျှက်
ကိုကိုးအိမ်

လသာည said...

ချန်ထားခဲ့တဲ့ ကွန်မန့်လေးများအတွက် blackroze . ပန်းနုနှင်းဆီနဲ့ ကိုကိုးအိမ်တို့ကို ကျေးဇူးအများကြီး တင်ပါတယ်

ပေါ့ဆိမ့် said...

ပို့စ်လေး က တိမ် မလိုနဲ့ နက် တယ်။
ကျွန်တော်တော့ ငိုပြပြီး မုန့်မစား ချင်ပါဘူး။ ကောင်းတာကို ရည်ရွယ်ပြီး လုပ်လိုက်တဲ့ စိတ်မှာ ဘာမျှော်လင့်ချက်မှ မထားသင့်ပါဘူး။ အဲ .. တစ်ခုတော့ရှိတယ် ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခု အတွက် တဘက်သား အဆင်ပြေသွား ပါစေဆိုတဲ့ မျှော်လင့်ချက်ကလေး လေးလောက်တော့ ထားသင့် ပါတယ် ..

ကောင်းမွန်ဝင်း said...

လသာညရေ။
ကျွန်မကတော့ အငိုအလွန်သန်တယ်။
ကိုယ့်ကိုကိုယ် ပဲ ပင်ပမ်းတယ်လို့ထင်တယ်။
မပြည့်သေးဘူး။ ဘောင်ဘင်ခတ်လွန်းတယ်။
ဒီပို့စ်လေး ကိုဖတ်ပြီး ဆင်ခြင်မိပါတယ်။
ခင်မင်လျှက်

လောင်စာ said...

ဟုတ်ပါတယ်... ဟုတ်ပါတယ်ဗျာ...

Unknown said...

အရမ်းမှန်ပါတယ်မမ