Tuesday, September 7, 2010

ဂျပန်နိုင်ငံမှာ ဒံပေါက်ချက်မယ်ဆိုရင်



။။။။။အခုရက်ပိုင်း မအားတာ၊ ခရီးလွန်တာနဲ့ ၂၀၁၀ ခုနှစ် ၈-လပိုင်း၊ ၉လပိုင်းရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး (အော် ဗေဒင်ဟောစာတမ်းနဲ့ မွှားသွားလိုး))) စတဲ့ ကိစ္စ ၀ိစ္စတွေ အထူးများနေတာနဲ့ ဘလော့မရေးနိုင် ဘလော့မလည်နိုင် ဖြစ်နေတာ ခွင့်လွှတ်ကြပါနော် (^^)/ ။

အဆင်မပြေပဲ ပဲအိုးတူးပြီး သွားတဲ့နောက် အဆင်ပြေသွားတဲ့ ဒံပေါက် ချက်နည်းကို တင်ပေးလိုက်ပါတယ်။ ဒီပိုစ်ကတော့ ဂျပန်နိုင်ငံမှာ နေပြီး ဒံပေါက်စားချင်ရဲ့သားနဲ့ လိုအပ်တဲ့ အဆာပလာ ပစ္စည်းလေးတွေ ၀ယ်ဖို့ အဆင်မပြေတာကြောင့် မစားရတဲ့ သူငယ်ချင်းတွေအတွက် အထူး မျှဝေတာပါ။ ချက်နည်းကတော့ သူများတွေချက်တာနဲ့ သိပ်တော့မထူးဖူး ထင်တာပါပဲ။ ဂျပန်မှာ ရှိတာနဲ့ ကိုယ်လုပ်တတ်တဲ့ နည်းနဲ့ လုပ်စားရင်း အဆင်ပြေသွားတာနဲ့ မျှဝေတာ သက်သက်ပါ။

ဒံပေါက် ၆-ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

၁- Basmatiဆန် (တစ်ကီလို တစ်အိတ်)
၂- ဘရာဇီး ကြက် တစ်ကောင် သို့မဟုတ် ကြက်ပေါင် -၆ ပေါင်
၃- ဒိန်ချဉ်ပလိန်း ရယ်ဒီမိတ် (၄၅၀ ဂ၇မ်) တစ်ဗူး
၎- ထောပတ် ၂-ဇွန်း သို့မဟုတ် ထောပတ်အခဲသေးသေး ၂ ခု
၅- ဒံပေါက်မဆလာ (ဒီတခါတော့ မ၀ယ်ဖြစ်လို့ မထည့်ဖြစ်ဖူး)
၆- ဆန်ဆိုးဆေး အနီ၊ အ၀ါ ၊ အစိမ်း
၇- သစ်ဂျပိုး မှုန့် ၁-ဇွန်းခန့်
၈-ကရဝေး ၆-ရွက်၊
၉-သီဟိုစေ့၊ စပျစ်သီးခြောက် (ကြိုက်ရင် တခြား သစ်သီးခြောက်ပါ ထည့်)
၁၀- ပဲစိမ်းစေ့ (ဒါကတော့ ဂျပန်နိုင်ငံမှာ ပေါပါတယ်)

တိုကျိုမှာ ဆိုရင်တော့ မြန်မာဆိုင်မှာ လိုတဲ့ ပစ္စည်းတွေ ၀ယ်လိုရနိုင်ပေမယ့် တခြားမြို့မှာ ရောက်နေတဲ့အခါ ဒံပေါက်ချက်ဖို့ အခက်အခဲ ဖြစ်တတ်တယ်။ တကယ်တော့ အဲဒီပစ္စည်းတွေက ဂျပန်နိုင်ငံက ဘယ်မြို့က ဆူပါမားကတ်တွေမှာမဆို ရှိပေမယ့် ဂျပန်လိုအခေါ်အဝေါ်မသိလို့သာ မတွေ့တာပါ။ ဒါကြောင့် ရောက်တဲ့နေရာမှာ ၀ယ်လို့ရအောင် ပစ္စည်းလေးတွေပါ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။



ဒီပုံက ဘယ်ဘက်က ဗူးလေး သုံးဗူးက ဒံပေါက်ထမင်းကို ဆေးဆိုးတဲ့ပစ္စည်းလေးတွေပါ။ ကိတ်မုန့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရောင်းတဲ့ ကောင်တာဘက်မှာ ဂျုံမှုန့်၊ ချော့ကလက်မှုန့်၊ သစ်သီးခြောက်ထုတ် စတာတွေနဲ့အတူ တွေ့ရတတ်တယ်။

အပေါ်ပုံက ဘေးက ၀ါဝါ ပုလင်းလေးကတော့ သစ်ဂျပိုးခေါက် (シナモン) cinnamon လို့ခေါ်တယ်။ အောက်ပုံက ကလဝေးရွက် (ローレル)ပါ။ သစ်ဂျပိုးခေါက်နဲ့ ကလဝေးရွက် ကို ကာရေး (カレー)နှင့်ပတ်သက်ပြီး ရောင်းတဲ့ အမှုန့်တွေနားမှာ တွေ့လိမ့်မယ်။


ထောပတ်-
ထောပတ်ကတော့ အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ယူသုံးပါ။ လသာည သုံးတာကတော့ အောက်က ထောပတ်ကို ၀ယ်သုံးခဲ့တယ် (အခဲသေးသေးလေးတွေ ၈-ခု ပါတယ်။ ၂-ခုလောက်ကို ဒံပေါက်ထဲထည့်ရင် ရပြီ။)

ဒါကတော့ ဒိန်ချဉ်ဗူး ၄၅၀-ဂရမ်ပါတယ်။ လသာညတော့ အကုန်ထည့်လိုက်တာပဲ..။

နောက်ပြီး ထပ်ဝယ်ဖို့ လိုတဲ့ သီဟိုစေ့၊ စပျစ်သီးခြောက်၊ ပဲစိမ်းစေ့တွေကို ယမ်းတစ်ရာဆိုင် သို့မဟုတ် အပေါ်က စတိုးဆိုင်တွေမှာပဲ နည်းနည်းစီ ၀ယ်လို့ရတယ်။

အဓိက လိုအပ်တဲ့ ဆန် ကိုတော့ ကုလားဆိုင်မှာ ၀ယ်လို့ရမယ်ထင်တယ်။ နောက်ဆုံးမရရင်တော့ ကိုယ့်ရှိတဲ့ ဆန်နဲ့ လုပ်ကြည့်ပေါ့နော်။ ကြက်သားကလည်း ဘရာဇီးကြက် (မြန်မာကြက်လိုပဲ စားရတာ ချိုလို့လေ) တစ်ကောင်လောက်ဆို ရမယ်ထင်တယ်။

လုပ်နည်း..
တကယ်တော့ လုပ်နည်းကတော့ သူများလုပ်တာတွေ လျှောက်ဖတ်ပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းရယ်၊ ကိုယ်နားလည်သလို လိုက်လုပ်လိုက်တာပါ။ အာလုံးလည်း ဒီနည်းကို သဘောကျရင် လုပ်ကြည့်နော်။

၁) ဆန်ကို ရေ နာရီဝက် စိမ်ပြီး ပေါင်းအိုး (Rice cooker)မှာ ဆန်ရယ်၊ ထောပတ်ခဲရယ်၊ ဒိန်ချဉ်ရယ်၊ ဆားအနည်းငယ်ကို ရောထည့်ပြီး ခလုပ်နှိပ်ချက်လိုက်တယ်။ ရေကိုတော့ ပုံမှန်ထက် လက်တလုံးစာ လျော့ထည့်တယ်။ ထမင်းမာတာ ကိစ္စမရှိပေမယ့် ပျော့သွားရင် အဆင်မပြေလို့လေ။ (ထမင်းကို အရောင်ဆိုးရင် ရေဖြန်းဦးမှာ ဆိုတော့ အခုချက်တာ ထမင်းမာထားမှ နောက်ဆုံးမှာ အနေတော်ဖြစ်သွားမှာ) ထမင်းပွက်ချိန်လောက်မှာ ထောပတ်ခဲ ကျေအောင် ယောင်းမနဲ့၂ ခါလောက် မွှေပေးလိုက်တယ်။

၂) ထမင်းချက်တုန်းကို ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို မီးဖိုပေါ်မှာ နွမ်းတဲ့အထိ (အညိုရောင် ရတဲ့အထိ ကြော်လိုက်တယ်)။ ပြီးရင် ဆယ်ထားပြီး ကြက်သွန်နီကြော်နဲ့ ဟင်းခတ်မဆလာတွေဖြစ်တဲ့ သစ်ဂျပိုးခေါက်မှုန့်၊ ကလဝေးရွက်၊ သစ်သီးခြောက်၊ ပဲစိမ်းစေ့ စတာတွေကို သမအောင် မွှေထားလိုက်တယ်။ (ဒီကတဲက ဒံပေါက်နံ့ ထွက်နေပြီး))

၃) ကြက်သားကို တုံးတစ်ပြီး ငံပြာရည်၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ(ကြိတ်ထားတယ်)၊ သကြားနည်းနည်းနဲ့ ခါတိုင်းကြက်သားချက်သလို လုံးချက်ချက်လိုက်တယ်။ ကြက်သားက နှုးလာပြီး ဆီပြန်မွှေးလာတဲ့အခါ ချလိုက်တယ်။

၎) ထမင်းအိုး ကျက်တဲ့အခါ ပေါင်းအိုးလိုက် ဇလုံအကြီးကြီးထဲကို မှောက်ပြီး သွန်လိုက်တယ်။ ခရင်းလေးနဲ့ အသာလေးဆွထားလိုက်ပါ။

၅) ထမင်းဆေးဆိုးဖို့အတွက် ဆေးမှုန့်လေးတွေကို ရေနည်းနည်းနဲ့ ဖျော်ထားလိုက်တယ်။ အနီတခွက်၊ အ၀ါတခွက်၊ အစိမ်းတခွက် သုံးခွက်ပေါ့။ (ပထမဆုံးလုပ်တုန်းက ရေများပြီး အမှုန့်နည်းသွားလို့ အရောင် သိပ်မရလိုက်ဖူးး))

၅) ပြီးရင် ထမင်းသုံးပုံတစ်ပုံလောက်ပြန်ယူပြီး ထမင်းပေါင်းအိုးထဲမှာ ပြန်ဖြန့်ထည့်ပါ။ ပြီးရင် ထမင်းပေါ်ကို အနီရောင် ဆေးလေးကို ဟိုတကွက်ဒီတကွက် နည်းနည်းစီ ဖျန်းလိုက်တယ်။ နောက် အစိမ်းရောင်နဲ့ အ၀ါရောင်ကိုလည်း အဲလိုပဲ ဟိုတကွက် ဒီတကွက် မထပ်အောင် လိုက်ဖျန်းတယ်။

၆) ပြီးရင် အဲဒီအပေါ်ကို ကြက်သွန်နီနဲ့ ဟင်းခတ်အဆာပလာတွေ ရောထားတဲ့ ဇလုံထဲကနေ ကြက်သွန်နီကြော် သုံးပုံပုံပြီး တစ်ပုံကို ဇွန်းနဲ့ လိုက်ဖြန့်လိုက်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

ရ) ပြီးရင် အပေါ်က ထမင်းနောက်သုံးပုံတစ်ပုံကို ယူပြီး ထပ်ဖြန့်တယ်။ အနီ၊ အ၀ါ၊ အစိမ်း ကိုလည်း အပေါ်ကအတိုင်း လိုက်ဖြန်းတယ်။

၈) အပေါ်ကနေ ကြက်သွန်နီကြော် နောက်သုံးပုံတစ်ပုံ ကို ယူပြီး ဇွန်းနဲ့ လိုက်ဖြန့်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

၉) နောက်ထပ် ကျန်ထမင်းနဲ့ ဟင်းတွေကိုလည်း အပေါ်ကအတိုင်း ထမင်းတထပ်၊ ကြက်သွန်နီကြော် တထပ်၊ ကြက်သားဟင်းတထပ် ဆိုတဲ့ ပုံစံနဲ့ လိုက်ထည့်လိုက်ပါ။

၁၀) ပြီးရင် ပေါင်းအိုးထဲ ထည့်၊ cook ခလုပ်နှိပ်၊ ၁၅ မိနစ်လောက် ထားလိုက်တယ်။ ၁၅ မိနစ်ပြည့်တော့ warm ခလုပ်ပြောင်းနှိပ်ပြီး ထားလိုက်ပါ။ စားလို့ရပါပြီး)))

အအီပြေ အချဉ်အတွက်တော့ အဲဒီနေ့က သရက်ချဉ် ၀ယ်လို့ရတာနဲ့ သုတ်ဖြစ်သွားတယ်။ နောက်ပြီးတော့ အိစံက သခွားသီးနဲ့ အချဉ်သုတ်လုပ်ပေးပါတယ်။ ဒီတခါ ချက်တာ အဆင်ပြေသွားတော့ တော်တော်စားကောင်းတယ်။ မအီလည်း မအီဘူး။ ကဲ အားလုံး ချက်စားကြည့်လိုက်ကြနော်။

မအားတဲ့ကြားကပဲ မဖြစ်မနေ လာရောက်ပြီး အားပေးသွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို အရမ်းကို ကျေးဇူးတင်ပါတယ်..။ ပျော်စရာလည်း ကောင်းတဲ့ တကယ့်ကို အမှတ်တရ နေ့ တစ်နေ့ပါ။

လသာည လျှောက်ချက်တာ ဖြစ်ပါတယ်။

30 comments:

ရွှေရတုမှတ်တမ်း said...

ဝါခေါင်လကွယ်မှ လသာည ဖြစ်တော့တယ်နော်...
ဒန်ပေါက်လည်ရောင်းနေရလို့ မအားဘူးဆိုပါတော့....

သိင်္ဂါကျော် said...

ဒီလိုတော့လည်း လုပ်ရတာ လွယ်မယ့်ပုံပဲ..
ဒန်ပေါက်ကိုတော့ မြန်မာနိုင်ငံမှာတော့ အလွယ်တကူ ဝယ်စားလို့ ရနေတော့ တစ်ခါမှ လုပ်စားဖို့ စိတ်မကူးဘူးဖူး.. ကြိုက်တယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျောက်နေတာ အကြာကြီး ဒန်ပေါက်အိုးနဲ့ ပြန်ပေါ်လာတယ်ဆိုပါတော့
မလသာည ဒန်ပေါက်က စားချင်စရာလေးတော့
အရောင်လေးတွေက ချစ်စရာလေး
စောစောစီးစီး လာစားသွားတယ်နော်..

SHWE ZIN U said...

လသာည ရေ

ပေါ်မယ့် ပေါ်တော့ လည်း ဒန်ပေါက် အိုးလေး ရွက်လို့ပါလား စားချင်တယ် စားချင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဧပရယ်လ်ပူး@ပူးတေ said...

မမလသာညချက်ထားတာ စားချင်စရာလေး... ဒီနေ့ပဲ ပူးတေဘလော့က လင့်တွေလိုက်ကြည့်ရင်းနဲ့ မမလသာညတောင် ပျောက်နေတာကြာပြီလို့ တွေးမိသေး... မမ ဆောဆောစီးစီး ဒန်ပေါက်ချက်နည်း အကြောင်းလေးရေးရင် ဘုန်းကြီးဆွမ်းကပ်မှာ ပူးတေကိုယ်တိုင်ချက်ပါတယ်....ဘုန်းကြီးရော လူရောမှ ၃၀ စာလောက်ထဲရယ်...ဒါတောင်မှ အများကြီးပိုနေသေးတယ်...၃ ရက်လောက်လေး နောက်ကျသွားတယ်...နောက်တခေါက် ကိုယ်တိုင် စမ်းကြည့်မယ်... :)

Anonymous said...

美味しくできたかなぁ~
インドのビリヤニみたいですねぇ~

chindwinthu said...

ပဲတူးတာလေးစားပြီး စောင့်နေရတာ ဘာထပ်ကျွေးမလဲဆိုပြီးတော့လေ။ အခု ဒန်ပေါက်ကျွေးတယ်ဆိုတော့ စောင့်ရကျိုးနပ်သွားပြီ။

မယ့်ကိုး said...

မယ်လည်း ဒံပေါက်အရမ်းကြိုက်တယ်။ ချစ်မလေး လက်ရာလေး သိပ်ကောင်းမှာ မြင်ရုံနဲ့ ခံစားမိတယ် :D

meengelay said...

すごい。ほんとうにおいしかった。
recipe ありがとうございます。 :)

ဂျစ်တူး ( မုံရွာ ) said...

သားရည်ယိုအောင်ဗျာ-

ဧည့်သည် said...

လက်ရာကတော့ သိပြီးသားဗျ ... နောက်တစ်ခါ လုပ်စားရင် ပြောနော် ... ကြက်သွန်တူးအောင် ကြော်ပေးချင်လို့ ဟီးဟီး ...
သောကြာနေ့ ရှမ်းခေါက်ဆွဲနော် အစ်မ .... ၆ နာရီနောက်ပိုင်းတဲ့ ...

နွေဆူးလင်္ကာ said...

ဝက်သားဒန်ပေါက် စားချင်တယ် :-)

khun said...

်မင်္ဂလာပါ အစ်မ
ချက်နည်းမျှဝေတာ ကျေးဇူးပါ

ဒန်ပေါက်တော့ မချက်ဖူးသေးဘူး
ခွန်လည်း ချက်ကြည့်အုံးမယ် ;)

rose of sharon said...

ပျောက်နေပါတယ်လို့ သူကဒံပေါက်ဖေါက်နေတာကိုး

နေ့အိပ်မက် said...

အီး.. စားချင်တယ်.. လုပ်တော့ စားဖို့ စိတ်မကူးပါဘူး.. သူများနားက ကပ်စားဖို့ပဲ စိတ်ဝင်စားတယ်.. :P

blackroze said...

ဒန်ပေါက်နဲ့အတူ..သံပုရာဖျော်ရည်လေးပါ
တွဲပြီးဖော်ပြပေးရင်ပိုကောင်းမယ်ထင်တယ်..ဟီးးး

လသာည said...

စီဘောက်မှ စကားလေးများ--
7 Sep 10, 02:50 PM
S-C: လျွှောင်ချက်တာလေး စားချင်လိုက်တာ...သွေးတက်ရင် တက်ပါစေး)
လျှောက်ချက်ပြောတာပါ...သွားရည်သံပါသွားတယ်...ရှက်လိုက်တာ :))

7 Sep 10, 03:02 PM
ချော: ဗိုက်ဆာလိုက်တာ ဒန်ပေါက်တစ်ပွဲဗျို့.. မြန်မြန်း)

7 Sep 10, 05:58 PM
AATO: ဒံပေါက် တစ်ပွဲ အနှစ်များများ၊ ကြက်အဖီနဲ့ပေးပါ (အညာသားလေသံ နဲ့ အော်သွားပါတယ်)

7 Sep 10, 10:34 PM
နွေဆူးလင်္ကာ: ရောက်ပါတယ်

7 Sep 10, 04:04 PM
seesein: ဒံပေါက်စားသွားတယ် သွေးတက်ရင် ဆေးကုပါ နေသိပ်ပူနေလို့ မန်းမှာတော့ ဒံပေါက်မစားရတာ အတော်ကြာသွားပြီ

လသာည said...

-ဒံပေါက်ချက်နည်းလေး အားပေးသွားတဲ့ ကိုကြီးကျောက် (ရွှေရတု)၊ သိင်္ဂါကျော်၊ ချော၊ အစ်မရွှေစင်၊ ပူးတေ၊ ချင်းတွင်းသူ ငြိမ်း၊ မယ်ကိုး၊ မီးငယ်လေး၊ ဂျစ်တူး၊ ဓည့်သည်၊ နွေဆူးလင်္ကာ၊ ခွန်သဒ္ဒါ၊ ရိုစ်၊ နေ့အိပ်မက်၊ ဘလက်ရိုစ်၊ နောက်ပြီး စီဘောက်ထဲမှာ အားပေးခဲ့တဲ့ မမသီတာ၊ ချော အေအေတီအို၊ စည်းစိမ် တို့ကို အများကြီး အများကြီး ကျေးဇူးတင်ပါတယ်။

ဒီပိုစ်ရေးပြီးတော့ ကိုယ့်ဘာသာရယ်မိတယ်။ ဒါ ငါကျွမ်းကျင်တဲ့အလုပ်မဟုတ်ပဲ ရေးထားတာ နောက်ကလိုက်ချက်သူများ ရှိခဲ့ရင် အဆင်ပြေပါ့မလားလို့ပါ။ ဒါပေမယ့် အဲဒီနေ့ကတော့ တကယ်စားကောင်းတယ်။ သူငယ်ချင်းနှစ်ယောက်နဲ့ ကိုယ်တစ်ယောက်တင် တစ်ယောက်သုံးပန်းကန်စီ စားပစ်လိုက်ကြတယ်။

အားလုံး ကျေးဇူးတင်ပါတယ်နော် ..

Anonymous said...

冬姫さん
http://happy2dax.exblog.jp/11824508/

とこ見てねぇ~

Anonymous said...

ありがとう。。もう行きました。写真がいっぱいのってますね。まだ今度、食べに行きましょう。

Crystal said...

ုဟုတ်ပါ့ ဒီကတောင် အနံ့ရတယ်တော့...

မောင်သီဟ said...

ဟာာဗျာ ဒံပေါက်နဲ့တိုးပြီ ဂလုဂလု
သိပ်ကြိုက် ဒန်ပေါက်ဆို နှစ်ပွဲအသာလေးး)

ချိုကျ said...

ဒန်ပေါက်တစ်ပွဲလောက်ကျွေးပါဗျို့ ဗိုက်စာလို့ :)

ခင်တဲ့(ချိုကျ)

T T Sweet said...

ဒန်ပေါက် ရယ်ဒီမိတ်အထုတ်ပဲ ချက်စားဖူးတယ်။
လသာညပြောတဲ့ အတိုင်း ချက်စားကြည့်ဦးမယ်။ စားရတာ မစားရတာထက် တကယ့်ဒံပေါက်အတိုင်း ဖြစ်သွားရင် အရမ်းပျော်ဖို့ကောင်းမှာ။
ကျေးဇူးနော်။ မျှဝေပေးတဲ့အတွက် ။

လသာည said...

crystal TT sweet ချိုကျ မောင်ဘကြိုင် ...ဒန်ပေါက်လေး အားပေးသွားတာ ကျေးဇူး အများကြီး အများကြီး တင်ပါတယ်...နော်။

ကောင်းမွန်ဝင်း said...

ချက်မယ်။ ချက်မယ်။
ကိုယ့်ဘာသာ ကိုယ်ချက်တော့ စိတ်ဝင်စားစရာလည်းကောင်းတယ်။
ကောင်းမယ့်ပုံပဲ။
ဟိုလေ တစ်ခုမေးချင်လို့၊
အဲဒါချက်တဲ့နေ့ ဖိတ်လည်းမဖိတ်ဘူးနော်။
ဒီတစ်ခါဆိုခေါ်နော်။
စောင့်နေမယ်။
လာမှာ ၃ယောက်ထဲပါ။

ခင်မင်လျှက်

လသာည said...

မမွန်..ဒီတခါ အတူတူ ချက်မယ်လေ.. နော်း))

Anonymous said...

ကျန်သေးရင် နည်းနည်းကျွေးပါ..ဗျို့

စာဖတ်ပိတ်သတ်လေး ဖြစ်ပါတယ်ဗျာ။

ထား said...

လသာည လက်ရာကတော့ စားမကြည့်ရသေးပေမဲ့ မြင်ရုံနဲ့
သိပါ၏။ အဟိ . . .

ချစ်တဲ့

ထား

ချမ်းလင်းနေ said...

အာမ လာလည်တယ်နော်။အပနားနော် ဒံပေါက်မရောင်းတော့ဘူး အမာလေးဒံပေါက်နော် အတော်လေးကောင်းလယ်။ ကလားလေ ရှာလယ်သွားလည်။အမာရယ် အပနားတော့ မွယ်ပါပီ။ရေရေလယ်လယ် ဂွတ်ရှယ်ပဲ။ ဟားရေ ....ဘာဘာ ဂျပန်ကို ဒံပေါက်လာမရောင်းတော့ဘူး။