Wednesday, September 8, 2010

ဖြစ်ရလေ..

ဒီလထဲ ရေးချင်တာတွေ ဖတ်ဖြစ်တာတွေ များပေမယ့် အလုပ်တွေများနေတော့ လူအားချိန်တောင် စိတ်က မအားတော့ အမြဲမအားသလို ဖြစ်နေတယ်။ ပိုစ်တွေ မတင်ဖြစ်ပေမယ့် စကားတွေ မပြောဖြစ်ပေမယ့် သူငယ်ချင်းများ အားလုံးကိုတော့ သတိရနေပါတယ်။ ခရီးက ပြန်ရောက်တော့ အစ်မရွှေစင် ညီမလေး စည်းစိမ်က စာများများရေးနော် လို့ လာအော်အားပေးရှာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ်ဝမ်းနာ ကိုယ်သာသိဆိုတော့ သူလေးတောင် အားနာသွားတယ်။ ဒီနေ့တော့ အသစ်တွေမဟုတ်တဲ့ အဟောင်းလေးတွေပဲ အမှတ်တရ ပိုစ်လုပ်တင်လိုက်ပါတယ်။

သူငယ်ချင်း ဆေးရုံတက်တုန်းက လူနာစောင့်သွားတုန်းက အမြန်လာဖို့ ဖုန်းအကြောင်းကြားလာတာနဲ့ တွေ့တဲ့ အင်္ကျီဝတ်ပြီး မြန်မြန်သွားတာ။ ဓါတ်ပုံအမှတ်တရ ရိုက်ပြီး ကင်မရာက ဓါတ်ပုံထွက်လာမှ တွေ့လိုက်တာက အကျီင်္က SSS ဆိုတဲ့ တံဆိပ်ကို မခွာရသေးဘူးလေ ..။ (အင်္ကျီအသစ်မှန်း သိအောင် ကြွားလိုက်တား)  ရိုက်ပေးတဲ့သူက တိုက်ရိုက်မပြောပဲ ဓါတ်ပုံပဲ ပေးပြတယ်။ ဆေးရုံအသွား လမ်းတလျှောက်မှာ ကိုယ့်ကြည့်ပြီး ပြုံးသွားတဲ့ လူတွေကို ပြန်တွေးပြီး ရှက်လိုက်တာ ပြောပါနဲ့တော့..

နောက်တစ်ခုကတော့ ဆေးရုံကအပြန် ဂျပန်အိုခါးစံက အိမ်လည်ခေါ်လို့ လိုက်သွားလည်တုန်းက အကြောင်းပါ။ သူက မြန်မာစောင်းအကြောင်း မေးတော့ ကိုယ်ကလည်း မြန်မာ့စောင်းဟာ မြန်မာ့ အနုပညာလက်ရာစစ်စစ်မို့ မြန်မာတိုင်း မြတ်နိုးကြတယ် ဘာညာလို့ ဖြီးလိုက်တယ်။ သူတို့ကလည်း အထင်ကြီးပြီး လျှောက်မေးတော့ Biruma no tatekoto ဆိုတဲ့ ဂျပန်-မြန်မာ ရုပ်ရှင် ရှိတယ်လို့ ပြောလိုက်သေးတယ်။ ခဏနေတော့ အိုခါးစံက အခန်းတခန်းထဲ ခေါ်သွားတယ်။ အဲ့မှာ စောင်းကောက်ကြီး တွေ့ပါလေရော..။ သူက စောင်းကို အပိုင်ဝယ်ထားတာတဲ့..။ အခုနက ကိုယ်ပြောစကားနဲ့ ကိုယ့်ကို အထင်တကြီးနေသူဆိုတော့ “နုစံ စောင်းတီးတတ်လား၊ ငါ့ကို သင်ပေးပါ” တဲ့..။

ရှက်လိုက်တာနော်။ တကယ်က ကိုယ်ကဖြင့် စောင်းကို ပုံစံကျအောင်တောင် ကိုင်တတ်တာမဟုတ်ဘူးဆိုတော့..။ ငိုရခက် ရယ်ရခက်..။ အခုတွေးရင် အခု ထွက်ပြေးချင်တုန်း။ နောက်ဆုံးတော့ သူကပဲ ပြန်ပြီးတော့ ကိုင်နည်း သင်ပေးလိုက်တယ်။ နောက်တော့ မှတ်သွားပြီ။ မသိတဲ့ အရာတွေ မသိတဲ့အတိုင်းပဲ ကောင်းတယ်လို့...

လသာည....

ဓါတ်ပုံများကတော့ - တက္ကသိုလ်တူ မောင်လေး ဘလော့ဂါ ကိုဧည့်သည် ရဲ့ ရိုက်ချက်များသာ ဖြစ်ပါတယ်။ အဲဒီ ဓါတ်ပုံများအတွက် ကျွန်မလည်း သူ့ကို ရိုက်ချင်နေခဲ့ပါတယ်။

30 comments:

chindwinthu said...

အစ်မတို့ကတော့ ဖြစ်ရမယ်။ ကိုဧည့်သည်ကို လည်း အစ်မကို သေချာမပြောဘဲ ဓါတ်ပုံ ရိုက်ရကောင်းလားဆိုပြီး ရိုက်လိုက်တယ်နော်။

နေ့အိပ်မက် said...

:) မမပုံကြည့်ရလို့ ဒီတစ်ပုဒ်ဖတ်ရတာပျော်တယ် :D

ဧည့်သည် said...

တိန် .... မရည်ရွယ်ပဲ တမင်လုပ်လိုက်တာပါ ... ဟီးဟီးးး ....

Crystal said...

အစ်မက သွားတက်လေးနဲ့နော်၊ ဟုတ်လား။

Anonymous said...

အိပ်ချင်တဲ့ ပုံပေါက်နေတယ်...စောင်းနဲ့ ပုံက ...P ပဲဈေးတော့ ကောင်းသားပဲ..

ကောင်းမွန်ဝင်း said...

ဖြစ်ရလေ လို့သာရေးထားတယ်။
ရေးထားတာ ပျော်လို့ရွှင်လို့ ဖတ်ရတဲ့လူလည်းရီရတယ်။

အင်း ကလစ်နှိပ်ကြည့်ဆိုလို့နှိပ်ကြည့်လိုက်တယ်။
sss နဲ့ ပုံက အင်္ကျီအသစ်နဲ့ အတူ မျက်နှာကလည်း လန်းဆန်းနေတယ်။

ဒုတိယပုံက စောင်းလေးပိုက်ပြီး ရီမလို မရီမလိုလေးပြုံးတယ်။
အကုန်လှတယ် ။

ခင်မင်လျှက်

Anonymous said...

အမလသာညရေ
ပို့စ်အသစ်တင်ထားမှန်း အခုမှသိလို့ဖတ်သွားပါတယ်
အမလသာရေ အရှုပ်တွေရော အလုပ်တွေရော ရှုပ်နေလို့ ပို့စ်အသစ်ကလေး အခုမှ ဖတ်ဖြစ်တော့တယ်
ဒို့အမက တယ်ချောတယ်လှပါကလား မီးမီးလေး မေမေလို့တောင် မထင်ရအောင်ပါလား ×ခြင်းမဟုတ် မေမေကြီးတောင် ဂလောက်ချောတာ (မုန့်စားချင်လို့မဟုတ်ပါ)စာတွေရေးပေးတဲ့အတွက်
ကျေးဇူး အခုတော့ ဖြစ်ရလေ အရီးလေးတို့ရယ်ပေါ့
ခင်တဲ့
seesein

လသာည said...

ျင်းတွင်းသူ..ဟုတ်တယ် ငြိမ်းရေ..။ အဲဒီဓါတ်ပုံဆရာကို နာနာအပြစ်ဒဏ်ပေးပေးပါ..း))
ဧည့်သည်...မင်းကို ရိုက်ဖို့ ငြိမ်းကို တာဝန်လွဲပေးလိုက်တယ် ဟွန်း (=.=)X

နေ့အိပ်မက်..ရေ.. အစ်မလည်း ပျော်တယ်။ နေအိပ်မက်က အစ်မကို သိသွားပြီဆိုတော့ နောင်လမ်းမှာ မတော်တဆတွေ့ရင် မသိချင်ယောင် မဆောင်လောက်ပါဘူးနော်။

crystal..ဟုတ်တယ် ညီမလေး အစ်မမှာ အစွယ်ပါတယ်။ ကိုက်စားတတ်တယ်နော် ပေါင်မုန့်ဆိုရင်း)))

အနော်နိမတ်စ်... မဟုတ်မှလွဲရော။ ဒီလိုပြောတာ ဒီလူပဲ ဖြစ်ရမယ်..။ အဲဒီ ဒီလူရောင်းတဲ့ ပဲဈေး အတိုင်းပဲ လက်ကားပြန်ဖြန့်တာပါး))။

ကောင်းမွန်ဝင်း.. ဟော ဟော..သေချာသွားပြီ။ ဒီတခါတွေ့ရင် ဒံပေါက်ရော အအေးနဲ့ အမြည်းရော အများကြီး ဧည့်ခံပါရစေ.. လှတယ်ပြောလို့။ ဒီက ဓါတ်ပုံထဲမို့သာ ကြည့်ပျော်ရှုပျော် ရှိတာပါ။ အပြင်မှာက သရဲ..း)))

စည်းစိမ်.. အလုပ်တွေရှုပ်နေတာ သိနေတယ်လေ။ စာဖတ်တာ ဖြေးဖြေးပေါ့။ ရတယ်။ တနေရာရာမှာ ပြန်တွေ့ရင် မသိချင်ယောင် မဆောင်နိုင်ဖို့ ဓါတ်ပုံနဲ့ မှတ်ခိုင်းထားတာပါ..။ ဒီက အခုဓါတ်ပုံထဲမို့သာ ကြည့်ပျော်ရှုပျော် ရှိတာပါ။ အပြင်မှာက သရဲ..း)))

Anonymous said...

အကျီမှာတံဆိပ်တပ်ပီးဝတ်တာလောက်ကတော့ အဟီး ပျင်းတောင်ပျင်းသေးတယ် ဆြာမရေ...

အကျီပြောင်းပြန်ဝတ်မလား
အရှေ့အနောက်လား
အလှပြောင်းပြန်လား
ထမိန်ကတော့ ဒီမှာသိပ်မ၀တ်လို့ပြောတော့ပါဘူး..
စကတ်ရော အနောက်နဲ့အရှေ့မှားဝတ်တာပြှို်င်ဦးမလား..
ဟီးးး

အဲ..စောင်းကျတော့ သေချာမသိပေမဲ့ အဘွားအိမ်မှာရှိတယ်။ တခါမှကိုင်ဘူးဘူး။ဲ့ ဒါမဲ့ အကိုဝမ်းကွဲသင်တုန်းက ရွှေလည်တိုင်ကို တော့လိုက်ဟဲလိုက်သေးတယ်။ တီးတတ်ဘူး။

စကားမစပ် ဘယ်နိုင်ငံပဲရောက်ရောက် မတတ်ရင်မသိရင် ဟင့်အင်းလို့ငြင်းလိုက်တာကောင်းတယ်ထင်ပါတယ်။ သိသလောက်ပဲပြောတာနော်ဆိုပီး စကားခံထားရင်လဲ ရတာပဲလေ..။ရွှီးလို့ အဲလိုမျိုးတွေကြုံရင် သိပ်မျက်နှာပျက်ရတယ်လို့ တို့တော့ထင်တယ်။ အဲဒါကြောင့် တခါတလေ မြန်မာတွေနဲ့ ဂျပန်တွေဆုံချိန်မှာ တို့အတွက်အတော်ကသိကအောက်ဖြစ်တယ်။ အမှန်တရားကိုပဲပြောချင်တဲ့ တို့နဲ့ ကိုယ့်နိုင်ငံအကြောင်း အကောင်းပြောချင်သူတွေနဲ့ သဟဇာတ သိပ်မဖြစ်လို့ တို့ကလဲ မြန်မာတွေနဲ့ဆုံရင် ဘာသိဘာပဲ ခုတော့ နေတော့တယ်။ ဟန်ဆောင်ပီးလဲ စကားမပြောချင်လို့ပါ။

မြတ်နိုး

လသာည said...

မြတ်နိုးရေ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ အခုအဖြစ်အပျက်မှာ မျက်နှာတော့ ပျက်စရာ မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က တတ်တယ်လို့ ပြောထားတာမှ မဟုတ်တာ။ မြန်မာတွေက မြန်မာ့စောင်းကို သိပ်တန်ဖိုးထားကြတယ်ဆိုတာကို ပြောပြခဲ့တာ (ရင်ထဲကလည်း ဂုဏ်ယူတယ်လေ) တစ်ခုပါပဲ..။

ကိုယ်က အဲဒီတန်ဖိုးထားတဲ့ စောင်းကို မတီးတတ်တာ ရှက်စရာလို့ ကိုယ့်ဘာသာ တွေးခဲ့တာပါ။

တကယ်တော့ သူတို့ကိုယ်တိုင်လည်းပဲ သူတို့ရိုးရာတူရိယာတွေကို ဘယ်လိုကောင်းကြောင်း ချီးမွမ်းပေမယ့် သူတို့လည်း သင်မှသာ တီးတတ်တာမို့လား.. အဲလိုမျိုးပေါ့။

ဒီအမျိုးသမီး အိုခါးစံက စစ်တုန်းက မြန်မာပြည်ကို သူ့အဖေရောက်ခဲ့တုန်းက ၀ယ်လာတဲ့ စောင်းပုံတွေကြောင့် မြန်မာ့စောင်းကို ၀ယ်ထားသူပါ။ နောက်တော့ ဒီမှာပဲ မြန်မာစောင်းပညာရှင်တစ်ဦးစီ တပတ်သင်တန်းတက် စောင်းကို သင်ဖူးတယ်လို့ ဆိုတယ်။ ဒါကြောင့် ကိုင်တတ်တယ်ပေါ့ကွာ..

ဖြစ်တတ်တဲ့ သဘောလေးနဲ့ ကိုယ့်အခြေအနေကို ရယ်စရာအဖြစ် ပြန်ရေးပြတာ တစ်ခုပါး)))

အလေးထားရေးပေးတဲ့ ကွန်မန့်အတွက် ထပ်ဆင့် ကျေးဇူး (^^)//

Anonymous said...

အစ်မ လသာည ဓါတ်ပုံကတဆင့် ဝေဖန်ရရင် အစ်မက မာနကြီးတဲ့ပုံ၊ စိတ်ပြတ်မယ့်ပုံနော်။ စိတ်ဆိုးရင် ပြေခဲမယ့်ပုံလို့ ပြောတာ။ စနေသမီး စိတ်ကြီးတယ်ပြောထားလို့ပါ ဟီးဟီး။

ကျွန်တော်ကတော့ ဘောင်းဘီတံဆိပ်မခွာပဲ လျှောက်သွားဘူးတယ်ဗျ။ တနေကုန်လျှောက်သွားပြီး အခန်းပြန် အ၀တ်လဲမှ သိတာ။ ဟီး တတ်နိုင်ဘူးလေ။ သူတို့လည်း ကိုယ့်သိတာမှတ်လို့။

စာဖတ်ပိတ်သတ်လေး ဖြစ်ပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မည
ဓာတ်ပုံကြည့်ပြီး အသိတစ်ယောက်နဲ့ အတော်ကို တူတယ်
ဟုတ်နေမလား လို့တောင်စဉ်းစားမိတယ်..
ဒါပေမဲ့ မဖြစ်နိုင်ပြန်ဘူး သူက မြန်မာပြည်မှာ ရှိနေတယ်..
မညက ပွင့်လင်းပြီးဖော်ရွေမဲ့ပုံရတယ်..
ချစ်ဖို့ကောင်းတယ်။
မာနကတော့ လိုအပ်ရင်ကြီးသာကြီးး)

လသာည said...

စာဖတ်ပိတ်သတ်လေး ကျေးဇူး..။ ဓါတ်ပုံကနေ ဗေဒင်ဟောမလို့လားး)))
ချော.. ဟုတ်လား။ ကိုယ်နဲ့တူတာ ဘယ်သူများပါလိမ့် သိချင်လိုက်တာ။ “ပွင့်လင်းပြီးဖော်ရွေမဲ့ပုံရတယ်..
ချစ်ဖို့ကောင်းတယ်။”ဆိုလို့ အရမ်းကို ၀မ်းသာရပါတယ်း))) ကျေးဇူးနော်။

ရွှေရတုမှတ်တမ်း said...

ဪ...စောင်းတော်ရှင်..စောင်းတော်ရှင်...စောင်းလဲ မတီးတတ်ပါလား....

Anonymous said...

စောင်းတီးတာ ဂစ်တာတီးတာထက် ခက်တယ်လေ..

အစ်မကို ဆရာမကြီးလို တော်တော်အသက်ကြီးတယ် မှတ်နေတာ။ ငါ့အစ်မက ငယ်ငယ်ပဲ ရှိသေးတာကိုး...
မုန့်ဝယ်ကျွေးနော် ။

Sonata Cantata said...

စောင်းပိုက်ထားတဲ့ ပုံလေးက ချစ်စရာလေး
ဂျပန်ရုပ် ဆင်သွားတယ်...အဲ့ဒီမှာ အနေကြာတာရယ်...ရှေးရေစက်တွေ ပါလို့ရယ် ဖြစ်မယ်လို့ အတွေးတွေ ဆက်သွားတယ်

လသာည said...

ကိုကြီးကျောက်.. ဟုတ်ပကိုကြီးကျောက်ရာ။ စောင်းမတီးတတ်ရုံတင်မကပဲ စောင်းကို မကိုင်တတ်တာ ဟိ...။

အနောနိမတ်.. ကျေးဇူးတင်ပါတယ် မောင်လေး/ညီမလေး..။ ဘလော့တင်တဲ့ ဓါတ်ပုံဆိုတာ ကြည့်ပျော်ရှုပျော်ရှိပြီး ငယ်ရုပ်ထွက်တာပဲ တင်တာမိုလို့ပါ။ ဆရာမကြီး မဟုတ်ပေမယ့် အသက်ကတော့ ငယ်တော့ဘူးထင်တာပဲး)))

မမသီတာ.. ချစ်စရာလေးဆိုတာနဲ့ကို ပိုစ်တင်ရကျိုးနပ်သွားပြီး)))

မယ့်ကိုး said...

ခရ်ီးသွားနေလို့ ခုမှပဲ ချစ်မလေးဆီ စာလာဖတ်နိုင်တော့တယ်။
ချစ်မလေးက တကယ်ချစ်စရာကောင်းတာပဲ။ ဓာတ်ပုံရော စာလေးရော တကယ်း)

သူကြီးမင်း (တုံးဖလား) said...

အမ..
မြန်မာ့စောင်းနှင့် ဂျင်းဘောင်းဘီနှင့် အတော်လိုက်တယ်နော် အမ။း))))

မလျော့မတင်း စောင်းကြိုးနင်းတဲ့။း))

စောင်းကြိုးဘယ်နှစ်ကြိုးရှိပါလိမ့်နော်။
ဘယ်သူတွေဘာပြော အဲဒီစောင်းနှင့်အမနှင့် လိုက်ဖက်တယ်သိလား။ စောင်းကောက်ထိပ်ကလေးနှင့် အမခေါင်းနှင့်ထိခါနီးလေး။ သေချာပုံဖော်ကြည့်ရင် ပန်းသီးပုံလေးဖြစ်နေတယ်။ အမ ခေါင်းက အညှာလေးပေါ့။း)))

ပျော်ရွှင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

လသာည said...

မယ်ကိုးလေး... ခရီးထွက်တယ်ဆိုလို့.. ဂျပန်လာတော့မလား ညီမလေး..။ အားလုံးက မယ်ကိုးကို မျှော်နေတယ်နော်.. <3

ကိုကိုမောင်..သူပဲ တွေးတတ်တယ်။ ကျေးဇူးပါ../ဟုတ်တယ်။ ဟိုဟာလေ apple computer ပုံကို အားကျလို့ :D

ထား said...

လသာညတို့များ S - Size ကိုဝတ်လို့ရတဲ့သဘောပေါ့နော် . . .
ထားတို့များ S - Size နဲ့ဝေးတာ ကြာပါပေါ့လား
. . . အီး ဟီး ဟီး
ဒီခန္ဓာကိုယ်ကြီးကို ဘယ်လိုချရပါ့မလဲနော်. . .
အကြံပေးကြပါဦး . . .

ချစ်တဲ့

ထား

T T Sweet said...

စောင်းတော်ရှင် ညီမ လာသာည ပုံလေးတွေ လာကြည့်သွားတယ်နော်။ ချစ်ချာလေး ... ချစ်ချာလေးတော့။
စမောဆိုက်ဆိုတော့ အားလဲအားကျသွားတယ်
ပုံ
XL မမတစ်ဦး ..း)))

ကိုဇော် said...

အဟီး...အင်္ကျီတံဆိပ်နဲ့တော့ သွားဖူးဘူး..
ဖိနပ်တံဆိပ်နဲ့တော့ လျှောက်သွားလိုက်တာ.. စုံနေတာပဲ။ အိမ်ပြန်ရောက်မှပဲ တွေ့တော့တယ်။

စောင်းဆိုတာ စောင်းပြီးကိုင်ရတာလေ..ဒါများ..

( မအားလို့ မရောက်ဖြစ်ဘူး ဖြစ်နေတယ်ဗျာ။ )

ခိုင်နုငယ် said...

ချစ်မခုမှ အနီးကပ်မြင်ဖူးတယ်။
အားကြီးလှတယ်။ ဟိုတစ်ခါ အသွင်တူ၏ မတူ၏
မှာ ချစ်မက သွားထက်ကလေးနဲ့ရေးထားကတည်းက
ကြည့်ချင်နေတာ..........ခုတော့မြင်ဖူးသွားပြီ။
အားရီးချစ်စရာကောင်းတယ်။။။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချိုကျ said...

ေ၇ာ်.... မလသာရယ် စောစောကမေးပြီးရော စောင်းတီးတာများ စောင်းစောင်းလေးနေပြီးတီးလိုက် ရပြီပေါ့လို့ :)

ခင်တဲ့(ချိုကျ)

sosegado said...

မြန်မာစောင်းကောင်းကောင်းတီးတတ်တဲ့ ဂျပန်တစ်ယောက်နဲ့တွေ့ဘူးတယ် Youtube ထဲမှာသူတင်ထားတယ်ပြောတယ် ရော့တောင် တီးပြလိုက်သေးတယ်၊

Anonymous said...

လသာည ရေ

အခု - တရက် နှစ်ရက် မှဘဲ စာတွေ လိုက်ဖတ်နေရတယ် အလုပ် တွေတော့ နဲနဲ ပါးသွားပါပြီ
လသာည ရော အလုပ်ရှုတ်နေလား

အခုမှ မင်းသမီး ပုံလေးကို တဝကြည့်ရတော့တယ် စည်းစိမ် မပြောလို့နော် နို့မိုဆို အစောကြီး တဝလာရှိုးပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

PhyoPhyo said...

သမီးလေး မေမေက ငယ်ငယ်နုနုလေးပါလား၊ သွားတက်လေးနဲ့ အချောလေးနော်၊ စောင်းကအိမ်မှာလည်းရှိတယ်၊ မေမေက တီးတတ်တယ်၊ အိမ်ကို ဆရာမခေါ်သင်ဖူးတော့ မြင်တော့မြင်ဖူးနေတာပဲ၊ ညီမတော့ မတီးတတ်ပါဘူး၊ ဘာမှကိုမတီးတတ်ဘူး၊ အစ်မတွေအစ်ကိုတွေက ဂစ်တာတီးတတ်ကြတယ်၊ မြန်မာအဆိုတော်တစ်ယောက်လေ သွားဆရာဝန်မလေး နာမည်မေ့သွားပြီ သူနဲ့တူတယ်၊
မိသားစုလေးနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ခင်မင်လေးစားလျှက်

လသာည said...

ထားရေ.. အတူတူကိုများ ဘာ ၀ နေတယ် လုပ်နေတာလဲ..။ ထား ဒီလောက်ချစ်စရာကောင်းတာကိုး))

တီဆွီ.. အစ်မXL မဖြစ်နိုင်ပါဘူးနော်။ ဓါတ်ပုံမြင်ဖူးပြီးသားး))

ကိုဇော်..ဖိနပ်တံဆိပ်လောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့း))

ခိုင်နုငယ်.. လည်း အားရီးချစ်စရာကောင်းပါတယ်ကွား))

ချိုကျ..ရေ စောင်းစောင်းလေးတီးတဲ့ စောင်းတီးသင်တန်းဖွင့်ပါဦးး))

sosegado.. ဟုတ်တယ်။ တီးတတ်တဲ့သူက တကယ့်ကို မြန်မာအနုပညာရှင်နဲ့မခြား တီးတတ်ကြတယ်.။ တကယ်ချီးကျူးစရာပါ..

အစ်မရွှေစင်.. အရီးစည်းစိမ်က မပြောပြဘူးလားး))
ဓါတ်ပုံထဲမို့ပါ မ..ရာ။ အပြင်က ဒီထက်ချောတယ် အဲလေ ဒီထက် ရုပ်ဆိုးတယ်း))

ဖြိုးဖြိုး.. ဟုတ်လား။ ဘယ်သွားဆရာဝန် ဘယ်အဆိုတော်လဲဟင်.. သိချင်လိုက်တာ။ လသာညတော့ ဟုတ်ဖူးမို့လားး))

ချစ်ခင်စွာ ချန်ထားပေးတဲ့ကွန်မန့်များအတွက် အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။ reply နောက်ကျလို့ ခွင့်လွှတ်ပါလို့...

ShwunMi- said...

Shamisen လည်း အစ်မပြန်သင်ခဲ့ပါ :)
http://www.itchu.com/e/e_shamisen_sound.html