Saturday, September 11, 2010

အိုက်ဒီယာသစ် တစ်ခု

အလုပ်များ စိတ်တွေရှုပ်၊ အတွေးတွေ ဟောင်းနေလို့ စိတ်ပျက်နေလား သူငယ်ချင်း။ တကယ်တော့ အိုက်ဒီယာ (အတွေးအခေါ်) အသစ်တစ်ခုဟာ ဘယ်နေရာ ဘယ်အချိန်မှာ ပေါ်လာတတ်သလဲဆိုတာ မင်းသိရင် အတွေးသစ်တွေ မရလို့ လုံးဝစိတ်ပျက်လိမ့်မယ် မထင်ပါဘူး။

တကယ်တော့ အိုက်ဒီယာအသစ်တစ်ခုဆိုတာ တအားခေါင်းခြောက်အောင် စဉ်းစားနေချိန်မျိုးမှာ မထွက်ပဲ၊ ခေါင်းထဲကနေ ရုတ်တရက် ဖြတ်ကနဲ လျှပ်စီးလက်သလို သိပ်မစဉ်းစားတဲ့အချိန်မျိုးမှ ထွက်လာတာမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ပညာရှင် တချို့ရဲ့ လေ့လာချက်များအရ..အိုက်ဒီယာအသစ်တွေကို ရရှိချိန်တွေကို ရာခိုင်နှုန်းတွက်ရင် အောက်ပါအတိုင်းဖြစ်တယ်တဲ့။

၁) အိပ်ယာထဲမှာ အိပ်နေရင်း ၂၀%
(ဥပမာ.. အိုင်စတိုင်းဟာ သူ့ရဲ့ နာမည်အကြီးဆုံး နှိုင်းယှဉ်မှု သီအိုရီကို အိပ်ရာထဲမှာ ရခဲ့တယ်မဟုတ်လား)
၂) ပန်းခြံထဲမှာ ထိုင်နေရင်း ၁၈%
၃)မျက်နှာသစ် သွားတိုက်ရင်း ၇%
၎) အိမ်သာထဲမှာ ၃၂ % (အများကြီးပဲနော်း)))
၅) ရေချိုးကန်ထဲမှာ ၂၉ % (အာခိမိဒိလည်း ပါလိမ့်မယ်း)))
၆) ဘတ်စ်ကားပေါ်မှာ ငေးရင်း တွေးရင်း ၁၇%
၇) အခန်းအနား စင့်မြင့်ပေါ်မှာ မိန့်ခွန်းချွေရင်း ၁%
၈) လေယာဉ်ပေါ်မှာ ၄%
၉) ရေကူးကန်မှာ ၂%

အဲ.. အစည်းအဝေးခန်းမထဲမှာ ထိုင်စဉ်းစားရင်း အိုက်ဒီယာ အသစ်ထွက်တဲ့ ရာခိုင်နှုန်းက သုည ရာခိုင်နှုန်း (၀%) တဲ့..

ကျွန်မလည်း အခု စာရေးရင်း မိုးရွာလာတာနဲ့ အိုက်ဒီယာသေးသေးလေး တစ်ခု ရသွားပါတယ်..။ အဲဒါက မိုးအေးအေးနဲ့ ကော်ဖီသောက်ရင်း သီချင်းလေးနဲ့ ငြိမ့်တာ လောလောဆယ် ခေါင်းရှုပ်နေတာအတွက် အကောင်းဆုံး အိုက်ဒီယာလေးပေါ့ လို့ (^=^)/


Frisk ပီကေ ကြော်ငြာပါ။ hello, idea တင်ပြပုံလေးကို လသာည ကြိုက်လို့ ပြန်မျှဝေတာပါ။

မှတ်ချက်..( ၁)- တခြားမှာ ရေးထားပြီးသားပိုစ်ကို ပြန်ဆားချက်တာပါ။
မှတ်ချက်..(၂)- ရာခိုင်နှုန်းတွေကို ပေါင်းကြည့်တာ တစ်ရာရာခိုင်နှုန်းကျော်နေပါတယ်။ (ထပ်နေတာ ရှိလို့ပါတဲ့)

လသာည ဖြစ်ပါတယ်..

27 comments:

chindwinthu said...

အင်တာနက်သုံးပြီး ချတ်တင်ထိုင်နေချိန်မှာ အိုက်ဒီယာသစ်ရဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ အစ်မ..။ ဟိဟိ။

သဒ္ဓါလှိုင်း said...

ရာခိုင်နှုန်းအနည်းဆုံးနဲ့အများဆုံးကိုနှိုင်းယှဉ်
စဉ်းစားမိတယ်မလသာ..။ဘာဖြစ်လို့ပါလိမ့်?????...

ခင်တဲ့
သဒ္ဓါ

Anonymous said...

တကယ်တော့ အိုက်ဒီယာအသစ်တစ်ခုဆိုတာ တအားခေါင်းခြောက်အောင် စဉ်းစားနေချိန်မျိုးမှာ မထွက်ပဲ၊ ခေါင်းထဲကနေ ရုတ်တရက် ဖြတ်ကနဲ လျှပ်စီးလက်သလို သိပ်မစဉ်းစားတဲ့အချိန်မျိုးမှ ထွက်လာတာမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်..။

agree!
That's why I ever watch comedy.
Funny.

:))

Anyway, now i got new idea after I read ur's post. This is sleeping for getting idea. :))))))


Myatnoe

ချစ်ကြည်အေး said...

Idea အသစ်လိုချင်ရင် eeပါရမလို ဖြစ်နေတာပေါ့...အဲလို ပလန်နဲ့ဆိုရင် ideaမထွက်လောက်ဘူး လုံးဝ relax စိတ်မျိုးနဲ့မှ ရမယ် ထင်ပါရဲ့....:)

ဇော်သိင်္ခ said...

Idea အသစ်လေးတွေက ကျွန်တော်ဖြင့် အိပ်နေရင်းလည်း မထွက်လာဘူး ထိုင်နေရင်းလည်း မထွက်လာဘူး... ဟဲဟဲ. ဘာမှ မစဉ်းစား မတွေးခေါ်လို့ ဖြစ်မယ်ထင်တာပဲ... :)

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ShwunMi- said...

ရုတ်တရက် အာခီမိဒိကို သွားသတိရတယ်..
သူလည်း ရာခိုင်နှုန်းများတာပဲ =)

ကော်ဖီသောက်ရင်းနဲ့လည်း အိုက်ဒီယာကောင်းလေးတွေ ထွက်မယ်ထင်တယ်..
ကော်ဖီမိဒိဖြစ်ချင်ဖြစ်လာမှာပေါ့ အစ်မ :P

လသာည said...

ချင်းတွင်းသူ>> အေးကွာ အစ်မလည်း အဲဒါသိချင်နေတာ ငြိမ်းရား)))

သဒ္ဒါ>> ဟုတ်ပ သူတို့ ၂ ခုကတော့ သဒ္ဒါပြောသလိုပဲ စဉ်းစားစရာတော့ တကယ်ကောင်းနေပြီနော်။

မြတ်နိုး>> အိပ်သာအိပ်။ တရေးနိုးသော် အကြံပေါ်၊ ပေါ်သောအကြံ တစ်သောင်းတန် ဆိုတော့လေး))

အစ်မချစ်>> ဟုတ်ပ အစ်မရာ။ ညီမလည်း အရေးပါတာသာ အိုက်ဒီယာ မထွက်တာ မဟုတ်တရုတ် အစားအသောက် လျှောက်စားတာ၊ လျှောက်လည်တာမျိုးတော့ အိုက်ဒီယာက အချိန်တိုင်းထွက်တယ်း)))

ဇော်သိင်္ခ>> လသာညနဲ့ တူတူပဲး))) ။

ရျွန်းမီ>> ဟားဟား ကော်ဖီမိဒိ။ မိုက်တယ် အဲ့နာမည်လေး။ အာခိမိဒိကို မေ့နေတာ။ ညီမပြောမှ သတိရသွားတယ်..။ အခု ဖြည့်ထားတယ်။

အားလုံးပဲ ကျေးဇူးတင်ပါတယ်။ အိုက်ဒီယာအသစ်တွေ ရရှိနိုင်ပါစေ..

နေ့အိပ်မက် said...

တမီးကို အိမ်သာတက်ရင် ကြာတယ်လို့ပြောတဲ့သူတွေကို ဒီစာပေးဖတ်ပြီး ဖြဲခြောက်ရမယ်.. ခွိ ခွိ..

khun said...

အိုင်ဒီယာတော့မသိဘူးအစ်မရယ်
အဲ့ friskကြော်ငြာတွေတော့ကောင်းတယ်။
တချို့ဟာတွေလည်း စိတ်ဝင်စားဘို့ကောင်း တယ်။ တချို့တွေလည်း ရယ်ရတယ်။

ကောင်းမွန်ဝင်း said...

လသာညရေ
အိုင်ဒီယာက အထွက်လွန်ပြီး
စိတ်ကူးယဉ်ဖြစ်နေတယ်။
ဘာလို့လဲဆိုတော့နံပါတ်၁။၎။၅ ကိုလုပ်တဲ့အချိန်များတယ်လေ။

ခင်လို့နောက်တာပါ။
စိတ်ဝင်စားစရာသတင်းအချက်အလက်ကို သိရလို့ ကျေးဇူးတင်ပါတယ်။

ညိမ်းနိုင် said...

ယနေ့မှစ၍ အိမ်သာ အကြာကြီး ထိုင်တော့မည်....း)

လသာည said...

နေ့အိပ်မက်.. ဂွတ်အိုက်ဒီယာ (^^)'
ခွန်သဒ္ဒါ..ဟုတ်တယ် ညီမလေး..။ အစ်မက တခါတလေ ဇာတ်လမ်းထက် သူတို့ကြော်ငြာအလာကို ပိုစိတ်ဝင်စားမိတယ်..။း)
ကောင်းမွန်ဝင်း..ဟုတ်တယ် မမွန်ရာ.. တစ်ကို အကြာကြီး ဖြစ်တာများတယ်း)))

မောင်လေး.. အိမ်သာထဲ အကြာကြီးထိုင်တာ ကောင်းလည်း ကောင်းမယ် ကောင်းလည်း သိပ်မကောင်းဘူးထင်တယ်း)))။

ထားခဲ့တဲ့ ကွန်မန့်များအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်နော်..

Anonymous said...

ကျွန်တော်လည်း အိပ်ရင်းသား ရမယ့် အိုက်ဒီယာသစ်ကို မျှော်ပြီး အိပ်တော့မယ်ဗျာ။

Anonymous said...

း) ထွက်သမျှအိုင်ဒီယာက ဇောက်ထိုးပြောင်းပြန် တွေဖြစ်နေလို့ဗျား)

လသာညဖြစ်ပါတယ် လို့နှုတ်ဆက်ထားတာတွေ့ပြီးကဗျာရွတ်ပွဲသွားသတိရတယ်း)

မောင်ဘကြိုင်ဖြစ်ပါတယ်...း)

လသာည said...

အိုက်ဒီယာက ဇောက်ထိုးဖြစ်နေရင် တည့်အောင် အိပ်ရာကို ပြောင်းပြန်အိပ်ကြည့်လေ..နော်း))
လသာည ဖြစ်ပါတယ်...(^^)

Anonymous said...

အိမ်သာထဲမှာ အိုင်ဒီယာရတဲ့သူတွေက အိမ်သာတက်ရင်း စာအုပ်မဖတ်ကြပဲ တွေးနေကြသူတွေဖြစ်မယ်။
ကိုယ်ကတော့ အိမ်သာထဲ စာအုပ်ဖြစ်ဖြစ် တစ်ခုခ၊ု ဖုံးလို ဆော့စရာဖြစ်ဖြစ်ပါမှဖြစ်တာ။

အိပ်နေရင်းတော့ (အိပ်မပျော်တဲ့ညတွေမှာ) အကြံကောင်းတော်တော်ထွက်ပါတယ်။ အဲဒါတော့မှန်တယ်။

တီတီဆွိဖြစ်ပါတယ်း))

ထား said...

ဒီနေ့ကစလို့ ရေနွေးစိမ်ရင်း အတွေးလေးများနဲ့ပေါ့ . . .

ချစ်တဲ့

ထား

မယ့်ကိုး said...

ချစ်မလေး ပို့စ်လေးက ဗဟုသုတလည်းရ ရယ်လည်းရယ်ရတယ် .... အိပ်မက်ထဲက idea တွေရတာတော့ တကယ်ကြုံဖူးတယ်း)

လသာည said...

တီတီဆွိ.. အိပ်မပျော်သော ညရဲ့ အကြံများပေါ့နော်း)))

ထား..ရေ.. ရေနွေးစိမ်ရင်း? ကောင်းတယ် အဲ့ အိုက်ဒီယား)))

မယ်ကိုး..ရေ.. အစ်မရဲ အိပ်မက်ထဲက အိုက်ဒီယာတွေကတော မကောင်းဘူး။ စားမယ်သောက်မယ်ချည်းပဲး)))

ကိုဇော် said...

ကျနော်ကတော့ ပေါက်ကရ လုပ်ရင်းနဲ့ ထွက်လာတဲ့ အိုင်ဒီယာက အကောင်းဆုံး ဖြစ်နေတတ်တယ်။ စာတွေဆိုလည်း ရေးချင်တာ တခြား နဂိုကတည်းက ပြောင်ချော်ချော် ဆိုတော့ ရေးဖြစ်တဲ့ အိုင်ဒီယာက တခြားနဲ့ ပိုအဆင်ပြေသွားတတ်တယ်။

ပေါက်ကရ = 100 % ဟီး....

ခိုင်နုငယ် said...

မမလသာညရေ....
နေကောင်းလား..ရောက်ပါတယ်။
အိုင်ဒီယာကတော့ သွားရင်းလာရင်းကပိုများတယ်။
ဗဟုသုတရစေသလို ...ရယ်ရတယ်..
မမရေ...ဟာသလေးတွေတင်ပေးပါအုံး။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချိုကျ said...

မလသာ..... blog တွေလည်လည်ထွက်နေရင်ကော ဘယ်လောက်လဲသိဘူးနော် :)

ခင်တဲ့(ချိုကျ)

blackcoffee said...

စမ်းကြည့်ဦးမယ် အစ်မရေ.. ရာခိုင်နှုန်း ဘယ်လောက်များ ရမလဲလို့ 

လသာည said...

ကွန်မန့်လေးများအတွက် ကိုဇော် ခိုင်နုငယ် ချိုကျ ဘလက်တို့ကို ကျေးဇူးတင်ပါတယ်။ ဘလော့လည်ရင်း အိုက်ဒီယာအသစ် ဘယ်လောက်ရနိုင်သလဲလို့ အခု သုတေသနပြုနေတယ်း)))

Anonymous said...

အမလသာရေ
အိပ်ယာနိုးနိုးချင်း ချက်ရင်းပြုတ်ရင်း စလောင်းကြည့်ရင်း တီဗွီ ရုပ်ရှင်ကြည့်ရင်း အင်တာနက်သုံးရင်း ...ဆက်လက်ပြီးသုတေသန လုပ်ဖို့ အကြံပြုပါတယ်

ခင်မင်စွာဖြင့်
seesein

လသာည said...

စည်းစိမ်ရှင်လေးရေ..

သုတေသနလုပ်ဖို့ စဉ်းစားနေတယ်။ ဒါပေမယ့် လက်တွေ့လုပ်ဖို့ လူလိုနေတယ်။ ဘယ်လိုလဲ တနေ့ကို ကော်ဖီတခွက်နဲ့ စေတနာလုပ်အားပေး လာလုပ်ပေးပါလို့း)))

ချမ်းလင်းနေ said...

အိမ်သာထဲမှ အိုင်ဒီယာအများဆုံးထွက်တယ်ဆိုပါလား။ အိုင်ဒီယာရဖို့ အိမ်သာအခါခါတက်ရင်တော့ အိုင်ဒီယာအသစ်မရပဲ လိပ်ရမှာ သေချာတယ်။:P