တနေ့ထက်တနေ့ အဆီထွက်လို့ ၀ဖိုင့်လာတဲ့ ယောင်္ကျားဖြစ်သူကို ကြည့်ပြီး မိန်းမက ပြောတယ်။
“ရှင် ၀ နေပြီ။ နည်းနည်းလေး လမ်းလျှောက်ပေးလေ။ အပြင်ထွက် လည်ရအောင်”
ယောင်္ကျားလုပ်သူက “နေစမ်းပါကွာ။ ပင်ပန်းရတဲ့အထဲ”
မိန်းမက ဘယ်လောက်ဆွဲဆောင် ဆွဲဆောင် သူကတော့ မထူးခြားလာဘူးတဲ့။
့ ဒီလိုနဲ့ နောက်ထပ် လများစွာကြာတဲ့အထိ ထိုင်တဲ့အလုပ်ကလွဲရင် သိပ်စိတ်မ၀င်စားတဲ့ ယောင်္ကျားကို ပြောင်းလဲအောင်ကြိုးစားမရတဲ့အတွက် မိန်းမဖြစ်သူဟာ တစ်ယောက်တည်း ပျင်းလာတယ်။
ဒါနဲ့ တနေ့မှာတယောက်တည်း လျှောက်လည်တယ်။ အိမ်မွေးတိရိစ္ဆာအရောင်းဆိုင်ရှေ့ကို ရောက်တော့ ဌက်တစ်ကောင်ကို သဘောကျသွားတယ်။ ဌက်ကြီးက ကြမ်းတမ်းတဲ့ အမွေးတွေနဲ့ဖုံးအုပ်ထားတဲ့ ချွန်ထက်တဲ့ ခြေတစ်စုံ၊ ကြီးမားပြီး ကောက်ကွေးနေတဲ့ နှုတ်သီး၊ ကျဉ်းမြောင်းတဲ့ မျက်လုံးတစ်စုံ နဲ့ အင်မတန်မှ ရုပ်ဆိုးတဲ့ ဌက်ကြီး ဖြစ်ပါသတဲ့။
ထိုဌက်အကြောင်းကို ဌက်ပိုင်ရှင်က ဒီလိုရှင်းပြတယ်။
“ဌက်ကနည်းနည်းတော့ ရိုင်းတယ်ခင်ဗျ။ နာမည်ကို ကိုနီလို့ပေးထားပါတယ်။ ဒီဌက်မှာ တကယ် အံမခန်းစွမ်းရည်ရှိပါတယ်။ ကြည့်.. ကျွန်တော်လက်တွေ့ပြမယ်။”
ထို့နောက် ဌက်ပိုင်ရှင်က “ ကိုနီ၊ စားပွဲ..”လို့ အော်လိုက်ပါတယ်။
ချက်ချင်းလိုလိုပဲ ကိုနီဟာ နားနေရာက ဌက်အိမ်ပေါ်ကနေ တဟုန်ထိုး ပျံလာပြီးတော့ ဒေါသတကြီး စားပွဲကို ကုတ်ခြစ်လိုက်ပါတယ်.။ ပြီးတော့ စားပွဲပေါ်မှာ ရှိတဲ့ အရာအားလုံးကို တစစီတစစီ ဖြစ်အောင် သူ့ရဲ့ နှုတ်သီး၊ခြေလက်တွေနဲ့ ထိုးဆိတ်ခြေမွလိုက်ပါတော့တယ်။
ဆက်ပြီး ဌက်ပိုင်ရှင်က အော်လိုက်တယ်။ “ကိုနီ.. စင်ပေါ်”
ကိုနီဟာ အနီးက ပစ္စည်းစင်ပေါ်ကို ပျံသန်းသွားပြီးတော့ အခုနကအတိုင်း စင်ပေါ်က အရာအားလုံးကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးလိုက်ပါတယ်။
အမျိုးသမီးဟာ အံ့သြစွာ ကြည့်နေမိတယ်။ “အိုး.. ဒီဌက်ကမှ ကျွန်မ့ယောင်္ကျားကို မဆွဲဆောင်နိုင်ရင် ဘယ်အရာကမှ ဆွဲဆောင်နိုင်စရာမရှိဘူး။ ကျွန်မကို ဒီဌက်ရောင်းပါ။” “ဟုတ်ပြီ..ယောင်္ကျားကတော့ ဒီဌက်ကို သဘောကျပြီး အနည်းဆုံး ဌက်ကို ကြွားဖို့ ဌက်နဲ့အတူ လမ်းလျှောက်မှာ သေချာတယ်.။ ငါလည်း သူနဲ့အတူ လျှောက်လည်ရမယ်...”ဒီလိုနဲ့ ဌက်ဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။
သူမ အိမ်ပြန်ရောက်တော့ သူ့ယောင်္ကျားက ထုံးစံအတိုင်း ဆိုဖာပေါ်မှာ ဘီယာလေးမော့ရင်း တီဗွီကြည့်နေသတဲ့။ ဒါနဲ့ သူမက “ မောင်ရေ၊ ခင်တော့ မောင့်အတွက် ဌက်ဝယ်လာခဲ့တယ်။ သူ့နာမည်က ကိုနီတဲ့သိလား”
အမျိုးသားက ထုံးစံအတိုင်း ပျင်းရိစွာ လှည့်ကြည့်ရင်း ပြောလိုက်တယ်။
“ကိုနီ ငါ့ခြေထောက်.........”
သူ့စကားမဆုံးခင်မှာပဲ ကိုနီက တရှိန်ထိုး ပျံသန်းသွားပြီး..................။
နောက်သုံးလလောက်အကြာမှာ သူမက သူခင်ပွန်းအသစ် (တချိန်က ဌက်ပိုင်ရှင်)ကို ပြောလိုက်တယ်။ “ဒီဌက်ကြောင့် ရှင်နဲ့ ကျွန်မ ညားရတာပါ။ ကွန်မ တကယ်ကို မရည်ရွယ်ပါဘူး”
...............................................................................
လသာည..ပါ။
မှတ်ချက်။ ။ ဇာတ်သိမ်းလေးက မရှင်းမရှင်းဖြစ်သွားတယ်။ ဒါပေမဲ့ rose of sharon က ဒီလိုလေး ဇာတ်သိမ်းပေးသွားတယ်။
-
ပုံပြင်လေးလာဖတ်သွားတယ်.... ခင်ပွန်းဟောင်းဒီငှက်ကြောင့် ဘဝပျက်သွားလို့ ငှက်ပိုင်ရှင်က သူ့ကိုယ်သူအလျော်ပေးလိုက်တာထင်ရဲ့နော်...










