Friday, October 2, 2009

ကျွန်မချစ်သော ညီမကြီးများသို့

မနက်ဖြန် သီတင်းကျွတ်တော့မယ်။ သီတင်းကျွတ်လို့ သီတင်းကျွတ်ပြီလို့ ပြောပြသတိပေးတာကို “ဘာလုပ်ရမှာလဲ”တဲ့ ပြန်မေးတယ် သူတို့က။ “လာမပြောနဲ့ မသိဘူး”တဲ့။

ကဲ့ ဒါနဲ့ လသာညကပဲ ပြန်ရှင်းပြလိုက်ရပါတယ်။ ဒီလိုပါ ဟော.. ဘုရားသွားမယ်။ တရားနာကြမယ်။ ဥပုသ်စောင့်ကြမယ်။ နောက်ပြီး လူကြီးသူမ ကန်တော့မယ်။ (လူကြီးသူမဆိုတဲ့နေရာမှာ အဖိုး၊အဖွားများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးများ)။ (မှတ်ချက် ။ ။ လသာညက ၀ါကြီးလို့ ကန်တော့ချင်သူများ ကန်တော့ပစ္စည်းလေးနဲ့တကွ ကြွှနိုင်ပါတယ်လို့... :P ဒီနေရာက ကာတွန်းပါ။ ) နောက်.. ဗျက်အိုးဖောက်မယ်။ နောက်တစ်ခုက..အဲ..စဉ်းစားစမ်း ( အခုနက သတိရရဲ့သားနဲ့ အခု မေ့သွားတာလား၊ သူတို့ မျက်စောင်းကို ကြောက်တာလား တစ်ခုခုပဲ:P)

နေဦး နောက်တစ်ခုက.. နောက်တစ်ခုက ဟုတ်ပြီ မီးပုံပျံလွှတ်မယ်လေ.. (တော်သေးတယ်။ မီးပုံပျံကိုသတိရလို့.. ဟားဟား)

သီတင်းကျွတ်မှာ ဘာလုပ်ရမှန်းမသိတဲ့ သူတို့ ကို ပျင်းမှာစိုးတာမို့ မီးပုံးပျံအကြာင်းတင်မလို့ စဉ်းစားနေတုန်း ချစ်တဲ့ သူငယ်ချင်း တစ်ယောက်က မေးလ်နဲ့ မီးပုံးလေးတွေကို ပို့ပေးလာပါတယ်။ သီတင်းကျွတ်မှာ ဘာလုပ်ရမလဲ မေးလာတဲ့ သူငယ်ချင်း (ညီမကြီးများ) အတွက် ချစ်လို့ ရှယ်ပေးလိုက်ပါတယ်။







သီတင်းကျွတ်မှာ အားလုံး အဆင်ပြေ ချမ်းမြေ့ပါစေလို့
ချစ်တဲ့ အစ်မလေး လသာည..ပါ။
(မှတ်ချက် သူငယ်ချင်းပို့ပေးတဲ့ မေးလ်နဲ့ပို့ပေးတဲ့ မီးပုံးလေးတွေပါ။ လသာညပိုင် မဟုတ်ပါ)

5 comments:

အိစံ said...

သူကိုယ်သူတော့ အစ်မလေးတဲ့ 

လသာညချစ်တဲ့ ညီမုကီးများဆို တာ ဘယ်သူတွေလဲ

သီတင်းကျွတ် ဆို တာ ကျွတ်တာပဲလေ...

rose of sharon said...

မီးပုံးလေးတွေ လှလိုက်တာ အစ်မလေးရယ်

Anonymous said...

ဟေးဟေး...ကန်တော့ မယ်...ဖွားဖွားလေး...မုန့် ဖိုးအရင်ပေး.....:p

သူကကန်တော့ ခံချင်နေတာဆိုတော့ ..ဖွားဖွားလေးလို့ ပဲ ခေါ်ရပ။

မုန့် ဖိုးမပေးပဲ..တောင်ဝှေးထုတ်နေပြီ...လစ်မှ...........................


ချစ်သောအစ်မလေး..လသာညသို့ 
; pps

မယ်ကိုး said...

ချစ်သောအစ်မလေး ....

သီတင်းကျွတ်ပြီနော်။
....
ချစ်သော ညီမကြီး။ ကြီးလို့ သုံးရတာ ရင်နာနာနဲ့ပဲ သုံးစွဲသွားပါတယ် :P

မိဆိုးလေး said...

ကျောက်တော်ကြီးပွဲသွားမယ်..။