၁၉၈၄ လောက်က
Taylor ဆိုတဲ့ ပုဂ္ဂိုလ်ဦးဆောင်တဲ့ ဆေးပညာရှင်တစ်စုက လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ရင်သားကင်ဆာရနေတဲ့ အမျိုးသမီးတွေကို အင်တာဗျူးခန်း ပါခဲ့ပါတယ်။ အင်တာဗျူးမှာ ဘာကြောင့် ကင်ဆာရရသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ၉၅ ရာခိုင်နှုန်းက သူတို့ရဲ့ ထင်မြင်ချက်ကို ပေးခဲ့ကြတယ်။

အဖြေကို အမျိုးအစားခွဲကြည့်ရင် ၄၁%က သူတို့မှာ stressများလို့ ဖြေပါတယ်တဲ့။ ၃၂%က ကင်ဆာဖြစ်စေတဲ့ အစားအစာတွေကို မဆင်ခြင်ပဲ စားမိလို့။ ၂၆%ကတော့ မျိုးရိုးဗီဇကြောင့်။ ၁၇%က dietအလုပ်လွန်လို့။ ၁၀%က ရင်သားကို ထိခိုက်ဒဏ်ရာရမိလို့။ တခြားအကြောင်းအရာကြောင့်လို့ ဖြေသူက ၂၈%ပါ။

ဒါဆိုရင် ရင်သားကင်ဆာဖြစ်ရတဲ့ ကိစ္စမှာ ဘယ်သူမှာတာဝန်အရှိဆုံးလဲ ဘယ်သူ့ကြောင့်လဲလို့ မေးတော့ ကိုယ့်ကြောင့်ပါလို့ ကိုယ့်ကိုကိုယ်အပြစ်တင်သူက ၄၁%။ သူများကြောင့်လို့အပြစ်တင်သူက ၁၀%။ ပတ်ဝန်းကျင်ကြောင့်လို့ ဖြေသူ ၄၉%။အဲဒီလို ဖြစ်ဖို့အကြောင်းတရားတွေကြောင့်(ကံတရားကြောင့်) လို့ ဖြေသူက ၄၉%ပါတဲ့။
ဒါဆိုရင် အခုအခြေအနေကို ထိန်းချုပ်နိင်မယ်လို့ ထင်သလားလို့ မေးတော့ ၅၆%ကတော့ အနည်းအကျဉ်း ထိန်းချုပ်နိုင်မှာပါ။ ကောင်းသွားမှာပါလို့ ဖြေခဲ့တယ်တဲ့။
ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ဝေဖန်သုံးသပ်ပုံ တစ်ယောက်နဲ့ တစ်ယောက်မတူတာကို တွေ့ရမှာပါ။ အဲဒီလို ဝေဖန်သုံးသပ်ပုံ မတူခြင်းကြောင့်လည်း အောင်မြင်ပုံမတူညီကြဘူးလို့ ဆိုပါတယ်။
ဒီမှာလည်း ရေးထားပါတယ်
စိတ်ပညာရှင်
Bernard Weiner ရဲ့ အဆို အရ လောကမှာ အောင်မြင်မှုနှင့်ပတ်သက်ပြီး အကြမ်းအားဖြင့် ခံယူချက်မတူသူ ၂မျိုး ရှိပါတယ်။ High achiever နှင့် Low achieverပဲ ဖြစ်ပါတယ်။
High achieverက အောင်မြင်မှုရမယ်ဆိုရင် အခက်အခဲရှိပါစေ တွန်းလှန်ကျော်လွှားပြီး အောင်မြင်မှုကို ရယူဖို့ကိုပဲ ဦးတည် ကြိုးစားတယ်။ သူက တစ်စုံတစ်ခုမှာ အောင်မြင်ခဲ့ရင် ငါတော်လို့၊အရည်အချင်း၊ စွမ်းရည်ရှိလို့ ဖြစ်တယ်။ တကယ်လို့ ရှုံးနိမ့်ခဲ့ရင် ငါ့မှာ အပြစ်မရှိဘူး။ အခုလောလောဆယ် ကံမကောင်းလို့၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် (ဥပမာ..ကျောင်းသားတစ်ယောက်အနေနဲ့ပြောရရင် စာမေးပွဲကိုက ခက်လို့) ဖြစ်ရတယ်..စသည့်ဖြင့် တွေးပါတယ်တဲ့။ ဒါကြောင့် ရှုံးနိမ့်ခြင်းကြောင့် သူ့ကို ဘာမှ ထိခိုက်စေမှာမဟုတ်ပေမဲ့ အောင်မြင်ခြင်းကြောင့်တော့ မာန၊ ယုံကြည်ချက်စသည်တို့ကို တိုးပွားစေပါတယ်.တဲ့။
Low achiever ကတော့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှုကို ရယူဖို့ထက် ရှောင်လွဲသွားဖို့ကိုပဲ စဉ်းစားတယ်။ သူက ငါ့မှာ အဲဒါလုပ်ဖို့ အရည်အသွေးမရှိဘူး။ အောင်မြင်နေရင်တောင် ကံကောင်းလို့၊ တစ်ယောက်ယောက်က ကူညီနေလို့ဖြစ်မှာပဲ..စသည်ဖြင့်တွေးတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေရစဉ်တောင် သူသိပ်ဂုဏ်မယူနိုင်ဘူး။ အောင်မြင်ခြင်းကြောင့် မာန။ ယုံကြည်ချက်စသည်တို့ကို မဖြစ်စေတဲ့အပြင် သူများကြောင့်အောင်မြင်ရတာဆိုတဲ့ အတွေးကြောင့် သူ့အစွမ်းအစရဲ့ ကဏ္ဍက ပျောက်သွားရပါတယ်။ ကိုယ့်အစွမ်းအစကို ယုံကြည်မှုမရှိတာက သူ့ရဲ့ အဓိက အားနည်းချက်ပါ။
ဒီလို အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း နှင့် ပတ်သက်ပြီးတော့ အထက်ကတွေးခေါ်မှုမျိုးကို Attribution Theoryလို့ ခေါ်ပါတယ်။
ကဲ..ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ့်အစွမ်းအစကို ယုံကြည်လို့ ကံ၊ဥာဏ်၊ ၀ီရိယနဲ့ ကြိုးစားလိုက်ရင်ဖြစ်မှာပဲ။ အောင်မြင်တဲ့ လောကဓံပဲလာလာ၊ ရှုံးနိမ့်တဲ့ လောကဓံပဲလာလာ။ ကဲကွာ..လာစမ်း။
ဘာကြီးပဲလာလာ.. စိတ်ဓါတ်မကျပဲ ကြိုးစားကြစို့။ :D
လသာည ဖြစ်ပါသည်။
မှတ်ချက်။ ။၁။ ကောင်မလေးရေ.. စိတ်ဓါတ်မကျပါနဲ့။ ပြန်ကြိုးစားပါဦး။ ဆရာလုပ်ပြီး ဒီစာတွေရွတ်ပြနေပေမဲ့ လသာညလည်း စိတ်ဓါတ်ကျစရာတွေ ကြုံရတာပါပဲ။ အခက်အခဲ ဆိုတာ လူတိုင်းမှာ ရှိတာပဲ။ ကြာကြာစိတ်ဓါတ်မကျဖို့ပဲ လိုတယ်လို့ ထင်တာပဲ။
လသာညတော့ စိတ်ဓါတ်ကျရင် သူငယ်ချင်း၊ သို့မဟုတ် မိဘဆီ ဖုန်းဆက်တယ်။ ဒါမှမဟုတ် စိတ်ဓါတ်အားပေးတဲ့ စာတွေဖတ်တယ်။ အခုဆို အင်တာနက်မှာ အများကြီးဖတ်လို့ ရတာပဲ။ ဘ၀ပညာပေး ဘလော့တွေလည်း ရှိတာပဲ။ ရှာဖတ်လိုက်ပါ။ အားလုံးကောင်းသွားမှာပါ။ နော့။
မှတ်ချက်။ ။၂။Attribution သီအိုရီကို တကယ်စတင်ခဲ့သူက Heider ဆိုသူပါ။ ဒါပေမဲ့ Weiner က Attribution Theory ကို သုတေသနလုပ်ရင်းမှ achievement ဆိုတဲ့ အဓိပ္ပါယ်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားခဲ့သူဖြစ်ပါတယ်။