Tuesday, December 22, 2009

ဘ၀အမောတစ်ခု

“ဒီဇင်ဘာဆိုတာ နှစ်တနှစ်ရဲ့ နောက်ဆုံးလဆိုတော့ လူတွေက နောက်တစ်နှစ်ကူးဖို့ပဲ စိတ်စောနေတတ်လို့ ဒီဇင်ဘာရဲ့ သာယာချိန်ကို မေ့နေကြတယ်... ဒီဇင်ဘာကို သနားတယ်..”

ဒါက ကျွန်မရဲ့ ကျူတာ ဒီဇင်ဘာမွေးနေ့ ပိုင်ရှင်ဖြစ်တဲ့ ဂျပန်ကောင်မလေး ငိုရင်းပြောတဲ့စကားပါ။ သူမက လသာညထက် ၅နှစ်ငယ်တယ်။ သူရဲ့အတွေးကို အခုတလော မကြာခဏပြောနေတော့ ကျွန်မတောင် ဒီဇင်ဘာကို သနားရမလိုလို ဖြစ်လာတယ်။ ဒါပေမဲ့ ကိုယ့်အမြင်အရတော့ ဒီဇင်ဘာလထက် သနားစရာက သူမကိုယ်တိုင်ဖြစ်နေပါတယ်..။

အော် အဲဒီအကြောင်း မပြောခင် လသာညရဲ့ သူငယ်ချင်းလေးတွေကို တောင်းပန်ရဦးမယ်။ ဒီလထဲမှာ စာသိပ်မရေးနိုင်ပဲ တခါတလေ စီဘောက်တောင် မလာနိုင်ခဲ့တာကိုပါ။ ဆောရီးနော်..။ အသစ်တင်တင် မတင်တင် လာလည်သွားကြတာ တွေ့တော့ ပျော်ပေမယ့် အားနာမိပါတယ်..။ လာလည်တာ ကျေးဇူးအများကြီးတင်ပါတယ်လို့....

သူမအကြောင်းပြန်ဆက်ရရင်.. သူမ ဒီနှစ်ထဲမှာ အများကြီး ငိုနေတာတွေ့ရတယ်။ ငိုစရာတွေက ခဏခဏရှိနေတယ်။ သူတို့ဂျပန်နိုင်ငံမှာ အလုပ်တွေကို ဘွဲမရခင် ကြိုလျှောက်ရတယ်။ သူမက ကျောင်းဆရာမဖြစ်ချင်လို့ဆိုပြီး ကျောင်းဆရာမဖြစ်ခွင့် စာမေးပွဲကို ဖြေတယ်။ အင်း.. ဒါပေမဲ့ သူမ အလုပ်ဝင်ခွင့် စာမေးပွဲကျတယ်...။ နောက်တစ်လစောင့်ပြီး ဒုတိယအကြိမ် အလုပ်ဝင်ခွင့် စာမေးပွဲကို နေရာနှစ်နေရာ ထပ်ဖြေတယ်..။ ထပ်ကျတယ်..။ တစ်နှစ်ထဲမှာ သုံးကြိမ်ဖြေတာ သုံးကြိမ်လုံးကျတယ်။

အဲဒီနောက်တော့ သူမရဲ့ လက်ရှိ မာစတာ စာတမ်းကို ပြီးအောင် လုပ်ဖို့ ပြန်အားထုတ်ပြန်တယ်။ စာတမ်းက နောက်လ ၂၀ရက်နေ့နောက်ဆုံး တင်ရမှာဖြစ်တော့ သူလုပ်ပြီးသား သုတေသနတွေကို ပြန်အချောသတ်ရမှာ ဖြစ်ပေမဲ့ သူမက သူမအတွက် impression ရအောင် ဆိုပြီး သုတေသနအသစ်တစ်ခုကို ဒီလ (ဒီဇင်ဘာမှာ စလုပ်တယ်)..။

သူမလုပ်သမျှဟာ သူရဲ့ဆရာအတွက် တစ်ခုမှ စိတ်တိုင်းမကျဖြစ်ရတာချည်းပဲ.. ။ နေ့တိုင်းဆူခံရတယ်။ ဆူခံရပြီးတိုင်း သူ ငိုတယ်.။ သူငိုရင် အားလုံးက ၀ိုင်းအားပေးကြရတာပေါ့..။ အကြိမ်များလာတော့ သူများတွေကလည်း အပူကိုယ်စီနဲ့ဆိုတော့ သိပ်နားမထောင်တော့ဘူး..။ နောက်ဆုံးတော့ လသာညပဲ နားထောင်ပေးသူ ရှိတော့တယ်။ (လသာညကတော့ ထွက်ပြေးလို့မရဘူးလေ သူမက ကိုယ့်ကျူတာဖြစ်နေတာဆိုတော့) လသာညက အများကြီး အားမပေးတတ်တော့ သူပြောစကားကို သေချာနားထောင်ပေးတာမျိုးပဲ လုပ်ဖြစ်တယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ပြီးခဲ့တဲ့ တပတ်လုံးလုံး သူမက ကိုယ့်အခန်းကို လာလိုက်သွားလိုက်လုပ်နေတယ်။ လာတိုင်း ကွန်ပျူတာက သူသုံးနေတာလေ.. ( ဘလော့မရေးနိုင်တာ အဲဒါလည်းပါတယ်)။ သူ့ကို ကြည်ြ့ပီး သူကိုအားပေးရင်း ကိုယ်ပါ စိတ်ရှုပ်လာတယ်။ အမြဲ ခေါင်းက မရှင်းဘူး..။ ဒါနဲ့တွေးဖြစ်တယ် သြော်.. အပူဆိုတာ ကူးတတ်ပါလားလို့..။်

ဒါပေမဲ့ ဒီနေ့တော့ ပျော်နေတာ တွေ့တယ်။ သူမက ချစ်သူရသွားပြီမိုလို့ မုန်လိုက်ကျွေးမယ်လို့ ဖိတ်ပါတယ်။ အင်း.. ဒါဆိုရင်တော့ အခုရက်မှာ သူမ ပခုံးမှီတစ်ခုရသွားပြီမို့ လသာညဆီ လာမငိုလောက်တော့ပါဘူး..။ တော်သေးတာပေါ့ ဒီဇင်ဘာ..ရယ် :D (လာငိုရင်လည်း ဒီတခါ ကိုယ်က ဦးအောင် ငိုပြလိုက်တော့မယ် :) ဟုတ်တယ် စိတ်ရှုပ်လာပြီ။

ကျူတာအဖြစ်က (တကယ်က သူမက ဥာဏ်ကောင်းသူပါ) စာမေးပွဲသုံးခါလုံးကျပြီး လုပ်သမျှ မအောင်မြင်ဖြစ်သွားရတာက အစစကို အကောင်းဆုံးဖြစ်ချင်စော အားကြီးပြီး အသေးအဖွဲကလေးကအစ မပြီးနိုင်မစီးနိုင် စိတ်တိုင်းမကျ ဖြစ်နေလို့ပါ။ လသာည တွေးတာက ဘာလို့ ဂျပန်တွေဟာ “အကောင်းဆုံးဖြစ်မှ”ဆိုတာကို သိပ်ပြီး မျှော်လင့်ကြသလဲ ဆိုတာပါ။ အင်း....... ဒီနေ့တော့ ၂၀၀၉ ခုနှစ်အတွက် အတန်းတွေလည်း ပြီးသွားပြီ၊ လာငိုတတ်သူ လည်း ရှင်းသွားပြီဆိုတော့ ဘလော့ထိုင်ရေးလိုက်ပြီ..။ လသာညကတော့ အကောင်းဆုံး မဖြစ်ချင်လည်း နေပါစေ၊ ကိုယ်ရဲ့အရည်အချင်းနဲ့ ထိုက်သင့်တဲ့ အောင်မြင်တစ်ခုရအောင် ကြိုးစားနိုင်ရင် တော်ပါပြီလို့ ဆုံးဖြတ်လိုက်မိတယ်..

4 comments:

နေ့အိပ်မက် said...

နေ့အိပ်မက်မှာလည်း ဂျပန်သူငယ်ချင်းတစ်ယောက်ရှိတယ်သိလား.. သူလည်းသူလုပ်ချင်တာ မလုပ်ရလို့တဲ့ စိတ်တွေညစ်နေရှာတယ်..သူလုပ်ချင်တာ ဘာလဲသိလားမမ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာစာတက်ချင်တာ ဗီဇာမရလို့တဲ့.. အဲဒါအနည်းဆုံး လာရရင်ပြီးရောဆိုပြီး ရန်ကုန်အလည်သွားမလို့တဲ့... :)

ရွှေပိုး said...

အင်း။ ၀လဲ ယောနိသော မနသီကာရပဲ နှလုံးသွင်းမှပဲ။ လျစ်လျူရှုခြင်း အတတ်ပညာနှင့် အတူပေါ့။

မိုးထက်အိမ် said...

အကောင်းတကာ့ အကောင်းဆုံးတော့ ဖြစ်ချင်ပါဘူး.. ဟီး ... ကိုယ်မတတ်နိုင်တာလည်း ပါတာပေါ့.. ဒါပေမယ့် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးတော့ ဖြစ်ချင်တယ်... :)

Anonymous said...

hay, i think
we can do the best.
I also do my best way but no hope with success.
The main point is worrying.
If u worry, u will fail all the time.
we can do the best without worry.
so, without worry = make calm down

This fact can success for all.
we should do the best.

momiji