Friday, December 25, 2009

လိုအပ်လာသော ချီးမွမ်းစကားများ

ဂျပန်မှာ ချီးကျူးခြင်းအတတ်၊ ချီးမွမ်းစကားအတတ် သင်တန်းတွေ စနေပြီ.... တက်ကြဦးမလား :P

အကြောင်းရင်းကတော့ ဒီလိုပါတဲ့..။ အများသိတဲ့အတိုင်း.. သိပ်မကြာခင် ရက်ပိုင်းမှာပဲ နှစ်သစ်ကူးပြီး ၂၀၁၀ရောက်တော့မယ်။ ဒီနှစ် ၂၀၀၉ ခုနှစ်ထဲမှာ ကိုယ်ဘယ်လောက်ဗဟုသုတတွေရလိုက်ပြီလဲ..။ အင်း.... သိသလောက်တော့ သိသွားတယ်လို့ ထင်ပေမဲ့ မသိတာတွေက အများကြီးကျန်သေးတယ်။ အသစ်အဆန်းတွေက အများကြီးဆိုတော့ တစ်နှစ်ထက်တစ်နှစ် သိစရာတတ်စရာတွေက မကုန်နိုင်ဘူး..။ ကိစ္စတိုင်းကို မပြောနဲ့ ကိုယ်လေ့လာသင်ယူနေတဲ့ လုပ်ငန်းကိုင်ငန်း ကိစ္စတောင် information က လိုက်မမှီနိုင်အောင် များတယ်။ အဲဒါကို ရအောင်မယူနိုင်လိုများ လူတန်းမစေ့ဘူး၊ ပညာမတတ်ဘူးလို့ ပြောရင်တော့ ပြောတဲ့သူက အလွန်ဖြစ်မယ့်ခေတ်ရောက်နေပြီလေ။ ဘယ်သူမှ ကုန်အောင် မလေ့လာနိုင်ဘူး...ရယ်။

ဒါပေမဲ့ ငယ်ငယ်ကတဲက “ကြိုးစားရမယ် (ganbatte) ”ဆိုတဲ့စကားနဲ့ ပုံသွင်းခံရတဲ့ ဂျပန်နိုင်ငံက ကလေးတွေအတွက်ကတော့ အခု အရမ်း စိတ်ဖိအားတွေများလာပြီ..။ အများနဲ့နည်းတူ မလိုက်နိုင်ရင်ကိုပဲ လူတန်းမစေ့ဘူး၊ မကြိုးစားဘူးလို့ အထင်ခံရတယ်။ ဒီအတွက် စိတ်ဖိအားနဲ့အတူ “ ရှိသင့်ရှိထိုက်တဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ မိမိကိုယ်ကို အထင်ကြီးမှု” စတာတွေ အားနည်းလာတယ်။

ဒီနှစ် ၂၀၀၉-ခုနှစ် နှစ်ဦးပိုင်း စစ်တမ်းအရ “မင်းမှာ တစုံတစ်ခု ကောင်းတဲ့အချက်ရှိတယ်လို့ထင်လား” ဆိုတဲ့မေးခွန်းလွှာ (ဥပမာ ကလေးတစ်ယောက်ယောက်က ငါက သိပ္ပံဘာသာရပ်မှာ ညံ့ပေမဲ့ သချာင်္ကတော့ ရတယ်ဆိုတာမျိုး ကိုယ့်အရည်အချင်းကို ယုံကြည်မှုရှိမရှိကို စစ်ဆေးတဲ့ မေးခွန်းလွှာမျိုး) နဲ့ ပတ်သက်ပြီး “အဲလိုမထင်ပါဘူး၊ ကောင်းတဲ့အချက်မရှိပါဘူး”လို့ ပြန်ဖြေသူက ယခင်နှစ်ကထက် ၂ ဆတိတိ များလာတယ်။

နောက်ပြီး အတန်းလိုက် စစ်ကြည့်လိုက်တော့ အတန်းကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ့်ကို ယုံကြည်မှုလျော့နည်းလာတာကို တွေ့ရပါတယ်..။ နောက်သုတေသနတစ်ခုကတော့ “ကျွန်တော်က သူများလုပ်နိုင်သလောက် လုပ်နိုင်တယ်လို့ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိတယ်”ဆိုတဲ့ အဓိပ္ပါယ်ပါ မေးခွန်းလွှာများကို ဂျပန်၊ တရုတ်နဲ့ အမေရိကား က ကျောင်းသားတွေကို မေးလိုက်ပါတယ်။ အဲဒီသုတေသနရဲ့အဖြေကို နှိုင်းယှဉ်လေ့လာလိုက်တော့ ဂျပန်က ကလေးတွေရဲ့ ၅၀%ကျော်က “လုပ်နိုင်မယ် မထင်ဘူး”လို့ ဖြေသွားပါသတဲ့..(အဲလိုမျိုး “လုပ်နိုင်မယ်မထင်ဘူး၊ ကျွန်တော်က ဘာမှ မတတ်ဘူးလို့ပဲ ထင်တယ်လို့ ဖြေသွားသူက အမေရိကားမှာ ၂၅%နီးပါး(ဒုတိယ)၊ တရုပ်က အနည်းဆုံး ၂၁% ) (မြန်မာနိုင်ငံက ကလေးဆိုရင် ဘယ်လောက်ရှိမလဲ သိချင်လိုက်တာ..)

ဒါဆို ဒီပြဿနာကို ဘယ်လိုလုပ်ကြမလဲလို့... ဂျပန်နိုင်ငံက ပညာရေးပညာရှင်တွေ ခေါင်းစားနေခဲ့ကြပါတယ်.။ နောက်ဆုံးတော့ ပညာရေး သုတေသနအဖွဲကကြီးမှူးပြီး ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို အကြံပြုတင်ပြပါတယ်..။ အဲဒါက “ချီးမွမ်းခြင်း” နည်းလမ်းပါတဲ့..

ထိုက်သင့်တဲ့ ချီးမွမ်းခြင်းဟာ လူတွေရဲ့ မိမိကိုယ်မိမိ ယုံကြည်မှု (self- confidence)ကို တိုးတက်စေတဲ့ နည်းဖြစ်လို့ပါ။ လူသားတို့ရဲ့ စွမ်းရည် ပိုမိုထက်မြက်စေဖို့အတွက်ဆိုရင် စွမ်းရည်သက်သက်သာ လိုအပ်တာမဟုတ်ပဲ၊ မိမိကိုယ်ကို ယုံကြည်မှု၊ မိမိစွမ်းရည်ကို အမှန်အတိုင်း လက်ခံနိုင်မှု၊ မိမိလုပ်ဆောင်အောင်မြင်မှုအတွက် အခြားသူ၏အသိအမှတ်ပြုမှုဆိုတဲ့အချက်တွေပါ အရေးပါပါတယ်..

ချီးမွမ်းစကားနှင့်ပတ်သက်၍ ကြိုးစားလိုစိတ်ကို လေ့လာရာတွင် ကလေးများတွင် အသက် ၇နှစ်အထိ မိဘ၏ ချီးမွမ်းစကားက အကျိုးသက်ရောက်မှုရှိပြီး အသက် ၈နှစ် နောက်ပိုင်းတွင် ပတ်ဝန်းကျင်၏ ချီးမွမ်းစကားသည် အရေးပါကြောင်း တွေ့ရှိရပါသည်။ (စိတ်ပညာ)

ဒါကြောင့် ဂျပန်တွေက “ချီးမွမ်းခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှု (self- confidence) ကို မြှင့်တင်ကြစို့ ”လို့ ကြွေးကြော်ပြီး ယခုနှစ် ၂၀၀၉ခု ဧပြီလကစလို့ စတင်ခဲ့ပါတယ်။

ကလေးတစ်ယောက်က သူကိုယ်တိုင်မှာ ရှိနေတဲ့ သူကိုယ်ပိုင်အရည်အချင်းကို သိလာအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒီအတွက် နည်းလမ်းက ဘာမှမခက်ဘူး..။ အတန်းထဲမှာ ကလေးတစ်ယောက်ယောက်က အဖြေတစ်ခုခုကို ဖြေဆိုနိုင်တိုင်း ချီးကျူးပေးရမယ်၊ ကျန်အတန်းသားအားလုံးက လက်ခုပ်တီးပေးရမယ်လို့ စည်းကမ်းသတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်..။ ကျွန်မကိုယ်တိုင် သွားလေ့လာခဲ့တဲ့ ကျောင်းတွေမှာလည်း လက်ခုပ်တီးသံတွေ တညံညံကို ကြားခဲ့ရပါတယ်..။ အင်း.. ပျော်စရာတောင် ကောင်းပါတယ်။ အဲဒီနည်းလေး မဆိုးဘူးရယ်လို့လည်း သဘောကျမိတယ်..။

ဒါတင်မကဘူး သူတို့က တဆင့်တက်ပြီး အကောင်အထည်ဖော်ကြပြန်ပါတယ်။ ဒီနေ့ သတင်းစာထဲမှာ ကျောင်းတင်မကဘူး၊ အလုပ်ရုံတွေမှာပါ လုပ်ဖို့ အကြံပြုထားတာကို ဖတ်ရသလို လက်တွေ့တောင် အကောင်အထည်ဖော်နေတဲ့ ဌာနနာမည်တွေပါ ရေးထားတာကို တွေ့ရပါတယ်..။ ဟုတ်တယ်လေ ကလေးတွေတင် ချီးမွမ်းနေလို့ မပြီးသေးဘူး မဟုတ်လား..။ လူကြီးလည်း လူကြီးအလျောက်လိုအပ်တယ်လေ...။

အခု စီးပွားရေးသမားတွေက ဈေးကွက်စပါပြီ၊ အဲဒါက “ချီးမွမ်းခြင်းသင်တန်း”တဲ့း)) ဟိ..။ သင်တန်းမှာ “တဖက်သားကို ချီးမွမ်းတော့မယ်ဆိုရင် တဖက်သားမှာ ရှိတဲ့ ကောင်းတဲ့အချက်ကို ရှာပြီးတော့ ချီးကျူးနည်း”ကို လက်တွေ အဖွဲလိုက် သင်ပေးတာပါ..။ ဥပမာ.. လူက ၀ ပေမဲ့ မျက်လုံးလှတဲ့ ကောင်မလေးကို “ရှင့် မျက်လုံးလေးတွေက တော်တော်လှတာပဲနော်”.. ဒါဆို တဖက်ကလည်း “ရှင်လည်း အသားအရေ တကယ်လှတာပဲ”ဆိုတာမျိုး..။ အမျိုးသားဆိုရင်လည်း “ဟာ ခင်ဗျား နက်ကတိုင်ဒီဇိုင်းလေး တော်တော်လှတယ်နော်”ဆိုတာမျိုး...။

ဖတ်နေရင်း တခွိခွိ ရယ်မိတယ်...။ ရယ်ပြီးမှ ငါဘာလို့ ရယ်တာလဲလို့ ပြန်စဉ်းစားလိုက်တော့ အဖြေက ထွက်မလာဘူး..။ ဘာဖြစ်လို့ ရယ်မိပါလိမ့်နော်း) ( သူငယ်ချင်း မင်းကော “ငါဘာလို့ရယ်မိတယ်လို့ထင်လဲဟင်.. လာတွေးပေးဦးး))

ကဲ.. ဂျပန်တွေက ချီးမွမ်းခန်းသင်တန်းတွေ ပေးနေပြီ... ။ တနေ့ကျရင် တက္ကသိုလ်က နိုင်ငံခြားကျောင်းသားတွေပါ သင်တန်းလာတက်ဖို့ လာမပြောဖူးလို့ မဆိုနိုင်ဘူး။ အဲဒီအခါကျရင် အတန်းထဲမှာ ပြောတတ်အောင် လေ့ကျင့်ဦးမှ..းD

“အားလုံး သူငယ်ချင်းများ... တအားသဘောကောင်းတယ်နော်..၊ ပျင်းစရာ ဆောင်းပါးတစ်ခုကို အရှည်ကြီးရေးတာတောင် အဆုံးထိ စိတ်ရှည်လက်ရှည် ဖတ်ပေးတယ်..”

လသာည.. ဖြစ်ပါတယ်..
ရေးသားချိန် 22-12-2009 (schedule post for 25/12/2009)

14 comments:

နေ၀သန် said...

ကြားဖူးသွားပြီ....း)))... တိုကျိုတောက ရေးနေတာလား... ဟီးဟီး

နေ့အိပ်မက် said...

မြန်မာပြည်ကကလေးတွေကို စစ်တမ်းကောက်ရင် ငါအကုန်လုပ်နိုင်တယ်များ ဖြေမလားမသိဘူး... အပြိုင်အဆိုင်သိပ်မကြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု သိပ်မနည်းကြဘူးထင်တယ်... လူရှေ့ထွက်ပြီးသာ မလုပ်ရဲမှာ...

မမရယ်တာက “မဟုတ်တာတွေ လျှောက်ပြောပြီးချီးကျူးနေရတယ်”ဆိုပြီး ရယ်တာဖြစ်မယ်

နှင်းဟေမာ said...

မမလသာညရေ...
ပို့စ်အရှည်ကြီးဆိုပေမယ့် ဗဟုသုတတော့ရပါတယ် ...
စိတ်ဝင်စားတယ် ..း) “ချီးမွမ်းခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှု (self- confidence) ကို မြှင့်တင်ကြစို့ ”လို့ ကြွေးကြော်နိုင်အောင် သင်တန်းလေးတော့ တက်ချင်တယ် ....
ဗဟုသုတတွေအမျိုးမျိးကို ဝေမျှတဲ့ အစ်မ လသာည ....
ဒီ့ထက်မက ထိန်ထိန်သာနိုင်တဲ့ လပြည့်ဝန်းကြီးလို ရပ်တည်နိုင်ပါစေနော် ... MERRY X'Mas !!!!!!!
ချစ်ညလေး

Anonymous said...

လသာည すごいね。。。すばらしいですようね。。。ချီးကျူး ဂုဏ်ပြုပေးတာလေ ။ တစ်ကယ်လဲ တော်ပါတယ် ။


ထား

မိုးသီတာ said...

အဲဒါကြောင့် မီအဲသား ကိုဟိုင်က ပြောတာ။ နောက်ပြန်သွားနေပါပြီတဲ့ သူ့နိုင်ငံက။ ဒေးကားနက်ဂျီရဲ့ ဆွေးနေတဲ့ စာအုပ်ကြီးထဲမှာ ရှိပြီးသား အကြောင်းအရာ ကို ကျူရှင်ပေးပြီး ကလေးတွေကို ဖျက်ဆီးပြန်ပြီ။ လက်ခုပ်တီး ချီးကျူးလို့ ယုံကြည်မှုရကြေးဆို ကဲ့ရဲ့လိုက်တာနဲ့ အဲဒီ ယုံကြည်မှုက ကုန်ရောပေါ့။ လွယ်လွယ်လေး ရယ်။ ယုံကြည်မှုရခြင်ရင်။ လွှတ်ပေးလိုက်။ လက်တွေ့ဘ၀ထဲကို။ ကလေးလို ပြုစုပျိုးထောင်ရင် ဒီလိုပဲ ဖြစ်လာမှာပဲ။ စတည်းကိုက လူကြီး တစ်ယောက်လို မဆက်ဆံခံခဲ့ရတာ။ ကလေးတွေကို စိတ်ရှည်ပြီး အရာရာကို ဆုံးဖြတ်စေတဲ့ အကျင့်တို့ အများကြီး လုပ်စေတဲ့ အကျင့်တို့။ သူတို့ကို ရှာဖွေ တွေ့ရှိဖို့ အခွင့်အရေး။ (လူကြီးက တော့ စိတ်ရှည်လက်ရှည် ထိုင်စောင့်ရတယ်။ အဲလို စိတ်ရှည်မှုမျိုးကို မပေးဘူး။ မှားဖို့ အခွင့်အရေးကို မပေးသမျှတော့ အလုံအလောက် ရင့်ကျက်ဖို့ ခက်ခဲလိမ့်မယ်။ အများကြီးပါ။ ဂျပန် ရဲ့ ပြုစုပျိုးထောင်ပုံကို စိတ်တိုင်း သိပ်မကျပါဘူး။ ထားပါတော့။ ဒီကိစ္စက။ အများကြီး လိုပါတယ်။ လူမျိုး ဓလေ့ ထုံးတမ်း ကနေ စပြီး ပြောရလိမ့်မယ်။ လူမျိုး စရိုက်၊ ယုံကြည်ချက်က စပြီးတော့ပေါ့။ ထားလိုက်ကြပါစို့။ ဘွဲ့လေး ယူပြီးပဲ ပြန်မယ်။ ဟီး ။။.... ဘယ်တော့မှ ကိုယ့်ကလေးကို ဂျပန်ကလေးလို ပုံမသွင်းဘူး။ ဂျပန်လူငယ်လိုလဲ ပုံမသွင်းဘူး။

မိုးသီတာ said...

အဲ။ ဂျပန်လူကြီးလိုလဲ မဖြစ်စေချင်ဘူး။ :D :D

မိုးသီတာ said...

ဂျပန်နိုင်ငံတွင် မွေးဖွါးခြင်း မခံရသည့်အတွက် ၀မ်းသာ ဂုဏ်ယူမိပါသည်ရှင်။ :D :D (သံခမောက် ဆောင်းထားပါကြောင်း။)

မယ့်ကိုး said...

ထိုက်သင့်တဲ့ ချီးမွမ်းမှုဆိုတာ အမှန်တကယ်လိုအပ်ပါတယ်။
မိဘတွေက အသိဥာဏ်မပြည့်စုံလို့ စိတ်ဓာတ်အင်အားချို့ယွင်းချက်ရှိလို့ မလုပ်နိုင်တဲ့အခါ အစိုးရက အားပေးတာ လုပ်ဆောင်စေတာ သဘောကျပါတယ်။မြန်မာမိဘတွေကလည်း ကိုယ့်သားသမီးကို ချီးမွမ်းဖို့ လိုနေတယ်လို့ ထင်တယ်။
ခုလိုစာလေးကို မျှဝေပေးတဲ့ မရဲ့ စေတနာကို ချီးမွမ်းပါတယ် တကယ် =)

pps said...

လသာညရယ်တာကိုနားလည်မိပါတယ်...ကိုယ်တိုင်ကြုံခဲ့ရလို့လေ..ဆံမင်တိုတိုလေးညှပ်မိခဲ့တုံးကပေါ့...အိစံဆိုတွေ့တိုင်းရယ်ပါတယ်..ကိုယ်တိုင်လည်းမှန်ကြည့်တိုင်းအခါခါရယ်မိပါတယ်..နားလည်ရောပေါ့ဒါလောက်ဆို..အဟီး..အဲဒါကိုLabကSecretrayက.....စံခ၀အီးတဲ့...အဟား.......
ဒါပေမဲ့..ထိုက်သင့်တဲ့ချီးမွမ်းမှုတော့...အမှန်တကယ်လိုအပ်တယ်လို့ခံစားမိပါတယ်။

Anonymous said...

ချီးမွမ်းထိုက်တဲ့လူကိုချီးမွမ်းတာလိုအပ်တယ်လို့ထင်ပါတယ်။
ကျွန်မသိတဲ့ဂျပန်တွေကတော့ သူတို့ကိုယ်သူတို့လုပ်နိုင်တယ်
တတ်တယ်လို့ပြောလေ့မရှိဘူး။
ဒါပေမဲ့တကယ်လုပ်တဲ့အခါပြီးပြီးရောမလုပ်ဘူး။အကောင်းဆုံးဖြစ်အောင်လုပ်တယ်။
ဂျပန်တိုင်းဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့အကြမ်းဖျင်းတော့ပြောလို့ရတယ်။
ဒီလိုလုပ်တာလဲ (post content)သူတို့တွေရဲ့စွမ်းဆောင်နိုင်ရည်ကောင်းသထက်ကောင်းအောင်
လုပ်တာမျိုးဖြစ်မယ်တူတယ်။

ကျော်နှင်းဆီလွင် said...

မမိုရေ
တီဗီမှာတောင်လာသွားသေးတယ်နော်
ရုပ်လည်းဆိုးဘယ်လိုမှချီးမွမ်းစရာရှာမတွေ့တဲ့
ယောကျာင်္းတယောက်ကိုဘာကိုချီးမွမ်းရပါ့မလဲဆိုတော့ နက်ခ်တိုင်ကိုချီးမွမ်းပါတဲ့လေ
ၵီ:D

ကျော်နှင်းဆီလွင် said...

မညရေ အဟီး ခွင့်မလွှတ်နိုင်စရာ နာမည်မှားရေးပလိုက်တယ် ခဏထပြီး လမ်းလျှောက်လိုက်တာနဲ့
ပီယာနဲနော်

မြတ်နိုး said...

あけましておめでとうごさいます。
今年も ようろしくお願いします。

ThuHninSee said...

ဒါဆို ကိုယ့်ကိုယ်ကို အရင်ချီးမွန်းစရာရှာလိုက်အုံးမယ်။ သိပြီ။ အပျင်းထူပေမယ့် ရေတော့ မှန်မှန်ချိုးပါတယ်လို့။း) အဟဲ