Wednesday, January 27, 2010

မိမိကိုယ်ကို နှိမ်ချတတ်ခြင်း

မိမိကိုယ်ကို နှိမ်ချတတ်ခြင်း နဲ့ ပတ်သက်ပြီး မှတ်သားစရာကောင်းတဲ့ စကားတချို့ ကို ဖတ်ဖြစ်ပါတယ်။ ကြိုက်သွားတာမို့ သူငယ်ချင်းများကို ရှယ်လိုက်ပါတယ်။ အဲဒါတွေကတော့...

၁။ အမှန်တကယ် ကြီးမြတ်ချင်တယ်ဆိုရင် အများကြားထဲမှာသာ ရပ်လိုက်ပါ။ အများအပေါ် ရပ်စရာ မလိုပါ..။
(Charles de Montesquieu)

၂။ ကိုယ့်ရဲ့အမှားတွေကို ၀န်ခံဖို့၊ ကိုယ့်လုပ်ရပ်တိုင်းကို ပြန်ခြေရာကောက်ဖို့ သတ္တိရှိလောက်အောင် ငါဟာ နှိမ်ချလိုစိတ်ရှိပါတယ်။
(Mahatma Gandhi)

၃။ ကိုယ့်ကိုကိုယ်နှိမ်ချမှုဆိုတာ အတွင်းခံအကျီင်္လိုပဲ မရှိမဖြစ်လိုအပ်တယ်။ ဒါပေမယ့် နှိမ်ချမှုကို ပြပြန်ရင်လည်း လူအများက ရိုင်းစိုင်းစွာ ဆက်ဆံတယ်..။ (Helen Nielsen)

၎။ မင်းကိုယ်တိုင်ထက် ပိုကြီးတဲ့ အရာတွေ (အခက်အခဲ၊ အတားအဆီး၊ ဝေဖန်မှု) တွေထဲမှာ မင်းနှစ်မြုပ်နေရလေလေ၊ မင်းမှာ စွမ်းအင်တွေ ပိုများလေလေ ဖြစ်မှာပဲ..(Norman Vincent Peale)

၅။ ကိုယ့်ကိုကိုယ် နှိမ့်ချခြင်းဖြင့် နှစ်ဆ မြင့်မြတ်သွားလိမ့်မယ်။ (Benjamin Franklin)

၆။ မာနထောင်လွှားခြင်းဟာ အတုအယောင်ကိုပဲ ဖြစ်စေပြီး ကိုယ့်ကိုကိုယ် နှိမ်ချခြင်းကမှ အစစ်အမှန်ကို သိနိုင်မှာ။ (Thomas Merton)

၇။ ကိုယ့်ကိုကိုယ် နှိမ်ချခြင်းဟာ သစ်ပင်တစ်ပင်ရဲ့ ချိုမြိန်တဲ့ အမြစ်နဲ့တူတယ်၊ အကောင်းဆုံးအသီးအပွင့်တွေကို ပေးနိုင်တယ်။ (Thomas More)

၈။ မင်း ..ဘယ်သူ့ကို ယုံမှာလဲ.. ငါ့ကိုလား။ မင်းရဲ့မျက်လုံးကိုလား။ (Groucho Marx)

၉။ လေးလံတဲ့ အရာဝတ္တုတွေ ဘယ်လိုရွေ့လျားတယ်ဆိုတာကို တွက်ချက်တတ်ပါတယ် ။ ဒါပေမယ့် လူတွေရဲ့ ရှုးသွပ်မှုကိုတော့ ကျွန်တော် မတွက်နိုင်ခဲ့ဘူး။ (Isaac Newton)

လသာည... ;)

9 comments:

မယ့်ကိုး said...

နယူတန်ပြောတာ အရမ်းသဘောကျတယ် မ။
အလွတ်ကျက်သွားတယ်။ ကျေးဇူးပါနော် :)

Anonymous said...

မိမိကိုယ်ကို နှိမ်ချခြင်း တဲ့ ကောင်းလိုက်တာ။မင်း ဘယ်သူ့ကိုယုံမှာလဲ ငါ့ကိုလား မင်းမျက်လုံးကိုလား ဆိုတဲ့ စာလေးက အင်မတန် ကောင်းပါတယ်။ကျေးဇူးပါ လသာညရေ။

ချစ်တဲ့

ထား

Anonymous said...

အားလုံး ကောင်းပါသည်..:)

နှင်းဟေမာ said...

မမလသာညရေ...
ကူးယူသွားပါတယ်နော် အမြဲလိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားသွားပါ့မယ်...
ညလေး နှင်း

နှင်းဟေမာ said...

မမလသာညရေ...
ကူးယူသွားပါတယ်နော် အမြဲလိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားသွားပါ့မယ်...
ညလေး နှင်း

မိုးသီတာ said...

(ရှည်ပါပြီ။) အများကြီးတွေးခဲ့ဖူးပေမဲ့--- နှိမ့်ချလိုက်တယ်ဆိုတဲ့ စကားလုံးက--- အဲသလိုခံစားလိုက်ရရင်အဲဒီလူရင်မှာ မာနတစ်ခု ရှိနေခဲ့လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ တစ်ခုခုပေါ့။ နှိမ့်ချလိုက်ပါတယ်။ ဆိုရင်။ ပါတ်ဝန်းကျင်ထက် အဆိုပါသူက သူ့ကိုယ်သူမြင့်မြတ်တယ်လို့ ထင်နေခဲ့လို့လား။ မြေမှုန့်ကလာတာမို့ မြေမှုန့်ကိုပြန်သွားကြမှာတူတူခြင်းပဲ လို့တွေးတဲ့သူကတော့ နှိမ့်မချလိုက်လဲ သူကနှိမ့်ချပြီးသားဖြစ်နေမှာပဲလား။ --- :D :D ရှည်ပြန်ပြီ။ မအားကြတဲ့ကြားထဲ။ (ရှက်တက်တဲ့သူဟာ သူ့ကိုယ်သူ အထင်ကြီးသူဖြစ်တယ်ဆိုတဲ့ စကားတစ်ခု ကြားခဲ့ဖူးတယ်။ ကိုယ်က သိပ်ရှက်တတ်ခဲ့ဖူးသူဆိုတော့ အဲဒီစကားနဲ့ ကိုယ့်အတ္တ ကိုယ်ဆုံးမခဲ့ဖူးပါတယ်။) ခုတော့ သိပ်မရှက်တော့ဘူး။ အဲ--- ကိုယ်က ဘာမှမဟုတ်တာလဲ သိသွားခဲ့တာနဲ့ (တိုက်ဆိုင်တာလဲ ဖြစ်နေနိုင်တာပဲ။) လသာည ရှုပ်ပါရစေ။ ပြန်ဆုံတဲ့အခါ လသာည ဆီက အများကြီး နားထောင်ချင်ပါတယ်။

KyawHninSeLwin said...

မညရေ
ကြိုက်တယ်
ကြိုက်ကြိုက်ကြိုက်
နံပါတ်၃ကခဏခဏကြုံဖူးတော့စိတ်ညစ်တယ်
:D

မြတ်နိုး said...

နှိမ့်လဲမချဘူး အထက်စီးကလဲမနေဘူး
အထက်စီးကလာပြောရင်လဲ မကြိုက်ဘူး
အောကိကျိုးပီးလာပြောလဲမကြိုက်ဘူး
ပုံမှန်ပဲကြိုက်တယ်။ ကိုယ်တိုင်လဲ ပုံမှန်ပဲလုပ်တယ်

နံပါတ်၉ကို အကြိုက်ဆုံးပဲ..

နေ၀သန် said...

ဘ၀က သင်သွားမယ်လို့ ယုံပါတယ်.. လူများများနဲ့ ဆက်ဆံဖို့ပဲ လိုပါတယ်.. အခုအရွယ်နဲ့တင် အတော်နားလည်နေပါပြီ.. နှိမ့်ချခြင်းလို့ ခေါင်းစဉ်မတပ်ထားတဲ့ တစ်မျိုးသော အတတ်တွေလည်း နောင်နှစ်အနည်းငယ်မှာ ပီပြင်လာမယ်လို့ မျှော်လင့်ပါတယ်... တန်ဖိုးရှိတဲ့ စကားလုံးတွေ ဝေမျှပေးတာ အဖိုးတန်လွန်းပါတယ်... ကျေးဇူးတင်ပါတယ်ခင်ဗျာ...


ခင်မင်တဲ့
ဂျပန်ကောင်လေး