Thursday, January 28, 2010
ဂျပန်နိုင်ငံက ဟာသများ
ဂျပန်နိုင်ငံက အများပြောပြောပြီး ရယ်ကြတဲ့ ရယ်စရာတွေအကြောင်း ဒီနေ့စကားစပ်မိလို့ lab ထဲမှာ ပြောရင်း ရယ်ဖြစ်ကြတယ်။ မောပန်းနေတဲ့ သူငယ်ချင်းများအတွက် အမောပြေ ပြန်လည် ဖောက်သည်ချလိုက်ရပါတယ်။ တဒင်္ဂ ရယ်မောဖြစ်တယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ.:D. ။ ဒီလိုတဲ့...
၁။ သမ္မတ ကလင်တန် နဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ဦးအကြောင်း
(တချို့လည်း သိပြီးသားဖြစ်နေမလားပဲ.မသိသေးသူများအတွက် ပြန်ပြောပြမယ်နော်။)
အခုဝန်ကြီးချူပ်ရဲ့ ရှေ့ လေး ငါးဆက်မြောက်က ၀န်ကြီးချူပ် မစ္စတာမိုရိဆိုတာ ရှိခဲ့တယ်။ (၂၀၀၀ခုနှစ် မတ်လက ဖြစ်ခဲ့တာ) အမေရိကန်သမ္မတ ကလင်တန်လာမယ်ဆိုတော့ ကြိုဆိုဖို့ ပြင်ကြတယ်။ အစဉ်အဆက်က အမေရိကန်သမ္မတများ၊ ဂျပန်သမ္မတများဟာ ဆွေးနွေးချက်အားလုံးကို စကားပြန်နဲ့ ပြောကြပေမယ့် နှုတ်ဆက်စကားတော့ အင်္ဂလိပ်လို နှုတ်ဆက်နေကြ အစဉ်အလာ ရှိတယ်။ ဒီတော့ ၀န်ကြီးချူပ် မစ္စတာမိုရိလည်း အင်္ဂလိပ်လို နှုတ်ဆက်စကားကို အသေ ကျက်ထားတယ်ပေါ့။
သူတို့ နှစ်ဦး တွေ့တော့ အပြန်အလှန်နှုတ်ဆက်ပုံလေးကို နားထောင်ကြည့်ပါ..။
Bill Clinton :  Hello!!
Mori:  Hello! Who are you! (How are you နဲ့ မှားပြီး ပြောမိတာ)
Bill Clinton :   I am husband of Hillary Clinton.
( နှုတ်သွက်တဲ့ ကလင်တန်က အခုလို ပြန်နောက်လိုက်တာဖြစ်ပါတယ်။ သို့သော်...မစ္စတာမိုရိရဲ့ တုန်ပြန်စကားက)
Mori:  me, too.
Bill Clinton :  ? ? ? ? 
တနိုင်ငံလုံး ရယ်ပွဲကျသွားခဲ့တယ်။
ဒါပြင် နောက်တကြိမ်.. မှားသေးတယ်.. အဲဒါက အကြီးအကဲ နှစ်ဦး လက်ဆောင် ဖလှယ်တုန်းကပေါ့..
Bill Clinton :  This presents for you.
Mori :  No,thank you!(oh、thank you ကို မှားပြောတာ)
ကလင်တန်က လက်ဆောင်ကို ပြန်ယူသွားရ မသွားရ ဆုံးဖြတ်ရခက်သွားတယ်တဲ့..
........................................................................................................
၂။ စာလုံးပေါင်းမှားနေလို့ပါ။ (ရယ်စရာ အဖြစ်သာ ဖတ်ပါ)
အင်တာနက်ကနေ Websiteတစ်ခုမှာ အပြန်အလှန် ပြောကြတဲ့ စကားတဲ့..
နိုင်ငံခြားသား : Are you Japanese?
ဂျပန် ကျောင်းသား : (အင်္ဂလိပ်လို သိပ်မရေးတတ်လို့ ဂျပန်လို ပြန်ပြော) လာပြီ။ နားညည်းတယ်။ နင်တို့ အင်္ဂလိပ်လို မပြောရင် ငါက ကွန်မန့်ပေးလို့ မရဘူးလားကွ.ဟေ.
နိုင်ငံခြားသား : hmm...?
ဂျပန်ကျောင်းသား : နားညည်းတယ်လို့ပြောနေတာ.(ပြီးတော့ ဂျပန်လို ဆဲလိုက်တယ်).ဟင် အခုထိ မင်းကို ဆဲနေတာ နားမလည်ဘူးလား ဟေ့ fack you. ကဲ။
နိုင်ငံခြားသား : Oh......
ဂျပန် ကျောင်းသား : အင်္ဂလိပ်လို ပြောလိုက်တာ မှတ်သွားပြီလား..
နိုင်ငံခြားသား : Miss spell. Fuck you.
ဂျပန် ကျောင်းသား : Fuck you.
နိုင်ငံခြားသား : good :D
(သူတို့နှစ်ယောက် အကြောင်း တီဗွီမှာ ပါသွားအောင် နာမည်ကြီးသွားတယ်လို့ ဆိုပါတယ်)။
..............................................................................................
ဂျပန်ကျောင်းသားတစ်ယောက်က သိပ္ပံဘာသာချိန်မှာ မေးခွန်း လေးခု အမေးခံရတယ်။
မိခင်နို့တိုက်ခြင်းရဲ့ အကျိုးကျေးဇူး ၄ မျိုး ပြောပါ။
သူက ပြောလိုက်တယ်။
1. No need to boil.2. Never goes sour.3. Available whenever necessary.
ဒါပေမဲ့ နောက်ဆုံးတစ်ခုကို သူမသိဘူး။ ကလေးဘ၀ကို ပြန်ပြောင်းစဉ်းစားလိုက်ပြီး ဆက်ဖြေလိုက်တယ်။
4. Available in attractive containers of varying sizes. :D
.......................................................................................................
အရမ်းကို တောင်းပန်တတ်တဲ့ ယဉ်ကျေးတဲ့ ဂျပန်တစ်ယောက်ရှိတယ်။ သူက “စိတ်မရှိပါနဲ့၊ ကျွန်တော့ကို ခွင့်လွှတ်ပါခင်ဗျာ”လို့ ဦးညွှတ်ပြောလေ့ရှိတယ်။ တစ်နေ့တော့ သူ့အိမ်နားနီးချင်း ရဲ့ ဥယျာဉ်ခြံထဲကို ၀င်သွားပြီး သူက ပြုံးပြီး ပြောလိုက်တယ်။ ကျွန်တော် ခင်ဗျားကို ဦးညွှတ်ပါတယ် ခင်ဗျာ၊ ကျွန်တော်ကို ခွင့်လွှတ်ပါခင်ဗျာ”။ ပြီးတော့ ထပ်ကာထပ်ကာ ဦးညွှတ်လိုက်တယ်။ နောက်တော့ စောင့်နေတဲ့ သူ့မိသားစုကို လှမ်းခေါ်လိုက်ပါတယ်။ နောက်တကြိမ် သူက ဥယျာဉ်ဘက်ကို လှည့်လို့ ခင်မင်စွာ ပြုံးလိုက်ပြီး ထပ်ဦးညွှတ်လိုက်ပါတယ်။ “စိတ်တော့ မကောင်းပါဘူး ခင်ဗျာ၊ ဒီနေ့ကစပြီး ဒီဥယျာဉ်ဟာ ကျွန်တော့ ဥယျာဉ်ဖြစ်သွားပါပြီ.။
......................................................................................................
၅။ ဂျပန်ကွ..
ဂျပန်တွေက အမြဲ သူတို့ကိုယ်သူတို့ ဂုဏ်မြင့်ပြောလေ့ ရှိတယ်။ တနေ့တော့ စကားဝိုင်းတစ်ခုမှာ ..
ဂျပန် : ငါတို့တွေ စစ်ကြီးတုန်းက လက်သံပြောင်ခဲ့တာကွ...
နိုင်ငံခြားသား : အေး ဒါနဲ့ နောက်ဆုံးတော့ ဗုံးကြဲခံခဲ့ရတယ်မို့လား...
ဂျပန် : ငါတို့က စစ်ကြီးရှုံးလည်း နှစ် ၁၀၀အတွင်း ကမ္ဘာ့မှာ အတိုးတက်ဆုံးဖြစ်ခဲ့တယ်...
နိုင်ငံခြားသား : အေး ဒါပေမဲ့ ခေတ်နောက်ပြန်ဆွဲပြီး အခုထိ အ၀တ်ဗလာနဲ့ ရေစိမ်တုန်းမို့လား (ရေပူစမ်းကို အ၀တ်ဗလာဖြင့် ယောက်ျားမိန်းမ အတူစိမ်တာကို ပြောတာ)
ဂျပန် : ငါတို့က သနားတတ်တယ်။ ဆင်းရဲတဲ့ နိုင်ငံတွေကို လှူတယ်ကွ...
နိုင်ငံခြားသား : အေး ဒါပေမဲ့ ငါးကို အရှင်လတ်လတ် မြိန်ရေယှက်ရေ စားတယ်မို့လား..
ဂျပန် : ငါတို့ဆီက ထွက်တဲ့ကားဆို အကောင်းစားချည်းပဲကွ..
နိုင်ငံခြားသား : အေး ဒါပေမဲ့ ကားသင်္ချိုင်းမှာဆိုလည်း မင်းတို့ကားချည်းပဲလေကွာ..
ဂျပန် : ငါတို့ရဲ့ Animation film တွေဆိုရင် ကမ္ဘာကျော်ပဲ။ ဘယ်သူမှမတုနိုင်ဘူး..
နိုင်ငံခြားသား : အေး ဟိုကားတွေလည်း မင်းတို့ဆီမှာ ရတယ် ဘယ်သူမှ မတုနိုင်ဘူး..
ဂျပန် : ငါတို့က မြင့်မြတ်တဲ့လူမျိုးစွဲရှိတယ်..
နိုင်ငံခြားသား : အေး ဒါပေမဲ့ အမေရိကန်စပ်တွေ ကပ္ပလီစပ် ဂျပန်လေးတွေလည်း အများကြီးနော်..
ဂျပန် : ဘာသာရေးပွဲတော်ဆိုလည်း အများကြီးလုပ်တယ်။
နိုင်ငံခြားသား : အေး ဒါကြောင့်လည်း ဘာသာရေးအမျိုးမျိုးရှိတာ (ဂျပန်တွေက မင်္ဂလာဆောင်ရင် Church မှာဆောင်ပေမယ့် သေရင်တော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွပ်တယ်ကြတာကို ရယ်သွေးသွမ်းတာနဲ့ တူတယ်)
နောက်ဆုံး ဘာပြောပြော သူ့ကို ဂွပြောနေတဲ့ နိုင်ငံခြားသားကို စိတ်တိုလာပြီး အခုလို ပြန်မေးလိုက်တယ်
ဂျပန် : ဟေ့ကောင် မင်းက ဘယ်နိုင်ငံလဲ ပြောစမ်း....
နိုင်ငံခြားသား : ငါလား အမေရိကားကပါ..။
ဂျပန် : ဒါဆိုလည်း ငါမပြောနိုင်တော့ဘူး။ ငါလိုလူ မပြောနဲ့ ဂျပန်ဝန်ကြီးချူပ်တောင် မင်းတို့ စကားကို ပြန်မပြောနိုင်ဘူးဆိုတော့... ။
(ဒါကတော့ ဘာဖြစ်ဖြစ် အမေရိကန်တွေ လုပ်သမျှကို အကောင်းလို့ မြင်နေတဲ့ တချို့သူတွေကို လှောင်တဲ့ ဟာသနဲ့ တူပါတယ်)
................................................................................
ကွန်မန့်ထဲက နောက်ဆက်တွဲ ဟာသလေးများ
ဝါးဟားဟား....Ayu ဆိုတဲ့ ဂျပန်ငါးသိလား
ဂျပန်ကလေးတွေရဲ့ ဟာသလေးပါ..။
are you (Ayu)are fish????
အကြောင်ရိုက်မေးခွန်းလေ..
အပေါ်ဆုံးကဟာသကတော့ မြန်မာပြည်မှာထဲကပဲ.အင်္ဂလိပ်စာဒီပလိုမာတက်တော့ပြောကြတာ.။
အဲဒီလိုပဲ စလုံးကို မြန်မာပြည်က ဆရာကြီးများသွားကြတုန်းကလဲ စလုံးကသတင်းစာမှာပါတဲ့အဖြစ်လေးက..Hay,What do u want to drink ??? တဲ့ စလုံးကလူကမေးတယ်.. ဒီမှာ အခြားနိုင်ငံကလူက ကော်ဖီတဲ့ .. ဒါနဲ့နောက်တနိုင်ငံကလူက သူလဲကော်ဖီသောက်မယ်ဆိုတော့ me ,too တဲ့..ဒါနဲ့ ကိုယ်တို့နိုင်ငံအလှည့်ကျတော့ ဖြေထည့်လိုက်တာက... me,three.တဲ့..ဟားဟား..
ဒါနဲ့ အခုဆိုထိ ကိုယ်တို့သူငယ်ချင်းတွေစကားပြောရင် me,too လို့မပြောဘူး me,three ပဲပြောတယ်..ဟီး
မိုမိဂျိ January 29, 2010
Anonymous Anonymous said... တအားရယ်ရတယ် လသာည.. နောက်လည်း တင်ပေးဦး:DD
မီးသိတာလည်း ပြောပြဦးမယ်။ တခါတုန်းက ဂျပန်ကလူကြီးတစ်ယောက်က “ငါတို့နိုင်ငံမှာ တနေ့တခြား အိတီတွေများပြားတိုးတက်နေပြီ၊ ငါတို့ ဂုဏ်ယူဖို့ကောင်းတယ်”လို့ ပြောတော့ သူ့နောက်ကလူတွေကလည်း နားမလည်ကြဖူးတဲ့။ ဂျပန်မှာ အီးတီ တော်တော်ရှိတာ ဘယ်နေရာလည်း လို့ မေးတော့ ကွန်ပျူတာစက်ရုံကို လက်ညှိးထိုးပြတယ်တဲ့.ဒါလည်း ဘယ်သူမှနားမလည်နိုင်လို့ သူကစိတ်တိုတိုနဲ့.စာလုံးလည်း ရေးပြလိုက်မှ အားလုံးနားလည်သွားကြတယ်တဲ့.. ITဆိုပြီး..
ဂျပန်တွေက အိုင်(I) ကို အိ လို့ ဖတ်တတ်တော့ မွှားသွားတာနေမှာပေါ့ ဟီးဟီး January 29, 2010
Anonymous said...နောက်တစ်ခုက မြန်မာပြည်မှာလေ သောက်ရေသန့်စက်ရုံကို လူကြီးက သွားကြည့်တော့ ၀န်ထမ်းတွေက ပြောတယ်တဲ့ “ကျွန်တော်တို့က အခုဆိုရင် သောက်ရေသန့်ကို ph-7 အထိ သန့်စင်နိုင်ပါပြီ”ဆိုပြီး။ လူကြီးက ဘာပြောသလဲဆိုတော့ “အေး ဒါဆို ph-10 ရအောင် ဆက်ကြိုးစား”တဲ့ ဟီးဟီး မီး
.................................................................................................
ဘ၀အမောများပြေ ပါစေ :) လသာည...
17 comments:
Anonymous said...
း)))....
ဂျပန်ကောင်လေး
မယ့်ကိုး said...
ဘဝအမောပြေပြီး အားပါးတရရယ်လိုက်ရတယ် ချစ်မလေး ကျေးဇူးပါနော်
Anonymous said...
me, too. :P ahaha
မိုးသီတာ said...
ဝေး။ ယောကျာ်းမိန်းမ အတူစိမ်တာ အထူးနေရာတွေပါ။ စိမ်ပေါင်းများပါပြီ။ အထီးတစ်ခါမှ မြင်ဖူးဘူးသေးပါဘူး။ ရေချိုးခန်းကလေ။ဟီး :P ဒါပေမဲ့ အဲဒါ ချေးချွတ်ရ သိပ်ပြောင်တာပဲ။ :P :P
Anonymous said...
ဟာသတွေ တင်ပေးလို့ ထမနဲကျွေးမယ်
seesein
kiki said...
me too , me too , me too ...
မီးတူး သွားပြီ ..ဟဟ..
ရယ်သွားပါတယ် ။
မောတော့ မမောချင်ဘူး ။
ဂျပန်ရေချိုးခန်းကိုတော့ မဝင်ရဲဘူး ..ဟိဟိ..
(တခါတည်းပါ .. )မျက်စိမှတ်ပြီး ဝင်ကြည့်မိတာလေ ..
Anonymous said...
ဝါးဟားဟား....
Ayu ဆိုတဲ့ ဂျပန်ငါးသိလား
ဂျပန်ကလေးတွေရဲ့ ဟာသလေးပါ..။
are you (Ayu)are fish????
အကြောင်ရိုက်မေးခွန်းလေ..
ဂျပန်ရေချိုးခန်းက ယောင်္ကျားမိန်းမတွဲစိမ်တဲ့ အခန်းတွေက ခန်းတိုဘက်မှာများတယ်တဲ့ ..မ၀င်ရဲဘူး...ဟီးးး
အပေါ်ဆုံးကဟာသကတော့ မြန်မာပြည်မှာထဲကပဲ.အင်္ဂလိပ်စာဒီပလိုမာတက်တော့ပြောကြတာ.။
အဲဒီလိုပဲ စလုံးကို မြန်မာပြည်က ဆရာကြီးများသွားကြတုန်းကလဲ စလုံးကသတင်းစာမှာပါတဲ့အဖြစ်လေးက..
Hay,What do u want to drink ??? တဲ့ စလုံးကလူကမေးတယ်.. ဒီမှာ အခြားနိုင်ငံကလူက
ကော်ဖီတဲ့ ..ဒါနဲ့နောက်တနိုင်ငံကလူက သူလဲကော်ဖီသောက်မယ်ဆိုတော့ me ,too တဲ့..ဒါနဲ့ ကိုယ်တို့နိုင်ငံအလှည့်ကျတော့ ဖြေထည့်လိုက်တာက... me,three.တဲ့..ဟားဟား..
ဒါနဲ့ အခုဆိုထိ ကိုယ်တို့သူငယ်ချင်းတွေစကားပြောရင် me,too လို့မပြောဘူး me,three ပဲပြောတယ်..ဟီး
Anonymous said...
တအားရယ်ရတယ် လသာည.. နောက်လည်း တင်ပေးဦး:DD
မီးသိတာလည်း ပြောပြဦးမယ်။ တခါတုန်းက ဂျပန်ကလူကြီးတစ်ယောက်က “ငါတို့နိုင်ငံမှာ တနေ့တခြား အိတီတွေများပြားတိုးတက်နေပြီ၊ ငါတို့ ဂုဏ်ယူဖို့ကောင်းတယ်”လို့ ပြောတော့ သူ့နောက်ကလူတွေကလည်း နားမလည်ကြဖူးတဲ့။ ဂျပန်မှာ အီးတီ တော်တော်ရှိတာ ဘယ်နေရာလည်း လို့ မေးတော့ ကွန်ပျူတာစက်ရုံကို လက်ညှိးထိုးပြတယ်တဲ့.ဒါလည်း ဘယ်သူမှနားမလည်နိုင်လို့ သူကစိတ်တိုတိုနဲ့.စာလုံးလည်း ရေးပြလိုက်မှ အားလုံးနားလည်သွားကြတယ်တဲ့.. ITဆိုပြီး..
ဂျပန်တွေက အိုင်(I) ကို အိ လို့ ဖတ်တတ်တော့ မွှားသွားတာနေမှာပေါ့ ဟီးဟီး
Anonymous said...
နောက်တစ်ခုက မြန်မာပြည်မှာလေ သောက်ရေသန့်စက်ရုံကို လူကြီးက သွားကြည့်တော့ ၀န်ထမ်းတွေက ပြောတယ်တဲ့ “ကျွန်တော်တို့က အခုဆိုရင် သောက်ရေသန့်ကို ph-7 အထိ သန့်စင်နိုင်ပါပြီ”ဆိုပြီး။ လူကြီးက ဘာပြောသလဲဆိုတော့ “အေး ဒါဆို ph-10 ရအောင် ဆက်ကြိုးစား”တဲ့ ဟီးဟီး
မီး
လသာည said...
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်..:D။ သဘောကျတယ်ဆိုရင် နောက်လည်း အားတဲ့အချိန်တင်ပေးဦးမယ်.. ရယ်စရာတွေ အများကြီး ကျန်သေးတယ်
Unknown said...
အားရပါးရ ရယ်သွားတယ်းD ...
ပထမဆုံး ဟာသက အမြောက်ဆုံးပဲနော် မမ ... ရုံးမှာ ခိုးဖတ်ရတာမို့ အားမ၇ဘူး အိမ်ပြန်ေ၇ာက်မှ နောက်တစ်ခေါက် ထပ်ဖတ်မယ်
ချစ်ညလေး
နှင်းဟေမာ
ကျော်နှင်းဆီလွင် said...
ဂျပန်ဝန်ကြီးချုပ်ကိုသဘောကျတာ တအား
အဟားဟား
မရေ သွားမစေ့နိုင်ဘူးတော်တော်နဲ့
နွေဆူးလင်္ကာ said...
တကယ် ရီသွားတယ်ဗျ။
မိုးသီတာ said...
ကားင်္သချိုင်းထဲမှာ ဂျပန်ကားရှိမရှိတော့မသိဘူး။ ဂျပန်ဆိုနီMP3playerဒုက္ခပေးတာကို သည်းညည်းမခံနိုင်လွန်းတော့လို့(ပိုင်ဆိုင်တဲ့ သက်တမ်း ၂ နှစ်မှာ ကုမ္ပဏီ ၂ခါပို့လိုက်ရလို့။) အခု စင်ကာပူက ဈာန်လေးနဲ့ ဇိမ်နေတာ တစ်နှစ်အတွင်း လုံးဝ ပြသာနာမပေါ်ဖူး။ အေးရော။ ဈေးလဲတော်။ ဖန်ရှင်လဲများ။ တကယ့်ဇိမ်။ ပီစီ Dell ကလဲ တကယ့်ဇိမ်။ လုံးဝ ပြသာနာမပေးဖူး။ ပြန်ခါနီး ပီစီပေါက်စ ၀ယ်ချင်စိတ်ပေါ်လို့ကတော့ ပန်းသီးဝယ်မယ်။ ဂျပန်ကွန်ပြူတာ ၀ယ်ဖူး။ (အဲဒါ တလုတ်စားဖူး သူ့ကျေးဇူးမသိတတ်သော သူဟု ခေါ်သည်။)
Shinlay said...
လာရီသွားပါတယ်။ အခုတလော စိတ်သိပ်မရွှင်တာနဲ့ 
အတော်ဖြစ်သွားတယ်။ ကျေးဇူးတင်ပါတယ်။
Anonymous said...
Very Nice!!!!!!!!!!!!!!!!!!!!!!
Shwe Ei+Shwe Tin ;p
Anonymous said...
တစ်ကယ်အမောပြေပါတယ်။ရယ်လိုက်ရတာ အရမ်းပဲ။ကျေးဇူး လသာညရေ။
ချစ်တဲ့
ထား