Monday, January 18, 2010

ဂငယ်ပြည်တွင် ၀ိတ်ကျနည်း နိဿရည်း

သူငယ်ချင်းတစ်ယောက်က ပို့ပေးတဲ့ မေးလ်လေးပါ။ နေ့စဉ် ကွန်ပျူတာရှေ့ပဲ အထိုင်များနေတဲ့ လသာညကို စိုးရိမ်စွာပို့ပေးတဲ့ သူ့စေတနာလေးကို တခြားသူငယ်ချင်းတွေကိုပါ ဝေမျှချင်တာမို့ သူ့နာမည်ကို ဖြုတ်ပြီး တင်လိုက်ပါတယ်။ သူ့အာဘော်လေးကို လေ့လာကြည့်ပါဦး...

လသာည ရေ.. ဂျပန်ဆန်က စားကောင်းတယ်။ စေးလဲ စေးတော့ ကယ်လိုရီက များတယ်ကွ။ ပြီးအလုပ်လုပ်ရတာကလဲ ကွန်ပြူတာရှေ့ဆိုတော့ ပွဲက ပြီးပြီပေါ့။ ဒီတော့ ၀မဲ့ ဗီဇစုနေတဲ့သူတွေကတော့ ဒုက္ခတွေ များတော့တာပဲ။ (အဖေက ၀၊ အမေက ၀တော့ သမီးလည်း ၀တတ်တာကို ပြောတာ)။ လသာညကတော့ မ၀သူဆိုတော့ စိုးရိမ်စရာမရှိပေမယ့် ကွန်ပျူတာသမားမို့ စိုးရိမ်လို့ပြောတာ..။

ဆက်ပြောဦးမယ်။ ဂျပန်အစားအစာ စားမယ်ဆိုရင် ဟာကတ ရာမန်(ဂျပန်ခေါက်ဆွဲ)က ၀က်ရိုးစွပ်ပြုတ်ကိုအခြေခံတယ်ဆိုတော့ သူက လူကို ဖက်တီးဖြစ်စေလိမ့်မယ်။ ဂျုံကောင်းကောင်း ရာမန်လေးနဲ့ ဆိုတော့အစားကောင်းကြိုက်တဲ့ ငါတော့ ၀ပြီးရင်း ၀တော့တာပဲ့။ ကျောင်း ကင်တင်းနံပါတ်လေးက ဘိဖု ကာရေ က ငါ့အကြိုက်ပဲ ။ အာလူး၊ ဥနီ။ ကြက်သွန်၊ အသားတုံးလေးတွေလဲမြင်နိုင်တယ်လေ။ :D :D ) ဒါပေမဲ့ အလုပ်များလို့ ကျောင်းကန်တင်းက စားစရာကို စားမယ် ဆိုပြန်တော့ ဘိဖု ကာရေ (ဂျပန်မှာရောင်းတဲ့ အမဲသားဟင်းနဲ့ ထမင်း)စားရင် ကယ်လိုရီ တစ်ထောင် နီးနေပြီလေ။ ဟိုတလောက အလုပ်များပြီး အခန်းပြန်မအိပ်တဲ့၂ ပါတ်အတွင်း ငါတော့ ၄ ကီလို တက်သွားတယ်ကွ။ အံ့သြသွားလား ဟဲဟဲ မအံ့သြပါနဲ့။

တနေ့က ထမင်းစားရင်းနဲ့ တီဗွီမှာ ကြည့်လိုက်ရတယ်။ ညီအစ်မနှစ်ယောက်က ကာရေးကို အတူတူအလုအယက် အမြဲစားကြတာချင်းအတူတူ ညီမဖြစ်သူက အလွန်အကျွံဝလာပြီး အစ်မဖြစ်သူက ပိန်သေးလေး ဖြစ်နေတယ်တဲ့။ ဘာဖြစ်လိုလည်း မသိဘူးနော်။ ငါ့တို့အိမ်မှာလဲ ဒီလိုပဲလေ။ ဒါကြောင့် အဲလိုအစ်မနဲ့ ထမင်းအတူမစားမိဘို့သတိထားရတယ်။(အဟဲ..အချီးက သိပ်များနေပြီ။စပြီ။ လိုရင်း..)

ဝိတ်ချရန်...
၁။ calorie calculator ကို အွန်လိုင်းတွင်ရှာပါ။ အင့်---ဒီမှာ။http://www.freedieting.com/tools/calorie_calculator.htm

၂။ တွက်ပါ။ (ကြော်ငြာတွေလဲ ၀ါသနာပါရင် နားထောင် ။ ဖတ်ကြည့် လုပ်ပေါ့။ဗဟုသုတပေါ့။ ငါက အမျိုးထဲမှာ ၀တဲ့ ဗီဇ ပါနေသူဆိုတော့ကာ ငယ်ငယ်လေးထဲက ဒိုင်းယက်လုပ်နေသူလေ ( ပိန်သာ မပိန်တားD) ဒိုင်ယက်နည်းကိုသဘောကျတယ်။ ဒါပေမဲ့လဲ အဲဒီနည်းကရေရှည်လိုက်နာဖို့မလွယ်ပါဘူး။ )

၃။ ကိုယ်လိုမယ့် ကယ်လိုရီကို သိအောင်လုပ်ရမယ် ဟုတ်ပြီနော်.......................

၎။ လောင်ကျွမ်းပစ်ရမယ့် ကယ်လိုရီကိုလဲ ရှာပါ။ (ကိုယ့်ဘာသာကိုယ်ရှာပါတော့။ တစ်ပေါင်ကျဖို့ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းရမယ် ဆိုတာ။ အဲဒါ မင်းတာဝန်။

၅။ မင်းမှာ တကယ်ပိန်ဖို့ စိတ်ဓါတ်ဘယ်လောက် ပြင်းပြပါသလဲ။ အဲဒါအရေးကြီးတယ်။ (မပြင်းပြရင် လုပ်မနေနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။)(ငါက ဓါတ်ပုံရိုက်ရင် မျက်နှာပြဲကြီး ဖြစ်နေဖို့မလိုလားပါ။ အကျီင်္လှလှလေး ၀တ်နိုင်အောင်ကလဲ ပိန်မှ ဖြစ်မည်လေ။ ရုံးသွားတဲ့ ယူနီဖောင်းနဲ့ဆိုတော့ မလှရင် သိသာကြီး။ ဒါကြောင့် အလှပျက်မှာကို ဘယ်သူမှ သည်းမခံချင်ကြပါဘူး။)

၆။ တစ်ယောက်တည်းစားပါ။ တီဗွီကြည့်ရင်း အင်တာနက် ဖတ်ရင်း မစားပါနဲ့။

ရ။ အရသာအရှိဆုံး ချက်စားပါ။ ဇိမ်ခံပြီး ထမင်း တဇွန်းချင်းကိုအရသာခံစားပါ။ (အဲ==== ငါက ဒီရက်ပိုင်း ထမင်းက အဲဒီ တစ်နပ်ပဲစားပါတယ်။ :D :D )

၈။ ထမင်း တဗူးကို ကယ်လိုရီ ဘယ်လောက်ရှိတယ် ဆိုတာကို ၂၄-နာရီ ကွန်ဗီနီက ထမင်းဗူးထဲက ထမင်းနဲ့ တွက်ပြီး ချိန်လိုက်ပါ။

၉။ ခေါက်ဆွဲဗူး စားပါသလား။ ငါလဲ စားပါတယ်။ သို့သော် ကယ်လိုရီဖတ်ပြီးစားပါတယ်။ ချူးကား ရာမန် (တရုတ်ခေါက်ဆွဲ ဗူး) ကကယ်လိုရီ ၂၃၅ တို့ ၂၄၀ တို့ပါ။ ယာခိ စိုဘ (ခေါက်ဆွဲကြော်)ကို ရှောင်ရှားပါ။ ယာခိ စိုဘတော်တော် များများဟာ ကယ်လိုရီ ၅၀၀ ကျော်နေပါတယ်။

၁၀။ ကြက်ဥ တစ်လုံးဟာ ကယ်လိုရီ၁၀၀ နီးနီးရှိတာကြောင့် ချိန်ပြီးစားပါ။

၁၁။ ထောပတ်။ သကြား၊ သကြားလုံးများ ကယ်လိုရီ တွက်ပါ။(၁၀ ကယ်လိုရီလောင်ဖို့ စက်ပေါ်မှာ ဘယ်လောက်လျှောက်ရတာကို သင်မှတ်လိုက်မယ်ဆိုရင် သကြားလုံး ခွံကို ခွါမိမည်မဟုတ်ပါ။)

၁၂။ ကျောင်းက စက်ပေါ်မှာ ပြေးပါ။ (ငါလို (ပြေးရင် မောသူက) Slopeလုပ်ပြီး လမ်းလျှောက်တာ ကောင်းတယ်။) ကယ်လိုရီ ကို သူက တွက်ပေးနေပါလိမ့်မယ်။)

၁၃။ အားကစားရုံသွားဖို့ သိပ်အေးလွန်းပါသလား။ ဒါဆို ငါးထပ်အဆောက်အဦးကိုညောင်းလာတိုင်း တက်ပေးပါ။ ဘောပင်ခွက်ထဲက ဘောပင်လေးတွေ နဲ့တာလီချိုးထားပါ။ တစ်နေ့ ငါးခေါက်လောက်တက်ပါ။)

၁၄။ ဆော့ဆေ့ဂ်ျ( ၀က်အူချောင်း)တွေကို ရှောင်လိုက်ပါ။ ရာမန်ကို ဖြတ်လိုက်ပါ။ ဂျပန်စူရှီကိုမေ့လိုက်ပါ။ ဒန်ပေါက်မချက်စားပါနဲ့။ မုန့်ဟင်းခါး အစား ရခိုင်မုန့်တီကိုစားပါ။ ဂျပန်မုန့်တီဖတ် မသုံးပဲနဲ့ ဆန်ကြာဇံ အမျှင်တွေနဲ့ ချက်စားပါ။

၁၅။ ပန်းသီး တစ်စိတ်ချင်း ကြိုးစားစားပါ။ (ငါလည်း အခုကြိုးစားစားနေရတယ်။ သစ်သီးတွေက မစားနိုင်တတ်လို့)

၁၆။ အူး--- ဟူး။ အရေးကြီးဆုံး။ မနက် အိပ်ရာထ အပေါ့အလေး သွားပြီးတိုင်းရေချိုးခန်း ၀င်တဲ့ ၀တ်စုံနဲ့ ပေါင်ချိန်ပါ။ (ပေါင်ချိန်စက်ဝယ်ထားနော်။ ၀တာကို မခံစားချင်ရင်) ပြီးရင် ပြက္ခဒိန်မှာမှတ်ပါ။အပေါင်း ဘယ်လောက် ။ အနှုတ် ဘယ်လောက် ကိုပါ တန်းရေးပါ။ ဆော့ပင်နဲ့ ရေးပါ။စပါယ်ရှယ် ကလင်ဒါ ယန်း၁၀၀ ဆိုင်က ၀ယ်ထားပါ။

၁၇။ နော်မိကိုင်( လူစုပြီး စားတဲ့ပွဲ) ရှိရင်လဲ လူလည်ကျပြီး ကယ်လိုရီ နည်းမဲ့ဥစ္စာတွေကို (ဥပမာ-ဆလတ်ရွက်တွေကို ခပ်များများကိုက်စားပြီး ဗိုက်ပြည့်အောင်လုပ်နော်။ ကယ်လိုရီ တက်နိုင်မဲ့ ပီဆာလိုဟာကို အကြင်နာ အပြည့်နဲ့ သူများကို ပေးစားလိုက်ပါ။း) ဗိုက်ပြည့်နေရင် နောက်ထပ် ထပ်မစားနိုင်တော့ဘူးလေ။(ဂျပန်မလေးတွေလား.. သူတို့လေးတွေက စားလဲ မ၀ကြဘူးလေ။)

၁၈။ ရှော့ပင်းလုပ်တဲ့ နေ့လဲ ရေချည်းလှိမ့်သောက်ပါ။ ဗိုက်ဆာလာရင်မက်က်ဒေါနားက ရှာကာ ရှာကာ ကြက်ကြော်လေး တစ်ပိုင်းကိုငရုတ်ကောင်းမှုံ့နိုင်းချင်းလေး ဖြူးပြီး ရေတစ်ပုလင်းနဲ့ မျှောပါ။အိုနိဂီရိ (ထမင်းဆုပ်) စားရတာထက် အာသာ ပိုပြေတယ်လေ။

၁၉။ ထမင်းဆုပ်သည် လူကို ၀စေပါသည်။ (မစားခိုင်းတာတွေများနေပြီ အဟီး.. ခွင့်လွှတ်ပါ။)

၂၀။ ပန်းသီး ကို ဆောင်ထားပါ။ လိမ္မော်သီးလဲ ငါးကီလို တစ်အိပ်ဝယ်ထားပါ။အရသာရှိသော ပန်းသီးနှင့် လိမ္မော်သီး ဖြစ်ဖို့ တံဆိပ်ကြည့်ဝယ်ပါ။အအိုးမိုရိ ပန်းသီးက စားကောင်းတယ်။

၂၁။ ကွတ်ကီးမ၀ါးပါနှင့်။ (ပန်းသီးက စားမကောင်းရင် ရေခဲသေတ္တာထဲမှာ ချောက်သွားတာနဲ့ဟင်းဖြစ်ဖြစ်သွားတယ်။ ပန်းသီးခြောက်ကို ၀က်သားနဲ့ချက်စားတာလေ)

၂၂။ အလွန်ကောင်းသော စားစရာ တစ်ခုမှာ ခွန်းနယခု (မြန်မာလို ၀ဥတုံး) ဖြစ်ပါတယ်။ ပိန်ဖို့အတွက် သိပ်ကောင်းတဲ့အစာပါပဲ။ တတ်နိုင်ရင် နေ့တိုင်း သုပ်စားပါ။

၂၃။ ဟင်းရွက်ဆီတွေ ရဲရဲတင်းတင်း စားပစ်လိုက်ပါ။ ၀က်သား ကြက်သား ရှောင်ပါ။ငါးကို စားသုံးပါ။ ပိန်ပါသည်။

၂၄။ စူရှီစားရင် ကယ်လိုရီ နည်းသော စူရှီကို ရွေးစားပါ။

၂၅။ ညဘက် ဗိုက်ဆာလို့ စူပါမှာ စားစရာရှာရင် အသင့်တော်ဆုံးက ဈေးတစ်ဝက်ချထားသောဆာရှိမိများ ဖြစ်ကြပါသည်။ ကျက်သရေကို ထိန်းထားရန်ဖြစ်ပါသည်။

၂၆။ အရေးအလွန်ကြီးသော အရာမှာ ဗီတာမင်စီ။ အီးနှင့် အခြား (ဂေါ်ဖီထုပ်ကဟာဘာတဲ့ အော် collagen) အဲဒါတွေ ။ ပြီးတော့ အင်တီအောက်ဆီးဒင့်တွေ....။ အန်တီအောက်စီးဒန့် များသော အစာများကို အင်တာနက်မှာရှာပါ။ကြိုးစားပြီး စားကြည့်ပါ။အဲဒါတွေစားဖို့ပါပဲ။ စကင်းကဲရ်တွေက ဈေးသိပ်ကြီးတယ် သိတယ်မဟုတ်လား။ကိုယ့်ဗိုက်ထဲ ထည့်မှာပေါ့ မဟုတ်ဘူးလား။

၂၇။ လက်ကို Hand Cream လူးပါ။ ခြေထောက်လောက်ကို လဲ လိုရှင်းလေးစိတ်ရှည်ပြီး လိမ်းပေးပါ။ မလိမ်းတော့လဲ အသားကွဲပြီး ယားမှာပဲလေ။

၂၈။ ဟင်းရွက်စားပါ။ ကြိုးစားပြီးစားပါရှင်။ ဗီတာမင်စီ ဆေးပြားတစ်ပြားလောက်တော့ သောက်ပါ။ သွေးအားတိုးဆေးလဲ သောက်ရပါမည်။

၂၉။ မိတ်ကပ်။ ကိုယ်က အသားဖြူ ဆွတ်မနေရင် လိမ်းမနေပါနဲ့ ။ကိုယ့်အသားလေးကို အလှသာ ထားလိုက်ပါ။ ပိုလှပါတယ်။ မိတ်ကပ်လိမ်းမှအရုပ်ပိုဆိုးရော။အရောင်တင်ချင်ရင်လဲ။ (ကိုယ့်အသက်ဆိုတော့ ) Estee lauder က အရောင်တွေကောင်းတတ်ပါတယ်။ (အပြည်ပြည်ဆိုင်ရာ စံညွှန်းဖြင့် ဖြစ်ပါသည်။ ) ပါးညိုလေးတင်ရင် ရပါပြီ။ အက်စ်တီလောက်ဒါက အိုင်းရှဲဒိုးလဲ လူကြီးရောင်(လိမ်းထားလို့လဲ မသိရဘူးလေ။) လေးနဲ့ မတ်စကာရာလေး တင်လိုက်ရင် ပြီးပြီလေ။

၃၀။ အသက်အရွယ်နဲ့ လိုက်အောင် ၀တ်စားဆင်ယင်ပါ။ (ဒါကတော့ ငါပြောစရာမလိုဘူး..လေဒီတွေ မဟုတ်လား။ :P)

၃၁။ ပြီးတော့ ပျော်အောင်နေဖို့။ :D :D ) (စာကြိုးစားတာလဲ ကြိုးစားပေါ့။) ကြိုးစားကြမည်။ အလွန်ကြိုးစားကြမည်။ အပူအပင်မထားနဲ့။ ကံစီမံရာလို့သဘောထားကြမည်။ မျက်စေ့ဖြင့် မြင်တွေ့သမျှ၊ နားဖြင့် ကြားရ သမျှ လူတိုင်းကို မေတ္တာထားကြမည်။ (နောက်ပြီး ကိုယ့်ဘက်က ဆေ့ဖ် ဆိုက်လဲ ယူထားဘို့ အရေးကြီးသည်။)ဆိုလျှင် ဆံပင်ဖြူမည့် အချောင်းရေ နည်းပါးပြီး လူလဲ စိတ်ပေါ့ပါးပျော်ရွှင်ပါမည်။

ကဲ.. လသာည လိုက်နာဖြစ်အောင် လိုက်နာပေတော့..

မင်းရဲ့သူငယ်ချင်း.. ............

အား......... ရှောင်စရာတွေများနေလို့ သေပြီဆရာ :(( (နောက်တာပါ)
အခုလို တို့အတွက် စိတ်ပူပြီး ကျန်းမာရေးအတွက် သေသေချာချာ စေ့စေ့စပ်စပ် ပြောပြပေးတဲ့ သူငယ်ချင်းလေးကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လဲ အခုထက်ပိုပြီး လှပါစေလို့...

လသာည

16 comments:

Anonymous said...

:).. မှတ်သားစရာပဲ.. ၀နေပြီ..း))

ဂျပန်ကောင်လေး

မိုးသီတာ said...

အဟီး။
ပိန်သထက်ပိန်အောာင် ကြိုးစားလိုက်ဦးမည်။

kiki said...

ဟိုက် ... ဂလောက် အများကြီး လိုက်နာနေရမှာ ပင်ပန်းပါတယ် ။
အလွယ်ဆုံး နဲ့  အသေချာဆုံး တနည်း ရှိလို့  မျှဝေလိုက်တယ် ။။
ပါးစပ်ပေါက်ကို အပ်နဲ့ သာ ချုပ်ထားလိုက်ပါ ၊ ၂ ပတ်အတွင်း ပိန်စေရမည် ။ အာမခံ သည် ။
မပိန်ရင် ၂ ဆ ပြန်လျှော်ပါမည် .။ ဟဲဟဲ ။

မယ့်ကိုး said...

သက်ရှည်ကျန်းမာလှပနုပျိုတွေ နည်းတွေဆို အကုန်မှတ်တယ်မ ။အလွတ်လည်း ရတတ်ပါတယ် =)
လိုက်သာမလုပ်တာ :P

Anonymous said...

:))

always read, never do, this is me.

I love to eat.
fortunately, i m very slowly gain weight even I ate too much.

I won't reduce eating so I do excersise swimming,jumping and walking.

But i think i am a little gain weight for eating and sitting .

Ok, i have to do exercise more.
Thanks for sharing.

JP rice always gain weight.
I ate one pack for a day. :P
I try to eat Thai rice, but my stomach now cannot accept for this rice which made me stomache ache and (yin pyaye).

hay, write ...more ,plz.
i am also love to read ur post.

momiji

rose of sharon said...

စားရမဲ့ဟာတွေတော့စားနိုင်တယ် .... ရှောင်ရမဲ့ဟာတွေမရှောင်နိုင်ဘူး .... ဘယ်လိုလုပ်ရမလဲ

Unknown said...

အားပါးပါး တော်လိုက်တဲ့ လသာည သူငယ်ချင်းလေးရေ။ ထားလဲ လိုက်နာဖြစ်အောင် လိုက်နာဦးမှာ။ ဒါပေမဲ့ အခု လက်တွေ့ကတော့ ထမင်းပန်းကန်လက်ကကိုင်ပြီး ဒီပို့စ်ကို ဖတ်နေမိတယ်။ ထမင်းစားရင် တီဗွီ နဲ့ အင်တာနက်ကြည့် မစားရ ဆိုတဲ့ နေရာရောက်တော့ ဟေးဟေး သဘောကျလွန်းလို့ပါ။ မှန်လိုက်လေနော်။ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်း မသိတော့ဘူး။ ဟီးဟီး ဟဲဟဲ။

Meengelay said...

မီးမီးကတော့ ဂငယ်ရောက်ပြီးမှ မ၀ဘူးဗျို့။။ အားမကျနဲ့နော်..မျက်နှာတောင် ပိန်သွားတယ်။ (မျက်နှာငယ်တယ်ဆိုတာ ဒါမျိုးလားပဲ)။ ကျောင်းကင်တင်းမှာ ထမင်းစားရင် diet ဖြစ်တယ်။ သိပ်မစားနိုင်လို့။ ထမင်းကို အသေးဆုံးပန်းကန် ရွေးစားတာပေါ့။ အိမ်မှာဆို အများကြီးစားဖြစ်တယ်။ အော်မေ့လို့..ထမင်းစားရင် တူနဲ့ တစ်စေ့ချင်းစားပါ။ :P

မိုးသီိတာ said...

မီးမီးကို အားကျသား။ ၀-က ဒုန်မစားနိုင်တော့ ခက်သည်။ ကြိုးစားမယ်လေ။ ပိန်တာတော့မပိန်လောက်ပေမဲ့ ကိုယ်ရေလေးစစ်သွားရင်တော်ပါပြီ။ :D :D :D

ကျော်နှင်းဆီလွင် said...

မညရေ
ဝနည်း အဲ ဟုတ်ဘူး
နည်းနည်းကြွက်သားလိုချင်တယ်
အဲဒါလည်းပို့ချပေးပါဦးလို့
မည ငယ်ချင်းကိုပြောပေးနော်
:D
နှစ်ကူးမှာအရမ်းပျော်ခဲ့မှာပေါ့နော်
;)

ThuHninSee said...

ဖတ်ရတာနဲ့တင်မောသွားပြီ။
း)

နေ့အိပ်မက် said...

အဟင့် မမ.. နေ့အိပ်မက်က ၀ချင်တာ
အကုန်လုံးဆန့်ကျင်ဘက်လိုက်လုပ်လိုက်ရမလား...
လူ့ပြည်မှာအနှစ်နှစ်ဆယ်နေတာ တစ်ခါမှ ပေါင်ကိုးဆယ်မကျော်ဖူးဘူး :( !_!

နေ့အိပ်မက် said...

အဟင့် မမ.. နေ့အိပ်မက်က ၀ချင်တာ
အကုန်လုံးဆန့်ကျင်ဘက်လိုက်လုပ်လိုက်ရမလား...
လူ့ပြည်မှာအနှစ်နှစ်ဆယ်နေတာ တစ်ခါမှ ပေါင်ကိုးဆယ်မကျော်ဖူးဘူး :( !_!

Anonymous said...

ပိန်တော့ပိန်ချင်တယ်ဒါပေမယ်ကြိုးစားရမှာပေါ့

Anonymous said...

အမယ်လေးမြတ်စွာဘုရားဆရာမပြနည်းမကျတဲ့kikiနိအရင်လက်တွေ့စမ်းပြပါလားနော်

လသာည said...

ဟိ ဒီကလည်း အခု ၀ ချင်ချင် ဖြစ်နေပြီ ဆိုတော့ကာ ...