Tuesday, March 23, 2010

အသင့်ပြင်ထား

နောင်တရတွေးတောနေဖို့ အချိန်တွေအားလပ်နေသေးရင် ဘ၀သစ်ပြန်စဖို့ ခွန်အားတစ်ခုကိုလည်း အချိန်ပေး အသင့်ပြင်သင့်ထားသင့်တယ်။
လူဆိုတာ..

တခါတခါ အသေးအဖွဲကိစ္စလေးများအတွက်နဲ့
ကိုယ့်အိပ်မက်ကို လက်လွတ်တတ်တယ်။

မမျှော်လင့်ပဲ တွေ့ကြုံလာရတဲ့အရာတွေက
မိမိ့ဘ၀တစ်ခုလုံးကို လွှမ်းမိုးသွားလိမ့်မယ်လို့ ထင်တတ်တယ်။

တွေ့ကြုံသမျှအတိတ်က ကိုယ်သွားရာနောက်
လိုက်နေဦးမယ်လို့ ထင်နေတတ်တယ်။

ဘယ်လောက်ပဲ အမြင့်ကို ရောက်ပြီး
ရေကန်အသင့်ကြာအသင့် နေရသူပဲ ဖြစ်ဖြစ်
အဆင်မပြေ၊ အလိုမပြည့်မှုတချို့အတွက်
ကိုယ့်ကိုယ့်ကို စိတ်တိုင်းမကျဖြစ်လို့ အထင်သေးတတ်သေးတယ်။

ဘ၀လမ်းတလျှောက်က ကြုံခဲ့ရတဲ့ဒဏ်ရာတွေ
များရင် များသလောက်ကိုပဲ
ကိုယ့်ကိုယ့်ကို အထင်သေးလို့ မဆုံးတော့ဘူး။

အင်း...................................
တကယ်ပြန်သုံးသပ်ကြည့်တော့
ဘ၀ဆိုတာ တိုတိုလေး...ရယ် ။

နောင်တတွေနဲ့ စိတ်ညစ်စိတ်ဆင်းရဲစရာတွေနဲ့
အချိန်မကုန်စေသင့်ဘူး..။

နောင်တရတွေးတောနေဖို့ အချိန်တွေအားလပ်နေသေးရင်
ကြိုးစားဖို့ ခွန်အားလည်း အသင့်ပြင်ဆင်ထားသင့်တယ်။

အမှားအတွက် နောင်တရနေမယ့်အချိန်တွေကို
ခွန်အားသစ်နဲ့ဘ၀ကို အသစ်ပြန်စရမယ့် အချိန်တွေနဲ့
အစားထိုးလိုက်ရင်
ဘ၀မှာ ကိုယ့်ကိုယ့်ကို အထင်သေးချိန် ရှိပါဦးမလား...


17 comments:

rose of sharon said...

မှန်တယ်သူငယ်ချင်း... ရှိတဲ့အချိန်တွေကို တန်ဖိုးရှိစွာအသုံးချတတ်ရင် ဘယ်လိုအခြေအနေရောက်ရောက် အဆင်ပြေအောင်မြင်နိုင်ပါတယ်.... အမှားကိုသင်ခန်းစာလို့သဘောထားတတ်ရင် ပိုပြီးရင့်ကျက်လာမှာပါ....

Anonymous said...

Nice one! 100% agree

kiki said...

စာဖတ်ပြီး တွေးတော သွားတယ် လသာညရေ။
နောင်တ များ ရနေပြီလားဆိုပြီးတော့လေ ။
ဒါကြောင့်များ ကိုယ့်ကိုယ်ကို အထင်မသေးဖြစ်တာလား မသိပါဘူးး လေ ။
ဘဝ ကူးကောင်းဖို့ လည်း အသင့်မပြင်ရသေးဘူး လသာညရယ် ..
.........................
အသင့်ပြင်ထားပြီးပြီနော် ...
ဘယ်အချိန် မှာ လာခေါ်မှာလည်း ။
လာခါနီး ဖုန်းဆက်လိုက် ။ အောက်ဆင်းစောင့်နေမယ် ။ ...း))
ခင်လို့  စ တာ နော် ..

Unknown said...

မှန်လိုက်လေ အစ်မရေ။စာအသစ်တင်တာတွေ့လို့ အပြေးလာဖတ်တာ :))
ခင်တဲ့ ပန်းရင့်ရောင်

မယ့်ကိုး said...

စာလေး အရမ်းကောင်းတာပဲ။ချစ်မလေး
လူဆိုတာ..
တခါတခါ အသေးအဖွဲကိစ္စလေးများအတွက်နဲ့
ကိုယ့်အိပ်မက်ကို လက်လွတ်တတ်တယ်။ ဆိုတာ သိပ်သဘောကျမိတာ=)

Shinlay said...

အားတစ်ခုကိုရစေပါတယ်။

ရွှေရတုမှတ်တမ်း said...

စိတ်ကိုပေါ့ပါးစွာနေနေလို့လားတော့မသိဘူး...
အလိုမပြည့်တာတွေ..စိတ်ထဲမှာ မထားတတ်တော့ဘူး..

မိုးသီတာ said...

ဟုတ်ပါ့။ မှန်ပါ့။ ထောက်ခံပါ၏။ :D :D :D :D :D လသာည ဖြစ်ပါသည်။

မိုးသီတာ said...

အထင်မသေးပါနဲ့ကွယ်။ ဘာလို့ကိုယ့်ကိုယ်ကို အထင်သေးရမှာလဲ။ လူ့ဘ၀သည်တဲ့ အသစ်အဖန်ဖန်စနိုင်သောကြောင့် ကြီးကျယ်ခမ်းနားပေ၏တဲ့။ ပညာရှိ စာတစ်ခုမှာ ဖတ်ဖူးတာကို အန္တက မှတ်ထားတာ။ :D :D :D

ကျော်နှင်းဆီလွင် said...

မည
ဒီတခါလည်းကြွေသွားတယ်
အဲလိုနဲ့ညီမလည်း ဆက်လက်ချီတက်သွားတယ်နော်

SHWE ZIN U said...

ဘဝမှာ..နောင်တရ စရာတွေကို အများဆုံး ကျူးလွန်မိပါတယ် (ကိုယ့်အတွက်ပါ)

မသေခင် အသိတရား မြန်မြန်ရပြီး အမြန်ဆုံး ပြုပြင် ပြောင်းလဲနိုင်အောင် ကျိုးစားနိုင်ရင် အကောင်းဆုံးပါ (ကိုယ့်အတွက်ပါ)


ခင်တဲ့
ရွှေစင်

သိင်္ဂါကျော် said...

ကောင်းလိုက်တဲ့ စကားလေးတွေပဲ..
ဘဝတိုတိုလေးမှာ အစွမ်းရှိသလောက်ကြိုးစားရင်း ပျော်ပျော်နေကြရအောင်...

မြတ်နိုး said...

ဘ၀မှာနောင်တရတာ သိပ်မရှိသေးဘူး။
နောင်တမရပေမဲ့ အမှားထဲက အကောင်းပြန်လုပ်ဖို့ အမြဲတွေးပါတယ်။

ကုန်သွားတဲ့အချိန်ကို ကိုယ်တိုင်ဖြုန်းခဲ့တာကို အဲ့မှာတခါထပ်ပီး ကုန်သွားလေခြင်းဆိုပီးတခါနှမျောနေရင် မိအေး၂ခါနာမှာမို့..
ဟယ်..ငါဖြုန်းလိုက်တဲ့အချိန်တွေများနေပီ..ဆိုပီး ပြန်တည့်မတ်ပါတယ်.. ဥပမာ.. အခုပါ..မနှစ်ကတနှစ်လုံး စာသေချာမလုပ်ခဲ့ဘူးလေ..ဟီးဟီး

လသာည said...

ကွန်မန့်လေးများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်..။ သူငယ်ချင်းတစ်ယောက်ရဲ့ ဂျပန်လိုရေးထားတဲ့ စာလေးကို သဘောကျလို့ မြန်မာလို ပြန်ကြည့်လိုက်တာပါ.. :D

အားလုံး အဆင်ပြေချမ်းမြေ့ကြပါစေ..
ခင်မင်စွာဖြင့် လသာည

ချိုကျ said...

ရှိသင့်ရှိထိုက်တဲ့ စိတ်ထားလေးတွေကို ရေးဖွဲ့ထားတာ နှစ်သက်မိပါတယ်။

ShwunMi- said...

အတွေးစာစုလေးကို အရမ်းသဘောကျသွားတယ်..
ကျောင်းစာတွေလုပ်ရင်း ဘလော့မှာစာတွေဆက်ရေးနိုင်ပါစေ =)

ပေါ့ဆိမ့် said...

ဟုတ်တယ်အစ်မရေ..
အမှားအတွက် နောင်တရနေတော့လည်း အဲဒီအမှားတွေက လမ်းမှန်ပေါ် ချက်ချင်း ပြန်ရောက်မလာနိုင်ဘူးလေ။ စိတ်ပင်ပန်းမှုတွေဘဲ ထပ်တိုးသွားလိမ့်မယ်။ ဘ၀ဆိုတာ တိုတိုလေး ဆိုတာ တကယ်ပါ။ ဘ၀ဆိုတာ ကိုယ့်စိတ်နဲ့ တန်သလောက်ပဲ ရကြတာပါ။ ကိုယ့်စိတ်ကို ဝေဒနာ ပေးမနေသင့်ပါဘူး။ ကိုယ်လုပ်သမျှ စိတ်ဓာတ်အပါအ၀င် အကောင်းဆုံး ဖြစ်ရမယ် လို့ခံယူထားသင့်တယ်..။
(အစ်မရဲ့ ဒီပို့စ်က ကျတော်ခုလေးပဲတင်လိုက်တဲ့ စိတ်ကူးထဲကလူ ဆိုတဲ့ပို့ လေးနဲ့ ဆက်စပ်မှုရှိတယ်။ လာဖတ်ပြီးဝေဖန်ပေးပါဦး အစ်မ)
လေးစားစွာဖြင့်
ပေါ့ဆိမ့်