Monday, March 1, 2010

Temari Sushi တဲ့

Temari Sushi လုပ်ဖို့ အတွက် အဆင့်က တော်တော်နည်းပါတယ်။ မခက်ဘူး..။
ပထမဆုံး ဆူရှီထမင်းအရင်ချက်ရပါမယ်..
Sushi Rice
ဆူရှီထမင်းကို ချက်တဲ့အခါ သကြား၊ဆား စတာတွေလည်း နည်းနည်းထည့်တယ်တဲ့။ ဆူရှီထမင်းက အဓိကလေ..။ သူကျက်ရင် အားလုံးပြီးသလိုပဲတဲ့။ ကောင်းကောင်းချက်လို့ ရအောင် အသေအချာ ချက်နည်းလေးကို လင့်ခ်လေးပဲ ပေးမယ်နော်။ စားချင်သူများ လုပ်ကြည့်လို့ ရတာပေါ့.။ (ဒီနေရာ)ကလစ်လို့ သွားကြည့်နိုင်ပါတယ်။ ဆူရှီထမင်းကို ကျက်ရင် အလုံးသေးသေးလေးတွေ ထမင်းဆုပ် လုပ်ထားပါ။ ပြီးရင် စားချင်တဲ့ ငါးအစိမ်း (စရှိမိ)ကို ပါးပါးလှီးထားပါ .. (maguro, salmon, shrimp, etc..)။
  • ငါးစိမ်း(စရှိမိ)ကို ပုံပါအတိုင်း...

    Making Temari Sushi
    Place toppings on a sheet of plastic wrap.
  • ဆူရှိထမင်းကို တင်..

    Making Temari Sushi
    Place a sushi rice ball on the topping.
  • ပြီးတော့ ..ဆူရှီပုံဖော်မယ်..

    Making Temari Sushi
    Shape the sushi into a ball, twisting the plastic wrap.
  • စားလို့ရပြီ...

    Temari Sushi

    Unwrap the plastic wrap. Serve temari sushi with wasabi and soy sauce.

  • Japanese Girls Day Decorations ဘောလုံးသဏ္ဍန် ဆူရှီလေးတွေပါ။ စားချင်စဖွယ် ပြင်ဆင်ကွယ်....။

အဆင့်လိုက်လုပ်တာကို ကြည့်ရတာတော့ မခက်သလိုပါပဲလား.. :D

ပြီးတော့ ဒီတခါ ပိုစ်ရေးရတာလည်း အရမ်းမြန်။ (မြန်မှာပေါ့ အင်တာနက် ဒီနေရာက ကူးချထားတာလေ :P)။ ကောင်းမှကောင်း..

(၀န်ခံချက်၊ ။. အင်တာနက်မှာ မတော်တဆ တွေ့မိလို အစားအစာလုပ်စားတတ်တဲ့ သူငယ်ချင်းများအတွက် ရှယ်လိုက်တာပါ။ လသာညသည် မည်သည့်အစားအစာကိုမှ အရသာရှိအောင် မလုပ်တတ်ပါ၊ ထို့ကြောင့် ကိုယ်တိုင်ပြုလုပ်ထားသော အစားအစာများကို မတင်နိုင်သေးသည်ကို ခွေးလွှတ်ကြပါရန် :D).

ဂျပန်နိုင်ငံမှာ ဘောလုံးသဏ္ဍန် ဆူရှီ(Temari Sushi)လေးတွေကို မတ်လ ၃ ရက်နေ့မှာ လုပ်စားလေ့ရှိပါတယ်။ (March 3rd) နေ့ဟာ Japanese Girl's Day ဖြစ်ပါတယ်။
  • Photo from Setsuko Yoshizuka
  • Reference from http://japanesefood.about.com/od/sushi/ss/howto_make_temari_sushi_6.htm
လသာည ဖြစ်ပါတယ်

6 comments:

Anonymous said...

အဟင့် ကိုယ်တိုင်လုပ်ပြီး တင်မှ ...

လသာည said...

အဲဒါတော့ ခွင့်လွှတ်ပါကွယ်.. တကယ့်ကို အဖြစ်မရှိပါ :D

Anonymous said...

ကိုယ်တိုင်လုပ်ပြီး တင်


moemingyi

Anonymous said...

ပထမ ပုံကိုကြည့်တော့ လသာညလက်ရာလို့ ထင်ထားတာ နောက်မှ အဖျားရှုးသွားတယ်။ဟဲဟဲ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။လုပ်စားဦးမယ်။

ချစ်တဲ့

ထား

လုလု said...

ကြိုက်တယ်။ ကိုယ်တိုင်လုပ်ပြီးလည်း ကျွေးပါဦးနော်။

မိုးသီတာ said...

ဝူး။ လုညီမကြီး လာလည်တာကိုး။ :D :D လသာညနှင့်အတူ ကြိုဆိုပါ၏။ temari sushiအလုံးကိုက ခုမှ မြင်ဖူးတာရော။ ချဉ်ရည်နဲ့သကြားထည့်စားတဲ့ ထမင်းနဲ့ဥစ္စာတွေက မကြာမကြာစားရပါတယ်။ ဒါပေမဲ့ စူရှီထဲမှာတော့ မဟုတ်ဖူးရယ်။ ထမင်းများတော့ကာ ၀မှာစိုးတဲ့သူက နဲနဲလေး :D :D ကြေးများချင်ပါတယ်။ ဘာပုံမှ မမြင်ရလို့ ကိုယ့်ဘာသာကိုယ် ယူကျူပြေးရှာရပါတယ်။ :D :D ကျေးဇူး။ အိုစကာရဲ စမဒတ်စ်။ :D :D