Friday, March 26, 2010

အိုခရာမ အမှတ်တရ

စိတ်ပြေလက်ပျောက်တဲ့.. တွေးကြည့်တော့ စိတ်ပြေပြီးတော့ ဘာကြောင့် လက်ကပျောက်ရတာလဲနော်.. :D
ဟိုတလောက အရမ်းကို stress များပြီး aggressive ဖြစ်ခဲ့တယ်။ တစ်ယောက်တည်း စိတ်တိုစရာမရှိ ကိုယ့်ဘာသာ စိတ်တိုနေတုန်း သူငယ်ချင်းတစ်ယောက်က မြို့ကို လာလည်ပါတယ်။

တကယ်ပါ။ သူလာတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားတယ်။ စိတ်ပြေပြီးတော့ လက်ပျောက်သွားရပါတယ်.. :D။ ဘာလို့လဲဆိုတော့ သူက ရောက်ရောက်ချင်းညကတဲက မီးဖိုချောင်ကို တာဝန်ယူပြီး ချက်ပြုတ်တော့လို့ပါ။
ရောက်တဲ့ညက ရှမ်းခေါက်ဆွဲတဲ့..။ သူက လုပ်နည်းမှတ်ထားပါလို့ သင်ပေးသွားပေမဲ့ နောက်နေ့မနက်ကျ မေ့သွားတာပါပဲ။ သူက မေးတယ်။ “ကိုယ့်အမျိုးသားကို ကိုယ်တိုင် ချက်မကျွေးချင်ဘူးလား”တဲ့။ မဖြေနိုင်ခဲ့ဘူး။ တကယ်တော့ ချက်တော့ ကျွေးချင်သား၊ အခုတော့... အနားမှာမှ မရှိသေးတာ၊ ပြီးတော့ လောလောဆယ် မှတ်စရာတွေက များတော့ ဟင်းချက်နည်းကို ဦးနှောက်ကလည်း သိပ်မမှတ်ဘူး (အဲလို ဆင်ခြေတွေနဲ့ပဲ မတတ်တော့ဘူးနဲ့ တူပါတယ်)..

နောက်နေ့ကျတော့ သူက ကြက်သားပေါင်းလုပ်ကျွေးတယ်။ ဒါလည်း လုပ်နည်း မှတ်တော့ထားတယ်.။ ကိုယ့်ရှေတင် လုပ်တာဆိုတော့ မှတ်ဥာဏ်ထဲတော့ နည်းနည်း ကျန်သေးတယ်ထင်တာပဲ..။ ဂျပန်ပဲငံပြာရည်မရှိလို့ ပြေးဝယ်ရသေးတယ်။ ဒီရောက်မှ တခါမှ ၀ယ်မသုံးဖူးဘူးလေ..။ ဒါနဲ့ သူငယ်ချင်းက ချီးကျူးသွားတယ်။ ဒီအခန်းက မိန်းခလေးအခန်းနဲ့မတူဘူးတဲ့၊ ဟင်းခတ်အမွေးအကြိုင်မစုံမလင်နဲ့ မို့ ထင်ပါရဲ့ :D../ ကြက်သားပေါင်းက အများကြီးမိုလို့ ဒီမြို့က သူငယ်ချင်းတွေပါ ဖိတ်ပြီး စားဖြစ်တယ်။

တော်တော် စားလို့ကောင်းတယ်..။ ပျော်စရာလည်း ကောင်းတယ်..။ Stress တကယ်ကို ပြေသွားတာပါ..။ လာလည်တဲ့၊ ပြီးတော့ ချက်ပြုတ်ကျွေးသွားတဲ့ သူငယ်ချင်းကို တအားကို ကျေးဇူးတင်ရပါတယ်..။ (နောက်လာလည်ချင်တဲ့ သူငယ်ချင်းတွေလည်း ဟင်းချက်တတ်မှ လာနော်..လို့ မပြောပါဘူး : ) နောက်တာပါ..။

ဒီမြို့ကို ရောက်တာ တစ်နှစ်ရှိပေမယ့် ဘယ်မှမသွားဖြစ်ခဲ့ဘူး။ ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ ကျောင်းပဲ အချိန်ကုန်ခဲ့တယ်။ သူငယ်ချင်းလာလည်တဲ့အတွက် သွားဖြစ်ခဲ့တဲ့နေရာတွေက မှတ်တမ်းအချို့ကို အမှတ်တရ တင်လိုက်ပါတယ်။ ရှုခင်းချည်းပဲဆိုရင် သိပ်မယုံမှာစိုးလို့ မော်ဒယ်နှစ်ယောက်နဲ့ တင်ပြပါတယ်။


26 comments:

သုခုမလေဒီ said...

စားစရာတွေလည်း သရေကျရင်း၊ ရှုမျှော်ခင်းတွေလည်း ကြည့်ရနဲ့ လာလည်ရကျိုးနပ်သွားတယ်။း))
အဆင်ပြေပျော်ရွှင်ပါစေ လသာည။

သုခုမလေဒီ said...

စားစရာတွေလည်း သရေကျရင်း၊ ရှုမျှော်ခင်းတွေလည်း ကြည့်ရနဲ့ လာလည်ရကျိုးနပ်သွားတယ်။း))
အဆင်ပြေပျော်ရွှင်ပါစေ လသာည။
မော်ဒယ်က လသာညလား??

Anonymous said...

ရှမ်းခေါက်ဆွဲ စားချင်စရာပဲ။


မအယ်

မြတ်နိုး said...

koraku en

အရမ်းလှတယ်။ဒီထက်လှတဲ့နေရာလေးတွေရှိတာကိုတင်ဘူး..ဟင်းးး

အိုကရာယဂျော..
သိပ်လှတယ်။

Anonymous said...

စာရေးလည်းကောင်း ချောလည်းချောတယ်

TD

pps said...

ဇူးဇူးမေမေပဲများနေပါသည်။
လည်လည်လာချင်သော်လည်း..ဟင်းမချက်တတ်ပါ..း)

Unknown said...

အဲဒါကြောင့် မလာတော့တာ..။:P မီးဖိုချောင်အပ်မှာစိုးလို့ ..။

အိစံ said...

မော်ဒယ်နှစ်ယောက်လုံး မိတယ်။


လာလည်ဖြစ်ရင်လည်း အမချက်ကျွေးတဲ့ ပစ်ထည့် ဟင်း။ မုန့် တီလက်သုပ်။ပေါင်မုန့် မီးကင်စားချင်တယ်။ ပဲဟင်းနဲ့ တူတဲ့ 
အုန်း ခေါက်ဆွဲ တော့ ချက်မကျွေးလည်းရတယ်။

လသာည said...

မ အနမ်း>> ကျေးဇူးအများကြီးတင်ပါတယ်း)

မအယ်>> ရှမ်းခေါက်ဆွဲ ကောင်းတယ်ရော်းD

မိုမိဂျိ>> ဟုတ်တယ်။ ပိုလှတဲ့နေရာတွေ ရှိပေမယ့် ဓါတ်ပုံက ဒီနေရာလေးပဲ ရိုက်ဖြစ်လို့လေ ။ နောက်တခါမှ တင်မယ်နော်.. :P

TD>> အာရိကတိုး <3 ..။ ဒါပေမယ့် ဓါတ်ပုံထဲမို့ပါ.။ အပြင်မှာ တခြားစီ..။

PPS + mi soe + Ei san >> ဟေ့ကောင်တွေ လာခဲ့ပါဆို.. ဒီသုံးယောက်စာ ငါပြင်ဆင်ထားပါတယ်။ မင်းတို့ မချက်ရပါဘူး..။

PPS ကြိုက်တဲ့ သာဂူကျိုချိုချိုလေး၊ အိစံကြိုက်တဲ့ ပဲဟင်း အုန်းနို့ခေါက်ဆွဲ၊ မိဆိုးလေးအတွက် ရှယ် မုန့်ပြားသလက် :D

လုလု said...

ရှမ်းခေါက်ဆွဲကလည်းကောင်း
မော်ဒယ်ကလည်းလှ
ကြိုက်မြှို့က်

သိင်္ဂါကျော် said...

ကြက်သားပေါင်းကလည်း စားချင်စရာ..
ရှုခင်းတွေကလည်း လည်ချင်စရာပဲ.. :)

kiki said...

အစားအသောက်တွေကြည့်ရင်း... မောဒယ်ဂဲလ်လေး နှစ်ယောက် ကို ငေးရင်း ...
သွားလည်ရ ကောင်းမလား၊ သွားစားရကောင်းမလား ဝေခွဲလို့ မရနိုင်ဘူး .။ (ဟင်းချက်တတ်သူတယောက် နဲ့  အဖေါ်ညှိုပြီးမှ ဖြစ်မှာမို့ ပါ )

ရှမ်းခေါက်ဆွဲတော့ တကယ်စားချင်တယ် ။
ပြီးတော့ ရှုခင်းလှလှလေးတွေ ဆီလည်း လည်လည်သွားချင်တယ် ။။ အမှတ်တရ များ စွာ မှ အမှတ်တရလေး တစ်ခု ကို မျှော်လင့်ရင်းနဲ့လေ...

ဆောင်း said...

စားချင်သွားပါသည်။

rose of sharon said...

ရှမ်းခေါက်ဆွဲလေးလာစားချင်တယ်.... ချက်တတ်ဘူး... လာလည်လို့မရဘူးပေါ့နော်... အဟင့်

မိုးသီတာ said...

ပုံတွေ လှချက်။ အိစံပြောတဲ့ ပစ်ထည့်ဟင်း စိတ်ဝင်စားနေပါသည်။ ယော်ခတ နဲ။

လသာည said...

လုလု>> လုလုက လာကြည့်တာဆိုတော့ အားတောင်နာသွားတယ်။ ကိုယ်ချက်တာ မဟုတ်ပဲ သူငယ်ချင်း ချက်တာမိုလို့လေ :D

သိဂီါကျော်>> လာစားသွားလေ...:D

kiki>> လာလည်ပါ လာလည်ပါ အမှတ်တရကို မျော်လင့်နေတယ်ရော် :))

ဆောင်း>> အဲဒါ သူငယ်ချင်းလုပ်တာလေ.. :P

ရိုစ်>> လာပါ ဟင်းမချက်တတ်လည်း ဖြစ်ပါတယ်..။ အတူတူ လျှောက်လုပ်တာပေါ့ :D

မိုး>> မိုးရေ.. အိစံပြောတဲ့ ပစ်ထည့်ဟင်းဆိုတာ ငါ့ရဲ့ နာမည်အကြီးဆုံးနဲ့ အကျွမ်းဆုံး တစ်ခုတည်းသော လက်ရာလေ.။ လာဖြစ်အောင်လာ။ ချက်ကျွေးမယ် :D

Anonymous said...

ရှမ်းခေါက်ဆွဲနဲ့ ကြက်သားပေါင်း အထူးအားပေးခံရတဲ့ အတွက် ၀မ်းသာပါတယ်။ နောက်တစ်ခါ အခွင့်ကြုံရင် ချက်ကျွေးအုံးမှာ...:D
မဖြေနိုင်တဲ့ မေးခွန်း အလိုက်မသိမေးမိတဲ့အတွက် ဆောဒီး...မမလသာည :D :D

လသာညရဲ့သူငယ်ချင်း

Anonymous said...

美味しそうですねぇ~♪

နှင်းဟေမာ said...

ကြက်ပေါင်းကတော့ စားပီးသားဆိုတော့ သရေမကျတော့ပါဘူး... ရှမ်းခေါက်ဆွဲတော့ ညလေးရဲ့ Fav၀rite မို့အရမ်းစားချင်တယ် ... ဂျပန်ရဲ့ လှပတဲ့ ရှုခင်းလေးတွေနဲ့အတူ ... ချစ်စရာ မော်ဒယ်လေး၂ယောက်ကိုပါ ငန်းသွားတယ်းD <3
ချစ်ညလေး

လသာည said...

လသာညရဲ့ သူငယ်ချင်းသို့..
ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း လာခဲ့ပါဦး၊ ချက်ကျွေးမယ်ဆိုလို့ ;) နောက်တာပါ။ ဒီတခါ ပြန်ချက်ကျွေးပါ့မယ်..

Anonymous>> ほんとうに?ありがとうございます~♪

နှင်းရေ..
ကျေးဇူးပါကွယ်.. လူမှားမယ်နော်. လလလေးက မမ မဟုတ်ဘူး..။ မမသယ်ရင်းလေ..။ :D

ကျော်နှင်းဆီလွင် said...

မညရေ
ကြက်ပေါင်ကြီးကြည့်ပြီးစားချင်စိတ်တွေပေါက်
ဂျင်မီကြော်ငြာတဲ့ဂွတ်မောနင်းပေါင်မုန့်လိုပေါ့
:D
ရှုခင်းတွေလည်းအရမ်းလှတယ်
ငံပြာရည်တခါမှတသုံးတာသဘောအကျဆုံးပဲ
:D

ချိုကျ said...

အစ်မရေ..ရှိသေးရင်နည်းနည်းကျွေးပါ..:)

ဂျပန်ကောင်လေး said...

:).... ဆရာထိန်တို့နဲ့ပါလား...း)

Anonymous said...

မနု+မမမြိုင်

အစားအစာတွေ ဂလု ဂလု လုပ်ပြီး။ မမ နှစ်ယောက် ရဲ့ပုံတွေကို မွစ်စ် မွစ်စ် လုပ်သွားပါ၏။ ဟိဟိ

ချစ်တဲ့

ထား

လသာည said...

ထား ထား.. ထား..ရေ..။
လာခဲ့လေ.. ချက်ကျွေးဦးမှာ..:P

ဂျပန်ကောင်လေး>>
ဟုတ်တယ်။ဆရာထိန်တိုပါ ပါတယ်လေ..:D

ချိုကျ>> ကုန်ပြီကွယ် ရှိတော့ဘူး :P

ကျော်>> ok, လာခဲ့.။ လာမယ့် တနင်္လာနေ့ ဘူတာမှာ ကြိုနေမယ် ညီမလေး :D

ဧည့်သည် said...

ရောက်ခဲ့ပါတယ်