Monday, April 19, 2010

ရယ်စေသတည်းး)


အားလုံးကြားဖူးကြမယ်ထင်တယ်..ဂြိုလ်တစ်ခုပေါ်မှာ တစ်ဦးတည်း စံပျော်ရလွန်းလို့ အဖော်မရှိပျင်းရိနေတဲ့ မင်းသားငယ်လေးတစ်ဦးအကြောင်း...။

အင်း ... အဲဒီမင်းသားလေးက တနေ့မှာ သူနေရာကနေ တခြားဂြိုလ်တွေကို လှည့်လည်စူးစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
ပထမဆုံး ဂြိုလ်
ပထမဆုံး ဂြိုလ် မှာတွေ့တာက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်။ သူက ကိန်းဂဏန်းတွေနဲ့ တစ်ယောက်တည်း စာရင်းမှတ်အလုပ်ရှုပ်နေတယ်.။
“သုံးနဲ့ ငါးနဲ့ပေါင်း ရှစ်။ ဆယ့်နှစ်နဲ့ လေးပေါင်း ဆယ့်ခြောက်..။ အင်း ဘာလိုလိုနဲ့ တစ်သန်းပြည့်တော့မယ်”

မင်းသားလေးက စိတ်ဝင်စားလို့ အခုလို မေးလိုက်တယ်..“ ဘာတစ်သန်းပြည့်တာကို ပြောနေတာလဲဗျ”
“ကြယ်တွေလေကွာ.။ ဟော ဟိုမှာ မြင်ရတဲ့ ကြယ်တွေအားလုံး ငါပိုင်တယ်”
“ဒီလောက်များတဲ့ ကြယ်တွေ ဘာလုပ်မလိုလဲဗျ။”
“ ရောင်းစားမယ်လေ”
“ဘာဖြစ်လို့”
“ချမ်းသာအောင်လို့”
“ဘာဖြစ်လို့ ချမ်းသာချင်တာလဲ”
“ဟ ချမ်းသာမှ ငါလိုချင်တဲ့ ကြယ်တွေ ထပ်ဝယ်လို့ ရမှာပေါ့”
“ဗျာ၊ ကြယ်တွေ ထပ်ရတော့ ဘာဖြစ်မလဲ”
“ဘာမှတော့မဖြစ်ဘူး၊ ငါက ကြယ်တွေကို ပိုင်တာပေါ့”
မင်းသားလေး ဘာမှဆက်မပြောနိုင်ပဲ ထွက်ခဲ့တယ်..။
“အင်း ...............................ရူးပါလား”
ဒုတိယမြောက်ဂြိုလ်

သူတွေ့တာက မူးနေတဲ့ အရက်သမားတစ်ယောက်...။
“ခင်ဗျား ဘာလုပ်နေတာလဲဗျ”
အရက်မူးသမားဟာ မူးလွန်းနေလို့ ခေါင်းတောင် မတ်မတ်မထောင်နိုင်တဲ့ကြားကနေ မင်းသားလေးကို သေချာကြည့်ပြီး ဖြေတယ်။
“ငါ အရက်သောက်နေတာ မမြင်ဘူးလား”
“ဘာဖြစ်လို့ အရက်ကိုသောက်တာလဲဗျာ”
“ငါ က မေ့ချင်တာတွေကို မေ့နိုင်အောင်လို့ပါ”
“ဘာကို မေ့ချင်တာလဲ”
“ရှက်စရာကောင်းတာတွေ လုပ်မိလို့”
“ဘာကို ခင်ဗျားက ရှက်နေတာလဲ” မင်းသားလေးက တတ်နိုင်ရင် ကူညီချင်လို့ မေးတာပါ..။
ဒါနဲ့ အရက်သမားကြီးက..
“အရက်ကို သောက်တတ်တဲ့ ငါ့ရဲ့ မကောင်းတဲ့အကျင့်ကိုလေ၊ ရှက်လွန်းလို့ပါကွာ”လို့ ပြန်ဖြေတယ်။ ပြီးတော့ နောက်တစ်ခွက်ထပ်မော့လိုက်တယ်။
မင်းသားလေး ဘာမှဆက်မပြောနိုင်တော့တာမို့ အသာပဲထွက်ခဲ့တယ်..။
“အင်း...............................ရူးပဲ”

တတိယမြောက်ဂြိုလ်
ဒီဂြိုလ်မှာတော့ သူက ဘုရင်တစ်ပါးကို တွေ့တယ်။ ဘုရင်က သူ့ကို တွေ့တွေ့ချင်း ပြောတာက
“ဒီကိုလာ ငါကိုယ်တော်မြတ် မိန့်တော်မူမယ်”
ဒါနဲ့ မင်းသားလေးက နှုတ်ဆက်လိုက်တယ်။
“ မင်္ဂလာပါ.. ခင်..........”
“ဟေ့ ရပ်စမ်း။ ငါက ဘာမှမမိန့်ပဲ မင်းဘာမှ ပြောခွင့်မရှိဘူး”
ဒါနဲ့ မင်းသားလေးဟာ တိတ်တိတ်နေရင်း သမ်းဝေလိုက်တယ်။ သူ ခရီးလှည့်ရတာ မောလာပြီ လေ..။
“ဟေ့.. မလုပ်နဲ့..။ မင်း ဟာ ငါ က ခွင့်မပြုမချင်း မင်း သမ်းဝေခွင့်မရှိဘူး။ ကဲ ပြန်လုပ်..ငါအခု အမိန့်ပေးမယ်။ အခု “၀ါး”ဆိုပြီး သမ်းတော့”
မင်းသားလေးဟာ ဘာမှ ပြန်မပြောတော့ပဲ ဘုရင်နဲ့ ဝေးရာကို ထွက်ခဲ့တော့တယ်။
“ဟင်း ...............................ရူး”
ကမ္ဘာဂြိုလ်
အဲဒီမင်းသားလေးဟာ ကျွန်မတို့ ကမ္ဘာကို လာလည်ပါတော့တယ်.. ။ ကျွန်မလသာညကို မြင်တော့ ဒီလိုမေးတယ်..
“ဘာလုပ်နေတာလဲ”
“ဘလော့ရေးနေတာ”
“ဘလော့ရေးတော့ ဘာဖြစ်လဲ”
“ဘလော့ရေးတော့ ဘလော့ဂါဖြစ်တာပေါ့”
“အဲဒီတော့”
“နာမည်ကြီးမှာပေါ”
“နာမည်ကြီးတော့”
“နာမည်ကြီးတော့ ဘလော့ပိုရေးဖြစ်မှာပေါ့”
..........................................................
ဟားဟား..ဟား..လသာညလည်း ....X.@.X............ရူး”
မင်းသားလေးဟာ ရယ်မောရင်း ခေါင်းခါလို့ ထွက်ခွာသွားပါတယ်..။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ကို ရယ်မောအောင် လုပ်နိုင်ခဲ့တယ် ထင်ရဲ့..းD))

ပျော်အောင် သက်သက်နောက်ရေးတာပါ။ အခုတလော မျက်လုံးကြောင့် စာရေး၊ စာဖတ်တာ နည်းနည်းနားဖြစ်နေတယ်။ ကျွန်မချစ်ခင်ရတဲ့ ကျွန်မရဲ့ မိတ်ဆွေသူငယ်ချင်း အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ စိတ်နှလုံး ချမ်းမြေ့သာယာကြပါစေ..။

လသာည..

23 comments:

sosegado said...

မင်းသားငယ်လေး နှင့် အရူးများကို ပျော်ရွှင်စွာ ဖတ်သွားပါသည်၊
အားလုံးဟာရူးနေကြတာမို့လား၊ ရူးပုံခြင်းကွာတာပေါ့၊

ကိုလူထွေး said...

ဒါကြောင့် ”ဘလော်ဂါဇနော ဥမ္မာတကော” လို့ မြတ်စွာဘုရား မိန့်တော်မူခဲ့တာကိုး...

းဝ)

kiki said...

ကိုယ့်ဖာသာ ကိုယ်ရူးတာ ဘာဖြစ်လဲ ဘာဖြစ်လဲ ...
ဟဲဟဲ ..လသာညတယောက် လွတ်လပ်စွာ ဆက်ရူးနိုင်စေသတည်းးးး
( ရူးခွင့် ပါမစ် ထုတ်ပေးခ ...ပေးပါ .. ..း)))))

ချိုကျ said...

အင်း....မလသာရေ...တွေးလဲတွေးတတ်ပ... ရယ်စေသတည်း...ဆိုတော့ရယ်ပြီဗျား..ဟားဟားဟား ဟားဟားဟား...

ရွှေရတုမှတ်တမ်း said...

စာပေကင်ပေတိုင် မဖြတ်ရလို့ စိတ်တိုင်းကျရူးနေတာ..

ဂျပန်ကောင်လေး said...

:P... ဖြစ်ရလေနှယ်...

အိစံ said...

ppsနဲ့ မိဆိုးလေး တို့ ကဗျာဖတ် သွားတယ်

Anonymous said...

နာမည် ကြီးဘလော့ ဂါ လသာည နဲ့ တွေ့ ချင်လို့ ပါ...လိပ်စာလေးသိပါရစေ။

မိုးသီတာ said...

ဒါက ကိုယ်အကြိုက်ဆုံး စာအုပ်လေး ၂ အုပ်ထဲက တစ်အုပ်ဆိုတော့ လသာည ဘာကိုပြောချင်လို့လဲလို့ဖတ်လာလိုက်တာ။ :D :D :D ..... ပြောဘူးနော်။ ... ပြောဘူး။

ကျော်နှင်းဆီလွင် said...

မညရေ ကြံကြံဖန်ဖန်ရေးတတ်တယ်
:D

rose of sharon said...

ဒို့လဲ.................ရူးဘဲပေါ့နော်... အတူတူဆိုတော့ အဖော်ရှိတယ်သူငယ်ချင်းလေး....

အကြမ်းထည် said...

လာရုးသွားပြန်ပြီတခါ(အဲ)လာရယ်မောသွားပါပြီ

မင်္ဂလာနှစ်သစ်မှာ ဆက်လက်၍ ...
ရယ်မောပျော်ရွှင်နိုင်ပါစေဗျား


မင်းသားလေး

မယ့်ကိုး said...

ချစ်မလေး လာရယ်သွားပါတယ် :D

Anonymous said...

အိပ်မက်ထဲမှာ...
Prince:“ခင်ဗျား ဘာလုပ်နေတာလဲဗျ”

Princess:“အိပ်နေတာလေ မမြင်ဘူးလား”
Prince:“ဘာဖြစ်လို့ အိပ်နေတာလဲဗျာ”
Princess:“မေ့ချင်တာတွေကို မေ့နိုင်အောင်လို့ပါ”
Prince:“ဘာကို မေ့ချင်တာလဲ”
Princess:“ရှက်စရာကောင်းတာတွေ လုပ်မိလို့”
Prince: “ဘာကို ခင်ဗျားက ရှက်နေတာလဲ” မင်းသားလေးက တတ်နိုင်ရင် ကူညီချင်လို့ မေးတာပါ..။
ဒါနဲ့ အအိပ်မင်းသမီးက.
“ကျောင်းသားလုပ်နေရသေးပြီးအအိပ်မက်တဲ့ ငါ့ရဲ့ မကောင်းတဲ့အကျင့်ကိုလေ၊ ရှက်လွန်းလို့ပါ”လို့ ပြန်ဖြေတယ်။ပြီးတော့....................အိပ်မက်ကဖြတ်ကနဲနိုးသွားပြီး...ပြန်ဆက်အိပ်တယ်။


(copy&paste, modified by pps :)

လသာည said...

\(^v^)/ ကွန်မန့်လေးများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်..းP. ....လာဖတ်သူအားလုံး ရယ်မောပျော်ရွှင်သွားကြတဲ့ အကြောင်းသိရလို့ အရမ်းကို ကျေနပ် ကျေနပ်း))။

လသာညမှာ ကဗျာဖတ်သူကိုရော.. စာဖတ်သူကိုရော..
လိပ်စာမေးသူကိုရော.. (လိပ်စာ? latharnya.comလေ သိရဲ့သားနဲ့ :D)
အအိပ်မင်းသမီးကိုရော.. အားလုံးအားလုံး.. အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့.......းP

Anonymous said...

သို့ /

နာမည်ကြီး ဘလော့ဂါ လသာည

ဒီနေ့ ထားအိမ်ကို ထမင်းစားကြွပါလို့ ဖိတ်ပါရစေနော်။
လာနိုင်မယ်မလား။ စောင့်နေပါ့မယ်။ ဟင်းတွေကတော့ လသာညအကြိုက်
(၁)မန်ကျည်းရွက်နဲ့ဒန့်သလွန်သီးချဉ်ရည်
(၂)ငါးသလောက်ပေါင်း
(၃)ငါးခူစဉ်းကော
(၄)ငါးဘတ်မွှေ
(၅)ဆိတ်ဦးနှောက်
(၆)ငါးပိရည်ချို
(၇)အတို့များ တမာရွက် ၊မြင်းခွါရွက် ၊သခွါးသီး ၊ဒညင်းသီး
(၈)သီးစုံအစိမ်းကြော်
(၉)အအီပြေအောင် အချဉ်သုပ်

ကဲ ...ဘယ်လိုလဲ...လာမယ်မဟုတ်လား။

နာမည်ကြီးဘလော့ဂါကို တွေ့ချင်နေသူ

ထား :P

yin min said...

အရူးတစ်ယောက်တိုးလာပြီနော် အစ်မ....ဟီဟိ......

blackcoffee said...

အင်း...လူတိုင်း ကတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ရူးနေကြတာပဲ။ကျွန်တော်ကတော့ အားပေးတယ်။

what is good things said...

ရူးမရူးတော့ မသိဘူး။ ထူးသွားတာတော့အမှန်ပဲး))
ထူးထူးခြားခြားရေးတာလေး ဖတ်သွားတယ်ဗျို့ ..

SHWE ZIN U said...

ဟား..ဟား ရွှေစင်ဦးလည်း ရူး...

လသာည ရေ လူတိုင်း အရူးတွေဘဲနော်

ခင်တဲ့

ရွှေစင်

Flower said...

ဒီကလဲ ရူးနေသူမို့
ခပ်ပြုံးပြုံးလေး ဖတ်သွားပါတယ်
ရေးတတ်တဲ့စိတ်ကူးကောင်းလေးကို
သဘောကျချီးကျူးမိပါတယ်..
ပျော်ရွှင်ပါစေ လသာညရေ..

ရွှေနတ်သား said...

လာလည်သွားတဲ့ အမကိုကျေးဇူးတင်ပါတယ်..
အခုတော့ စာမေးပွဲနဲ့ လုံးနေလို့ ဘာမှမတင်ဖြစ်တာ အားနာပါတယ်..
သူများစာတွေဘဲလည်ဖတ်နေတာလေ..
ကျွန်တော့်မြို့ လေးက အခုဆိုကျွန်တော့်တောင်စိမ်းသွားနေပြီလားမသိပါဘူးအမ၇ယ်

နေ့အိပ်မက် said...

ရယ်လေပြီ :D :D

(ရယ်စေသတည်းဆိုလို့ပါ)